မှတ်တမ်း ဓါတ်ပုံ
သံလျင် ကျောက်တန်း ရေလည် ဘုရားသွားတုန်းက ရိုက်ထားတဲ့ အဘွားကြီးပုံပါ။
အသက်ကြီးပေမဲ့ ဈေးရောင်းနေရတာ ကြည့်ပြီး သနားတာနဲ့ မှတ်တမ်းယူထားတာ။
သံလျင် ကျောက်တန်း ရေလည် ဘုရားသွားတုန်းက ရိုက်ထားတဲ့ အဘွားကြီးပုံပါ။
အသက်ကြီးပေမဲ့ ဈေးရောင်းနေရတာ ကြည့်ပြီး သနားတာနဲ့ မှတ်တမ်းယူထားတာ။
16 comments
ရှူံးနိမ့်မှုများနဲ့.. လူ
February 23, 2011 at 6:21 pm
ဆူးခင်ဗျားး
တစ်ခုမေးချင်လို့ပါ
အသက်ကြီးပေမယ့် ဈေးရောင်းနေရတာကိုပြောချင်တာလား
ဈေးရောင်းနေရင်းနဲ့ပဲ အသက်ကြီးနေတာကို ပြောချင်တာလားခင်ဗျာ့
(တွေးမိတဲ့ အတွေးလေးတစ်ချက်ပါ)
ကျွန်တော်ကိုယ်တိုင် ခုအဖွားထက်အသက်ပိုကြီးတဲ့ ဈေးသည်တွေ မြင်ခဲ့ရဖူးလို့ပါ။
peacemaker35183777
February 24, 2011 at 2:01 am
thz for pic. i think life is not the way u think,,
value of life ? money? happy? so many?
eliminate earthy desire?
weiwei
February 24, 2011 at 2:28 am
အသက်ကြီးပေမယ့်လည်း အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်နေတာ .. လုပ်ချင်စိတ်ရှိတာကို ပြချင်တာလို့ ထင်ပါတယ် …
nigimi77
February 24, 2011 at 9:02 am
ဒီစာ ဖတ်ပြီးပြီးချင်း တွေးမိလိုက်တဲ့ အတွေးကို “ရှုံးနိမ် ့မှုများနဲ ့..လူ” က ဦးသွားတယ်။
မထူးပါဘူး..။ ပြောလိုက်တော့မယ်…။ ဗျို ့ဘွားဆူး။
အသက်ကြီးပေမဲ့ ဈေးရောင်းနေရတာ ကြည့်ပြီး သနားတာနဲ့ မှတ်တမ်းယူထားတာ…ဆိုတာကို နဲနဲ အပြစ်တင် ပုတ်ခတ်ကြည့်ရအောင်…။
ကျုပ်တို ့မြန်မာတွေက အသက်ကြီးပေမဲ့ ဆိုတဲ ့ စကားကို အသက်ကြီးပေမဲ့ မပျက်စီးသေးဘူး ဆိုတာမျိုးကို
သုံးကြတာပေါ့။ ဒီတော့ကာ … အသက်ကြီးပေမဲ့ ဈေးရောင်းနိုင်သေးတယ် ဆိုတဲ့ သဘောမျိုး သက်ရောက်မယ် ထင်ပါတယ်။ ဒါမှ မဟုတ် ဒီ အသက်အရွယ်အထိ ဈေးရောင်းစားနေရတုန်းပဲ လို ့ပြောချင်တယ်ဆိုရင်တော့
ဒီ အသက်အရွယ် အထိ ဈေးရောင်း နေရတာကို ကြည့်ပြီး လို ့ ဆိုရင် ပိုပြီး အဆင်ပြေမယ်။
နောက်ထပ်ပြောချင်တာက အိုကြီးအိုမ အရွယ်ရောက်တဲ့ အထိ ဈေးရောင်းစားနေရတာကို သနားတယ် ဆိုတဲ့
အချက်။
