Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုးကွယ်မှုဆိုတာ

ashinindakaFebruary 13, 20111min49518

ဘာသာရေးကိုးကွယ်မှုဆိုတာ
နှလုံးသားခံစားမှုကို ဦးစားပေးရမှာ မဟုတ်ဘူး၊
ဦးဏှောက်ဆင်ခြင်ဉာဏ်ကို ဦးစားပေးရမှာဆိုတာ
ကေသမုတ္တိသုတ်မှာ
မြတ်စွာဘုရား အတိအလင်းကြေငြာပြီးပြီ။

အဲ့သုတ်တော်ထဲမှာ
ပိဋကဆိုတဲ့ပုဒ်အဓိပ္ပါယ်ဟာ
ဘာသာရေးစာပေကျမ်းဂန် ဖြစ်ကြောင်း တင်ပြခဲ့ပြီးပြီ။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်
ငါဟောတဲ့တရားတွေဟာ ဓမ္မနှင့် ဝိနယသာဖြစ်ကြောင်း ဟောခဲ့ပြီး
ပိဋကတ်သုံးပုံဖြစ်ကြောင်း မဟောကြားခဲ့ပါ။

မြတ်စွာဘုရားရှင်
မဟာသက္ကရာဇ် ၁၄၈ – ခု (ဘီစီ ၅၄၄) ကဆုန်လပြည့် အင်္ဂါနေ့
(သက်တော် ၈ဝ အရွယ်) တွင်
ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်မှာ ပရိနိဗ္ဗာန်ပြုတော်မူတယ်။
အရှင်မဟာကဿပမထေရ်ကြီးက
နောက်ပါ ရဟန်း ၅၀ဝ နဲ့အတူ
မြတ်စွာဘုရားကို ဖူးမျှော်ဘို့
ပါဝါပြည်မှ ကုသိနာရုံသို့အသွားလမ်းခရီးမှာ
ကုသိနာရုံက ပါဝါပြည်သို့လာတဲ့
တက္ကဒွန်းတစ်ယောက်နဲ့တိုးတယ်။

တက္ကဒွန်းထံမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံကွယ်လွန်တော်မူကြောင်း သိရတော့
သံဃာအများစု
ဝမ်းနည်းပက်လက်ဖြစ်ပြီး ငိုကြွေးကြတာပေါ့။
ဒါပေမဲ့သုဘဒ်လို့ခေါ်တဲ့ရဟန်းကြီးကတော့
ငါ့ရှင်တို့၊ ဘာဝမ်းနည်းစရာရှိတုန်း၊ ရှင်ကြီးဂေါတမ ရှိတုန်းက
ဟိုဟာမလုပ်နဲ့၊
ဟိုမသွားနဲ့၊
ဒီလိုမစားနဲ့၊
ဒီကို မသွားနဲ့ နဲ့ စည်းကမ်းတွေ များလိုက်တာ။
အခုတော့ ငါတို့နေချင်သလိုနေလို့ရပြီ။
လွတ်လပ်ရေး အပြည့်အဝရပြီလို့ ပြောဆိုပြီး
ဝမ်းမနည်းတဲ့အပြင် ဝမ်းတောင်သာနေလိုက်သေးတယ်။

သုဘဒ်ရဟန်းကြီးပြောတဲ့စကားကို ရှင်မဟာကဿပကြီးကြားတော့
မသူတော်တရား မပြန့်ပွါးမီ
သူတော်ကောင်းတရား မပျောက်ပျက်မီ
ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေကို
စုပေါင်းရွတ်ဖတ်သင်္ဂါယနာတင်ရရင် ကောင်းမှာပဲ လို့
တွေးမိပြီး
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး ၃ – လအကြာ
မဟာသက္ကရာဇ် ၁၄၈-ခု၊ ဝါခေါင်လပြည့်နေ့မှာ
ရဟန္တာမထေရ် ၅၀ဝ နဲ့အတူ
ပထမဆုံးအကြိမ် စုပေါင်းရွတ်ဖတ်တဲ့
ပထမသံဂါယနာပွဲကို ကျင်းပဖြစ်ခဲ့တယ်။

မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဓမ္မနဲ့ဝိနယကို
အုပ်စုသုံးစုခွဲတယ်။
ပြန့်ကျဲနေတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို
တူရာတူရာ မျိုးတူစု သုံးစု လုပ်ကြတယ်။
၁။ ဝိနယပိဋက
၂။ သုတ္တန္တပိဋက
၃။ အဘိဓမ္မပိဋက
ဒီလိုနဲ့ ဓမ္မနဲ့ဝိနယမှ
ပိဋကတ်သုံးပုံဖြစ်လာပါတယ်။

ဒီလို စနစ်တကျ မျိုးတူစုတွေပေါင်းပြီး စီစဉ်ခဲ့လို့
နောင်လာနောက်သား ရဟန်းတော်အစဉ်အဆက်
မှတ်သားရတာ လွယ်ကူလာတာပါ။

ဒါ့ကြောင့် အမျှော်အမြင်ကြီးမားတဲ့
ပထမသံဂါယနာမှာ ပါဝင်ခဲ့တဲ့ ရှင်မဟာကဿပ၊ ရှင်ဥပါလိ၊ ရှင်အာနန္ဒာစတဲ့
ရဟန္တာငါးရာကြီးတွေရဲ့ ကျေးဇူးတရားဟာ
အနှိုင်းမဲ့ပါ။

ပထမဦးဆုံးပြုလုပ်တဲ့ မြတ်စွာဘုရားတရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့
ဒီသံဂါယနာပွဲမှာ
အမေး (ပုစ္ဆက) ဆရာတော်အဖြစ်
ရှင်မဟာကဿပမထေရ်ကြီးက ဆောင်ရွက်ပြီး
ဝိနည်းပိဋကတ်တော်ကို
ရှင်ဥပါလိမထေရ်က ဖြေဆိုရပါတယ်။
သုတ္တန္တပိဋကနဲ့ အဘိဓမ္မပိဋကကိုတော့
ရှင်အာနန္ဒာမထေရ်မြတ်က ဖြေဆိုရပါတယ်။

တကယ်တော့
ရှင်အာနန္ဒာ ဟာ
ပိဋကတ်တော်အားလုံးကို မြတ်စွာဘုရားထံတော်မှ
မျက်ကွယ်မရှိနာကြားခဲ့သူဖြစ်လို့ ပိဋကတ်သုံးပုံစလုံး ဖြေကြားနိုင်သူပါ။
ဒါပေမဲ့ မြတ်စွာဘုရားက ရှင်ဥပါလိကို ဝိနည်းအရာ၌ ဧတဒဂ်ထားခဲ့တာကို
လေးစားသောအားဖြင့် ရှင်ဥပါလိကိုပဲ
ဝိနည်းပိဋကကို
(ဝိဿဇ္ဇက) အဖြေဆရာတော်အဖြစ် ဆောင်ရွက်စေပါတယ်။

ရှင်အာနန္ဒာအနေနဲ့ သမိုင်းဝင်မော်ကွန်းတွင်မဲ့ ဒီလိုသံဂါယနာပွဲကြီးကို
လက်ဝါးကြီးအုပ်ပြီး သူ့ခြေ သူ့လက်လုပ်သွားလို့ရပါတယ်။
မလုပ်ခဲ့ပါဘူး။
ချီးမြှောက်သင့်တဲ့ ချီးမြှောက်ရမဲ့ပုဂ္ဂိုလ်ကို
နေရာပေး ပွဲထုတ်ပြီး ချီးမြှောက်ခဲ့ပါတယ်။

ရှင်အာနန္ဒာဟာ တကယ့်ကို လေးစားစရာကြီးပါ။
အလွန်သဘောထားကြီးတဲ့ ရှင်အာနန္ဒာပါ။
အခွင့်အရေးလုံးဝ မယူလိုတဲ့ ရှင်အာနန္ဒာပါ။

ရှင်အာနန္ဒာဆိုတဲ့နာမည်ကို ဗုဒ္ဓဘာသာဝင်တိုင်း ရင်းနှီးပြီးသား။
ရှင်အာနန္ဒာဆိုတဲ့ နာမည်ကို ခလေးဘဝကတည်းက ရင်းနှီးပြီးသားဆိုပေမဲ့
သူ့ရဲ့ အရုပ် (ရုပ်တု) ကိုတော့ အသက် ၁ရ နှစ်သားအရွယ်
မန္တလေးကို စာမေးပွဲလာဖြေလို့
မန္တလေးတောင်ပေါ်တက်မှ စတွေ့ဘူးတယ်။

