ပျော်အောင်နေနိုင်ဘို့
နေ့စဉ်နဲ့အမျှ ဆန့်ကျင်ဘက်တွေကြားမှာ
ရှင်သန်လှုပ်ယှားနေကြရတဲ့ကျနော်တို.အားလုံး
ပျော်အောင်နေနိုင်ဘို့အတွက်အလိုအပ်ဆုံးကတော့
ကောင်းအောင်နေဘို့ပါဘဲ။
ကောင်းအောင်နေဘို့အတွက်ကလဲသိပ်မခက်ပါဘူး။
ကိုယ်ချင်းစာနာစိတ်လေးနဲ့ လုပ်ကိုင်ဆောင်ရွက်တယ်၊
စဉ်းစားတယ်ဆိုရင်ကို တော်တော်ကောင်းနေပြီလို့ဆိုနိုင်ပါတယ်။
နောက်ကိုယ်ရောက်နေတဲ့ ၊ကိုယ်ပိုင်ဆိုင်ရတဲ့ဥစ္စာအတွက်
ရသလောက်ကိုကျေနပ်နေရင် ပျော်နိုင်ပါပြီ၊
ရှေ့ရောက်အောင် တိုးတက်အောင်ကြိုးစားတာနဲ့
ကိုယ့်ပိုင်ဆိုင်တာလေးကိုကျေနပ်န်ုိင်တာခွဲသိဘို့တော့လိုပါမယ်။
တစ်ချို.က ပျင်းတာနဲ.ရောင်.ရဲတာကိုလွဲလို.မှတ်ကြပါတယ်။
ဘာမှကြိုးကြိုးစားစားမလုပ်ချင်တာကို ရောင်.ရဲတတ်တယ်ထင်ကြပါတယ်။
အားလုံးပျော်အောင် နေနိုင်ကြပါစေလို့ဆုတောင်းပါတယ် ။
အိပ်စက်အနားယူတဲ.အခါမှ အိပ်မက်လှလှလေးတွေကိုပိုင်ဆိုင်ဘို.ဆိုရင်
မအိပ်ခင်က ကောင်းတာလေး တွေလုပ်ထားဘို.ကတော.လိုမယ်နော်
7 comments
susunosuki
April 26, 2010 at 4:13 pm
ပျင်းတာနဲ့ရောင့်ရဲခြင်းက သာမန်ကြည့်ပြီးခွဲဖို့မလွယ်ဘူး
လစ်လျှူရှု့တာနဲ့ မျက်နှာလွဲခဲပစ်လုပ်တာလည်း ဒီလိုပဲ
zoxnet
April 27, 2010 at 5:49 am
ကောင်းတာတွေပဲ အတတ်နိုင်ဆုံး လုပ်နေတယ် အစ်ကို။ ဒါပေမယ့် ဘဝက မကောင်းတာတွေလည်း လာလာနေတယ်။
windtalker
November 6, 2011 at 1:14 pm
နဲနဲလေးတော့ ပျင်းနေတယ်
ပျင်းပျင်းလေးလဲ ကောင်းပါတယ်
နေတတ်ရင်အေးဆေးလေး
yoeyar may
February 11, 2012 at 1:03 pm
လုပ်သမျှအကောင်းတွေပဲဖြစ်အောင်ကြိုးစားနေပါတယ်အစ်ကို
ကိုပေါက်(မန္တလေး)
February 11, 2012 at 1:16 pm
အခုပိုစ်လေးက ကျနော်ပထမဆုံးစရေတဲ့ပိုစ်လေးဖြစ်ပြီး
မြန်မာသူငယ်ချင်းများနေ့ ဆိုက်မှာ အရင်ဆုံးတင်ခဲ့ပါတယ်။
ကျနော့်ဘဝရဲ့ပထမဆုံးသောစာမူ ဖြစ်ပါတယ်။
TTNU
February 11, 2012 at 10:18 pm
ခုလည်းမောင်ရင်
ပျော်အောင်နေနိုင်ဖို့
ကောင်းအောင်နေ နေတာကို
တွေ့ရပါတယ်။
ကောင်းအောင်နေနိုင်ဖို့
မေတ္တာတွေပွားနေတာကို
တွေ့ရပါတယ်။
မေတ္တာတွေပွားနေနိုင်ဖို့
ရွာထဲမှာ မေတ္တာဓာတ်ပုံတွေဝေနေတာကို
တွေ့ရပါတယ်။
ရွာထဲမှာ မေတ္တာဓာတ်ပုံတွေဝေနေနိုင်ဖို့
ကိုပေါက်ဖော်ပြောသလို
သတ်ပုံမမှားစေနဲ့နော်။
မေတ္တာဖြင့်
မာမီ။
ကိုပေါက်(မန္တလေး)
February 11, 2012 at 10:29 pm
ကျေးဇူးပါမာမီ……..
ကိုယ်ပြောသလို ကိုယ်နေနိုင်အောင် ကျနော်အမြဲတမ်း ကြုးိစားလို့နေပါတယ်။