မြန်မာပြည်မှာပေါ့ဗျာ။ အကုန်လုံးကို မဆိုလိုပါဘူး။ အသက်အရွယ်လေးရလာရင် ပုတီးလေးကိုင်ပြီး
အိမ်ဦးခန်းမှာ အခန် ့သားထိုင်ပြီး သားသမီး မြေးမြစ်တွေရဲ ့ အပူဇော်ကို ခံယူချင်ကြတယ်။
ခေတ်ကာလက ပြောင်းလာတော့ အဲဒီလို Culture က သိပ် မအပ်စပ်တော့ဘူး။ တအိမ်လုံး အလုပ်လုပ်မှ
တအိမ်လုံး ထမင်းစားဖို ့ဖြစ်နေတော့ အသက်အရွယ်အရ အပြင် အလုပ် လုပ်ဖို ့ မဖြစ်နိုင်တော့တဲ့ သူတွေက
အိမ်မှာ တနိုင် အလုပ်တွေလုပ်၊ ခြံတွေ ဘာတွေရှိရင် ပေါင်းပင် မြက်ပင်ရှင်းလင်း၊ တတ်နိုင်သမျှ လူပို မဖြစ်အောင် နေလာကြပါပြီ။ ကျုပ် နေခဲ့ဘူးတဲ့ နိုင်ငံမှာလဲ အဲဒီလိုပါပဲ။ တုန်ရီ ချိနဲ ့နေတဲ့ အရွယ် မရောက်သေးသရွေ ့တော့ ကိုယ်တတ်နိုင်သလောက် အလုပ်ကို လုပ်ကိုင်ကျတာ သနားစရာမဟုတ်ပါဘူး။
ဂုဏ်ယူစရာပါ။ လူ ့တာဝန်ပါ။ ဒီတော့ ဒီ အဖွားက ဈေးရောင်းနေတာ သူ ့တာဝန်သူထမ်းဆောင်နေတာပါ။
သူ ့ရဲ ့ စားဝတ်နေရေး အတွက်လဲ ဖြစ်နိုင်တယ်။ သူ ့မိသားစု အတွက်လဲ ဖြစ်နိုင်တယ်။ ဒီအပြင် သူဟာ
မိသားစုမှာ လူပို တစ်ယောက် မဟုတ်ကြောင်း အလုပ်လုပ်ပြီး သက်သေပြနေတယ်။
ဒီ အဖွားကို အသက်ကြီးပေမဲ့ ဈေးရောင်းနေရတာကို ကြည့်ပြီး သနားတယ် လို ့ပြောကြည့်ရင် သူက ဘယ်လို
တုန် ့ပြန်မယ်လို ့ထင်ပါသလဲ။ နောက်တခေါက် မှတ်တမ်းယူပြီး ပြောကြည့်ပါ။
(မှတ်ချက် ဆူးကို ချစ်လို ့ စကြည့်တာ)
ဆူး
February 24, 2011 at 9:19 am
မြန်မာ ဓလေ့ အနေနဲ့တော့ အိမ်ဦးခန်းမှာ ပုတီး ကိုင်နေရတဲ့ အရွယ် ဖြစ်နေပေမဲ့ ပုတီး မကိုင်နိုင်ဘဲ ဝမ်းရေး အတွက် လုံးပန်း နေလို့ သနားတဲ့ အမြင်နဲ့ တွေးမိတာပါ။
လူတွေ အသက် ကြီးလာတာ နဲ့ အမျှ ပိုပြီး ပင်ပန်းတက်လာကြတယ်။
အသက် ၂ဝ မှာ ပေ ၃၀ဝ လောက် ပြေးတာ ပင်ပန်းမှုက ဘာမှ မဖြစ်ပေမဲ့
အသက် ၃ဝ မှာ သိပ်ကွာတယ် မထင်ရသေးဘူး အသက် ၄ဝ လောက်မှာတော့ လူတွေ ရဲ့ ရုပ်တွေ အိုမင်းမှု ပြလာလို့ ပိုပင်ပန်းမယ်။ ယခင်က အားအကုန်ထုတ် မသုံးဘဲ ပေါ့ပေါ့ ပါးပါး ဖြစ်ခဲ့ပေမဲ့ အသက် ၅ဝ လောက်မှာတော့ အားတွေ အရမ်းထုတ်ပြီး လူငယ်တွေလို ခဏလေးနဲ့ အမော မပြေနိုင်တော့ဘူး။
အသက်အရွယ်အားဖြင့် ၆ဝ လောက် ဖြစ်မလားဘဲ။
လူငယ်တွေ ထက် ပိုမောနိုင်တဲ့ အခြေ အနေမျိုးမှာ လူငယ်တွေ ကလေးတွေ လုပ်သလို လုပ်နေရတာ ဂရုဏာ သက်မိတာ အမှန်ဘဲ။
