တနှစ်ကမိုးအကြီးအကျယ်ရွာတော့ မြေညီထပ်တွေ တိုက်ခန်းတဝက်လောက်ထိရေတက်လာလို့
နီးရာတဲခိုခန်းတွေကို အရေးပေါ်ငှားပြီး နေကြရပါတယ်။ တနေ့ကလဲရန်ကုန်မှာမိုးရွာချလိုက်ပြန်ပြီ။ ဒီအခြေအနေကိုသာကြည့်ပါတော့ …။
ပြေးဖို့သာပြင် …။ လူတွေစည်းကမ်းရှိကြဖို့လဲလိုတယ်လေ ..။


Post Views: 257
8 comments
bigcat
March 11, 2011 at 3:47 am
မြိုတော်ဝန်အပြောင်းအလဲရှိလို့ စောင့်ပါအုံး။ နောက်ထပ်အပြောင်းအလဲကိုစောင့်ပါအုံး။ နောက်ထပ်……
ခင်ဗျားတို့ကလည်းဗျာ အတိုင်အတောကိုထူတယ်။ မြို့မပျက်ရင် တော်ရောပေါ့။
ဦဖက်ရေ ဘိုးတော်နောက်ဆက်တွဲတွေ မလာတော့ဘူးလား။
etone
March 11, 2011 at 8:20 am
အောက်ထပ်ဆင်းပြီး ဓါတ်ပုံရိုက်တယ်ပေါ့ … အဟဲ 😀
etone လည်း စက်ရုံအောက်ဆင်းပြီး ဓါတ်ပုံရိုက်လို့ ဖုန်းထဲက မန်မိုရီကဒ်ပါသွားတယ် … တော်သေးတယ် လူအဖမ်းမခံရပဲ ၊ ဖုန်းအသိမ်းမခံရလို့ … ။ သူများက အိမ်ကလူတွေကို ပြချင်လို့ ရိုက်တာပါဆိုတာ လက်မခံဘူး ။ ကံကောင်းတာ စခန်းခေါ်မသွားပေလို့ပဲ 🙁
ဆူး
March 11, 2011 at 9:12 am
မိုးတွေကလည်း ကြီးလိုက်တာ.. မနေ့ကလည်း ရွာတယ်။ ဒီနေ့လည်း ရွာတယ်။ ရေတွေ အားကြီးဘဲ။ ဦးဖက်တီး ပြောသလိုဘဲ ဖြစ်မှာ တောင် စိုးရိမ်ရတယ်
hmee
March 11, 2011 at 10:00 am
ရန်ကုန်မှာ ဈေးဝယ်တဲ့အခါ ဈေးသည်က နှစ်ခုသုံးခုလောက် တအိတ်ထဲ စုထည့်ပေးတတ်ပါတယ်။ ဒါပေမဲ့ဒီမှာတော့ ဈေးထဲက ဆိုင်တိုင်းရဲ့ရှေ့မှာ ကြွပ်ကြွပ်အိတ်တွေ ချိပ်ထားပါတယ်။ တမျိုးကိုတအိတ်ထည့်ပါတယ်။ သခွားသီး တစ်လုံးတည်း ဝယ်တာလည်း တအိတ်ယူရပါတယ်။ ဒီလောက်အိပ်တွေ ပေါပေါသီသီ ပေးပေမဲ့ ဘယ်နေရာကိုသွားသွား ကြွပ်ကြွပ်အိတ်အမှိုက် လုံးဝမတွေ့ပါဘူး။ တိုက်တိုင်းရဲ့ အောက်မှာ အမှိုက်ပုံးအကြီးကြီးတွေ ရှိပါတယ်။ မနက် ၄နာရီလောက်ဆို အမှိုက်သိမ်းကား အမှိုက်လာသိမ်းသံ ကြားရပါတယ်။ တရက်မှမပျက်ပါဘူး။ ရန်ကုန်မှာလို ခေါင်းလောင်းသံ ကြားမှပြေးဆင်းစရာ မလိုပါဘူး။ အမှိုက်တွေဒီလိုဖြစ်တာ လူကြောင့်လား မူကြောင့်လား တခါတလေ အတွေးလွန်မိပါတယ်။
antimoe
March 11, 2011 at 12:14 pm
ကယ်လီဖိုးနီးယားမှာ ငါးတွေသေတာ ဒါကြောင့်ထင်တယ်။
သဘာဝကပေးတဲ့မက်ဆေ့ချ် ကို အချိန်မီ အဓိပ္ပါယ်ကောက်နိုင်ဖို့ လိုတယ်။
antimoe
March 11, 2011 at 12:18 pm
ငလျင်လှုပ်တာကိုပြောချင်တာပါ။ ဂျပန်မှာ။
ဆူး
March 11, 2011 at 3:21 pm
အန်တီမိုး ရေ.. ဖြစ်ပျက်.. ဖြစ်ပျက်.. အတိတ်နမိတ်တွေ သိပ်မကောက်နဲ့ ဖြစ်တော့လည်း ဖြစ်တယ် မှတ်ပြီး ပျက်တော့လည်း ပျက်တယ်သာ မှတ်.. စိတ်ထဲမှာ မကောင်းဘူးလို့ တွေးထားရင် မကောင်းတာ ဖြစ်ဖို့ အားသန်တတ်တယ်တဲ့ လူကြီးတွေ ပြောတာ ကြားဖူးတယ်။ ကောင်းတာဘဲ တွေးပြီး နေတာ အကောင်းဆုံးပေါ့။
ငါးတွေ အများကြီးသေတာ.. ငါးဘဝ ၁ခုစာ ကံကုန်သွားလို့ဖြစ်ပါလိမ့်မယ်။
စိတ်ပူတယ် ဆိုရင် ကောင်းတာတွေ ဖြစ်ဖို့ မေတ္တာများများသာ ပို့ပေါ့။
ဆူး အဲလို ပြောလို့ စိတ်မဆိုးနဲ့နော်.. တွေးမိတာလေး မျှတဲ့ သဘောပါဘဲ။
etone
March 12, 2011 at 3:44 am
ဂျပန်မှာ အတော် ကပ်ဆိုက်နေတာပဲ … မြင်ရတာတောင် စိတ်မကောင်းဘူး ။
ကိုဖက်တို့နားက မြောင်းကလည်း မိုးတွင်းဆို ရေစီးတာများ အသံကြီးက ကြောက်စရာကောင်းတယ် … ။
ဘယ်လောက်ပဲ အမှိုက်တွေနဲ့ ပိတ်ပိတ် … မိုးတွင်းဆို အလိုလိုပွင့်သွားရော… ရေတွေကလည်း လျှံတတ်တာ ဆိုးရွားတယ် … ။ ပြီးခဲ့တဲ့ နှစ်က အဆိုးဆုံးပဲ … ။ တစ်ခါ ကြုံခဲ့ဖူးတယ် … ။