မန္တလေးမှာနေတုန်း မန္တလေးတောင်ပေါ်တက်ရင်
လက်ညှိုးထိုး ရပ်တော်မူဘုရား (ဗျာဒိတ်ပေးဘုရား) ကြီး တွေ့ရလိမ့်မယ်။
ရပ်တော်မူဘုရားဘေးက ကျုံ့ကျုံ့လေးထိုင်ပြီး ရပ်တော်မူဘုရားကြီးကို
လက်အုပ်ချီနေတာက ရှင်အာနန္ဒာ။
ဒီရပ်တော်မူဘုရားကြီးနဲ့ရှင်အာနန္ဒာတို့ ရုပ်တုတွေ
မန္တလေးတောင်ပေါ် ဘယ်လို ရောက်လာကြတာတုန်း။

ဇာတ်လမ်းက
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါတုန်းက
မြတ်စွာဘုရားနဲ့အတူ ရှင်အာနန္ဒာတို့
မန္တလေးတောင်ကို ကြွလာကြတယ်တဲ့။

ကြွလာပြီး ရှင်အာနန္ဒာကို တောင်ခြေ လွင်ပြင်ကျယ်ကြီးကို လက်ညှိုးထိုးပြကာ
အာနန္ဒာ၊ ငါဘုရားပရိနိဗ္ဗာန်စံပြီး နောင်နှစ်ပေါင်း ၂၅၀ဝ ကြာရင်
ဟိုးနေရာမှာ မင်းတုန်းမင်းဆိုတဲ့ရှင်ဘုရင် ပေါ်ပေါက်လာပြီး
ငါဘုရားသာသနာကို အကြီးအကျယ်ထောက်ပံ့ပြီး
သာသနာတိုးတက် စည်ပင်ပြန့်ပွါးအုံးမယ် လို့
ကြိုတင်ဟောကိန်းထုတ်သတဲ့။
စာစကားနဲ့ပြောရရင် ဗျာဒိတ်ပေးတယ်ပေါ့။

တကယ်တော့
မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ မန္တးလေးကို တစ်ခါမှ မရောက်ဘူးပါဘူး။
ဒီရပ်တော်မူနဲ့ ရှင်အာနန္ဒာတို့ရုပ်တုကို မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက်
နှစ်ပေါင်း ၂၅၀ဝ ခန့်မှာ ပေါ်လာတဲ့ မင်းတုန်းမင်းကြီး
လူလည်ကျပြီး ဖန်တီးထားတာ လို့ပဲ ပြောချင်ပါတယ်။

သူ့ရဲ့ နောင်တော် ခမည်းတော်တို့ ရှင်ဘုရင်လုပ်အုပ်ချုပ်နေတဲ့
ထီးဟောင်း နန်းဟောင်း နေပြည်တော်ဟောင်းမှာ
နေချင်စိတ်ကုန်လို့
နေရာကောင်းလိုက်ရှာရင်း
မန္တလေးတောင်ခြေက ပျံ့ပျူးသာယာတဲ့မြေပြင်ကြီးကို ကြည့်ပြီး
သရေ (သွားရေ) ကျမိတာက စတာပါ။

ရှင်ဘုရင့်တို့ရဲ့ ရူးသွပ်မှုသဘာဝအရ
ဘုရင်မင်းတုန်းလဲ ဘုရင်ထဲက ဘုရင်တစ်ပါးဆိုတော့
ထီးဟောင်း နန်းဟောင်း နေပြည်တောေဟောင်းမှာ နေလိုတဲ့ဆန္ဒမရှိတော့တဲ့အချိန်။
ငါဘုရင်ဖြစ်သခိုက် ငါလဲ ထီးသစ် နန်းသစ် နေပြည်တော်သစ်တည်ထောင်ပြီးနေရရင်
ပိုကောင်းမယ်လို့ မင်းတုန်းမင်း ယူဆမိဟန်တူပါရဲ့။

ထီးသစ် နန်းသစ် နေပြည်တော်သစ်တည်ထောင်ဘို့ဆိုတာလဲ
အတွေးလွယ်သလောက် အရေးကျ အတော်ခက်သား။

