သဘောလွယ်သူများ .. အကြောင်ရိုက်နှုတ်ဆက်သူကိုသတိထား
တနေ့ကမှ ကျနော် အိမ်ဘေးက ဆိုင်မှာထိုင်ပြီးမုန့်စားနေတုန်း
လူတယောက်ရုတ်တရက်ဝင်လာပြီး ဝမ်းသာအားရနှုတ်ဆက်ပါတော့တယ်။
ကျနော် custom က ကိုသိန်းလွင်တို့အဖွဲ့ကလေတဲ့။
ရုတ်တရက်တော့နဲနဲကြောင်သွားတယ် သူပြောတဲ့နံမယ်ကမရင်းနှီးဘူး။
ဒါပေမဲ့သူ့ကို မြင်ဖူးသလိုလိုတော့ရှိတယ်ထင်လိုက်မိတယ်။
လူ့ဘဝသက်တမ်းတော်တော်ဖြတ်ကျော်ခဲ့ပြီ မြင်ဘူးသလိုလိုဖြစ်တာမဆန်းပါဘူး
အဲဒါအားနည်းချက်ပါ။ သူကစကားတွေခရားရေလွှတ်တတွတ်တွတ်ပြောတော့တယ်။
ကျနော်တို့လဲ ဟိုရောက်ဒီရောက်တွေ ရောက်ကုန်တာပါဘဲဗျာတဲ့။
ဘယ်တုန်းကပြန်ရောက်လဲတဲ့ ကျနော်တို့လိုက်ပို့ကြတာလေတဲ့။
ကျနော်လဲအပြေးအလွှားစဉ်းစာတယ် ..။ ကိုသွားတာရောသူများသွားတာတွေလိုက်ပို့ ရတာရော
ရောထွေးကုန်တယ်။ ကျနော့အမေတောင် ဆာကူရာမှာဘဲ အဆုပ်ကင်ဆာနဲ့ဆုံးသွားပြီတဲ့။
တရင်းတနှီးပုံစံနဲ့ဆိုလာပြန်တယ်။
ဒါပေမဲ့ custom မှာ မိသားစုအကြောင်း ပြောရလောက်အောင် ရင်းနှီးသူတွေထဲမှာ သူမပါတာကိုတော့သတိထားမိလိုက်တယ်။
အဆင်လေးဘာလေးပြေရင်သူ့ကိုနဲနဲပါးပါးကူညီပါအုံးတဲ့။ ကျနော်ထင့်ကနဲတော့ဖြစ်လိုက်ပြီ။
ဒါနဲ့ ကျနော်ကလည်း ကျနော်ကိုယ်တိုင် ဆီးချိုသွေးတိုးနဲ့မို့ အလုပ်မယ်မယ်ရရ မလုပ်ဖြစ်တာကြာပြီဗျလို့
အားနာနာနဲ့ နဲနဲငြီးပြလိုက်တယ်။
ဟာ .. ဆီးချိုရှိနေရင် METFOMAN DENK ျမှန်မှန်သောက်လေတဲ့ ..။ သူကလာသေးသဗျ။
ဗဟုသုတလေးလဲရှိပုံရတယ်။ ဒါပေမဲ့ တကယ်နားလည်တဲ့သူဆိုရင် ဆီးချိုသမားတယောက်ကို
ဘယ်ဆေးသောက် ဆိုပြီး အကြံပြုလေ့မရှိပါဘူး။ metfoman ကဆီးချိုသမားတွေသောက်တာမှန်ပေမဲ့
တဦးနဲ့တဦးမတူတော့ တခြားဆေးလဲရှိပါတယ်။ သူရောနေမှန်းနဲနဲတော့သိသာလာပြီ။
သူကလဲရိတ်မိဟန်တူရဲ့ ..။ နောက်ဆုံးတော့ လမ်းစားရိတ်လေးနဲနဲ အကြွေ လေးဘာလေးကူညီပါတဲ့။
အိပ်ထဲက ၁၀၀ဝ တန်လဲထုတ်ပေးလိုက်ရော ထပြီးသုတ်သုတ် သုတ်သုတ်နဲလစ်တော့တာပါဘဲ။
ကျနော့အိမ်နား ကျနော့ပတ်ဝန်းကျင်နားဖြစ်လို့ ကိစ္စတော့မရှိဘူးပေါ့။