ဘဝ ဆိုတာ ရုန်းကန်ရပေမဲ့ ရုန်းကန်မှု ကြားက လှိုင်းလေကြားမှာ ကူးခတ်ရတာ သူလည်း မောနေမယ် ထင်လို့ တွေးပြီး တင်လိုက်တာပါ။
မိုက်ကယ်ဂျော်နီအောင်ပု
February 24, 2011 at 11:36 am
အင်းဒီနေရာမှာတော့
လူ ့စွမ်းအင်တွေကို နေရာကျကျအသုံးချတတ်ဘို ့ကအရေးကြီးတယ်
ကိုယ့်ကိုယ်ကိုယ်ဘဲဝန်ခံရပေတော့မယ်
အထူးသဖြင့် တရုပ်လူမျိုးတွေမှာ တော်တော်မြင်ဘူးတယ်
အသက်အတော်ကလေးကြီးနေပြီ ချမ်းသာလိုက်တာလဲ သောက်သောက်လဲဘဲ
အလုပ်လုပ်နေတုန်း
ဒီနေရာမှာ အမြင်တွေကကွဲနိုင်တယ်
ဒီလောက်ချမ်းသာနေတာတောင် ရှာနေတုန်းဘဲ လေဘကြီးလိုက်တာ
ဘုရားနဲ ့တရားနဲ ့ဘဲနေပါတော့လား
စသည်စသည် အမြင်တွေအမျိုးမျိုးရှိကြတယ်
တစ်ချို ့ကြတော့တောင်းစားတယ်
တစ်ချို ့ကြတော့ သကြားလုံးလို ဘာလိုလေးကို ပြပြီး ယဉ်ယဉ်လေးနဲ ့တောင်းစားတယ်
တစ်ကယ့်အကြောင်းကတော့ လူကြီးတွေကလည်း ငါကြီးပြီအချောင်ခိုတော့မယ်
စိတ်မျိုးမထားသင့်သလို
လူငယ်တွေကလည်း လူကြီးတွေအသက်ကြီးပြီ
ဒို ့တတ်နိုင်သလောက် ကူညီစောင့်ရှောက်ရမယ်ဆိုတဲ့ အသိကိုယ်စီရှိဘို ့လိုမယ်ထင်တယ်
kopauk mandalay
February 24, 2011 at 3:37 pm
အသက်ကြီးပေမယ့်လဲ သားထောက်သမီးခံမရှိလို့ ပင်ပန်းဆင်းရဲစွာလုပ်ကိုင်စားသောက်နေသူများက ပုံစံတစ်ခု
သားထောက်သမီးခံရှိပေမယ့်လဲ အလုပ်မလုပ်ရရင် မနေနိုင်လို့လုပ်နေသူကပုံစံတစ်ခုပေါ့။
သားထောက်သမီးခံမရှိသူကိုတော့ တကယ့်ကိုပင်ပန်းဆင်းရဲစွာလုပ်ကိုင်စားသောက်နေရတယ်ဆိုရင်
လူအိုရုံတစ်ခုခုနဲ့ဆက်သွယ်ပေးသင့်ပါတယ်။
အလုပ်မလုပ်ရရင်မနေနိုင်သူကိုတော့ ဘေးကနေ ဖေးမပေးပါ။
အလုပ်လုပ်နေတယ်ဆိုရင် သူကျန်းမာနေမှာပါ။
ဒါပေမယ် မြန်မာပြည်အနေအထားမှာတော့ မိဘက သားသမီးကို အိမ်ထောင်မခွဲမခြင်းစောင့်ရှောက်ခဲ့
တဲ့မိဘတွေ အိုမင်းမစွမ်းချိန်မှာ သားသမီးကပြန်စောင့်ရှောက်နိုင်ရင်ပိုကောင်းပါတယ်။
ဒါပေမယ့် တာဝန်မကျေတဲ့သားသမီးထဲမှာ ကျွန်တော်လဲ ပါတယ်ဗျာ။
kai
February 24, 2011 at 11:28 pm
The United States Census Bureau considers a baby boomer to be someone born during the demographic birth boom between 1946 and 1964.