တိုင်းသားပြည်သူ လူအများတို့ သဘောထား။
ဘုရင်ပြောင်းရင် နောက်က ဝန်းကြီး ဝန်လေးတွေ၊ တိုင်းသားပြည်သူတွေ
အကုန်လိုက်ပြောင်းရတာ။ သူတစ်ယောက်တည်း ပြောင်းသွားလို့ ဖြစ်တာမှ မဟုတ်တာ။
ထိုအတွက် ကုန်ကျစရိတ်၊
တိုင်းသားပြည်သူ လူအများစီးပွါးရေး စသည်
အကုန်ကြည့်ရတယ်။

တိုင်းသူပြည်သားက ငတ်ပြတ်နေပြီး
ရှင်ဘုရင်လုပ်တဲ့သူက တစ်ထီးတစ်နန်းနေချင်တဲ့ စိတ်ရိုင်းကြောင့်
ပြည်သူ့ငွေမြောက်များစွာ သုံးပြီး ထီးသစ် နန်းသစ် နေပြည်တော်သစ် တည်မယ်ဆိုရင်
ပြည်သူ့အမျက်တော် ရှ လာနိုင်တယ်။
ဒါကို မင်းတုန်းမင်း စဉ်းစားခဲ့တယ်။
(ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလေး စဉ်းစားဖော်ရတာကို ကျေးဇူးတင်ပါတယ်)

စဉ်းစားတယ်၊ ငါဘယ်လို ထီးနန်းသစ် တည်ထောင် ပြောင်းရွှေ့ နေထိုင်ရရင်ကောင်းမလဲ။
မင်းတုန်းမင်း စဉ်းစားတယ်။

နောက်ဆုံးတော့ အကြံတစ်ခုရလိုက်တယ်။
ငါ့တိုင်းပြည်လူမျိုးတွေ ဗုဒ္ဓဘာသာကို အလွန်ရိုသေလေးစားကြတာပဲ။
အကယ်၍ ဘုရားကို ခုတုံးလုပ် ထီးသစ် နန်းသစ် နေပြည်တော်သစ် တည်ထောင်လိုက်ရရင်
ကောင်းမှာပဲ ဆိုပြီး လုပ်လိုက်တာ
ရှင်အာနန္ဒာနဲ့ လက်ညှိုးထိုးရပ်တော်မူဘုရားကြီး မန္တလေးတောင်ပေါ်ရောက်လာတော့တာပဲ။

သမိုင်းထဲက ရှင်ဘုရင်တွေ
မြတ်စွာဘုရားကို
တရားကို
ရဟန်းသံဃာတော်တွေကို
ဘယ်လောက်များ
ခုတုံးလုပ်
ကိုယ်ကျိုးအတွက် အမြတ်ထုတ်သွားကြပြီလဲ။
ရှင်အာနန္ဒာဆိုလို့ ရှင်အာနန္ဒာ့ရုပ်တုနဲ့ဆက်စပ်ပြီး
တွေးမိတာပါ။

18 comments

  • ashinindaka

    February 13, 2011 at 6:17 am

    အရင်တင်ပြီးသားနည်းနည်းပါသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ တစုံတခုသောအတိုင်းအတာအထိ အကျိုးရှိမယ်ထင်လို့ ဆက်တင်လိုက်တယ်။

  • shwe

    February 13, 2011 at 9:38 am

    အရှင်ဘုရား
    ခရစ်တော် က ဘုရားအားလုံး ၏ ဆရာလို့ သက်သေရှိပါလား ဘုရား။ ဘာသာရေး ဖြစ်နေလို့ အရှင်ဘုရား ဘလောက် ကပဲဖြေပေးပါ ဘုရား ။
    သူငယ်ချင်းတစ်ယောက်က လာငြင်းနေလို့ ပါဘုရား ။

