Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၁)

padonmarFebruary 21, 20111min39712

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၁)
by May Aye Oo on Monday, February 21, 2011 at 8:42am

ဖိုးတုတ်၊ ဆိုက္ကား နဲ့ တစ် လေးလုံး … …

၁၉-၂-၁၁ စနေနေ့က ရွှေပြည်သာ၊ မြိုင် သီလရှင်သင် ပညာရေးကျောင်းကို ရောက်ပါတယ်..။ ဖိုးတုတ်ကလေးကို အလှူ ရှင် တွေ လှူထားတဲ့ နို့မှုန့်တွေ သွားပို့တာပါ..။ ခုတလော ခရီးစဉ်တွေများနေတာနဲ့ ကလေးတွေ အတွက် ပြီးခဲ့တဲ့ လ က ပို့ထားတဲ့ နို့မှုန့်တွေများ.. ကုန်သွားပြီလားလို့ စိတ်ပူနေမိတာမို့၊ ဒီတပါတ် ဘယ်ခရီးမှ မသွားဖြစ်တုန်းလေး၊ အမြန် သွားပို့တာပါ..။ ဟိုတလော..က ဆရာလေးများနဲ့ တရားပွဲ ကိစ္စ ဖုန်းပြောရင်း.. လသား ကလေးလေး တစ်ယောက် ရောက်နေတယ်.. ဆိုလို့လဲ လသားအရွယ် သောက်လို့ ရမဲ့ နို့မှုန့် Dumex step 1 ပါ 3 ဗူး ထည့် ဝယ်ခဲ့တယ်လေ..။

ဖိုးတုတ်ကလေး ကိုတော့ သိကြပြီးဖြစ်မှာပေါ့နော်..။

အဲဒီနေ့က နို့မှုန့် တွေလှူတော့.. ဆရာကြီး ဒေါ်သုနန္ဒာ က….

“ဆိုက္ကား ကိုခေါ်ခဲ့၊ ဆိုက္ကား ကိုခေါ်ခဲ့ .. .. ဒကာမကြီးကို ပြရအောင်.. “

.. ဆိုတော့.. အမှတ်တမဲ့ .. အော်.. ဆိုက္ကား ခေါ်ပြီး.. ဘာများပြမလို့လဲ ပေါ့..။ ဆရာလေးတစ်ပါးက ခုနှစ်လ အရွယ် ကလေးလေးတစ်ယောက်ကို ပွေ့ချီပြီး ခေါ်လာပါတယ်.. ဖြူဖြူဖွေးဖွေး.. ချစ်စရာကြီးပါ..။

“အဲဒီ ကလေးလေးပေါ့ ဒကာမကြီး ရေ.. အသစ်ရောက်လာတာ.. စမ်းချောင်းမှာ.. ဆိုက္ကား ပေါ်မှာ ထားခဲ့တာတဲ့..။ အဲဒါနဲ့ ဆိုက္ကားဆရာက ရပ်ကွက်ရုံးကိုအပ်၊ အဲဒီက တစ်ဆင့် ဆရာလေးတို့ ဆီကို ရောက်လာတာ.. ခုနှစ်လသားပေါ့ . “ “ယောကျင်္ားလေး.. လား ဆရာကြီး“

“ဟုတ်တယ်.. ဒကာမကြီး ရေ.. အဲဒါ အခုတော့ .. ဖိုးတုတ်ရဲ့ နို့မှုန့် တွေကို သူလဲ သောက်နေတာပေါ့.. “

“အော်.. ဟုတ်လား.. ကလေးလေးက ချစ်စရာလေးနော်.. ထွားလဲထွားတယ်.. ခြေတံ လက်တံတွေလဲ သန်တယ်.. တရုတ်ကလေးနဲ့ တူတယ်.. “

“ဟုတ်တယ်.. ဒကာမကြီး .. တွေ့တဲ့ အချိန်မှာ သူ့လည်ပင်းမှာ အန်းကုန်းရုပ်လေးဆွဲထားတယ်.. စာရွက်ကလေးနဲ့ မွေးသက္ကရာဇ် ရေးပေးထားတယ်..။ ၂၀၁ဝ ၊ အင်္ဂလိပ်လို ရ လ ပိုင်းမှာမွေးတာ.. “

“အော်.. ဘယ်လိုကံအကြောင်းများပါလိမ့်နော်.. “ “တပည့်တော်.. သူ့အတွက်လဲ အလှူခံပေးပါအုံးမယ်.. ဘုရား “ ဆိုတော့ ဆရာကြီးက.. ရီရင်း..