ဘေဘီဘုမ်းမာတွေအကြောင်းပြောကြည့်မယ်..။
ကမ္ဘာစစ်ကြီးထဲ လူတွေသောက်သောက်လဲသေတာမို ့.. အဲဒီစစ်ပြီးနောက်.. လူအဖိုအမတွေက မွေးချလိုက်ရင်.. သားသမီး.. ၄-၅-၁ဝယောက်တွေ အများကြီးပဲ..။
ဆိုတော့ ..ကမ္ဘာ့လူဦးရေ.. ပြန်တက်လာတယ်ပေါ့..။
ဒါပေမဲ့.. သူတို့က ..သူတို့တွေနောင်ရေး စိတ်အေးရအောင်.. ပြင်ဆင်ထားတာတွေလုပ်တယ်..။ လုပ်ခဲ့တယ်..။
အခု.. နိုင်ငံတိုင်းရဲ့.. အုပ်ချူပ်မှုအာဏာကိုင်ထားတာ .. အဲဒီ ဘေဘီဘုမ်းမာထဲကလူတွေ အများစုပဲ..။
အဲဒီတော့ .. သူတို့ နောင်ရေးအဆင်ပြေအောင် .. တတ်နိုင်သလောက်လုပ်ကြပါတယ်.။
တခုကတော့ … လူမှုဖူလုံရေး စုဆောင်းငွေတွေကိုလည်း တီထွင်စုဆောင်းထားတာပေါ့..
ဒီလိုနဲ့.. ဂျပန်လိုနိုင်ငံမှာ ..အသက်ကြီးတဲ့သူတွေ… ပင်စင်ယူပြီးနောက်.. လွယ်လွယ်မသေနိုင်တော့ .. လူငယ်တွေက အလုပ်လုပ်ပြီး .. သူတို့အတွက်ပေးဆပ်နေရာတာက ..အရမ်းများလာတယ်.။ ဂျပန်အဖိုးအဖွားတွေက ..ကမ္ဘာ့မှာအသက်အရှည်ဆုံးထဲပါတာကိုး..။
ဆိုတော့…
အလုပ်လုပ်တဲ့သူနဲ့.. ခံစားသူနဲ့..အချိုးမကျဖြစ်ပြီး.. တိုင်းပြည်မှာ.. ဝန်ထုပ်ဝန်ပိုးကြီးဖြစ်လာတယ်ပေါ့နော..။
နောက်ပိုင်း ဒါကိုနားလည်တဲ့လူတွေက .. တတ်နိုင်သလောက် …အဲဒါတွေထဲက ပြန်ဖဲ့ယူနေရတယ်..။ ဥပဒေတွေ ပြန်ပြုပြင်ဆင်ရတယ်ပေါ့..။
အဲဒီအထဲ..တခုကတော့ ..ပင်စင်ယူရမဲ့အသက်ကို ..မြှင့်လာတာပဲ..။ ယူအက်စ်မှာ အခုဆို ..၆၅-၆ရ တောင်ဖြစ်နေပြီ..။
မြန်မာပြည်လည်း.. ပင်စင်အသက်ကို မြှင့်သင့်တယ်..။
အသက်ကြီးတဲ့သူတွေကိုလည်း … ပုတီးစိတ်..ထိုင်မနေခိုင်းပဲ.. အလုပ်တွေပေးသင့်တယ်..။
စီနီယာတွေလုပ်လို့ရတဲ့.. လူမှုရေးအလုပ်တွေ..အများကြီးရှိပါတယ်..။ (အနည်းဆုံး)..လမ်းဘေးဆင်း..လမ်းကူးတဲ့ကလေးတွေ..လမ်းပြတာတော့ လုပ်ပေးနိုင်တယ်လေ..။
လူကြီးတွေလည်း.. အဲဒီလိုဆို ..အသက်ပိုရှည်ပါတယ်..။ ကျန်တဲ့သူတွေလည်း အကျိုးရှိပါတယ်..။
bigcat
February 25, 2011 at 2:26 am
ဟုတ်ကဲ့ အငြိမ်းစားယူတဲ့အသက်ကို မြှင့်ထားပါတယ်။ တပ်ရှုပ်နဲ့ဒုရှုပ်တို့နှစ်ဦးအတွက်သာ.. 🙁
ဆူး
February 25, 2011 at 5:52 am