  • kai

    February 13, 2011 at 10:28 am

    ဗုဒ္ဓဘာသာ ရဟန်းကို .. အဲလိုကြီးမေးတော့ ..ဖြေရတော်တော်ခက်မှာပါပဲ..။

    ကျုပ်ပဲဝင်ဖြေကြည့်မယ်နော..။ အချက်အလက်တွေပါပဲ..။ မှားရင် ပြင်ပေးကြပေါ့နော..။
    http://en.wikipedia.org/wiki/Names_of_God
    ခရစ်ယန်ဘာသာမှာတင်.. (Yahweh)ဘုရားသခင်ရှိပါတယ်..။ Jesus(ခရစ်တော်)က တမန်တော်ခေါ်လို့ရသလို .. ဘုရားသားတော်လည်း ခေါ်ကြတာပါပဲ..။
    အစ္စလမ်ဘာသာမှာလည်း ဘုရားသခင်ရှိပါတယ်. ။(Allah)အလာအရှင်မြတ်ပါ။ တမန်တော်လည်းရှိပါတယ်.. မိုဟာမက်ပါ..။
    ဟိန္ဒူမှာလည်း ထာဝရဘုရားတွေအများကြီးရှိပါတယ.်.။ Brahman(ဟာဗြဟ္မာကြီး)ပါ။ လူသားမဟုတ်ပါဘူး..။
    ထာဝရဘုရားတွေက .. လူသားတွေမဟုတ်ပါဘူး။ အဲဒီတော့ ဆရာရှိတယ်၊ မရှိဘူးကလွတ်ကင်းပါတယ်..။
    ထာဝရဘုရားသခင်ဆိုတာ .ကမ္ဘာလောကကြီးနဲ့ လူသားအပါအဝင်..အရာရာကို ဖန်ဆင်းထားတယ် ယူကြတာပါ..။

    ဗုဒ္ဓဘာသာကတော့ .. ထာဝရဘုရားမယုံကြည်ပါဘူး။ ဖန်ဆင်းရှင်ကိုလည်း မယုံကြည်ပါဘူး..။
    ဗုဒ္ဓကိုယ်တိုင်က လူသားဖြစ်ပါတယ်..။ ဗုဒ္ဓအဖြစ်ရောက်ဖို့ .. ဆရာမရှိပါဘူး..။

    ဘာသာကြီး ၄ပါးကို .. နှစ်တွေနဲ့ပြောရရင် ..ဒီကမ္ဘာမြေမှာ ..ဟိန္ဒူဘာသာက အရင်ဆုံးပေါ်တာပါ။ ကာလအပိုင်းအခြား တိတိကျကျ မှန်းလို့မရပါဘူး.။
    နောက် ဗုဒ္ဓဘာသာ ( ဗုဒ္ဓသက်တန်း 563 BCE to 483 BCE) ခရစ်မပေါ်မှီ နှစ် ၅၀၀
    နောက် ..ခရစ်ယန် ( ခရစ်နှစ် ဝ) ယခုမှ နှစ် ၂၀၁၁)
    နောက်ဆုံးတော့ ..အစ္စလမ်ဘာသာပါ..။(တမန်တော်မိုဟာမက် ခရစ်နှစ် 570/571 – )

    အဲဒီနှစ်တွေနဲ့ကြည့်ရင်လည်း .. ဆရာတပည့်ကိစ္စရှင်းသွားနိုင်ပါတယ်..။
    ဘာသာကြီးတွေပေါ်လာရာ နေရာဒေသနဲ့ကြည့်ရင်လည်း .. ဆရာတပည့်ကိစ္စရှင်းသွားနိုင်ပါတယ်..။
    ဟိန္ဒူ – အိန္ဒိယ
    ဗုဒ္ဓဘာသာ – နီပေါ -အိနိ္ဒယ(မြောက်)
    ခရစ်ယန်ဘာသာ- ဂျေရုစလင် (အစ္စရေး-ပါလက်စတိုင်း)
    အစ္စလမ်ဘာသာ – မက္ကာ (ဆော်ဒီ)

    တိတိကျကျ တိုက်ရိုက်ဖြေရရင်တော့ .. ခရစ်တော် က ဘုရားမဟုတ်တာမို ့.. ဘယ်ဘုရားတွေရဲ့ ဆရာမှမဟုတ်ပါဘူးလို့ပါပဲ..။