လူပြတ်တဲ့နေရာမှာဆိုရင်တော့ အထူးသတိပြုရပါမယ်။
အရေးကြီးတာက မြန်မာပီပီ မသိဘဲသူကပြုုံးပြရင် သဘောမလွယ်လိုက်ဖို့ပါဘဲ။
5 comments
bigcat
February 14, 2011 at 4:03 am
ဟဲလို ဦးဖက်၊ ကျနော့်ကိုမှတ်မိလား၊ ဓာတ်ခန်းမှာ ခဏခဏတွေ့တယ်လေ။ ကျနော်က ရှေ့ဆုံးမှာအမြဲရှိ ဦးဖက်ကနောက်တန်းကတက်ခွင့်မရဆိုတော့ နဲနဲတော့ စိမ်းနေမယ်ထင်တယ်။ ပေါက်ဂဏန်း ဒဲ့နံပါတ်လိုချင်ရင် ငမိုးရိပ်ချောင်းဘေးက ညောင်ပင်ကြီးနားကို နေဝင်ရီတရော ညီအကိုမသိတသိ အချိန်လောက် ငွေငါးသိန်းနဲ့ တဦးထဲလာခဲ့ပါ။
ဆူး
February 14, 2011 at 7:14 am
အသိ တယောက် ဆိုင် ကို ခပ်တည်တည် နဲ့ လူတယောက် ဝင်လာပြီး သူဆိုင်က ပစ္စည်းတွေကိုဘဲ အချီကြီး ဝယ်တော့ မယောင်ပေါ့လေ.. မေးမြန်းစူးစမ်းနေတာ စုံနေတာဘဲ။ နောက်ပြီး သူက ဌာန ဆိုင်ရာကပါ ရေနံနဲ့ ဓါတု ဝန်ကြီး ဌာန ဆိုလား စွမ်းအင် ဆိုလား သူအထက် လူကြီး ကို သေချာ ရှင်းပြပြီး ဒီဆိုင်ကနေ ဝယ်ဖြစ်အောင် တိုက်တွန်းပေးမယ် ဈေးတွေ စာရင်းတွေ ယူသွားတယ်။ ဆိုင်က မထွက်ခင်မှာ ဆိုင်က ဖွင့်တာ မကြာသေးတော့ လူသိအောင် ဘယ်လို လုပ်ရတယ် ဘာညာပေါ့.. အာတွေရိုက်ပြီး မကြာခင် ဂက်စ် မီးဖိုတွေ လိုင်စင်နဲ့ ချပေးမှာ ဆိုင်ဆိုတော့ လိုအပ်မယ် ထင်တယ် အစိုးရဈေးနဲ့ဆို ပိုပြီး သက်သာမယ် ပြောရင်းနဲ့ နားထောင်တဲ့ လူက အင်း မဆိုးဘူး ဆိုပြီး စိတ်ဝင်တစားနဲ့ သူဖောင် ဘယ်နေ့ ခေါ်မှာလဲ ဘာညာပေးတော့ စာရွက် တရွက် ထုတ်ပေးမယ် အဲဒီ ဖောင်ဖြည့်လိုက် သူတင်ပေးမယ် သူက အဲဒီ အပိုင်းကို အဓိက တာဝန်ယူ လုပ်နေရကြောင်း စာရွက်စာတမ်းကြေး မိတ္တူခ ဘာညာကွိကွ ၃သောင်းတောင်းတယ်။ သူကို လာရှာမယ် ဆိုရင် ဌာန တခု နာမည် ပြောတယ် ခေါင်းဖြူ ဆိုပြီး မေးရင် လူတိုင်း သိတယ် ဆိုပြီး ပြောသွားတယ် ဖုန်းနံပါတ်တောင် ရေးပေးလိုက်သေးတယ်။ ဒီလိုနဲ့ ၃သောင်း ယူပြီး နောက်ထပ်မှာ ပြန်မလာ ဖုန်းဆက်တော့ မရှိတဲ့ ဖုန်းနံပါတ်ကြီး ဖြစ်နေသတဲ့။
အာဖျံ ကွီး
February 14, 2011 at 7:47 am
