ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၈) by May Aye Oo
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၈)
by May Aye Oo on Thursday, December 2, 2010 at 11:10am
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၈)
ဒီနေ့ ဒီဇင်ဘာလ (၁) ရက်နေ့၊ အမျိုးသားနေ့ မို့ ရုံးပိတ်ပါတယ်။ ထုံးစံအတိုင်းဘဲပေါ့.. ရုံးပိတ်ပေမဲ့.. ဒေါ်မေအေးဦး တို့ ကတော့၊ အိမ်မှာ ဘယ်ရှိလေလိမ့်မလဲ။ ရန်ကုန်-မော်လမြိုင် အထူးအမြန် မနက် ၆း၃ဝ ရထားပေါ်မှာ… ဦးတည်ရာ က… ပဲခူးမြို့ကိုပါ… ။
ပြီးခဲ့တဲ့ ၂ ပတ်၊ ရုံးပိတ်ရက်မှာ .. ပဲခူးကို တစ်ခေါက် ရောက်ခဲ့ပါသေးတယ်.. ။ ၁ဝ တန်းကို.. ၅ ဘာသာ ဂုဏ်ထူး နဲ့ အောင်ထားပြီး.. ဆေးတက္ကသိုလ် တက်ခွင့်ရတဲ့ ကလေး ကို.. ကျောင်းတက်ဘို့ အခက်အခဲ ရှိလို့ ကူညီနိုင်အောင် သွားတွေ့ခဲ့ပြီး .. ကျောင်းဆက်တက်နိုင်အောင် ကြိုးစားပေးခဲ့လို့ .. အဆင်ပြေသွားခဲ့ပါပြီ..။ အဲဒီကလေးက .. သူ့ သူငယ်ချင်းကလဲ.. အမှတ်ပေါင်း ၄၆ဝ နဲ့ သွား ဆေးတက္ကသိုလ် တက်ခွင့်ရပါတယ်။ ကျောင်းတက်ဘို့ အခက်အခဲ.. ရှိတယ်ဆိုလို့..၊ နယ်ခံ ပဲခူးသူ သမီးလေး နဲ့ အရင် check လုပ်ပြီး စုံစမ်းကြည့် တော့.. ဟုတ်ပါတယ်..၊ တကယ်ဘဲ.. အဆင်မပြေဘူး၊ ဆိုလို့ ရုံးပိတ်ရက်မှာ.. အနားမနေအားဘဲ.. ထွက်လာခဲ့ ရတာ ပေါ့လေ … ။
ကျမတို့ 2000 GROUP က ပညာရေးထောက်ပံ့တဲ့ Program ကို Nargis အပြီး ၂၀၀၈ ခုနှစ်မှာ .. Nargis ဒေသ က ကလေးတွေကို ကျောင်းဆက်တက်နိုင်ဖို့ ကူညီတာကနေ.. စ ခဲ့ပါတယ်.. ။
တစ်နှစ်ထက် တစ်နှစ် ထောက်ပံ့ နိုင်တဲ့ကျောင်းသားဦးရေ တိုးတက်လာတဲ့ အတွက် လဲ… အလှူရှင်များကို .. အားကျ၊ ကျေးဇူးတင်၊ ဝမ်းမြောက်စွာနဲ့ သာဓု လဲ အကြိမ်ကြိမ် ခေါ်မိပါရဲ့ …. ။ တစ်နှစ်ထက် တစ်နှစ် အခက်အခဲ ရှိလို့ အကူအညီ လိုအပ်တဲ့ ကျောင်းသားတွေကလဲ .. တစ်ဆင့်စကားနဲ့ .. သတင်းကြားပြီး.. အကူအညီ လာတောင်း ကြတာ များလာပါတယ်..။ အဲသလိုဘဲ .. ကျမဘက်ကလဲ.. ထောင့်စေ့အောင်.. သတင်း၊ အချက်အလက် ယူ၊ အမှန်တကယ် လိုအပ်သူ.. ဟုတ်၊ မဟုတ် အိမ်တိုင်ယာရောက် စုံစမ်း၊ အလှူရှင်ရှာပေးပြီး၊ မေတ္တာအပြည့်နဲ့ ကူညီကြမယ့် အလှူရှင် တွေကလဲ.. များလာတာမို့ .. ဒီ ပညာရေးထောက်ပံ့တဲ့ Program လေးဟာ .. အထိုက်အလျှောက်တော့ အောင်မြင်နေတယ်.. ဆိုပါတော့ ..။
