Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်္ဂလာသုတ် မြန်မာပြန်

Yin Nyine NwayMarch 18, 20111min62610

မင်္ဂလသုတ် မင်္ဂလသုတ် ရွတ်ဖတ်ရခြင်းအကျိုး မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့် နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတစ် ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တန်မှာ ပေါ်လာနိုင်ပေသည်။ ၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ။ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံ္တသဉ္စ မင်္ဂလံ။ ၁။ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအပေါင်း တို့သည် တစ်ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံး သတ္တဝါအများ ကြီးပွားချမ်းသာ ကြောင်းဖြစ်သော မင်္ဂလာတရားတော်ကို ကြံစည်ကြလေကုန်၏၊ ထိုသို့ကြံစည် ကြလေကုန်သော်လည်း သုံးဆယ်ရှစ်ပါး အပြားရှိသော မင်္ဂလာတရားတော်ကို မသိနိုင်ကြကုန်။ ၂။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။ သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။ ၂။ နတ်တကာတို့၏ ဥက္ကဌ် ဝိသုဒ္ဓိနတ် ဖြစ်တော်မူသောမြတ်စွာဘုရားသည် အလုံးစုံသော သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ ထိုမင်္ဂလာတရားတော်ကို ဟောကြားတော်မူ၏၊ သတ္တဝါအများ ကြီးပွားချမ်းသာကြောင်းလည်းဖြစ်၏၊ ခပ်သိမ်းသော မကောင်းမှုတို့ကိုလည်း ဖျက်စီးပယ်ဖျောက်တတ်၏။ အို- သူတော်ကောင်းအပေါင်းတို့- ထိုမင်္ဂလာတရားတော်ကို ငါတို့ရွတ်ဖတ်ကြပါကုန်စို့။ ၃။ ဧဝံ မေ သုတံ- ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတိ္တယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ၊ ဘဂဝန္တံ အဘိဝါဒေတွာ၊ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။ ၃။ အရှင်ဘုရား မဟာကဿပ တပည့်တော် ရှင်တော်ဗုဒ္ဓထံမှ ဤသို့ ကြားနာ လိုက်ရပါ၏- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့အနီး အနာထပိဏ်သူဋ္ဌေး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန်ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေ တော်မူ၏။ ထိုအခါ အမျိုးအမည်အားဖြင့် မထင်မရှား အလွန်နှစ်လိုဖွယ် အဆင်း ရှိသော နတ်သားတစ်ယောက်သည် ညဉ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလုံးစုံသော ဇေတဝန်ကျောင်းတိုက်ကို ကိုယ်ရောင် ကိုယ်ဝါဖြင့် ထွန်းလင်းစေ ပြီးလျှင် မြတ်စွာဘုရား ရှိတော်မူရာသို့ ချဉ်းကပ်လေ၏၊ ချဉ်းကပ်ပြီးသောအခါ မြတ်စွာဘုရား ကို အလွန်ရိုသေစွာရှိခိုး၍ သင့်တင့် လျောက်ပတ်သော နေရာ၌ ရပ်လေ၏၊ ရပ်ပြီးလတ်သော် ထိုနတ်သားသည် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားတောင်းပန်၏။ ၄။ ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။ ၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား- နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအများတို့ သည် သတ္တဝါအများ ကြီးပွား ချမ်းသာကြောင်းဖြစ်သော မင်္ဂလာတရားတော်ကို ကြံစည်ကြလေကုန်ပြီ၊ ထိုသို့ကြံစည်ကြကုန်သော်လည်း မသိကြပါကုန်၊ ဘုန်းတော်ကြီးတော်မူသော ရှင်တော် မြတ်ဘုရားသည် ထိုထူးမြတ်လှသော မင်္ဂလာတရားတော်ကို ဟောကြားတော်မူပါအရှင်ဘုရား။ ၅။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၅။ အို နတ်သား သူမိုက်တို့ကို မမှီဝဲမဆည်းကပ်ခြင်း၊ ပညာရှိတို့ကို မှီဝဲဆည်း ကပ်ခြင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ ၆။ ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၆။ အို နတ်သား လျော်ကန် သင့်မြတ်သော အရပ်၌နေထိုင်ခြင်း၊ ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှု ရှိသူဖြစ်ခြင်း၊ အကျင့်တရား မပျက်ပြားအောင် မိမိကိုယ်စိတ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ ၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၇။ အို နတ်သား အကြားအမြင်များသောသူဖြစ်ခြင်း၊ လက်မှုပညာအစရှိသော အတတ်တို့ကို တတ်မြောက်ခြင်း၊ ကောင်းစွာသင်ကြားပြီးသော ကိုယ်ကျင့် ဝိနည်းတရားရှိခြင်း၊ ကောင်းစွာပြောဆိုအပ်သော စကားရှိခြင်း ဤတရားလေးပါး သည် မြတ်သော မင်္ဂလာမည်၏ ဟူ၍ မှတ်လေလော့။ ၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၈။ အို နတ်သား အမိအဘတို့ကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားတို့ကို ချီးမြှောက် ထောက်ပံ့ခြင်း၊ လယ်လုပ် ကုန်သွယ် ရောင်းဝယ်ခြင်းစသော အနှောက် အယှက်မရှိသော အမှုတို့ကို ပြုလုပ်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ ၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။ ၉။ အို နတ်သား ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊ သုစရိုက်တရားဆယ်ပါးတို့ကို ကျင့်သုံးခြင်း၊ အဆွေ အမျိုးတို့ကို ချီးမြှင့်ထောက်ပံ့ခြင်း၊ ဥပုသ်စောင့်ခြင်း ရေတွင်း, ရေကန် တူးခြင်းစသော အပြစ်မရှိသော အလုပ်တို့ကို ပြုလုပ်ခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ ၁ဝ။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။ ၁ဝ။ အို နတ်သား မကောင်းမှုမှ စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း၊ သေရည်သေရက် သောက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊ ဤတရား လေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ ၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၁၁။ အို နတ်သား ရိုသေထိုက်သော သူတို့ကို ရိုသေခြင်း၊ မာန်မာနကို နှိမ့်ချခြင်း၊ ရသမျှနှင့် ရောင့်ရဲလွယ်ခြင်း၊ သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊ သင့်လျော်သော အခါ၌ သူတော်ကောင်းတရားကို နာကြားခြင်း၊ ဤတရားငါးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ ၁၂။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၁၂။ အို နတ်သား သည်းခံခြင်း၊ သူတော်ကောင်းတို့ ဆုံးမအပ်သောစကားကို နာယူလွယ်ခြင်း၊ ရဟန်းသူမြတ်တို့ကို ဖူးမြင်ခြင်း၊ သင့်လျော်သောအခါ၌ တရားစကားကို ဆွေးနွေးမေးမြန်းခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ ၁၃။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။ နိဗ္ဗာနသစိ္ဆကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။ ၁၃။ အို နတ်သား ခြိုးခြံစွာကျင့်ခြင်း၊ မြတ်သော အကျင့်ကိုကျင့်ခြင်း၊ အရိယာ သူတော်ကောင်းတို့၏ သစ္စာလေးပါးတရားကို သိမြင်ခြင်း၊ တဏှာမှထွက် မြောက်ရာ အရဟတ္တဖိုလ်တည်းဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ ဤ တရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ ၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၁၄။ အို နတ်သား လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံသော ရဟန္တာ၏ စိတ်သည် မတုန်မလှုပ်၊ စိုးရိမ်ကြောင့်ကြခြင်းလည်းမရှိ၊ ကိလေသာရမ္မက် ဟူ သော မြူလည်းမရှိ၊ ကြောက်ရွံ့ထိတ်လန့် ဘေးလည်းမရှိ၊ ဤတရားလေးပါး သည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ ၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတိံ္ထ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။ မင်္ဂလသုတ္တံ နိဋ္ဌိတံ။ ၁၅။ အို နတ်သား နတ်နှင့်တကွသော လူတို့သည် ဤ သုံးဆယ့်ရှစ်ပါးအပြား ရှိသော မင်္ဂလာတရားတော်တို့ကို သင်ယူ လိုက်နာ ကျင့်သုံး အားထုတ်ကုန် သည်ရှိသော် အလုံးစုံသော အရပ်တို့၌ ရန်သူတို့သည် မအောင်နိုင် ကြသဖြင့် ချမ်းသာခြင်းသို့ ရောက်ကြရကုန်၏။ အို နတ်သား ထို သုံးဆယ့်ရှစ်ပါး မင်္ဂလာတရားတော်သည်သာလျှင် နတ်လူတို့ ၏ မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။ မင်္ဂလသုတ်တော် မြန်မာပြန် ပြီး၏။

