Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အပြောင်းအလဲ

unclegyi1974March 7, 20111min3709

အပြောင်းအလဲဆိုလို့ရွာသူရွာသားတွေမျက်စိပြူးပြီး

အတင်ဖတ်ကြတော့မယ်နဲ့တူတယ်

ကျွန်တော်ပြောချင်တဲ့အပြောင်းအလဲကရွာသားများစိတ်ဝင်

စားနေတဲ့အပြောင်းအလဲမဟုတ်ပါဖူး။အခုတလောကျယ်ကျယ်

လောင်လောင်ကြားနေရတဲ့သယ်ယူပို့ဆောင်ရေးအကြောင်း

ပြောမလို့ပါ

ပြီးခဲ့တဲ့ ၂၀၁ဝ အစောပိုင်းကတည်းကသတင်းစာတွေ

မှာဘယ်နှစ်ဘီးကားဆိုရင်ဘယ်နှစ်တန်တင်နိုင်ပါတယ်

ဆိုပြီးနေ့စဉ်ရက်ဆက်သတင်းဆောင်းပါးတွေဖတ်နေရ က

တည်း ကမကြာမှီလာမည်မျှော်ဆု်ိပြီးကြိုတွေးမိပြီးသားပါ

နောက်ကုန်တင်ကားတွေတန်ပိုသတ်မှတ်တယ်ဆိုပြီး

စလာတာပါပဲ

တင်နိုင်တာက

၁၂ဘီးကားဆိုရင် ကား+ကုန်တန်ချိန် ၂၅ တန်ပါ

၁ဝဘီးကားဆိုရင်ကား+ကုန်တန်ချိန်၂၁တန်ပါ

၆ဘိးကားဆိုရင်ကား+ကုန်တန်ချိန် ၁၆ တန်ပါ

တန်ပိုဂိတ်တွေကအတိအကျချိန်ကြ သက်ဆိုင်ရာကလည်း

ကြပ်မတ်ကြနဲ့ဆိုတော့ကားခတွေကချက်ချင်း ၃ဆ လောက်

တက်သွားပါရော နောက်ပြန်ကျတော့နဂိုလ်ဈေးထက်၂ ဆ

မှာမြဲသွားပါတယ်

ကားတွေကိုတန်ပိုမသတ်မှတ်ခင်က ၁၂ ဘီးကာတစီးကို

ကုန်ချိန် ၃၂ တန်မှ ၃၆ တန် ၄ဝ တန်အထိတင်တာပါ

ကားရောကုန်ရောဆို တန်ချိန် ၄ရ တန်မှ တန် ၅ဝကျော်ထိတင်ကြတာပါ အဲလိုတင်နိုင်အောင်လည်းကားသစ်တစီးကိုဝယ်ပြီးကတည်း

ကအုံနာကသိန်း ၆ဝ မှသိန်း၁၅ဝလောက်အထိနောက်ထပ်

အကုန်ခံပြီး ပြင်ဆင်ရတာပါ

လေးပိုးမယ်ဂွေ တာယာပြောင်းမယ် ရှေ့တန်းနောက်တန်း

ပြောင်းမယ် သံဘော်ဒီတင်မယ် ဖရိန်ပိုးမယ် ၂ထပ်ဖရိန်

လုပ်မယ် ရှေ့ဘီးအကွေ့ကောင်းအောင်အမ်းတွေဆက်မယ်

နောက်ဘော်ဒီဆက်မယ် စသဖြင့်ကားဝယ်ပြီးမခိုင်းစားရသေး

ဖူးကားထဲအရင်ပြည့်စုံအောင်ထည့်ရပါတယ်

သက်ဆို်င်ရာစက်မှုတွေမှာ၃လ ၄လကြာပါတယ်

နောက်ခိုင်းပြီဆိုတော့အရင်းကျေအောင်ဖိတင်ပြီးအတင်း

ခိုင်းတော့တာပါပဲ

 