“တစ်လေးလုံး ကိုလဲ ခေါ်ခဲ့ပါအုံး.. ဟေ့ “ ..

ဟောတော့.. ဒါကကော.. ဘာများပါလိမ့် မလဲ.. လို့ စောင့်နေတော့ ..လသားအရွယ်.. အနှီးထုပ်ကလေးနဲ့ ကလေး ပိစိလေးပါလား..

“သူကတော့ ဒီနှစ်ရဲ့ အင်္ဂလိပ်လို ၁ လပိုင်း၊ ၁ရက်နေ့ မှာ မွေးတာ..။ ၁-၁-၁၁ နေ့ပေါ့၊ ဒါကြောင့် သူ့ကို တစ်လေးလုံး လို့ အလွယ်ခေါ်နေကြတာ..။ ဒီ ဆရာလေး ၂ပါးက ဒီကလေး ၂ ယောက်ရဲ့ အထိန်းပေါ့၊ သူတို့က ဒီကလေး၂ ယောက်ကို အဓိက ပြုစု စောင့်ရှောက်ရတာ..။“

“အော်.. “

“ကလေးတွေလဲ နာမည် မပေးရသေးဘူး .. နာမည်ပြောင်တွေ ဖြစ်နေတယ်.. ဒကာမကြီး နာမည်လေးပေးသွားပါအုံး.. “

“ဆရာကြီးတို့ဘဲ သင့်တော် သလိုပေးပါ၊ တပည့်တော် မပေးတတ်ပါဘူး.. “ “ ဒါနဲ့ သူလေးကရော ဘာလေးလဲ .. ဟင် “

“သူလဲ ယောကျင်္ားလေး ဘဲ ဒကာမကြီး ..၊ သူ့ အဖေ က Car Accident နဲ့ ဆုံးသွားတာ.. ၊ သူ့ အမေက မီးတွင်းထဲမှာ၊ စိတ်တော်တော် ထိခိုက်သွားပြီး၊ စိတ် မမှန်သလိုလို ဖြစ်သွားတာနဲ့ ဒီကလေးကို၊ ဘေးလူတွေက လာပို့ပေးသွားတာ..၊ မွန်ပြည်နယ်က ပါ… “

“အို.. သနားစရာဘဲနော်..၊ ဒါနဲ့ စကားမစပ်..၊ ဆရာကြီးကျောင်းကို .. အခုနောက်ပိုင်းရောက်လာတာ.. ယောကျင်္ားလေး တွေချည့်ဘဲ နော်..“ “အင်း .. ဒါဆို တပည့်တော် သူကလေးအတွက်လဲ.. အလှူခံပေးမှာပေါ့ ဘုရား..။ ဘာဘဲပြောပြော သူတို့လေးတွေ.. ကံအကြောင်း မကောင်းခဲ့ကြလို့ မိဘနဲ့ မနေရပေမဲ့ ဒီကိုရောက်လာတာ.. ကံကောင်းခြင်းရဲ့ အစ ဘဲ ပေါ့ ဆရာကြီးရယ်..၊ ဆရာကြီးတို့၊ ဆရာလေးတို့ ပေးတဲ့ အေးမြတဲ့မေတ္တာမျိုး၊ အေးချမ်းတဲ့ ဘုရားရိပ်၊ တရားရိပ် နဲ့ အဆုံးအမမျိုးကို တခြားနေရာမှာ.. သူတို့ ရ ချင်မှ.. ရကြမှာ.. “

သူကလေးကတော့ ခုမှ.. တစ်လခွဲ သာသာရယ်ဆိုတော့ အမေနို့ လဲ မရတာကြောင့် နို့မှုန့် တစ်ခုထဲကိုဘဲ.. အားပြုရ မှာပါ..။ ၆ လ ကျော်မှ.. ဖြည့်စွက်စာ.. ကျွေးလို့ရမှာကိုး..။

ဆရာကြီးနဲ့ ကျမနဲ့ စကားပြောနေတဲ့ နားမှာ ကလေးတွေကို ချထားလိုက်တော့.. နို့မှုန့်ဗူးတွေကို ကလေးတွေက ဆွဲပြီး ဆော့နေပါတယ်..။ သူတို့လေးတွေဟာ.. သွေးမတော်၊ သားမစပ်ကြပေမဲ့၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ရှိကြပါတယ်..။

