ဒီနေရာလေးကတော့ မြေတွေကျောက်တွေကိုသယ်တဲ့နေရာလေးပါ။
လက်ပံပင်လေးနှစ်ပင်က ကုန်းလေးပေါ်မှာပေါက်နေပါတယ်။
လက်ပံပင်လေးနှစ်ပင်ကြားကနေပြီးတော့စစ်ကိုင်းတံတားအသစ်ကိုမြင်နေရပါတယ်။
နေ့လည်ခင်းဖြစ်ပေမယ့်မြူမူံမူံလေးရှိနေတော့ သိပ်မဝေးတဲ့နေရာက စစ်ကိုင်းတံတားကို
ခပ်ဝါးဝါးလေးဘဲမြင်နေရတာ လွမ်းစရာလေးပေါ့။
Post Views: 238
9 comments
naywoonni
March 2, 2011 at 11:54 am
ဒီမှာကျတော့ ပုံမထင်တော့ဘူး နော်
kopauk mandalay
March 2, 2011 at 4:19 pm
ပုံကိုအကြီးချဲ့ကြည့်ရင် မြင်ရပါတယ်ကိုနေရေ
naywoonni
March 3, 2011 at 11:15 am
ဟုတ်ပါ့…။ စောစောကကွန်နက်ရှင်မကောင်းလို့ မမြင်ရတာ ။ နတ်ဖွက်တာနေမှာ……. ။ ဟီးးး
ကျွန်တော်ပြောတဲ့ပုံလေးတွေလုပ်ပါဦး။ အိမ်ရှေ့မင်းထန်းတော ပုံလေးးးးးးး အလွမ်းပြေပေါ့………
Gong Zhu
March 7, 2011 at 3:41 pm
စစ်ကိုင်းကို သွားလည်ချင်တယ် … ပျော်စရာကြီးလား …
kopauk mandalay
March 7, 2011 at 4:05 pm
ပျော်စရာကောင်းသလားမမေးနဲ့။
ငယ်ငယ်တုန်းကဆို သူငယ်ချင်းတွေနဲ့ ခြေလျှင်တက်ကြတာ။
စံကားပန်းနံ့လေးတောင် ပြောရင်းနဲ့ မွှေးလာသလိုဘဲ။
အခုတော့ ဆိုင်ကယ် ကားနဲ့တက်လို့ရတယ်။
အားတဲ့တစ်ရက် စစ်ကိုင်းတောင်ပေါ်ကနေမြင်ရတဲ့ ရူ့ခင်းတွေကို ရိုက်ပြီးတင်ပေးမယ်နော်။
cherrykoko
March 7, 2011 at 5:05 pm
ပာိုးတုန်းက စစ်ကိုင်းတံတားကြီးရောရှိသေးလား..သုံးလို့ရောရသေးလား..တံတားအပောာင်းပုံလေးပြန်ကြည့်ချင်လိုက်တာ။
thuyamon
March 7, 2011 at 5:14 pm
တော်တော်လှတာပဲနော် ဝေးလေလှလေထင်တယ်
kopauk mandalay
March 8, 2011 at 2:11 am
ဟိုတုံးကစစ်ကိုင်းတံတားဟောင်းကလဲရှိပါသေးတယ်။
ဒါပေမယ့်ကားတော့ ဖြတ်ခွင့်မပေးတော့ပါဘူး။
ဆိုင်ကယ်လောက်ကတော့ ဖြတ်လို့ရပါတယ်။
အခုဆိုရင် ကျွန်တော်တို့လဲစစ်ကိုင်းသွားရင် တံတားသစ်ကသွားကြတာများပါတယ်။
ခရီးချုံ့လိုက်သလိုဖြစ်သွားတာကိုးဗျ။
တံတားအဟောင်းပုံလေးကလဲ ရွာထဲမှာတင်ပေးဘူးပါတယ်။
ကြာတော့ကြာသွားပြီ။
ရှာကြည့်ရင်တော့ တွေ့နိုင်ပါတယ်။
cherrykoko
March 8, 2011 at 2:29 pm
ပာုတ်တယ် ကိုပေါက်..တွေ့တယ်..ကျေးဇူးပဲ