ကျမ က.. အလယ်လူမို့ .. တကယ့်ကိုဘဲ အခက်အခဲ.. ရှိလို့ ..အကူအညီကို မျှော်လင့်နေတဲ့ ကျောင်းသားနဲ့ မိသားစုရဲ့ ခံစားချက်၊ အဲဒီကလေးကို ကျောင်းဆက်တက်ရစေချင်တဲ့ ကျမရဲ့ စေတနာ.. နဲ့ ခံစားချက်..၊ ကျမက ပြောပြလို့.. ၊ email ပို့ပြီး အကူအညီတောင်းလို့ ၊ တစ်ခါမှ မမြင်ဖူးတဲ့.. ဘာမှ သွေးသားမတော်စပ်တဲ့ ဒီကလေးတွေကို.. တစ်ခုခုတော့ ပြန်ရစေ ရဲ့ ဆိုတဲ့ တန်ပြန်ရယူလိုတဲ့ မျှော်လင့်ချက်မျိုး လုံးဝ မရှိဘဲ၊ တကယ့် ကို မေတ္တာ၊ စေတနာ သန့်သန့်နဲ့ ကူညီကြတဲ့ အလှူရှင်တွေရဲ့ မြင့်မြတ်တဲ့ စေတနာ…၊ အကူအညီရသွားလို့ ကျောင်း ဆက်တက်နိုင်တော့မယ်.. လို့ ဆိုတဲ့ အချိန်မှာ .. ဝမ်းနည်း.. ဝမ်းသာ.. ဖြစ်ကြရတဲ့.. ကျောင်းသားနဲ့ မိသားစု ရဲ့ ခံစားချက်.. `ဆရာမရေ.. အလှူရှင်တွေကို.. မနက်တိုင်း.. ညတိုင်း ဘုရားရှိခိုးရင်.. မေတ္တာပို့ပါ တယ်.. ကန်တော့ပါတယ်..´ လို့.. ဆိုလာကြတဲ့ ကလေးများ နဲ့ မိဘ များရဲ့ တုန့်ပြန်မေတ္တာ တွေကို.. ကျမက.. အားလုံး သိနေရတာမို့… တစ်ခါတစ်လေမှာ… ကျမလဲ.. မျက်ရည် ကျချင်လောက်အောင်.. ရင်ထဲမှာ.. ထိထိ ခိုက်ခိုက် .. ခံစားမိပါတယ်.. ။
အခုလဲ .. ဒီကလေးကိုတွေ့တော့ ဂရုဏာ.. သက်ရပါတယ်.. ။
ရထားက.. ပဲခူးကို အချိန်မှန်ဘဲ.. မနက် ၈း၁၅ မှာဝင်ပါတယ်.. ။ ဘူတာ ကနေ.. လမ်းလျှောက်ထွက်..၊ သုံးဘီး စီးပြီး ကုန်းပေါ်တန်းရပ်ကိုသွား၊ လိပ်စာအတိုင်းအိမ်ကို ရှာတဲ့ အခါ .. နဲနဲ အခက်တွေ့ပါတယ်။ အိမ်ကအတွင်း ပိုင်း ကျလို့ မို့.. တော်တော်နဲ့ ရှာမတွေ့ပါဘူး..။ ဆိုက်ကားငှားတော့ ဘယ်လောက်လဲ.. လို့ မေးတာ.. ဆိုက္ကား ဆရာက မဖြေပါဘူး.. ရောက်မှပေးပါ. လို့ဘဲ.. တွင်တွင်ပြောတာမို့.. တို့တွေကိုတော့ နယ်ခံ မဟုတ်မှန်း သိလို့ ဆိုက္ကားခ တွယ်တော့မယ်လို့ သိသိကြီးနဲ့ အေးလေ.. လုပ်ချင်လဲ.. လုပ်ပါစေ.. လို့ဘဲ စိတ်ထားပြီး.. ဒါကို ဘဲ စီးသွားလိုက်ရပါတယ်.. ။ (တစ်ကယ်လဲ..တွယ်ပါတယ်.. အသွား ၁၀၀၀၊ အပြန် ၁၀၀ဝ ပေးခဲ့ ရပါတယ်.. )