ဖိုးတုတ်ကလေးကလဲ.. အခုဆိုရင် ၁ နှစ် နဲ့ ၁ လကျော်ပြီပေါ့၊ သူက ၂၅-၁၂-၂၀၀၉ မှာမွေးတာလေ။ သူက သန်လဲ အရမ်းသန်ပါတယ်..။ အသားတွေကလဲ ကျစ်ခဲနေတာဘဲ..။ သူ့ကို ချီရတာ၊ ကိုင်ကြည့်ရတာ.. အားရစရာ ကြီးပါ..။ သူ့အတွက် နို့မှုန့်က အစ၊ အရာရာဖြည့်ပြီး လှူပေးခဲ့ကြတဲ့ အလှူရှင်များလဲ၊ ဒီစာစုလေးကို ဖတ်ပြီး..၊ မိမိတို့ရဲ့ မြတ်သော၊ အလှူကို ကြည်နူး ဝမ်းသာနိုင်ကြမှာပါ.။ မိတ်ဆွေများကလဲ.. ကြည်နူးဝမ်းသာ.. မုဒိတာပွားပြီး.. သာဓု ခေါ်ဆိုနိုင်ကြမယ်လို့ ယုံကြည်မိပါတယ်..။

ဖိုးတုတ်လေးက အခု လမ်းလျှောက်စမ်းနေပါပြီ..။ ဆရာလေးတွေက.. သူ့ကို လက်တွဲရင်း လမ်းလျှောက်သင်ပေး နေတာကို တွေ့တော့..

“အော်.. တကယ့်ကို မေတ္တာပြည့်ဝကြတဲ့ မေတ္တာ၊ ဂရုဏာ ရှင်လေးတွေ.. ပါလားရယ်လို့ လေးစား၊ ကြည်ညို၊ မြတ်နိုး၊ ဝမ်းသာ လွန်းလို့ မျက်ရည်တောင်လည်ပါတယ်.. “

အိမ်ယာတည်ထောင်.. လူ့ဘောင်ကို စွန့်ပြီး.. သာသနာ့ နယ်ထဲရောက်နေတာတောင်မှ.. (ကိုယ့် ကလေးမဟုတ်တဲ့) ကလေးငယ်လေးတွေ.. (ရက်သား၊ လသား လေးတွေက အစ) ရဲ့ ဝေယျာဝစ္စ တွေကို မညည်းမညူ၊ မေတ္တာ၊ ဂရုဏာ၊ စေတနာ အပြည့်နဲ့ လုပ်ပေးနေကြ၊ ပြုစုပေးနေကြတာကို ကြည့်ပြီး၊ အမျိုးသမီးများရဲ့ မိခင်စိတ် ကို.. ဦးညွတ်မိပါတယ်..။

ကျမရဲ့ ချစ်သော.. ညီအစ်ကို၊ မောင်နှမများ၊ သား သမီးများ ကလဲ.. ဒီကလေးလေးတွေကို မေတ္တာ၊ ဂရုဏာ ထားပြီး၊ လိုအပ်ချက်ကလေးတွေကို.. ကွက်လပ်ဖြည့်ပေးကြပါအုံး.. လို့.. မေတ္တာရပ်လိုက်ပါတယ်.. ရှင်..။

ပွင့်သော ပန်းကလေးများတိုင်း လန်းဆန်း နိုင်ကြပါစေ ….။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

P.S – ကျမရဲ့ notes များကို.. copy ယူပြီး forward လုပ်နေကြတဲ့ ကလေးများ နဲ့၊ မောင်နှမ များကိုလဲ.. တစ်ခုလောက်၊ မေတ္တာရပ်ခံပါရစေရှင်..။ notes များကို.. copy ယူရင် ကျမရဲ့ emai address ကိုပါ ကူးထည့်ပေးပါ… လို့..။

ဒါမှလဲ.. ဖတ်မိတဲ့သူများက သဒ္ဒါပွားပြီး လှူချင်ကြရင်.. ကျမ ဆီကို ဆက်သွယ်ပြီး သတင်းအချက်အလက်များ စုံစမ်းလို့ ရအောင်ပါ..။ ကျေးဇူးတင်ပါတယ်.. ရှင်..။

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

သူငယ်ချင်းရဲ့ လူမှုရေး လုပ်ငန်းတွေပါ။စိတ်ဝင်စားသူရှိရင် ကူညီပေးနိုင်အောင် မန်းဂေဇက်ကိုမျှလိုက်ပါတယ်။point အတွက်မဟုတ်ပါ၊