ကြားဖူးတာတော့ ဂျပန်မှာ အသက်ကြီးတဲ့ အဘိုးကြီး အဖွားကြီးတွေ သူတို့ အသက်အရွယ်နဲ့ လမ်းလျောက်တဲ့ အလေ့အကျင့်လိုချင်လို့ မနက်မနက် နွားနို့အလကား လိုက်ပို့ပေးတယ် ပြောတယ်။ ခါးမှာ လမ်းဘယ်နှစ်လမ်းလျောက်လဲ တိုင်းတာတဲ့ စက်ကလေး ချိတ်ပြီး ခြေလှမ်းရေ ၁၀၀၀ဝ ဆို တစ်သောင်း နဲ့ ညီမျှတဲ့ အိမ်အရေ အတွက် နွားနို့လိုက်ပို့တယ် သတင်းစာပို့တယ်။ ခြေလှမ်းစက်က အရေ အတွက် ပြည့်သွားရင် ဘာမှ မလုပ်တော့ဘူး အိမ်မှာ အေးဆေး နားတယ်လို့ ပြောတာ ဂျပန် ဂိုက် ပြောပြဘူးတယ်။
padonmar
February 25, 2011 at 1:56 pm
ကျွန်မတို့ငယ်ငယ်က ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုက်မိ အကြောင်းလေးပြောပြချင်ပါတယ်။
သူက အပျိုကြီးပါ။ဒါပေမယ့် သူ့ရဲ့ ကျောင်းအုပ်လုပ်သက်က အနှစ် ၃ဝ လောက်ကြာတော့ တစ်မြို့လုံး သားတပည့်မြေးတပည်ူတွေချည်းပါဘဲ။
သူ့ မောင်တွေ တူ၊တူမတွေက အရာရှိတွေ သူဌေးတွေ ချည်းပါ။
သူပင်စင်ယူပြီးတော့ ထိုင်စားနေနိုင်ပါတယ်၊
သိန်းရာနဲ့ ချီပြီးလည်း လှူနိုင်ပါတယ်၊ ဒါပေမယ့် ဆရာမကြီးဟာ အိမ်မှာ အလကားမနေပါဘူး၊
ချက်နို့ဆီ နဲ့ ဆပ်ပြာလေးတွေ တစ်နိုင်ရောင်းပါတယ်၊
သူ့ကို နှစ်စဉ်သွားကန်တော့ရင် ငါ့ ဆပ်ပြာလေးအားပေးသွားအုံးလို့ရောင်းတတ်ပါတယ်၊
ကျွန်မတို့ကလဲ အားပေးရတာဘဲ၊တကယ့်သမ္မာအာဇီဝပါ၊ မျက်စိမမြင် ခါးရိုးကျိုးလို့အိပ်ရာထဲလဲ တဲ့ အထိ နိုင်ရာအလုပ်လုပ်သွားပါတယ်၊
တစ်မြို့လုံးအကြောင်းလဲ အိပ်ရာထဲကနေ သိပြီး သူကူညီနိုင်တာတွေ စီမံ လမ်းညွှန်သွားပါတယ်၊
အဲဒီလို အဖွားကြီးမျိုးဘဲ ဖြစ်ချင်ပါတယ်၊
ဆူး
February 25, 2011 at 2:59 pm
ဟုတ်တယ် အသက်ကြီးလာရင် စိတ်ပါလို့ လုပ်ရတာမျိုး မဟုတ်ဘဲ မဖြစ်မနေ လုပ်ရမှာကိုတော့ ကြောက်မိတယ်။
အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေတဲ့ အသက်ကြီးတဲ့ လူတွေ ကို တွေ့ရင် အရမ်း သနားမိတယ်။
