ဖုန်းဘေလ်တွေ တတ်လာပြီနော် . . . .

mGMarch 8, 20111min18113

ပြည်တွင်းတွင် အသုံးပြုလျက်ရှိသောကြိုးဖုန်းဘေလ်နှုန်းထားမှာ ယခင်တစ်မိနစ်(၂၅)ကျပ်မှ ယခုအခါတစ်မိနစ်(၅၀)ကျပ် သို့ပြောင်းလဲသွားကြောင်းအဆိုပါဖုန်းဘေလ် ဆောင်ခဲ့သူများထံမှသိရသည်။

“ဖုန်းဘေလ်သွားဆောင်တော့ တစ်မိနစ်(၅၀)နှုန်းနဲ့ဆောင်ခဲ့ရပါတယ်။ပြီးတော့ ကျပ်(၅၀)ကျတဲ့ ဖုန်းဘေလ်တွေတောင် (၇၅)ကျပ်ဖြစ်မယ်လို့
ကြားနေပါတယ်”ဟုကြိုးဖုန်းဘေလ်ဆောင်ခဲ့သူတစ်ဦးကပြောသည်။

ထိုကဲ့သို့ဖုန်းဘေလ်များကို တိုးမြှင့်ကောက်ခံခြင်းကို ယခုကာလအတွင်းမှစတင်ကောက်ခံခြင်းဖြစ်ပြီး ကြိုးဖုန်းဘေလ်များယခုကဲ့သို့မြင့်တက်
သွားခြင်းကြောင့် အများပြည်သူသုံးဆက်သွယ်ရေးဖုန်းရုံးများမှဖုန်းပြောခများမှာလည်း မြင့်တက်လာဖွယ်ရှိကြောင်းသိရသည်။လတ်တလောအဆိုပါ
ဖုန်းရုံးများတွင် ဖုန်းပြောဆိုခမှာ တစ်မိနစ်ကျပ်(၅၀)နှုန်းဖြစ်သည်။

13 comments

  • ဆူး

    March 8, 2011 at 1:47 pm

    တကယ်ကြီး တက်မှာလား။
    စကားတောင် မပြောရသေးဘူး ဒါဘဲ လုပ်ရတော့မှာဘဲ။ စိတ်ပျက်တယ်။

  • unclegyi1974

    March 8, 2011 at 4:06 pm

    တက်ပါကြိုက်သလောက်တက်ပါ
    ပျင်းတောင်ပျင်းသေးတယ်ဟေ့
    သီချင်းအောင်ဆိုလိုက်မှာနော်

  • gyinkalay

    March 8, 2011 at 4:21 pm

    ဟန်းဖုန်းတွေကလဲဆက်လို်က်ရင်ဆက်သွယ်မှု Area က အရင်…ဖုန်းဘေလ်တွေကတော့….မပြောလိုက်ချင်ဘူး….

  • ဆူး

    March 8, 2011 at 4:22 pm

    အန်ကယ်ကြီး သီချင်းကို ဖုန်းခေါ်ပြီး အော်ဆိုမှာလား

  • nigimi77

    March 8, 2011 at 6:39 pm

    အခြေအမြစ်ရှိမရှိတော့ မသိသေးပါဘူး။ အပေါ်က သတင်းက။

    အမြင်ကို ပြောရရင်တော့ လိုအပ်တဲ့ Infrastructure တွေ ပြည့်စုံဖို ့ ကနဦး
    သုံးစွဲသူတွေ အနစ်နာခံရတဲ့ အချိန်က ကုန်ဆုံးသင့်ပါပြီ။
    ပြောသာပြောရတယ်။ Telecommunication ကို အစိုးရက ထိန်းချုပ်ထားတဲ့ နိုင်ငံ
    မှာ သိပ်ပြီးမျှော်လင့်ချက် မရှိပါဘူး။ ပုဂ္ဂလိက အပြိုင်အဆိုင် ဆက်သွယ်ရေး လုပ်ငန်း
    တွေ မရှိသေးသမျှပေါ့။ ကျုပ်နေခဲ့ဖူးတဲ့ နိုင်ငံမှာတော့ ပုဂ္ဂလိက ဆက်သွယ်ရေး အုပ်စု သုံးခုရှိပါတယ်။ သူ ့ထပ်ငါ Service တွေ အပြိုင်အဆိုင်ပေါ့။
    ဖောက်သည်ဖြစ် သက်တမ်းကြာလေ ဆယ်သွယ်ခ ပိုသက်သာတဲ့ Gold Member
    တွေဖြစ်လာလေပဲ။အပြိုင်အဆိုင်ရှိလာတော့ သူ ့ထက်ငါပိုကောင်းအောင်လုပ်ရင်း
    ပို နာမည်ရရင်း ဖောက်သည်တွေ အတွက် အကျိုးရှိရင်းပေါ့။
    ဆက်သွယ်ရေးစံနစ် ဆိုတာဟာ နိုင်ငံတိုင်းနီးပါး အစိုးရရဲ ့ Trace လိုက်တာ
    တွေရှိပေမဲ ့ အစိုးရနဲ ့ အုပ်ချုပ်ခံ လူတန်းစား ဆိုတာထက် Service ကို ပေးသူနဲ ့
    Custom တွေရယ်လို ့ ဆိုတဲ့ အမြင်မျိုးနဲ ့ Telecommunication ကို လုပ်ကိုင်ကြရင်
    သိပ်ကောင်းမှာပဲ။

