အနာဂတ်ခေါင်းဆောင်များကျရှုံးခြင်း

wathenmoeMarch 19, 20111min2289

[youth of  today can make  leader of   tomorrow] ပာုရှေးပညာရှိတို့ ပြောဆိုခဲ့ကြသည်။

ယနေ့ကမာ္ဘခေတ်တွင်  လူငယ်လူရွယ်များသည်  အနာဂတ်ခေါင်းဆောင်  ဖြစ်ရန်အခွင့်အရေးနည်း

သွားကြသည်။ မိသားစုစီးပွားရေး မပြေလည်မှု  ၊အိမ်တွင်မိသားစုများပြားမှု စသောအကြောင်းများ

ကြောင့်  ပညာတစ်ပိုင်းတစ်စနှင့်  ဖြစ်ကာအလုပ်သမားမားများ ဘဝသို့ရောက်ခြင်းမကရောက်

ကြရလေသည်။

တစ်ချို့ဆိုလျှင်  အတန်းပညာပင် မတက်ရောက်နိုင်ကြဘဲ အလုပ်သမားများဘဝသို့

ရောက်ကြရလေသည်။

တစ်ချို့မိန်းကလေးများဆိုလျှင်  ရင်နာဖို့အလွန်ကောင်းသည်။  မိသားစုစီးပွားရေးပြဿနာကြောင့်  အတန်းပညာရေးကိုလက်လွှတ်ကာ အုပ်ထိန်းသူများဧ။်

စေခိုင်းချက်ကြောင့်လည်းကောင်း ၊ မိမိတို့ထိန်းသိမ်းရမည့်  မိန်းမသိက္ခာကို

မငဲ့ကွက်ဘဲ ပြည့်တန်ဆာလုပ်ကြလေသည်။

တချို့ဆိုလျှင်  လူစည်ကားသောနေရာများ  သို့သွားကာမရှက်မကြောက်နှင့်ပင်

ပြည့်တန်ဆာကိစ္စလုပ်ဆောင်ရန် ဆွဲဆောင်ဖြားယောင်းကြလေသည်။

ယောကျာ်းလေးများဆိုလျှင်လည်း

ပညာတစ်ပိုင်းတစ်စနှင့်ပင် အလုပ်ခွင်သို့ဝင်ကာ  ပင်ပန်းကြီးစွာဖြင့်အလုပ်လုပ်ကိုင်ကြလေသည်။အလုပ်ခွင်ဝင်တော့ အပါင်းအသင်းပြီး

ပျက်စီးကြသည်ကများလေသည်။ အရက်သမား၊ ဖဲသမား၊လောင်းကစားသမားအဖြစ်ရောက်ကြရလေတော့သည်။

ယနေ့မြန်မာနိုင်ငံတွင် ပညာတတ်ဖြစ်ချင်ပါလျက်နဲ့ ဖြစ်ခွင့်မရ ၊သင်ယူလေ့လာခွင့်သော

လူငယ်လူရွယ်များများမှာ အဘယ်မှာလျှင် နိုင်ငံ့ခေါင်းဆောင်တွေဖြစ်လာပါမည်နည်း။

အနာဂတ်ခေါင်းဆောင်များကျရှုံးခြင်းသာဖြစ်ပေလိမ့်မည်။

အနာဂတ်ခေါင်းဆောင်များကျရှုံးပါက  မိမိတို့နိုင်ငံသည်သာလျှင်

အစစအရာရာမှာကျဆုံးပေလိမ့်မည်။

ထို့ကြောင့်အနာဂတ်ခေါင်းဆောင်များ  မကျရှုံးစေရန် အားလုံးဝိုင်းဝန်းလို့

ဖေးမကူညီသင့်ပေသည်။

 

 

 

 

