ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (7) by May Aye Oo

padonmarFebruary 24, 20111min1600

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (7)
by May Aye Oo on Wednesday, October 6, 2010 at 9:37am

သူ့ကိုတော့ `ဗိုက်ပူမ´ လို့ စ,ရောက်တုံးက.. ခေါ်ကြတယ်.. ဘာလို့လဲဆိုတော့.. ဗိုက်ထဲမှာ သန်ကောင်တွေ များ လွန်းလို့၊ သူ့ဗိုက်ကလေးက .. အလွန်ပူနေတာကိုး.. သန်ကောင်တွေများလွန်းလို့ ကျမရဲ့သမီး volunteer ဆရာဝန်မလေးတွေ . သူ့ကို.. တစ်လခြားပြီး သန် ၂ ခါချပေး ရတယ်.. ။

သူ့နာမည် အရင်းကတော့ လဲ့လဲ့မိုး.. ပါတဲ့..။

သူရောက်လာတော့ ကျမတို့က ရွှေပြည်သာ မြိုင်ကျောင်း မှာ၊ ကလေးယဉ်ကျေးလိမ္မာ သင်တန်းဖွင့်နေတဲ့ အချိန် လေ.. ၁၆-မေလ-၂၀၀၉ မနက်ပိုင်းလေးမှာရောက်လာတာ.. ။

သူ့မိဘ များ က ရွာမှာ ဆုံးပါးသွားတော့၊ ရွာမှာ ကျန်ခဲ့တဲ့ သူတို့ ညီအမ ၂ ယောက်ကို.. ၊ ဆွေမျိုးနီးစပ်တစ် ယောက်က ရန်ကုန်မှာ ရှိတဲ့ သူ့ အမ ဆီကို လာပို့တာ.. ။

သူတို့မှာ မောင်နှမ ၄ ယောက်ရှိတယ်..။ အကြီးဆုံးက မိန်းကလေး..၊ ရန်ကုန်မှာ အိမ်အကူ (အိမ်ဖော် ဆိုပါစို့) လုပ်နေတယ်..။ ဒုတိယ က ယောကျာင်္းလေး .. ၁ဝ နှစ်၊ သူကတော့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ၊ စားပွဲထိုး လုပ်နေ သတဲ့။ တတိယ မိန်းကလေး နဲ့ ဗိုက်ပူမ နဲ့ ကို ရွာက သူ့အမ အကြီးဆုံး အလုပ်လုပ်နေတဲ့အိမ် ကို လာပို့တာ… အမကြီး ခမျာလဲ.. အမကြီးသာ.. ဆို.. အသက်က ၁၅ နှစ်ရယ်.. ။ သူများအိမ်မှာ နေရတာ.. ဘယ်အိမ်ရှင်က.. ကရိကထ များတဲ့ ဒီအရွယ် ကလေးတွေကို ခေါ်ထားချင်မှာ လဲ..။ ဒါပေမဲ့ သိပ်တော့ မဆိုး ရှာဘူးပြောရမယ်.. ခဏ (၃-၄ ရက်) တော့ လက်ခံထားပြီး၊ ဆရာလေးကျောင်းကို စုံစမ်းပြီး လာပို့တာလေ..။

ရောက် ရောက်ခြင်းမှာ .. ဆရာလေးက ထမင်း၊ ဟင်းတွေ ချကျွေးတော့ အားရပါးရ စားရှာတယ်..။ မုန့်ကျွေး တော့ လည်း .. ဝမ်းသာ အားရ စားတာပေါ့..။ ဒါပေမဲ့.. ဆရာလေးက.. သူ့အမကြီးကို..

`ဒီက သမီးလည်း ဒီကလေး ၂ ယောက်ကို စိတ်ချ လက်ချ ထားခဲ့လို့ ရပါတယ်..၊ အဆင်ပြေတဲ့ တစ်နေ့ ကိုယ့်ညီမလေးတွေကို ပြန်ခေါ်ချင်တယ် ဆိုရင် အချိန်မရွေးလာခေါ်ပါ ..´ လို့လဲပြောလိုက်ရော.. သူ့ကိုထားခဲ့တော့မယ် ဆိုတာကို ရိပ်မိသွားပြီး.. မျက်ရည်တွေ စီးကျလာပါတယ်.. ငိုတာ မဟုတ်ပါဘူး.. ငိုတယ် ဆိုတာထက်.. ပိုပြီး.. ကြေကွဲ ဝမ်းနည်း ခံစားရရှာလို့.. စကား တစ်လုံးမှ မပြောနိုင်ဘဲ.. မျက်ရည်တွေ တုတ် တုတ် ကျတာ.. စကားမေးမရ..၊ ချော့ မရ.. ၊ လက်ရှိထိုင်နေတဲ့ နေရာမှာဘဲ.. ကျောက်ချသလို ထိုင်နေပါတော့ တယ်..။