၁ဝဘီး ၁၂ဘီးတွေခေတ်ကောင်းစဉ်က၆ဘီးကားတွေ

အလွန်မျက်နှာငယ်ရတာပါအဝေးပြေးဖို့မစဉ်းစားရဲပါဖူး

ပါတဲ့ကုန်နဲ့ကားခနဲ့မကိုက်ဖူးလေ  ၁၂ ဘီးကားတွေကတင်

နိုင်တော့ကားခလျှော့ပြီးပြေးတာဆိုတော့ ၆ဘီးကားတွေ

နောက်ဆုတ်နေရတာပ ၁၂ဘီးတွေမပြေးတဲ့ခရီးတိုလေးတွေ

ပဲပြေးနေရတာပါ

ဟောအပြောင်းအလဲဖြစ်လာတော့ ၆ဘီးတခေတ်ဖြစ်လာပြန်

ရော ၆ဘီးကားကကား+ကုန်၁၆ တန်တင်ခွင့်ရထားတာကိုး

ကားက ၅တန် ၆တန် ပဲရှိတော့ကုန်ချိန်၁၁ တန် ၁ဝတန်လောက်တင်နို်င်တယ်လေ ၆ဘီးဆိုတော့အဂျင်္ကဆီ

စားလည်းသက်သာကားတန်ဖိုးကလည်း၁ဝဘီးကာ ၁စီးဆို

၆ ဘီး၂စီး မှ၄စီးလောက်ဝယ်လို့ရတာဆိုတော့ အရင်းကနဲနဲ

ရတာက၁၂ဘီးထက်ပိုနေဆိုတော့ ၆ဘီးကားပိုင်တွေ

မျက်စိကိုမပွင့်တော့ဖူးပေါ့

၁၂ဘီးထက်ဘာဖြစ်လို့ပိုရလည်းဆို

ပြောပြီးပါပကော ၁၂ဘီးကဝယ်ပြီးကတည်းကသူ့နဂိုလ်ပါလာ

တဲ့အော်ရီဂျင်တွေအကုန်ဖြုတ်ပြီးတန်းကြီးဂွေကြီးတာယာကြီး

ကြီးကြီးကြီးအကုန်ကြီးတပ်ထားတာဆိုတော့ကားဝိတ်ကိုက

၁၅တန်ခွဲ ၁၆တန်ဖြစ်နေရောဒီတော့ကုန်ချိန်က ၂၅ တန်ထဲ

က၁၆ တန် နှုတ်တော့၉တန်လောက်ပဲတင်နိုင်တော့တာပါပဲ

၁ဝဘီး ၁၂ဘီးတွေလည်းတခါတည်းမျက်ဖြူဆိုက်ကုန်တာပါပဲ

သို့သော်လည်းလေ ကိုယ်တို့ရွာသားတွေကသိတယ်မဟုတ်

လားလက်ရုန်းရည်နှလုံးရည်ကောင်းပြီးသားဆိုတော့

ချက်ချင်းပဲကားတွေကိုပြန်ပြင်ကြတာပအရင်သံဘောဒီတွေ

ကိုပေါ့တဲ့အလျူမီနီယမ်ဘေးထောင်အနိမ့်တွေနဲ့ပြောင်း

တဲ့လူကပြောင်း သံဘော်ဒီကိုထက်ဝက်နှိမ့်ချတဲ့လူကချ

အမိုးဂိုင်းတန်းတွေကိုလျော့ကြ ဆီတို်င်ကီအပိုတွေကိုပြန်

ဖြုတ်ချကြ စပယ်ယာဘီး၂ဘီး တပ်ရာက ၁ဘီးပြန်ဖြုတ်

စသဖြင့်စသဖြင့်အသီးသီးပြန်လုပ်လိုက်ကြတာ

၁၂ဘီးကားကကားဝိတ်ချိန်၁၁တန်လောက်ဖြစ်အောင်ပြန်လုပ်

လိုက်ကြတော့ကုန်ချိန် ၂၅ တန်မှာကားဝိ်တ်ချိန်၁၁တန်

နှုတ်တော့၁၄ တန်လောက်ပြန်တင်လို့ရသွားပါလေရောလား

 