အိမ်ရောက်တော့ ကလေး ရယ်… ကလေး အမေရယ်.. နဲ့ တွေ့ပါတယ်.. ကလေးရဲ့ ဦးလေးလဲ.. ရောက်လာ ပါတယ်..။ အိမ်ရဲ့ အခြေအနေကတော့ မတတ်နိုင်မှန်း သိသာပါတယ်.. ။ အဖေ မရှိတော့ဘူး၊ အမေ က ဆေးလိပ်ခုံတစ်ခုမှာ .. ဆေးလိပ် လိပ်တယ်..၊ ညီအစ်ကို ၂ ယောက်ရှိတာ.. အစ်ကို က ကျောင်းထွက်လိုက် ရပြီး အချိုရည်စက်ရုံမှာ အလုပ်သမား ဝင်လုပ်နေတာ၊ ဒီကလေးကတော့ ကျောင်းမဖွင့်ခင်.. စရိတ်လေး ရအောင်လို့ ဆေးလိပ်ခုံမှာ .. ပါဆယ်ထုပ်၊ အထုပ်ထမ်း နဲ့ အလုပ်ကြမ်း ဝင်လုပ်နေသတဲ့။
တဲအိမ်လေးမှာ .. ထိုင်ရင်း ဓါတ်ပုံမှတ်တမ်း လဲယူ၊ မေးစရာရှိတာလဲ မေး၊ ထောက်ပံ့မယ့် အစီအစဉ်တွေကိုလဲ ရှင်းပြ နေတဲ့ အချိန်မှာ.. ဆေးကျောင်းတက်မဲ့ သူ့ သူငယ်ချင်းလေး ရောက်လာပါတယ်..။
`ဆရာမ ရောက်နေတာကိုး´
`အေး.. သားက ဆရာမ ရောက်နေမှန်းသိလို့ လာတာလား..´
`မဟုတ်ပါဘူး.. ဆရာမ .. ကျနော်က သူ့ဆီ လာတာပါ.. ဆရာမ နဲ့ တွေ့ရတာ ဝမ်းသာလိုက်တာ.. ဆရာမ လာတာ မြန်လိုက်တာ.. ကျနော် မနေ့ကမှ.. သူ့လျှောက်လွှာ ပို့လိုက်တာ..´
`အလုပ် လုပ်တယ်ဆိုတာ.. ဒီလိုပေါ့သား.. ဆရာမက.. နေ့၊ ည မရွေ့တတ်ဘူး၊ လိုအပ်ရင်.. လိုအပ်သလို.. ချက်ချင်းလုပ်တာ..´
`ဆရာမ နဲ့ တွေ့တုံး ဆရာမကို.. သား ကန်တော့ချင်လို့.. ´
`ရပါတယ်.. သားရယ်.. မလိုပါဘူး ကွယ်..´
`ဆရာမနဲ့ ကျနော့် ကိုထောက်ပံ့တဲ့ အလှူရှင်နဲ့ ကို.. ညတိုင်း ရည်မှန်းပြီး ကန်တော့ ပါတယ်.. ဒါပေမယ့် လူကိုယ်တိုင် ကန်တော့ချင်တာ..၊ ခံစားချက်ချင်းမတူဘူးဆရာမရဲ့ ..´
`အေး.. အေး.. ဒါဆိုလဲ.. ကန်တော့.. ကန်တော့…´
သူငယ်ချင်းနှစ်ယောက် .. ကျမကို ကန်တော့ ကြပါတယ်.. ။
`သာဓု .. သာဓု .. သာဓု .. ပါကွယ်.. ။ ကျန်းမာပါစေ…၊ ချမ်းသာပါစေ..၊ ပညာတွေ အများကြီးတတ်ပါစေ..၊ ဘဝ မှာ တိုးတက်အောင်မြင်ပါစေ..။ အဲဒီအခါမှာ .. မိဘ ကို ပြန်ကြည့်ရမယ်.. ကိုယ့် ရပ်ရွာ ကို ပြန်ကြည့် ရမယ်.. ကိုယ့် လိုဘဲ.. အခက်အခဲရှိတဲ့ သူတွေကို.. ပြန်ကူညီရမယ်.. တစ်ချိန်ချိန်မှာ .. သားတို့ တတ်စွမ်းနိုင် သလောက်.. လူ့ပတ်ဝန်းကျင်ကို စောင့်ရှောက်ရမယ်.. အဲဒီအတွက်.. သားတို့.. သီလ ပြည့်စုံဖို့ အရေးကြီး တယ်.. ။ သီလ ရှိမှ၊ သတ္တိ ရှိမယ်.. ။ အမျိုး၊ ဘာသာ၊ သာသနာ ကို စောင့်ရှောက် နိုင်တဲ့ သားတွေ ဖြစ်ပါစေကွယ်.. ´
ကလေးရဲ့ အမေက သူ့ရင်ဘတ်ကို.. လက်တစ်ဖက်နဲ့ ဖိထားရင်း..
`ဆရာမရယ်.. ကျမရင်ထဲမှာလေ.. ဝမ်းသာလွန်းလို့ .. ရီချင်သလိုလို .. ငိုချင်သလိုလို.. တလှပ်လှပ် နဲ့..´ တဲ့.