တနေ့က ဆို ထီတွန်းလှည်းကြီး တွန်းနေတဲ့ အဖိုးကြီး ကိုတွေ့တော့ သနားလို့ ထီ ထိုးလိုက်တယ်။ အဖိုးကြီး ဆီက ထီဝယ်ပြီးတော့ ပိုက်ဆံ ၂၀၀ဝ ကန်တော့လိုက်တယ်။ ပိုက်ဆံ ပေးလိုက်တော့မှ အဖိုးကြီးက ပြောတယ် သူက ဒီနေ့မှ ထီ ပြန်ရောင်းတာ ဆေးရုံက ဆင်းလာတာ မကြာသေးဘူး အခုထိ နေ့လည်စာ မစားရသေးဘူးတဲ့ (အချိန်အားဖြင့် နေ့လည် ၂နာရီ) ဈေးဦးမပေါက်သေးလို့ ဆေးရုံနောက်တခါ ထပ်တက်ရရင် စရိတ်မရှိမှာ စိုးလို့ ရောင်းနေတာတဲ့။ သူဈေးဦးသာ မပေါက်သေးတာ သူကို စည်ပင်က အခွန်တောင်းလို့ ဆောင်လိုက်ရတယ်တဲ့။ သမီးတို့ ပေးတဲ့ ပိုက်ဆံ နဲ့ ထမင်းစားအုန်းမယ်တဲ့။ ထီ ၁ဝစောင် ရောင်းမှ ၂၀ဝ မြတ်တာပါတဲ့။ ဆရာဝန်က ချွှေးထွက်အောင် လုပ်ရမယ် ဆိုလို့ ထီ လှည့်ရောင်းနေတာတဲ့..
အမှန်ဆို နေပူတဲ့ အချိန် လူငယ်တွေတောင် နေပူထဲ သွားတာ များရင် နေအပူရှိန်နဲ့ ခေါင်းတွေ မူးပြာသွားနိုင်တာ.. အသက်ကြီးတဲ့ အဖိုးကြီး ထီတွန်းလှည်း အိုကြီး ကို ယိုင်ထိုးထိုး တွန်းလာတာ ကျန်းမာရေး မကောင်းတဲ့လူမှန်း ကြည့်တာနဲ့ သိသာတယ်။ စိတ်ထဲမှာတော့ ဈေးရောင်းကောင်းပါစေလို့ ဆုတောင်းပေးခဲ့တယ်။
MaMa
February 26, 2011 at 1:41 am
ဆူးရဲ့စိတ်ကလေးကို သာဓုခေါ်ပါတယ်။ ကံအကျိုးပေး ဆိုတာတွေက အမျိုးမျိုးရှိကြတော့ တချို့လူတွေက ငယ်ငယ်က ပင်ပန်းဆင်းရဲပေမယ့် အသက်ကြီးလာတဲ့ခါကျတော့ သားသမီးကံ၊ စီးပွားကံ စသည်ဖြင့် ကောင်းပြီး ချမ်းချမ်းသာသာ နေရတယ်။ တချို့ကျတော့လည်း ငယ်ငယ်က မိဘလက်ထက်မှာ မတောင့်မတ မကြောင့်မကျ နေကြရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသက်ကြီးလာတဲ့အခါ စားရမဲ့ သောက်ရမဲ့ ဘဝမျိုးတွေကိုတောင် ရောက်သွားတတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် အသိဉာဏ်ရှိရှိနဲ့ ငယ်ရွယ်တဲ့အချိန်မှာ ရိုးသားကြိုးစားခြင်းဖြင့် နောင်ရေးစိတ်အေးရအောင် စီစဉ်သင့်ပါတယ်။ တစ်ခါ မန့်ဖူးသလိုပဲ ဉာဏ်ကိုလွှာပြီးသုံးပါ၊ ဝိရိယကို အစွမ်းကုုန်စိုက်ထုတ်ပါ။ ဖြစ်မလာတော့လဲ ကံကိုပဲ ပုံချလိုက်ပေါ့။
etone
February 26, 2011 at 2:29 am
ဒီအဖွားကိုကြည့်ပြီး သဘောကျပါတယ် … ။
အသက်ရွယ်ကြီးတာတောင် တတ်စွမ်းသရွှေ့ ဝမ်းစာ ရှာစားဖို့ စိတ်ခွန်အားတွေ ဖြစ်နေတာကြောင့်ပါပဲ … ။ တကယ့်ကိုလေးစားပါတယ်… ။ သူများကလေးတွေ တို့လု့ိတွဲလောင်း ချီပြီး လမ်းပေါ်တောင်းနေတဲ့ အသက်လတ်ပိုင်း မိန်းမများရဲ့ စိတ်နဲ့တော့ မိုးနဲ့ မြေလို ကွာခြားလွန်းပါတယ် … ။
