မိုက်ကယ်ဂျော်နီအောင်ပု သေဆုံးသွားခြင်း
မန္တလေးဂေဇက်၏ ပေါပေါကြောင်ကြောင် မန်ဘာတစ်ဦးဖြစ်သူ
မိုက်ကယ်ဂျော်နီအောင်ပု တစ်ယောက်
ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ရှိသွားပါသဖြင့်
ကျန်ရစ်သော ရုပ်အလောင်းအား
ခြေထောက်ကို ကြိုးဖြင့်ချည်၍ တရွတ်တိုက်ဆွဲပြီး
ဒေါပုံချောင်းထည်းသို ့မျှောချမည်ဖြစ်သောကြောင့်
မန္တလေးဂေဇက်ရွာသူရွာသားများနှင့်အတူတကွ
အားရဝမ်းသာ တက်ရောက်ကြပါရန် အသိပေးအပ်ပါသည်။
အလှူငွေများကို ကျွန်တော်
ချစ်စ/ဆရာ ထံသို ့ပေးအပ်နိုင်ပါသည်ခင်ဗျ။
စုံစမ်းမေးမြန်းခြင်း သီးခံကြပါ။
ကော်မန် ့ပေးခြင်းသီးခံပါ။
17 comments
အာဖျံ ကွီး
March 12, 2011 at 4:39 am
သီးမခံနိင်ဘူးဂျာ … ပေးမှာပဲ comment …
ဘယ်နှယ့်ဗျာ … မနေ.ညကပဲ သူ.ကို ဘီယာဆိုင်မှာ သူ.ကိုတွေ.ခဲ.တာ .. အခုသေတဲ့သတင်းထွက်နေပြန်ပီလား …
ပုလေးတို.ကတော့ … ရဲလေးနဲ.ကို အပြိုင်ပါပဲလား …
အံ့ဂျော … အံ့ဂျော … အဟီးးး
bigcat
March 12, 2011 at 5:06 am
ဒါဆို ကိုအောင်ပုကျန်ခဲ့တဲ့ ပွိုင့်တွေကို ပြည်သူပိုင် အသိမ်းခံရမှာပေါ့။ သဂျီးမသိစေနဲ့…
davit
March 12, 2011 at 7:13 am
အော်……..ဒေါပုံချောင်းလေး သနားစရာကွယ်……..အဲဒါကြီးကိုပစ်ချမယ်ဆိုတော့……..
cobra
March 12, 2011 at 8:06 am
သူကဘယ်လိုသေတာလဲ….
manawphyulay
March 12, 2011 at 8:37 am
ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖော်ပြီး သေတာဆိုပဲ… ဆိုပဲ…
kopauk mandalay
March 12, 2011 at 8:40 am
သူဘယ်လိုသေတာကတော့ မသိချင်ပါနဲ့တော့။
အတော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်ဆိုဘဲ။
အကူငွေတော့ ဝမ်းနည်းတာများရင်များသလောက် များများလေးထည့်ပေးပါ။
ခရက်ဒစ်ကဒ်နှင့်အကြွေး ကူငွေထည့်ခြင်းလက်မခံပါ။
ပုံ
ဆရာ့ဆရာ့ ဆရာ ချစ်စရာ
PaukPhaw
March 12, 2011 at 8:48 am
ဟက်ဟက်ဟက် း)
အားကျမခံလိုက်သေရမလိုဖစ်နေဘီ
photwenty
March 12, 2011 at 9:09 am
ဘယ်မှာသေတာလဲဟင် လိပ်စာသိရင်ပြောပြပေးပါ
ဖဲလာရိုက်ချင်လို.:P
ချစ်စ/ဆ ရာ
March 12, 2011 at 9:54 am
ခုလည်းကျွန်တော်တို ့အားလုံး ကော်မတီဖွဲ ့ပြီးစည်းဝေးနေပါပြီခင်ဗျ
လွန်ခဲ့တဲ့ အမျိုးသမီးများနေ ့မှာ လှုပ်ရှားမှုတစ်ခုတွက်
ဂျာမဏီ ကနေ ထိုင်းနိုင်ငံ မဲဆောက် အမှိုက်ပုံဘေးက ကလေးတွေဆီကို
ပြန်လာရင်းနဲ ့သူကျိုတင်မှာထားတဲ့
ထန်းရည်တွေကို သောက်တာကနေစတာလို ့ဘဲထင်ပါတယ်ခင်ဗျ
ပြဿနာတက်နေတာက
သူ ့ကို ဘယ်မှာမွေးလို ့ ဘယ်ဇာတိ
ရွှေမျိုးရှိလားမရှိလားမသိတဲ့အတွက် အခက်တွေ ့နေပါတယ်
ကျွန်တော်တို ့ဘုတ်ထိုင်ပြီးလို ့ရှိလျှင်တော့
သူ ့ရဲ ့ဓာတ်ပုံတွေနဲ ့နာရေးအကြောင်းကို တင်ပြပေးဖြစ်မယ်လို ့ထင်ပါတယ်ခင်ဗျ
( ဒီကောင် မသေခင်မှသည် သေပြီးချိန်ထိဒုက္ခပေးတဲ့ဂျိုကောင်ပါဘဲ )
ခုကျွန်တော် ဒီကွန်မန် ့ကိုရေးနေတဲ့အချိန်မှာ
သတင်းထောက်အချို ့သတင်းယူဘို ့စောင့်ဆိုင်းနေကြပါတယ်ခင်ဗျ
meelay
March 12, 2011 at 10:45 am
လေးပုရေ …… အမျှ … အမျှ …. အမျှ …..