`ဆရာမတို့ ပဲခူး ဘုရားတွေ.. ဖူးသွားပါအုံး.. ဘုရားဖူးပြီးရင် ပြန်ဝင်ခဲ့.. ထမင်းချက်ထားမယ်.. ´
`မဟုတ်တာ.. မစားတော့ပါဘူး.. ကျမတို့ ရွှေမောဓေါ ဘုရားဝင်ဖူးပြီး ပြန်တော့မှာ.. ´
`ဆရာမရယ်.. ကျေးဇူးတင်လွန်းလို့ ပါ.. ကျွေးပါရစေ..´
ကျမ ဘယ်လိုလုပ်ပြီး စားရက်မှာ.. လဲ.. ။ ဒီသားအမိတွေရဲ့.. ချွေးနဲစာ လေးတွေကို… ။
`ဆရာမရယ်.. သားကြီးက.. ကျောင်းထွက်လိုက်ရတယ်လေ..။ သူ့ကိုဘဲ.. ကျောင်းဆက်ထားတာ.. ကျူရှင် တွေ.. ဘာတွေလဲ.. မထားနိုင်ပါဘူး.. မင်းဖာသာ မင်း ကြိုးစား… လို့ဘဲ.. ပြောရတာ..။ သူက ထူးထူးချွန်ချွန် ဖြစ်လာတော့လဲ.. ကိုယ်က မတတ်နိုင်တော့.. ဝမ်းနည်းရတယ်.. တစ်ခါတစ်လေ.. သားကိုဖက်ပြီး..ငိုရတယ်.. သူ့ ကို.. ကိုယ်က မလုပ်ပေးနိုင်လို့လေ…´ `အခုတော့.. ဘုရား၊ သိကြား မ တာဘဲ.. ဝမ်းသာလိုက်တာ.. ဆရာမရေ..´
သူ့ရဲ့ စကားလုံးတွေကနေ… မပြည့်စုံတဲ့ မုဆိုးမ တစ်ယောက်ရဲ့.. ရုန်းကန်ရခြင်းများ၊ သားရဲ့ ထူးချွန်မှုအတွက် ဂုဏ်ယူတဲ့ အမေတစ်ယောက်ရဲ့ပီတိ၊ သားရဲ့ ပညာရေးအတွက်.. မဆောင်ရွက်ပေးနိုင်လို့ခံစားရတဲ့ ဝမ်းနည်း ခြင်းများ.. နဲ့ အဆင်ပြေသွားလို့.. ကျေးဇူးတင်ဝမ်းမြောက်တဲ့ ခံစားချက်..၊ ဒီလို စေတနာရှင်တွေ.. လောကကြီး မှာ .. ရှိသေးပါလား..ရယ် လို့.. ဝမ်းသာ ပီတိဖြစ်ရခြင်းတွေ.. အားလုံးကို.. မြင်နေရပါတယ်..။
ဒီကလေးတွေရဲ့ ပညာရေးကို ကူညီလိုက်ခြင်းဟာ.. ပညာရေးကို ကူညီတာ တစ်ခုထဲ မဟုတ်ပါဘူး ။ ဒီကလေး အပါအဝင်.. သူတို့မိသားစု ရဲ့ စိတ်ချမ်းသာမှု၊ မေတ္တာဖြင့် နွေးထွေးစေမှု ၊သူတို့ပါတ်ဝန်းကျင် ရဲ့ စိတ်ဓါတ် ရေးရာ .. ဖွံ့ဖြိုးမှု၊ တွေကိုပါ တည်ဆောက်ပေးခြင်း မည်တာမို့ .. ဒီကလေး၊ သူ့မိသားစု၊ သူ့ပါတ်ဝန်းကျင်၊ သူ့ အသိုင်းအဝိုင်း၊ သူ့ ရပ်ရွာ၊ မြို့ ၊ နောက်ဆုံး … နောင်တစ်ခေတ်ရဲ့ နိုင်ငံတော်.. ကို တည်ဆောက်ကြမဲ့.. မျိုးဆက်သစ် တွေကိုပါ.. မွေးထုတ်ပေးနိုင်တာ မို့.. သိပ်ကို.. တန်ဘိုးရှိတဲ့ .. ပညာ ဒါန ပါလို့.. ကျမရဲ့ အလှူရှင်များကို ပြောချင်ပါတယ်..
ကလေးတွေ လုံခြုံနွေးထွေးတဲ့ မေတ္တာရိပ်ကလေးတွေ ကိုယ်စီ ရရှိနိုင်ကြပါစေ … …
ပညာရေး … မဝေးကြပါစေနဲ့ ….. …..
အခက်အခဲရှိတဲ့ ကလေးတိုင်းကို ကူညီနိုင်ချင်ပါတယ်.. ..
ကူညီကြတဲ့ အလှူရှင် တွေကိုလည်း.. တစ်ကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပါ.. ..
ထပ်လဲ.. တတ်နိုင်သရွေ့ကူညီကြပါအုံး… ..
လိုအပ်သူတိုင်းကို. . ကူညီနှိင်သောသူ.. ဖြစ်ချင်ပါတယ်… ..
ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..
ရင်မှ မေတ္တာ များစွာဖြင့်…
မေအေးဦး
2000GROUP
2000.donation.group@gmail.com
GIVE THE WORLD THE BEST YOU HAVE!
I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.
IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.