12 comments

  • ဆူး

    February 21, 2011 at 3:23 pm

    သနားစရာ နဲ့ ချစ်စရာ ကောင်းတဲ့ ကလေးလေးတွေဘဲနော်။ သူတို့ ဘယ်အရပ်ဒေသမှာ ရှိနေတာလဲ ရန်ကုန်မှာလား။ လသားလေးတွေ ဆိုတော့ အရမ်း ဂရုစိုက်ရမှာဘဲနော်။ ရွှေဂုံတိုင် နေ့ကလေးထိန်း ကျောင်းမှာတော့ သွားလှူခဲ့ဘူးတယ်။ မရောက်တာတောင် ကြာသွားပြီ။

    • gigihan

      February 21, 2011 at 6:55 pm

      ရွှေပြည်သာ၊ မြိုင် သီလရှင်သင် ပညာရေးကျောင်း မှာပါ။

  • kai

    February 21, 2011 at 7:07 pm

    ဒီလို မွန်မြတ်တဲ့အလုပ်တွေအတွက် ..ယူအက်စ်က အကူပေးနိုင်တဲ့ အသင်းအဖွဲ ့တွေ တော်တော်များများ ရှိပါတယ်..။ မန္တလေးဂေဇက်ကို .. မေးလည်း မေးကြပါတယ်..။
    တတ်နိုင်ရင်.. ဒီလိုပို ့စ်တွေများများ တင်ပေးစေလိုပါတယ်ခင်ဗျား..။ ဘာတွေလိုနေတယ်.. ဘာတွေလုပ်ပေးနိုင်တယ်ပါထည့်ပေးရင် ပိုကောင်းပါတယ်..။ ဘာသာရေးမနွယ်ရင် ပိုကောင်းပါတယ်..။
    အလှူရှင်တွေက .. ခရစ်ယန်တွေများလို့ပါ..။
    ဆိုတော့…
    မြန်မာပြည်ထဲ… စံနစ်တကျထောင်ထားတဲ့ အသင်းတွေဆို .. လိပ်စာတွေ.. ဆက်သွယ်နံပါတ်တွေပါထည့်ပေးစေလိုပါတယ်..။

    ဆက်သွယ်လာကြပါလိမ့်မယ်..။

  • မြိုင်သီလရှင်ကျောင်းကို ကျွန်တော်ရောက်ခဲ့ဖူးပါတယ်.. ရွှေပြည်သာ ထန်းခြောက်ပင်ကွေ့ကနေ သံဒင်းကို သွားတဲ့လမ်းပေါ်မှာပေါ့.. အစတုန်းက အဲဒီက ဆရာကြီးလို့ပဲခေါ်မလား ဆရာလေးလို့ပဲ ခေါ်မလားက ရွှေပြည်သာ အောင်သော်တာ မယ်သီလရှင်စာသင်တိုက်ကနေ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ခွဲထွက်ပြီး ရနေတဲ့ မြေနေရာသေးသေးလေးကနေ တစ်ဖြည်းဖြည်းတိုးချဲ့ပြီး ဒီလုပ်ငန်းကို လုပ်နေတာပါ.. ချီးကျူးပါတယ်.. တစ်ကယ်တော့ ကိုယ်ကျိုးတစ်စက်မှ မပါပဲ မိဘမဲ့ကလေးတွေအပြင် သံဒင်းမှ မရှိဆင်းရဲသား ကလေးငယ်များကိုပါ ပညာသင်ကြားပေးနေတာပါ.. ကျွန်တော်ရောက်ခဲ့စဉ်တုန်းကတော့ နှစ်ထပ်ဆောင်ကို ပြင်ဆောက်နေဆဲကာလဖြစ်ပါတယ်
    ဒီမှာ ရေးထားတာတွေ့လို့ ဝင်ရောက်ချီးကျူးထောက်ခံပေးသွားတာပါ.. ကျွန်တော်က ခရစ်ယာန်ပေမယ့် ကောင်းတာလုပ်တဲ့သူတိုင်းကို အားပေးပါတယ်..

