Attention please

unclegyi1974March 8, 20111min1224

ယခုရက်ပိုင်းမန္တလေးမြို့နှင့်အနီးတဝိုက်တွင်

ဝက်များထူးဆန်းစွာသေဆုံးကြောင်းသိရှိရ

ရွှေတချောင်းတွင်းနှင့်ပရန်နဝါချောင်းတွင်းဝက်သေများ

မျောပါလာသည်ကိုတွေ့ရှိရ

ဝက်ခြံများတွင်ဝက်များရုတ်တရက်အဖျားတက်ပြီး

တုန်လာကာသေဆုံးမှုဖြစ်နေကြောင်းသိရ

ဝက်သေသားများကိုပိုင်ရှင်မှအနီးရှိလူများကိုအလကားဝေ

သော်လည်းစားရဲသူမရှိမစားကြကြောင်းသိရှိရ

ဈေးများတွင်ဝက်သားဝယ်ယူစားသုံးမှုကျဆင်လျှက်ရှိကြောင်း

နောက်ဆုံးရသတင်းများအရမွေးမြူရေးနှင့်ရေလုပ်ငန်းမှတိမွေး

ကုများသတင်းထုတ်ပြန်ချက်အရ ဝက်များသေဆုံးမှုမှာ

ဝက်နားရွက်ပြာရောဂါဖြစ်ကြောင်းသိရှိရ

ဝက်တုတ်ကွေးနှင့်မသက်ဆိုင်ကြောင်း ယခုဝက်နားရွက်ပြာ

ရောဂါသည် ကမ္ဘာ့အခြားတု်ိင်းပြည်များတွင်ဖြစ်ဖူးသော်လည်း

မြန်မာတွင်မဖြစ်ဖူးသေးကြောင်း မြန်မာတွင်ယခုမှစတင်ဖြစ်

ပွားခြင်းဖြစ်ကြောင်းသိရှိရပါသည်

4 comments

  • dream

    March 9, 2011 at 4:26 am

    ဝက်သားတောင် မစားရဲတော့ဘူး
    ခက်တာက ဝက်နဲ့ သံယောဇဉ် မဖြတ်နိုင်ဘူး 🙁

  • naywoonni

    March 9, 2011 at 10:46 am

    အင်း… မစားလည်းဘာမှတော့မဖြစ်ပါဘူး ။ တခြားနေရာတွေ ကူးလာမှာပဲ စိုးရတယ်။

  • ဆူး

    March 9, 2011 at 2:20 pm

    ဒီနေ့ မနက်ကဘဲ MRTV 4 မှာ အဲဒီ သတင်းတွေ့လိုက်တယ်။
    ဝက်သားတောင် ခပ်လန့်လန့် ဖြစ်နေပြီ။
    သတင်းထဲမှာ လူတွေ စားလို့ ဘေးမဖြစ်ဘူး ဆိုပြီး ပြောသွားလားလို့။
    သိတဲ့လူတွေ နည်းနည်း ရှာဖွေပေးပါအုန်း။

  • unclegyi1974

    March 9, 2011 at 4:22 pm

    ဟုတ်တယ် ဆူးရေ
    လူတွေစားလို့ဘေးမဖြစ်ဖူးလို့ပြောတာပဲ
    သို့သော်ရောဂါကူးစက်မှုသည်ဗိုင်းရပ်ကြောင့်
    ဖြစ်တာလို့ပြောပါတယ် ကူးစက်ပုံကအသက်ရှူ
    လမ်းကြောင်းမှတဆင့်ကူးစက်တယ်လို့ပါပါတယ်
    တဆင့်တက်ပြီးတွေးရင်..
    အသက်ရှူလမ်းကြောင်းကတဆင့်ကူးတဲ့အတွက်
    ကိုယ်တွင်းကလီစာတွေမကောင်းနိုင်တော့ပါဖူး
    အဆုတ် အသဲကျောက်ကပ် စသဖြင့်ပေါ့
    ဒါကြောင့်စားလို့ဘေးမဖြစ်ဖူးဆိုတာကိုတော့
    စဉ်းစားရမယ်လို့ထင်ကြောင်းပါ
    တုတ်ထိုးကြိုက်တဲ့ကိုကိုမမများအစားမတော်
    တလုပ်တဲ့နော်

Leave a Reply