manawphyulay
February 26, 2011 at 8:02 am
မှတ်တမ်းရိုက်ရင်းနဲ့ သနားလို့ ဝယ်ခဲ့သေးလား ဆူးရေ…………. လူတိုင်း လက်လုပ်မှ ပါးစပ်လှုပ်နေရတဲ့ဘဝတွေကို ရောက်မှန်းမသိ ရောက်ခဲ့တာ ကြာခဲ့ပါပြီလေ။ ငွေကြေးချောင်လည်လို့ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေအနေနဲ့တော့ သိပ်နားလည်မှာမဟုတ်ပေမယ့် အရင်တုန်းက မိသားစု ရ ယောက်မှာ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့လုပ်စာနဲ့ တစ်အိမ်လုံးထိုင်စားလို့ရပေမယ့် ခုခေတ်ကျတော့ တစ်အိမ်လုံး လုပ်နေတာတောင် ထမင်းနပ်မမှန်တာတွေ ရှိနေသေးပါတယ်ရှင်………………
Ah T
March 3, 2011 at 5:51 pm
အင်း….ကျွန်တော့မှာလည်းအသက် ၉ရ အရွယ်အဖွားတစ်ယောက်ရှိတယ်ဗျ…။ သူလည်းခုချိန်ထိ မြစ်တွေအတွက်ဆိုပြီး ရှေးတရုတ်ရိုးရာ ဖိနပ်လေးတွေ ၊ဦးထုပ်လေးတွေ ကိုမျက်မှန်မပါဘဲ ချုပ်ပေးနေတုန်းဗျ..။ “ဖွားဘာလို့ခုချိန်ထိ အနားမယူသေးဘဲ ဒါတွေကိုလုပ်နေတာလဲ” မေးတော့… ဖွားက”ငါ့မြေးရယ်…ဖွားဒါတွေကိုလုပ်နေရတာကိုပဲစိတ်ချမ်းသာတယ်လေ” တဲ့ဗျာ….။ ခုပုံထဲကဖွားဖွားကိုကြည့်ရတာလည်း စိတ်ချမ်းသာစရာလေးပါ….။ ဖွားဖွားကိုကြည့်ရတာ စိတ်ရင်းစေတနာကောင်းမယ့်ပုံပဲနော်…။ ဖွားဖွားပန်းရောင်းတဲ့ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင်လှည်းထားတယ်ဗျ (သစ်ရွက်တွေက ခုမှလတ်လတ်ဆတ်ဆတ်ကျထားတာနဲ့တူတယ်) ။ပန်းလေးတွေကိုလည်း လှလှပပ သေသေသပ်သပ် ထုပ်ပိုးစည်းထားတာဗျ…။ ဖွားဖွားကတော်တော်စေ့စပ်တာပဲ…။ ကျွန်တော့အမတော်နှစ်ပါးနဲ့တော့ကွာပ (သိလို့ကတော့ကျွန်တော့ကိုအသေသတ်တော့မှာပဲ… ဟီး ) ။ လေတိုက်ရင် ဇကောမလှန်အောင်လည်း ကျောက်ခဲလေးတွေနဲ့ဖိထားသေးတယ်….။ ပန်းလေးတွေလည်းလှလိုက်တာ….ဘယ်လောက်အပင်ပန်းခံပြီး ရှာထားတာလဲမသိဘူး….။ အမှန်အတိုင်းပြောရရင် ကျွန်တော်ဒီလောက်လှတဲ့ ပန်းလေးတွေကို အပြင်မှာတစ်ခါမှ မတွေ့ဖူးသေးဘူးဗျာ…။ ဖွားဖွားရဲ့စိတ်လေးလည်း ဒီပန်းလေးလိုပဲနေမှာ…..။ ဖွားဖွားလည်း ဒီပန်းလေးတွေအတိုင်း မဖျားမနာဘဲ အမြဲလန်းလန်းဆန်းဆန်း တက်တက်ကြွကြွလေးဖြစ်ပါစေ…………..