  • dream

    March 9, 2011 at 3:20 am

    ဒီသတင်း မှန်ရင်တော့ ဖုန်းဆက်တော့ဘူး
    စိတ်နဲ့ပဲဆက်သွယ်တော့မယ် 🙂

  • intro

    March 9, 2011 at 1:05 pm

    ခုချိန်ထိတောင် SIM Card တစ်ခုကို 500 ကျော်ကျော်ပေးနေရတာပဲဗျာ… ဒါတောင် သက်သာသေးတယ် ဖြစ်နေတာ… တစ်ဦးချင်းဝင်ငွေကျတော့ သိသိသာသာ မြင့်တက်လာအောင် မလုပ်ပေးနိုင်သေးဘဲနဲ့ ဟိုဘက်က လှည့်ကျပ်လိုက်၊ ဒီဘက်က လှည့်ကျပ်လိုက်နဲ့၊ ကားဆိုရင်လဲ အစုတ်ကို ဈေးကြီးပေးစီးနေရတယ်…

  • Gong Zhu

    March 9, 2011 at 3:11 pm

    ဒါဆို ဟန်းဖုန်းက ကျတော့ရော … ၁၀ဝ ဖြစ်မှာပေါ့နော် … ဖုန်းမပြောတော့ဘူး ဒါဆို ဟီးဟီး

  • thar ag

    May 24, 2012 at 4:33 pm

    တရာဝင် မကြေ ငြာဘဲနဲ့တော့ ဖုန်ဘေ တွေထိုးမတက်နိုင်ပါဘူး မသေချာဘဲ လည်း မရေးကြပါနဲ့ဗျာ သတင်းတခုကိုသေချာမှတင်တာကောင်းပါတယ် မသေချာဘဲတင်ရင် ေ၈ဇက်က အပေါ ကြီးဖြစ်သွားလိမ့်မယ် နော်

  • water-melon

    May 24, 2012 at 6:25 pm

    ဂယ်လားဟင်
    ဒါဆို ချစ်ချစ်နဲ့ဖုန်းပြောတာလျှော့တော့မယ်အေ

  • ပုံမှန် တလကို (၁၅၀၀၀)ကျပ်ဝန်းကျင် သွင်းနေရသော ရန်ကုန်အိမ်ဖုန်းမှာ
    လိုင်းပိတ်ခံထားရလို ့ကျနော် ငွေသွားသွင်းတော့ ငွေ ၃၅၀၀ဝသွင်းတာ
    ၁၀၀ဝ ဘဲပိုပါတယ်။ခု မတ်လကုန်ဧပြီ လဆန်းမှာ ထပ်ပိတ်သွားလို ့လိုင်းပြန်မဖွင့်ဘဲ
    ထားလိုက်တာ မနေ ့က ၂၃-၅-၂၀၁၂မှာ ငွေသွားသွင်းတာ (၆၅၀၀၀)ပြန်သွင်းမှ
    လိုင်းပွင့်ပါမယ်ဆိုလို ့သွင်းခဲ့ရပါရောလား။
    ဘီလ်တွေ ဘယ်လို ကောက်ခံတယ်ဆိုတာ တော့ မသိတော့ပါဘူး။မေးလဲ မကြည့်
    တော့ပါဘူး။စိတ်ကုန်တယ်။

  • char too lan

    May 25, 2012 at 9:45 am

    ဟုတ်တယ် …. အမှန်တကယ် ၂ ဆ တက်တာဗျာ…
    ဖုန်းဘေလ်ရော… မဖတ်ပဲဖြတ်တဲ့ ရေမီတာရော… မသိမ်းပဲတောင်းတဲ့ အမှိုက်ခွန်ရော….
    ကိုယ့်အိမ်ထဲထားတဲ့ မီတာကိုမှ သူတို့ထိန်းသိမ်းစောင့်ရှောက်ပါတယ်ဆိုပီး တောင်းတဲ့အခ တောင် ၅၀ဝ ကနေ ၁၀၀ဝ တက်တောင်းရဲတာကိုပဲ ကျိဒေါ့ 🙄
    မီးကျတော့ပုံမှန်မလာဘူး မီတာဆောင်ဖို့များတစ်ရက်ကနေ နှစ်ရက်ကျော်သွားကြည့်
    ခပ်ကြမ်းကြမ်းမိန်းမကြီးတွေ အိမ်ရှေ့ရောက်လာပီး ပယ်လာရာတကားကား နဲ့ မီတာဖြတ်မယ် တကဲကဲ 🙁
    ကဲ ဘယ် လို လုပ် မ လဲ ? ? ? ?

Leave a Reply