ဒီထနောင်းပင်လေးက ကျွန်တော့်ထက်အသက်ကြီးပါတယ်။
ကျွန်တော်ငယ်ငယ်က ခပ်ကွေးကွေးနောက်တော့ စိတ်ကောက်ပြီးကျုံးထဲကိုရေသောက်ဆင်းသွားပါတယ်။
လမ်း80အနောက်ကျုံးလမ်း မြောက်ပြင် 16လမ်းနဲံ17လမ်းကြားမှာရှိပါတယ်။
မလှပေမယ့် အနုပညာမြောက်တဲ့လက်ရာကိုကြည့်ရသလိုပါဘဲ။
Post Views: 214
9 comments
white
March 17, 2011 at 3:51 am
တကယ်ကို အနုပညာပညာမြောက်တဲ့ သဘာဝမြင်ကွင်းလေးပါ အတွေးလေးတွေတောင်ပွားမိတယ် ..
ဒါနဲ့ဆက်စပ်ပြီး တစ်ခုစဉ်းစားမိတယ် ကျွန်တော်တို့ဆီမှာ သစ်ပင်စိုက်ပွဲတော်ဆိုပြီး သစ်ပင်တွေစိုက်ကြတယ် စစိုက်ကတဲက လက်တမ်းပဲ ဘယ်လောက်အကွာအဝေးစိုက်မယ် ဘယ်လိုထိန်းသိမ်း မယ်ဆိုတာာ မရှိဘူး (ပြည်လမ်းဘေးလို ဟာမျိုးကတော့ ဂရုစိုက်ပါတယ်) ကြီးလာတော့ လိမ်ကောက် လျှပ်စစ်မီးလိုင်းအောက်မှာစိုက်တော့ အပင်ကြီးလာရင် မီးကြိုးနဲ့မလွတ်တော့ ခုတ်ရရော နှမြောစရာကြီး
စင်ကာပူမှာ တွေ့ဘူးတာတော့ သစ်ပင်ငယ်ငယ်ကတဲက မတ်မတ်ဖြစ်သွားဘို့ ထိန်းသိမ်းတယ် လိုချင်တဲ့ပုံဖြစ်အောင်လဲပုံသွင်းတယ် စနစ်တကျခုတ်တယ်
မြန်မာပြည်မှာလဲ အဲဒီလိုလုပ်ရင် ကောင်းမယ်
ဖြောင့်ဖြောင့်လေး ဖြစ်နေတာလဲ အနုပညာဆန်ပါတယ်
တညင်သား
March 17, 2011 at 4:04 am
ဘာလို့ မခုတ်ပြစ်တာလဲ မသိဘူး ထူဆန်းတယ် ဒေါက်တောင် ထောက်ပေးထားသေး……..
dream
March 17, 2011 at 4:10 am
dream မန္တလေးမှာနေတုန်းက အဲဒီသစ်ပင်ကို တွေ့ဖူးတယ်
အမှုမဲ့အမှတ်မဲ့ပဲ
အနုပညာ မျက်စိရှိတဲ့သူကျတော့ တော်လိုက်တာနော်
Shwe Tike Soe
March 17, 2011 at 6:17 am
ဟုတ်ပဗျာ ပြောရင်းနဲ.တောင်လွမ်းလာပြီး အဟင့် သင်္ကြန်ကျမှပြန်တော့မယ်
ဆူး
March 17, 2011 at 12:26 pm
ကလေးတွေ တက်ဆော့လို့ ကောင်းမဲ့ အပင်မျိုး.. သိပ်လည်း မမြင့်ဘူး။ ခုန်ချ လိုက် ပြန်တက်လိုက်.. မျက်စိထဲ မြင်နေမိတယ် ကလေးတွေ ကစားမဲ့ ပုံကို.. 😉
Gong Zhu
March 17, 2011 at 7:08 pm
နဂို ကတည်းက ကောက်ကောက်လေးပေါက်တာလား … ထူးဆန်းတယ်နော် … တစ်ခါမှ မတွေ့ဖူးဘူး … တစ်ကယ် အတည်ပြောတာ … မန်းလေးရောက်ရင် သွားကြည့်မယ် …. မန်းလေးသူ မန်းလေးသားတွေ လိုက်ပို့ပေးနော် …
kai
March 17, 2011 at 11:00 pm
လော့စ်အိန်ဂျလိစ်က ..ဆန်တာမော်နီကာပင်လယ်ကမ်းခြေမှာ အဲဒီလို တစောင်းကြီးလဲနေတဲ့ အရိုးအပြိုင်းပြိုင်းနဲ့အပင်တွေရှိတယ်..။
လူတွေဓါတ်ပုံရိုက်ကြတာပေါ့..။
http://www.panoramio.com/photo/19517070
အဲဒီအပင်တွေက .. လောကဓံကို ကြံ ့ကြံ့ခံနေသလိုပဲ..။ အဓိပ္ပါယ်ရှိတဲ့ ရသပေးနေသလိုပါပဲ..။
char too lan
March 18, 2011 at 5:47 am
ထနောင်းက ရေတမာပင်ကို ကွေ ့ရှောင်တာလား ရေတမာကနောက်မှစိုက်တာလား ကျုံးထဲကနေပြန်ကွေ ့လာပီး နောက်ဆုံးရေတမာပင်ကြားကနေထွက်လာရင် ပိုမိုက်မယ်နော် 🙂
လေးခိုင် ပုံထဲကဘာပင်ကြီးလဲ အပွင့်ပုံက ယုဇနပန်းနဲ့တူတယ် လှတယ် ထူးဆန်းတယ်
မိုက်ကယ်ဂျော်နီအောင်ပု
March 18, 2011 at 6:44 am
အောင်ပုတို ့ရွာမှာတော့
အဲ့လို ပုံမကျပန်းမကျ ကောက်ကောက်ကွေးကွေးဖြစ်နေလို ့ကတော့
အကုန်ခုတ်ပြီး ထင်းလုပ်တာဘဲ
နောက် တော်တော်ရူးတဲ့မြို ့သားတွေ
အောင်ပုတို ့ရွာမှာဆို မြက်တွေထူလွန်းရင်
လူငှားပြီးတောင် ရှင်းရတယ်
ရွာထဲက ခြံတွေမှာ မျက်မရှင်းရင် သဂျီးက ဒဏ်ရိုက်တယ်
မြို ့မှာတော့ ဒီလိုမဟုတ်ဘူး
တိုက်ကြီးနဲ ့နေတာတောင် မြက်တွေကို ပိုက်ဆံအကုန်ခံပြီးစိုက်ကြတယ်
တစ်ချို ့မား ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အထပ်သုံးဆယ်လောက်တက်ပြီး မြက်စိုက်ကြတယ်
အရူးတွေ