MaMa
March 12, 2011 at 11:10 am
ဒီစာတွေ ဒီမန့်တာတွေကို ကြည့်ခြင်းအားဖြင့် ဒကာမိုက်ရဲ့ သည်းခံနိုင်စွမ်းကို ခန့်မှန်းမိပါတယ်။ ဒကာမိုက်က စကားမပြောနိုင်တဲ့ဘဝ ရောက်သွားပြီမို့ သူ့ရဲ့မွန်မြတ်တဲ့ ခန ္တီ တရားက သူ့ကို ကောင်းမွန်မြင့်မြတ်တဲ့ ဘုံဘဝကို ပို့ပေးမှာပါ။ (သည်းခံလက်စနဲ့ ဆက်သည်းခံလိုက်ပါနော်။)
ဆူး
March 12, 2011 at 12:32 pm
ဘကြီးပုတော့ သွားရှာပြီ။
ဆူနာမီ ထိသွားတာနဲ့တူတယ်။
naywoonni
March 12, 2011 at 12:50 pm
0ိုင်းကောင်းရင်လက်တို့လိုက်ဦး
zeitgeistguy
March 12, 2011 at 1:47 pm
ကျွန်တော်စလိုက်ရာကနေ အခုလိုပျော်စရာ ကောင်းတဲ့ post လေးတစ်ခုပေါ်လာခဲ့တယ်။ ဘာဘဲပြောပြော mandalaygazette ရဲ့အပျင်းပြေပေါ့ဗျာ။ အားလုံးကိုလဲတောင်းပန်ပါတယ်ဗျာ။ အမှန်က အဲဒီ့ဇာတ်လမ်းက မော်ဒန် ဂျာနယ်တိုက်ကနေစခဲ့တယ်ဗျ။ အားလုံးခွင့်လွှတ်ပေးကျပါဗျာ။ Sorry!!
shweminthar
March 12, 2011 at 2:45 pm
ဆရာပု အနိစ္စ ရောက်သွားပြီ ဆိုတော့……
ဆရာပု ဂေဇက်ကို အစွဲ အလမ်း ကြီးပြီး အွန်လိုင်းမှာ ဘဲ ရှိနေမလား…….
ဆရာပု ဘဝ တပါး ကို အလွယ် တကူ ဘဲ ကူးသွားပြီလား……
ဆရာပု မကျွတ် မလွတ် များဖြစ်နေမလား………
ဆရာပု ကျွတ်လား မကျွတ်လား ဆိုတာ လေး……. ဝိုင်းတော်သားတွေ သိအောင် ပြလိုက်ပါတော့
အနော် တော့ မကြည့် ရဲဘူး
ဆူး
March 12, 2011 at 2:55 pm
အောင်ပု သရဲ သရဲ အောင်ပု ဆိုပြီး ရွာထဲမှာ လိုက်ခြောက်နေအုန်းမယ်
kopauk mandalay
March 12, 2011 at 4:15 pm
ဆရာပုက ဘဝပြောင်းတာ ပါ။
ဆရာပုက စတာများတော့ သူကိုဘယ်သူမှအရုပ်မလေးတော့
ရှားလော့ဟုမ်းလို သေပြီလို့ သတင်းလွှင့်ပြီးမှ
နောက်နာမည်တမျိုးနဲ့ပြန်လာတာလဲ ဖြစ်ချင်ဖြစ်နိုင်သလို
သူသေရင် ဘယ်သူတွေငိုမလဲလို့ သိချင်လို့ အစမ်းသေကြည့်တာလဲဖြစ်နိုင်တယ်နော်