ဒီကြားထဲအကွက်မြင်တဲ့ကားသမားများးကဒီလောက်စစ်နေ

တဲ့ဂိတ်တွေကိုမျက်လှည့်ပြပါတယ်ဘယ်လိုလည်းဆိုတော့

ဂိတ်မရောက်ခင်တန်ပိုတွေကိုကားလေးတွေနဲ့ပြောင်းတင်

ဂိတ်လွန်မှပြန်တင် အချို့စွမ်းတဲ့ကားသမားများကနေ့မမောင်း

တော့ဖူး ညကျမှမောင်းတော့တယ်ဘာဖြစ်လို့လည်းတော့

မသိပါဖူးတန်ပိုတွေအတင်အချမလုပ်ဖူးပြောတာပါပဲ

ဟောအခုနောက်ဆုံးကအဲလိုကဲ့တဲ့ကားတွေတွေ့ရင်ဒါဏ်ငွေ

၁၀၀၀၀ဝ ကားသိမ်းမယ်ဆိုတာဖတ်ရတာပါပဲ

နောက်ဆုံးသတင်းက

ဒိုင်နာဆို ၆ဘီးစာရင်းဝင်တာကိုစစချင်း၁၆ တန်ရတော့

လိမ့်တင်တာပေါ့ အခုတော့ ကား+ကုန် ၁ဝတန်ပဲရတော့တယ်ကြားတယ်

ဒါကြောင့်ပြောတာအပြောင်းအလဲဆိုတာအမြဲရှိတယ်လို့

မြဲနေရင်ဘုရားဟောဆန့်ကျင်သွားမှာပေါ့နော်

 

 

9 comments

  • bigcat

    March 8, 2011 at 2:39 am

    အလွယ်ဆုံးဖြေရှင်နည်းကတော့ ကားလမ်းကမသွားဘဲ ကုန်တင်လေယာဉ်တစီးဝယ်ပြီး သယ်ဖို့ပဲဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်တွေရောက်ရင် လေထီးနဲ့ကုန်သေတ္တာလိုက်ချပေး၊ မကောင်းဘူးလား။

  • kai

    March 8, 2011 at 9:58 am

    တကယ်က .. ကားတွေထုတ်ကတည်းက ..ဘယ်အလေးချိန်ဘယ်လောက်ခံရမယ်ဆိုတာကို ..အင်ဂျင်နီယာတွေ တွက်ချက်ထားပြီးသားပါ..။
    ကုန်ပိုတင်နိုင်အောင် ဘာမှ ထပ်မလုပ်သင့်ပါဘူး..။
    ထပ်လုပ်ရင်… အဲဒါဟာ ဂေဟစံနစ်ကို ထိခိုက်တော့မှာဖြစ်ပါတယ်..။

    ဆိုလိုတာက … ၁ဝတန်ကားက ..၁ဝတန်ထက်ပိုတင်ရင်.. လမ်းခရီးတလျှောက် .. အန္တရာယ်များပါတယ်..။
    မောင်းသူရော..။ကားရော..။လမ်းဘေးကလူတွေအတွက်ရောပါ..။
    ကားလမ်းတွေဆာက်တဲ့ အင်ဂျင်နီယာတွေကလည်း… ကုန်တန်ချိန် အများကြီးအတွက် မဆောက်ထားပါဘူး..။
    ဆိုတော့ …
    ၁၂ဘီးကား-တန်၅ဝလောက်ရှိနေရင် .. ကားဘီးတဘီးကနေလမ်းပေါ်သက်ရောက်နေမဲ့အလေးချိန်ဟာ ၄တန်ကျော်လောက်ဖြစ်နေပြီပဲ..။
    ဘယ်ကားလမ်းမှ အဲဒီလောက် ခံအောင်မဆောက်ထားတာမို ့… လမ်းတွေသက်တမ်းကျတာအရမ်းမြန်ပြီး.. တိုင်းပြည်ငွေ..လူတွေရဲ့ငွေတွေ အလဟသဆုံးကုန်တာပါပဲ..။