  • shwe

    February 13, 2011 at 10:37 am

    ကျေးဇူးပါ ကိုခိုင် ။ ရှင်း(တတ်) သွားပါပြီ။

  • padonmar

    February 13, 2011 at 1:17 pm

    အရှင်ဘုရား ၊မြတ်စွာဘုရား မြန်မာပြည်ကို ကြွဖုူးတယ်လို့ ပိဋကတ်တော်တွေထဲ မပါဘူးလို့လည်း ပြောကြပါတယ်ဘုရား၊
    ဒါဆိုရင် ရွှေစက်တော်။ ကျောင်းတော်ရာ စတာတွေသမိုင်းအမှနြ်ဖစ်နိုင် မဖြစ်နိုင် ဝေဖန်ပေးတော်မူပါဘုရား။

    • ashinindaka

      February 13, 2011 at 1:21 pm

      ဒါနဲ့ပတ်သက်ပြီး အရင်တစ်ယောက်မေးလို့ တစ်ယောက်က ဝင်ဖြေဘူးတယ်။ အခုထပ်ဖြေလိုက်ပါရစေ။ အဲ့ဒါတွေက လံကြုပ်တွေပါလို့။

  • padonmar

    February 13, 2011 at 2:28 pm

    ဖြေ-ရှင်း ပေးတာကျေးဇူးတင်ပါတယ်ဘုရား။ အရင်မေးဖြေ မတွေ့မိလို့ပါ၊နှစ်ထပ်ရှိတော့ မှတ်မိတာပေါ့ဘုရား။

  • ဆူး

    February 13, 2011 at 3:10 pm

    စက်တော်ရာတွေ အများ အပြား ရှိတဲ့ အထဲမှ ဒေါ်ပဒုမ္မာကို ဖြေထားတဲ့ လန်ကြုပ် ဆိုလို့ တခု ထပ်မေး ချင်ပါတယ် ဘုရား စာအုပ် တခုထဲမှာ လှရတနာ ဆရာတော် ဆိုလား ရေးတာ ခြေတော်ရာတွေ အကြောင်းရေးထားတာ စုံနေတာဘဲ။ ၁၀၈ကွက် ဗုဒ္ဓစက် လက္ခဏာတွေ ရှင်းလင်းထားတာ သိပ်တောင် နားမလည်ချင်ဘူး။ ဒါပေမဲ့ သိလိုက်တာ တခုရှိတယ် သမိုင်းကြောင်းတွေနဲ့ ရေးထားသလိုမျိုး ရေးထားတာဘဲ။ ခြေတော်ရာ ၃ခုက သူ့ အလိုလို ပျောက်ကွယ်သွားပြီး နောက် ဘယ်နှခု ဆိုလည်း အဲဒါက တကယ် ရှိခဲ့ပြီး ရှိနေတယ် ဆိုလား။ ရေးထားပါတယ်။ အခု ပိုစ်ကို ဖတ်မှ ဒွိဟ ဖြစ်မိပါတယ်။ သီဟိုဌ်က ခြေတော်ရာက တကယ် ခြေရာလေးလို နိမ့်နေတာမျိုးပုံထဲမှာ မြင်မိတယ် စကန်ရိုက်ပြီး စစ်လို့ ရနိုင်မယ် ထင်တယ်။ စာအုပ်ထဲမှာ ရေးထားတာ နောင်တချိန် သာသနာ ထွန်းကားမဲ့ နေရာဒေသတွေကို အမှတ် အသားနဲ့ ကိုးကွယ်ရာ တခု အနေနဲ့ ပေးထားခဲ့တယ် ဆိုလားဘဲ။ ဆူး က ဟုတ်မဟုတ် ဆန်းစစ် တွေးတတ်လို့ တိုက်ဆိုင်လို့ လှမ်းမေးတာပါ ဘုရား။