10 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 19, 2011 at 2:23 am

    မဖတ် မမှတ်မိတာတောင်ကြာပါပေါ့လား
    ခုမှ သတိရတယ် အဟီး….
    သတိရဆိုလို ့ ဆရာတော်တစ်ပါး ဟောကြားတာကိုလည်း အမှတ်ရမိပါရဲ ့
    ပရိတ်ရွတ်တဲ့အခါပါ
    ( မင်္ဂလံ တံ ဘဏာမ ဟေ ) ထိုမင်္ဂလ သုတ်တော်ကို ရွတ်ဖတ်ကြပါကုန်လို ့ ပြောတာ
    ခုတော့ ဘုန်းကြီးတွေကို ဖတ်ခိုင်းပြီးလူတွေက နားထောင်ကြတယ်လို ့ဆိုပါတယ်
    ဖတ်ယုံနဲ ့တင်မပြီးဘဲ လိုက်နာကျင့်သုံးဘို ့ကိုလည်း
    ဆုံးမ နှိုးဆော်လိုက်ပါသေးတယ်

  • dream

    March 19, 2011 at 5:20 am

    မှတ်သားလိုက်ပါတယ်။

  • Gong Zhu

    March 20, 2011 at 7:32 pm

    ကျေးဇူးပါ … ပါဠိပဲ အလွတ်ရတာ … အနက်သိရင် ပို အကျိုးရှိတာပေါ့ …

    • kai

      March 20, 2011 at 9:01 pm

      အနက်သိရင် ပိုအကျိုးရှိတာပေါ့ …မဟုတ်ဘူး လုံမလေးရေ..
      အနက်သိမှသာ အကျိုးရှိတာပါ..။

  • maungmoenyo

    March 21, 2011 at 12:04 am

    ဗုဒ္ဓရဲ့နှုတ်တော်ကတိုက်ရိုက်ဟောကြားခဲ့တဲ့ သုတ်တွေရဲ့အာနိသင်ကိုအနက်အဓိပ္ပါယ်သာမက၊ ရည်ညွှန်းချက်ကိုအာရုံပြုနိုင်လေ၊ အကျိုးထိရောက်လေဆိုတာယုံကြပါ။

  • Yin Nyine Nway

    March 21, 2011 at 11:35 am

    အိမ်း…အိမ်း……ရေးရကျိုးနပ်ပေတပေါ့……

  • Gong Zhu

    March 23, 2011 at 9:28 am

    အနက်မသိလည်း အကျိုးမရှိတာမဟုတ်ဘူး အကျိုးရှိပါတယ် … ဒါပေမယ့် အနက်သိတော့ ပိုပြီး အကျိုးရှိတာပေါ့ အကျိုးသက်ရောက်တာပေါ့ … အနက်ကော ပါဠိကော မရတာမှ အကျိုးမရှိတာ မဟုတ်ဘူးလား ကိုကိုကိုင်း ၊ မမကိုင်းရဲ့

  • char too lan

    March 23, 2011 at 10:08 am

    ကုန်းကျူ ့ ကိုကိုကိုင်း ၊ မမကိုင်း မဟုတ်ဘူး လေဒီကိုင်း မှတ်ထားနော် 🙂
    အမရေ.. အနော် ကူးတွားအုံးဂျ 😀

  • zaw min

    March 23, 2011 at 6:30 pm

    အပေါ်က လင့်လေးပို့ပေးသူကို အထူးကျေးဇူးတင်ပါတယ်။

Leave a Reply