    ==
    ယူအက်စ်က ဒါကိုဘယ်လိုဖြေရှင်းသလဲဆိုရင်… ကယ်လီဖိုးနီးယား..လောင်ဘိချိကနေ ..ကုန်တွေထွက်လာရင်… တော်တော်များများက .. ကုန်တင်ရထားတွေနဲ့ ..တနိုင်ငံလုံးဖြန့်ချလိုက်တာပါ..။
    ယူအက်စ်မှာ မြန်မာတွေအများကြီးအလုပ်လုပ်နေကြတဲ့.. ကုန်သယ်ရထားဝက်ဘ်ဆိုက်တင်ပေးထားပါတယ်..။
    http://www.up.com/
    The Union Pacific Railroad (reporting mark UP) (NYSE: UNP), headquartered in Omaha, Nebraska, is the largest railroad network in the United States. James R. Young is president, CEO and Chairman.[3][4]

    UP’s route map covers most of the central and western United States west of Chicago and New Orleans. As of December 31, 2008 UP operates on 32,012 miles (51,518 km) of track, of which it owns outright 26,171 miles (42,118 km).[5] Both numbers represent the highest amount of any railroad currently operating in the United States.[6][7] It has achieved this size as a result of purchasing a large number of other railroads, notably the Missouri Pacific, Chicago and North Western, Western Pacific, Missouri-Kansas-Texas, and the Southern Pacific (including the Rio Grande). Currently, Union Pacific owns 26% of Ferromex while Grupo Mexico owns the remaining 74%.

    UP’s chief railroad competitor is the BNSF Railway, which covers much of the same territory.

    မြန်မာပြည်လည်း..ကုန်ရထားသီးသန့် … သီလဝါကနေ… တရုပ်ပြည်အထိ တောက်လျှောက်လုပ်သင့်နေပြီထင်တာပါပဲ..။ ကြည့်ရတာ.. တွက်ခြေကိုက်နေလောက်ပြီ..။
    အစိုးရဆီ.. ကုန်ရထား လိုင်စင်လျှောက်ကြဖို့ကောင်းတယ်..။

    အဲဒီရထားတစင်းဟာ…ဒီဇယ်ခေါင်း၂ခေါင်းနဲ့.. ပေလေးဆယ် ကွန်တိန်နာ ၂လုံးဆင့်လို့… အတွဲရာချီဆွဲချသွားတာပါ..။
    ဆိုတော့..
    ကုန်ကားအစင်းရေ ထောင်ချီမောင်းရတဲ့အလုပ် သက်သာသွားမှာပဲ..။

  • ဆူး

    March 8, 2011 at 1:37 pm

    ရထားနဲ့ ပစ္စည်းပို့တာ ပြည်တွင်းဆို ကိစ္စမရှိဘူး။
    ပြည်ပကို သွားမှာ ပြည်တွင်းကို ဝင်မှာ ဆို စစ်ဆေးရအုန်းမယ်။
    ကား နဲ့ ဆိုတော့ ဂိတ်တွေ အများကြီး နဲ့ စစ်တယ်။

  • MaMa

    March 8, 2011 at 3:05 pm

    ခုလောလောဆယ်မှာတော့ ကုန်တင်ရာမှာ ကားရှားပါးမှု၊ ကားခဈေးကြီးမှုတွေနဲ့ ကြုံနေရပါတယ်။ ဒါပေမယ့် ကိုယ့်ကားနဲ့ကိုယ်ရှိတဲ့ ကားပိုင်ရှင် လုပ်ငန်းရှင်တွေကတော့ ခုမှ ရွှေခေတ်ရောက်နေတာပေါ့။ တစ်မျိုးမကောင်း တစ်မျိုးကောင်းလို့ပဲ ပြောရမှာပဲ။