  • maungmoenyo

    February 14, 2011 at 2:47 am

    ဂေါတမ ဗုဒ္ဓဘဝစဉ်ထဲမှာ မြန်မာနိုင်ငံကို ကြွလာဘူးတယ်ဆိုတဲ့အထောက်အထားဘယ်မှာမှရှာမရပါဘူး။ ဒါနဲ့ပါတ်သက်လို့ လက်ရှိ နအဖအစိုးရအဖွဲံရဲ့ဒုတိယအကြီးအကဲကြီးက နိုင်ငံတကာခေါင်းဆောင်တွေရှေ့မှာ လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က (ထင်ပါတယ်) စက်တော်ရာဘုးရားကိုလက်ညှိုးထိုးပြပြီး၊ အဲ့ဒါ မြန်မာပြည်ကို မြတ်စွာဘုရားကြွလာတဲ့သက်သေဘဲလို့ မိန့်ခွန်းချွေသွားတာကြားဘူးပါတယ်။ သမိုင်းကို နားလည်ကြသူတခြားနိုင်ငံခေါင်းဆောင်တွေ ပြုံးစိစိဖြစ်သွားကြတာမြင်ယောင်မိပါရဲ့။ သမိုင်းကိုဘာမှန်းမသိ၊ ကိုယ်ထင်ရာ ပြောတတ်ကြသူတွေကြောင့်၊ သမိုးင်းစစ်သမိုင်းမှန်တွေ တိမ်ကောရတာ များလှပါပကော။ ကိုယ်လူမျိုးကိုအထင်သေးစာရာဖြစ်မဲ့စကားမျိုးကြည့်ရှောင်ကြဘို့တော့လိုနေပါပြီ။
    လူတွေပြော်နေကြတဲ့ဘုရားဆိုတာ… spiritual ပါဘဲ။ ယေရှုဟာ ဘုရားသခင်ကစေလွှတ်တဲ့ တမန်တော်ပါဘဲ။ နတ်အပြားပြားကိုကိုးကွယ်တဲ့ ဟိန္ဒူတွေက လဲ spiritual ကို ရည်ရွယ်တဲ့ ဗြဟ္မာကြီးတွေကိုကိုးကွယ်ပါတယ်။ အစ္စလမ်ဘာသာကလည်း spiritual ဖြစ်တဲ့ Allah ကိုကိုးကွယ်ပြီး သူကစေလွှတ်တဲ့ တမန်တော်မိုဟာမက်ရဲ့ အဆုံးအမကိုလိုက်နာကြပါတယ်။
    ဗုဒ္ဓအယူကတော့ လောက်ကမှလွတ်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့တရားကို ကျင့်ကြံရတဲ့ အကျင့်အကြံတရားသာဖြစ်ပါတယ်။

  • Myanmar

    February 14, 2011 at 3:13 am

    Kindly allow me to discuss in this post.
    First, the friend of Shweni made a mistake for Christ did not say He is the Teacher of all gods. It is not mentioned in the Bible.
    Thank you Saya Kai for answering the question by quotes from Wiki. However, there are some disagreement with the quotes. Wiki said Jesus Christ is a prophet. That point of view is quite similar to the views of some Muslim friends. However, if you look closely up in the Bible, it is not mentioned that Jesus Christ is a prophet, but Son of God or God Himself in human form.
    When you see the chronological development of religions, there is unlikely to have such a thing as Teacher-Student relationship among religions. As timing and teachings are different, it should be out of discussion.
    Wiki is good for finding the facts instantly but you cannot rely on it to find the truth.
    However, I do appreciate Saya Kai for giving comment on behalf of Dr. Ashin Indaka. I used to read the blogs posted by both of you and I really have a respect for your wisdom and good will to mankind. I will still be your audience. Thank you.

    • bigcat

      February 14, 2011 at 3:41 am

      ကိုတရုတ်ကြီးကြည့်ရတာ ခရစ်ယာန်နဲ့တူတယ်နော်။ ကြိုဆိုပါတယ်။ ဒီဆိုက်က ဗုဒ္ဓဘာသာဝင်များတော့ နည်းနည်းတော့ သီးခံပါဗျာ။ ကျုပ်တို့လည်း ဗုဒ္ဓဘာသာဝင်ဆိုပေမဲ့ စာအုပ်ကြီးအတိုင်းထက် ကိုယ်ထင်ရာ စွတ်တင်တာပါပဲ။ လွန်သွားရင် ဝိုင်းထိန်းကြ၊ မရရင်ဝိုင်းဆဲ၊ နောက်ဆုံးမှမရရင် ရွာပြင်ထုတ်ပါတယ်။ ဒါဒီဆိုက်ရဲ့ ချစ်စရာကောင်းတဲ့ culture ပေါ့။ အခုလည်း ကျုပ်က သဂျီးက နတ်စိမ်းမဖြစ်အောင် အပင်ပန်းခံချွတ်နေရတယ်။
      ကျနော်ကတော့ ဘာသာခြားတွေ ဝင်ဆွေးနွေးတာ ကြိုဆိုပါတယ်၊ ဒါပေမဲ့ အတွေးရဲဖို့တော့ လိုသဗျို့။ စာအတိုင်းဆိုရင်တော့ bible ဖတ် ဘုရာကျောင်းသွားမေးတာက ပိုကောင်းမယ်ထင်ပါတယ်။ ခရစ်တော် ထာဝရဘုရား ဝိညာဉ်တော် သုံးပါးတဆူဆိုတဲ့ အယူဟာလည်း ကံဆိုတာလိုပဲ ပစ်မလွဲဝေဖန်လို့ကောင်းတဲ့ ခေါင်းစဉ်တခုပါ။ ဘယ်ဖက်ကကြည့်မလဲပေါ် မူတည်မယ်ထင်ပါတယ်။ ယုံကြည်မှုသဒ္ဓါပေါ်အခြေခံမလား၊ အခြားဘာသာအမြင်ကနေကြည့်မလား၊ ဘာသာတရား အပြင်ဖက်ကနေကြည့်မလား အမျိုးမျိုးကွဲနီုင်ပါတယ်။