  • Amie

    February 22, 2011 at 2:26 am

    Where is that Myaing Orphan organization… Detailed address please…
    @ Padonmar….I really interested in your post and thank you so much for good post …i have a question…you posted like ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၁)… so does it mean that you already posted 10 more post ahead??? cause i can’t find it and i want to read if you had…here is my email address – amiemienaing@gmail.com …thank you in advance…. Amie

  • nigimi77

    February 22, 2011 at 3:03 am

    တကယ်ကို မွန်မြတ်တဲ့ အလုပ်ပါပဲ။

  • nigimi77

    February 22, 2011 at 3:06 am

    ဝေးးးးး…..သျှမ်းမကြီး နန် ့ပေါင်ဆူး…..ဝေး။

    စိတ်ဆိုးနဲ ့ဝေးးး….သျှမ်းပီပီ စာဖတ် မသျှမ်းနဲ ့ဝေး…

    ဟောသမှာ စဆုံး သေချာပြန်ဖတ် ဝေးးး……၁၉-၂-၁၁ စနေနေ့က ရွှေပြည်သာ၊ မြိုင် သီလရှင်သင် ပညာရေးကျောင်း

    (မှတ်ချက်။ ဆူးကို စချင်လို ့)

  • white

    February 22, 2011 at 5:22 am

    ဒီကလေးတွေ ဘယ်သူဆိုတာမသိပေမဲ့ ဒီကိစ္စကိုရေးကြ၊ဝိုင်းဝန်းအားပေးကြ၊လှူတန်းကြသူတွေအားလုံးကို ကလေးတွေကိုယ်စားကျေးဇူးတင်ပါတယ်။

    ကျွန်တော်တို့မြန်မာလူမျိုးတွေက လူမှုရေးလုပ်ငန်းတွေမှာ အားနည်းသလိုဘဲ ၊ ဘာသာရေးကိစ္စ အလှူအတန်းလောက် စိတ်မဝင်စားကြဘူး ဘုရားမှာရွှေချမှဘဲ ကုသိုလ်ရမယ် ထင်နေကြတယ်
    ဘုရားရွှေချတာကုသိုလ်ရသလို မရှိတဲ့သူ၊လိုအပ်တဲ့သူကို ကူညီတာ စောင့်ရှောက်တာ တွေကလည်း ဘုရားကြိုက်တဲ့အလုပ်တွေပါဘဲ ဘုရားကြိုက်တာလုပ်ရင်လဲ ကုသိုလ်ရမှာပါဘဲ

    ရေများရာမိုးရွာနေမဲ့အစား၊တကယ်လိုအပ်တဲ့နေရာတွေမှာ အသုံးပြုကြရင် ပိုကောင်းမှာပါ
    သူဌေးကြီးတွေကိုခေါ် ကျွေးမဲ့အစား ဒီကလေးတွေလို သူတစ်ပါးအကူအညီရမှ စားသောက်၊နေထိုင်၊စာသင်နိုင်မဲ့ကလေးတွေကို လှူလိုက်နိုင်ရင် ပိုထိရောက်မှာပါ
    ကျုပ်တို့ကတော့ ရွှေသင်္ကန်းမှဆိုရင်တောင် ရွှေတွေဝင်းနေတဲ့ဘုရားအစား၊ရွှေမရှိသေးတဲ့ဘုရားကိုလှူပေးဘို့မေတ္တာရပ်ခံပါရစေ။

    • Amie

      February 22, 2011 at 6:26 am

      @ White… Yep i definitely agree with you … Burmese people should think the really necessary places just like Myaing Orphanage Organization …. In reality, most of the Buddhism didn’t donate the places that really need helps but they just donate in famous and perfect places ( i think they did just for their dignity and pride) .. Also i realized that the way most of Buddhism did is not the one Buddha Like … We’d better take care of the Buddhism youngster not to become other religion than we donate in some famous and perfect places (Because they got a lot donor)… Just like “White” said “ရေများရာမိုးရွာနေမဲ့အစား၊တကယ်လိုအပ်တဲ့နေရာတွေမှာ အသုံးပြုကြရင် ပိုကောင်းမှာပါ,” I believe that way is the one Buddha agree and the one who did like that is a real Buddhism.

  • padonmar

    February 22, 2011 at 7:41 pm

    Actually this is not my writing.This is my friend ‘s article . She did not know Mandalay Gazette and does not know how to send a post .So I forward this article from her facebook .I am a member of her 2000 group.2000 Group( Teachers,doctors and other interested persons ) did so many social works like children camps ,free clinic ,helping the poor students etc all over the country esp Nargis Victims. I’ll try to post her other articles or help her to post herself .You can contact her directly via her e-mail in the post if you want to know detail.Thanks to all who are interested in social works.

    • Amie

      February 23, 2011 at 5:40 am

      @ Padonmar… Thank you so much for your answer… i appreciate it.
      @May aye oo….Thank you so much for your kindness… I will check it on facebook..

Leave a Reply