ဟုတ်ကဲ့ပါ … ဦးဖက်ရေ …
လာရောတာနဲ. .. နင်ငါ့ကို ဘာမှတ်နေလဲ … ဦးဖက်နဲ.သိတရ်ကွ … လို.တစ်ခါတည်း အော်လွှတ်လိုက်မရ် … ဟီးးး
ဆူး
February 14, 2011 at 8:21 am
တခါတုန်းက မှတ်မှတ်ရရ အညာ သမား တယောက် နဲ့ ပတ်သတ်လို့ ကြား မိတာ တခု ရှိသေးတယ်။ ဆိုင် တဆိုင်မှာ ဈေးအကြီးဆုံး ဝယ်မယ် အထည် ၆ဝ ပြင်ထားလိုက် တော်ကြာ လာယူမယ် ဆိုပြီး ပြင်ခိုင်းထားတယ်။ ခဏနေတော့ တကယ်လာယူတယ် အငှားကားနဲ့ ပိုက်ဆံက အခု မပါသေးဘူး ရုံးမှာ လိုက်ယူပါတဲ့ကွယ်။ ဒါနဲ့ လူ၂ယောက် ထည့်ပေးလိုက်တယ် မီးရထား ဘူတာရုံက လက်ဖက်ရည်ဆိုင်မှာ ထို ၂ယောက်ကို ခဏစောင့် ငါအပေါ်တက်ယူ အုန်းမယ် ဆိုပြီး ထားသွားပြီး ပထမ အငှားကားနဲ့ ဆိုင်ကို ပြန်သွားပြီး ဟိုမှာ ပိုက်ဆံ ရေနေပြီ ပစ္စည်းတွေ ကားပေါ်တင်ပေး ဆိုတော့.. ပိုက်ဆံ သွားယူတဲ့ လူဆီက ဘာအသံမှလည်း မကြားတာနဲ့ ဆိုင် ဝန်ထမ်းတွေက လျော်ရမှာ စိုးတာနဲ့ သူတို့ လာမှ ပစ္စည်း တင်ပေးမယ် ဆိုပြီး ပြောလို့ ဆဲဆို ကြိမ်းမောင်းပြီး ကားမောင်းထွက်သွားတယ်။ လက်ဖက်ရည်ဆိုင်က ၂ယောက်ကလည်း ကြာလွန်းလို့ ဆိုင်ကို ဖုန်းဆက်တော့မှ ဇတ်လမ်းက သိတော့တယ်။ အဲဒီ အစုံ ၆ဝ က ၁၈သိန်း ဖိုးရှိတယ်။ ဆိုင်ဝန်ထမ်းတွေ လျှော်ဆိုလည်း လျှော်နိုင်မှာ မဟုတ်ဘူး။
MaMa
February 15, 2011 at 12:12 pm
သမဝါယမခေတ်တုန်းက အမဆရာဝန်ကို လမ်းမှာ လူတစ်ယောက်က ဆရာမ တစ်ယောက်တည်းလား။ ကျွန်တော်အခု ဆေးဆိုင်မှာ လုပ်နေတယ် ဘာညာနဲ့လာရောတယ်။ အမကလည်း သူပဲမမှတ်မိတာလား။ နယ်မြို့တုန်းက အသိလားဆိုပြီး အားနာပါးနာနဲ့ လမ်းသွားရင်း စကားပြောလာလိုက်တာ။ နောက်တော့မှ အခု ကျွန်တော်တို့ဆိုင်မှာ ဘားပလက်တွေ ပေးနေတယ်။ ဆရာမလိုချင်ရင် ကျွန်တော်လုပ်ပေးလို့ရတယ် ဆိုတော့ အမကလည်း မဆိုးဘူးလို့ ထင်လိုက်တာ။ ဘယ်ဟုတ်မလဲ ဘားပလက်ပုလင်း ၅ဝ ကို ၅၀၀ဝဘဲ အပိုပေးရမယ်။ ကျွန်တော် ပါမစ်ရေးပေးထားခဲ့မယ် ဆိုပြီး ၅၀၀ဝ တောင်းတယ်။ အဲဒီတော့မှ အမလည်း ဘတ်ကီးမှန်းသိပြီး ထွက်ပြေးရတယ်။