  • shwe

    February 14, 2011 at 5:53 am

    ကိုကြောင်ကြီး

    သုဝဏဘုမိ ကရော ဘယ်ထိပါခဲ့ တာ လည်း ရှငိ့ ။
    အင်ဒိုနီရှားလည်း ဗုဒ္ဓဘာသာထွန်းကား ခဲ့တဲ့ အထောက်အထားရှိတယ်ဆိုတော့ သုဝဏဘုမိ က မြန်မာ ထိုင်း အင်ဒိုနီရှား တစ်ကြောများဖြစ်ခဲ့လား ၊ သိရင် ထပ်ရှင်းပြပေးပါဦးရှင့် .

    • bigcat

      February 14, 2011 at 6:11 am

      သောက်တုတ်ပလုပ်.. ငါမပြောခဲ့ရပါလား။ ကိုကြောင်ကြီးသိတဲ့ သုဝဏ္ဏကတော့ သင်္ကန်းကျွန်းမြို့နယ်ထဲမှာပဲ။ စာလုံးအသံထွက်အတိုင်းလိုက်ရင်တာ့ သုဝဏ္ဏမှာဗုံးမိတာဖြစ်နိုင်တယ်၊ ပညာရှိတွေးကြည့်တာ ပြေးကြည့်တာထက်မှန်တယ်ဆိုတော့ အတတ်ဟောလိုက်မယ်၊ လူထုအာရုံလွဲအောင်လုပ်တဲ့ စစ်ထောက်လှမ်းရေး လက်ချက်ဖြစ်ရမယ်။

      • shwe

        February 14, 2011 at 6:20 am

        ့ကိုကြောင်ကြီး
        မြန်မာစာမရိုက်တတ်လု့ိ အဲလိုဖြစ်သွားတာ နော်.
        အကောင်းမေးတာကို ဟာသလုပ်နေတယ် ။

  • Nay Aye

    February 14, 2011 at 6:57 am

    ဦးဇင်း ရေ..
    အနှစ်ရော အရသာရော ရှိလှပါရဲ့…
    နောက်လည်းများများရေးပေးပါ..
    တပည့် တော်တို့လို..ဗုဒ္ဓဘာသာဝင်တွေ အတွက်ရော..တခြားသူတွေ အတွက်ပါ…ဗဟုသုတ..အဖြစ်..မှတ်သားထားဖို့…
    တကယ်ပဲ..အရေးပါလှပါတယ်…..။

    • ashinindaka

      February 14, 2011 at 9:01 am

      ကျေးဇူး။ ဆက်ရေးနေပါတယ် ဒေါ်နေအေး (သို့မဟုတ်) ဦးနေအေးရေ။ စောင့်ဖတ်ပါလို့။

  • Myanmar

    February 14, 2011 at 7:51 am

    Dear Mr. Bigcat, Thank you for your welcome. I love this site for people here are like brothers and sisters. I saw understanding, sympathy, empathy, and loving kindness among the members. I like it very much. Different people may have different opinions. It is understandable and acceptable. We may be different in opinions and points of views. But it does not make hatred. We can live with unity in diversity. I learned a lot of knowledge and angles of views by browsing through the posts in this site. Thanks to contributors and admin.

Leave a Reply