  • ဆူး

    March 8, 2011 at 3:32 pm

    ဆီဈေးတွေ တက်တာ လည်း စဉ်းစားပါအုန်း။
    စီအမ်ဂျီ သမားကတော့ ဆီ ဈေးတက်တာ အေးဆေးဘဲ သူတို့လည်း တမျိုးကောင်းတယ်။

  • unclegyi1974

    March 8, 2011 at 4:33 pm

    ကိုငှက်အကြံကောင်းသော်လည်းလိုက်လုပ်ရန်မ
    လွယ်
    ကိုခိုင်ပြောသလိုမြန်မာမှာလည်း မီးရထားနဲ့ကုန်
    စည်ပို့ဆောင်တာရှိသော်လည်း us နဲ့ယှဉ်ရင်
    လူကြီးနဲ့ကလေးဖြစ်နေပါသေးတယ်
    ရန်ကုန်နဲ့မန္တလေးကိုမြန်မာ့မီးရထားက ကုန်တွဲတွေ
    ပြေးဆွဲပေးတာကိုနမူနာပြောပြချင်ပါတယ်
    ရိုးရိုးကုန်တွဲနဲ့အထူးကုန်တွဲဆိုပြီးပြေးပေးပါတယ်
    ရိုးရိုးကုန်တွဲကခေါင်းတွဲတတွဲချိတ်ပြီးတွဲ
    ၁၆ ၁ရတွဲလောက်ဆွဲပါတယ်us ကိုမှီဖို့နဲနဲလိုတာ
    လေးရှိပါတယ် ကုန်တွဲတန်ဆာခ က တတွဲကို
    ၁၇၅၀၀ဝ လောက်ကျပါတယ်
    အခုကားခတွေဈေတက်တော့သူကလည်းအားကျ
    မခံကားခကိုအမှီလိုက်ပြီးချက်ချင်းတက်ပါတယ်
    ၃၅၀၀၀ဝလောက်ဖြစ်သွားပါတယ် ၂ ဆပါပဲ
    အထူးကုန်တွဲကခေါင်းတွဲတတွဲကို၁၅ တွဲလောက်
    ဆွဲပါတယ် သူကရထားလမ်းတလျှောက်အထူး
    ဦးစားပေလမ်းရပါတယ် မြန်တယ်ပေါ့ဗျာ
    အရင်ကတတွဲကိုတန်ဆာခ ၂၅၀၀၀ဝ ပေးရပါတယ်
    အခုကားခတွေဈေးတက်တော့သူကလည်းအားကျ
    မခံလိုက်တက်ပါတယ်၄၈၀၀၀ဝ ဖြစ်ပါတယ်
    ၂ဆပါပဲ
    ဆိုလိုတာကကားခ အခုဖြစ်နေတဲ့၂ဆ ကမြဲသွားပြီ
    ပြန်ကျရန်မရှိ တက်ရန်သာရှိကြောင်းပါ

  • meelay

    March 10, 2011 at 7:05 am

    unclegyi1974 ရေ … ဒီနေ့ကစပြီး ကားတွေ ကုန်ချိန်ကန့်သတ်တာတွေ မရှိတော့ဘူးတဲ့ … အဲဒါဆိုရင်တော့ ကားခတွေ ဈေးပြန်ကျတော့မှာပါ …..

  • ဆူး

    March 10, 2011 at 1:33 pm

    ကားခ ဈေးတက်တာ ပြန်ကျလည်း ပစ္စည်းဖို့ ကျဖို့
    မျှော်……..

  • unclegyi1974

    March 10, 2011 at 3:47 pm

    တက်ပြီးရင်ပြန်မကျတာထုံးစံပါ မီးလေး ရေ
    ဒီကြားထဲဒီဇယ်ဈေးကထပ်တက်တော့ပိုဆိုးတာပ

Leave a Reply