ခဏနေတော့.. .သူ့ အမနဲ့ အိမ်ရှင် အမျိုးသမီးနဲ့ ပြန်သွားကြပါတယ်..။ ကျမတို့ ကလဲ.. ကလေးတွေနဲ့ သင်တန်း ရှိ နေတော့ သူကလေး နား ကို မသွားနိုင်ပါဘူး..။ သူ့အထက်က နို့ညှာ ကလေးမလေးကတော့ အေးအေး ဆေးဆေး ပါဘဲ.. ဘာမှ မဖြစ် သလိုဘဲ..။ ဒါပေမဲ့ သူကတော့ အဲဒီနေ့က.. ကျမတို့ သင်တန်းအပြီး.. သူ့ကို ချီဖို့၊ ချော့ဖို့.. ကြိုးစားကြပေမဲ့၊ မရပါဘူး..။ နောက်ဆုံး ကျမတို့ ပြန်သွားပြီး၊ ဆရာလေးတွေ ဝိုင်းချော့ လည်း မရပါဘူး ရှင်..။ ကျောက်ချထားသလို ပေ… ထိုင်နေတာ.. ည တော်တော် မိုးချုပ်လို့.. သူ မဟန်နိုင်တော့ မှ အတင်းဆွဲ ယူရတာ.. ခြေတွေ လက်တွေ တောင် တောင့်နေသတဲ့..။

သူကလေးရဲ့ စိတ်ထဲက ဒဏ်ရာ… ဟာ သေးမယ် မထင်ဘူး.. ။ ကျမ က သူကလေးကို ချစ်တယ်.. အမှန်အတိုင်း ပြောရရင်.. ကျမက မွေး တောင် မွေးစားချင်တာ..။ အိမ်မှာက.. ဘယ်လိုမှ အဆင်မပြေနိုင် လို့သာ..။

ကိုယ့် ကလေးတောင်မှ.. ကိုယ် အလုပ်သွားတဲ့ အခါ.. အရပ်ကူပါ.. လူဝိုင်းပါ.. နဲ့.. ။ (အလုပ်လုပ်မှ ထမင်းစားရတဲ့ အိမ်ရှင်မ ဘဝ) ဒါပေမဲ့ စိတ်တော့ မလျော့ သေးပါဘူး.. ။ တစ်ချိန်မှာ.. အဆင်ပြေရင်.. တစ်ကယ် မွေးစားမှာ..။ ဒါပေမဲ့လဲ.. ဆရာလေးက ပေးမှာ မဟုတ်ပါဘူးလေ..။

ဆရာလေးများရဲ့ စိတ်ရှည်မှု ၊ သည်းခံနိုင်မှု ၊ ဇွဲရှိမှု.. ၊ မေတ္တာ ပြည့်ဝ မှု တွေ ကတော့ တကယ်ကိုဘဲ စာတင် လောက်ပါပေတယ်.. ။ ဆရာလေးကျောင်းကို ရောက်နေကျမို့ ၊ ရောက်တိုင်းလဲ.. ကလေးတွေ ရဲ့ အခြေအနေ ကို မြင်နေ.. တွေ့နေ..ရ..၊ ဆရာဝန်တွေက.. လိုအပ်တာတွေ လုပ်ပေးကြပေါ့လေ.. ။

တဖြည်းဖြည်းနဲ့ သူကလေးရဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာပြီး..ပိုလဲချောလာ ချစ်စရာကောင်း လာ တယ်..။

ဒီတခါ June-2010 ရွှေပြည်သာ မြိုင်ကျောင်း မှာ၊ ကလေးယဉ်ကျေးလိမ္မာ သင်တန်းဖွင့်တော့ သူကလေးကပါ သင်တန်းဝင်တက်တာ..။ ပျော်နေရောဘဲ..။ ရင်ထဲက ဒါဏ်ရာတွေ မေ့မေ့ပျောက်ပျောက် ဖြစ်ပြီး ပျော်ရွှင်တဲ့ ကလေးဘဝကို ရရှိပါစေ… သမီးလေးရေ.. ..။

ဓါတ်ပုံလေးတွေလဲ တင်ပေးလိုက်တယ်နော်.. ။

ကလေးတွေ လုံခြုံနွေးထွေးတဲ့ အရိပ်ကလေးတွေ ကိုယ်စီ ရနိုင်ကြပါစေ…

ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

01-16-May-2009 1st arrival with her eldest si