မန္တလေးမှာ ၅ သိန်း GSM တွေထင်သလောက် မသုံးကျ။

mGMarch 8, 20111min790

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့တဲ့ GSM (၅)သိန်းဖုန်းတွေကို မန်းသူမန်းသားတွေစိတ်ဝင်စားမှု ထင်သလောက်မရှိခဲ့ဘူးလို့ ဖုန်းဆိုင်ကြီး
အချို့ဆီမှ စုံစမ်းသိရှိရပါတယ်။အားလုံးမျှော်လင့်နေကြသလိုဖုန်းရော အင်တာနက်ပါ အသုံးပြုနိုင်တဲ့ စနစ်မျိုး မဟုတ်တဲ့အတွက် CDMA 800MHz
(၅)သိန်းဖုန်းတွေလောက်ဝယ်လိုအား မြင့်တက်ခဲ့ခြင်းမရှိဘူးလို့ မန္တလေးနာမည်ကြီး ဖုန်းဆိုင်အချို့က တညီတညွတ်တည်းဆိုပါတယ်။

”လူတွေကအင်တာနက်ပါမယ်ဆိုရင် စိတ်ဝင်စားနေကြတာ၊အခုအင်တာနက်မပါဘူးဆိုတော့ သိပ်စိတ်မဝင်စားတော့ဘူး။Voice Call ပဲသုံးမယ်ဆို
ရင်လည်း CDMA 450 MHz ကမြို့ပိုရတယ်။GSM ထက် CDMA 450 MHz (အသုံးပြုနိုင်တဲ့မြို့အရေအတွက်)၄ ဆလောက်ပိုများတယ်”လို့ သက်တမ်းရင့်မန်းဖုန်းဆိုင်တစ်ဆိုင်ရဲ့တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

မန်းဈေးကွက်ရဲ့ဈေးကွက်ဝေစု(၃၀)ရာခိုင်နှုန်းနီးပါးရရှိထားတဲ့နာမည်ကြီး ဖုန်းဆိုင်တစ်ဆိုင်မှတာဝန်ရှိသူတစ်ဦးကလည်း”ကျွန်မတို့ဆိုင်မှာ GSM
ဝယ်လိုအားသိပ်မတက်ပါဘူး။မြင်းမူလိုနေရာမျိုးက GSM မမိဘူး။၄၇၁-၉၁ဝ ကမိတယ်။အင်တာနက်အသုံးပြုခွင့် တစ်ခါတည်းမချပေးဘူး။
လျှောက်လွှာထဲမှာ အင်တာနက်အသုံးပြုမယ်၊မပြုဘူးဖြည့်စရာလည်းမပါဘူး။တစ်နိုင်ငံလုံး ပြောလို့ရတာရယ်၊အင်တာနက်သုံးလို့ရတာရယ်ကြောင့်
၄၇၁ နဲ့ ၉၁ဝ ကိုပဲပိုကြိုက်ကြတယ်”လို့ပြောပါတယ်။

စာမူရင်း – mdy news