9 comments

  • bigbird

    March 19, 2011 at 1:27 pm

    အေးဗျာ..စိတ်ပျက်စရာကြီး။ အားလုံး တက်နိုင်တဲ့ဖက်ကဝိုင်းဝန်းကူညီသင့်ပါတယ်။

  • morenyan

    March 22, 2011 at 6:43 am

    ပြည့်တန်ဆာကတော့ တစ်ချို့က ကဲလွန်းလို့ပါ။
    ငတ်လို့ဖြစ်တယ်ဆိုတာရှားပါတယ်။

  • dream

    March 22, 2011 at 10:06 am

    ပြည့်တန်ဆာဖြစ်တဲ့သူတွေက ဘယ်ဘဝက ဝဋ်ကြွေးတွေလဲမှ မသိတာ

  • လင်းဝေကျော်

    March 22, 2011 at 10:22 am

    ဘယ်ဘဝ ဝဋ်ကြွေးမှ မဟုတ်ဘူး…လက်ကြောမတင်းတာ အလွယ်လိုက်တာတွေက စတာပါပဲ။
    ကဲချင်လွန်းလို့ … ကဲရင်းနဲ့ ရုန်းမထွက်နိုင်ဖြစ်… နောက်တော့ မထူးဇာတ်ခင်းလိုက်ကြတာပဲ။
    CSW တွေကို survey လုပ်ထားတာရှိတယ်။
    အများစုက ချေးကျရာ ပျော်နေလိုက်ကြသေးတာ။

    အဓိက ကတော့ မိန်းမတွေအတွက် ထိမ်းသိမ်းနိုင်မှု မိမိကိုယ်ကို ထိမ်းချုပ်နိုင်မှုက သိပ်အရေးကြီးပါတယ်။
    အဲဒါလေး သတိထားရင် ဘာမှမဖြစ်ပါဘူး။

    • kai

      March 22, 2011 at 6:11 pm

      အင်းနော်..။
      ဘာဖြစ်ဖြစ်.. ဝဋ်ကြွေး..ကံ ဆိုတာကြီးနဲ့ ကိုင်ပေါက်ပေါက်နေတာ… နည်းနည်းတော့ လွန်နေပြီ…။
      ကံ..ကံရဲ့အကျိုးကို … ဘယ်လိုနားလည်နေကြသလဲတော့မသိ..။
      🙁

  • R Ga

    March 22, 2011 at 10:47 am

    တစ်ချို့ကတော့လည်း ဒီလိုမဟုတ်လောက်ပါဘူး။ ဧရာဝတီ မြစ်ဝကျွန်ပေါ်ဘက်က ကရင်၊ဗမာ မိန်းမလေးတွေ ကို အနိုပ်ခန်းတွေမှာ အတွေ့ရ များပါတယ်။ အများစု က အိမ်ထောင်တာဝန်ထမ်းနေတာများတယ်။
    အဲဒီလို ရိုးရိုးအနိုပ်ခန်းကနေ အဆင့်မြင့်ပြီး အခြားအနိပ်ခန်းတွေရောက်လို့ရောက် ဖာခန်းတွေရောက်လို့ရောက်နဲ့ ငွေနောက်လိုက်ရင်းရင်းနစ်နေကြတာများပါတယ်။ နောက်စင်တင်အဆိုတော် တွေသူတို့လည်းအဲဒီလိုပဲ…။ နောက် ကြေးကြီး ဖာတွေအဲဒါကတော့အခြားမဟုတ်ပါဘူး။ မော်ဒယ်မင်းသမီးတွေပါပဲ..။
    စပွန်ဆာဆိုတဲ့နာမည်လေးလှလှလေးနဲ့…..အကြီးစားဈေးကွက်ကြီးလိုဖြစ်နေ တော့တာပါပဲ….ဗိုလ်ချုပ်ပြောတဲ့ဖာနိုင်ငံဆိုတာ များဖြစ်နေသလားမှတ်ရတယ်။

  • လင်းဝေကျော်

    March 22, 2011 at 10:53 am

    ဘဝတွေက ကြမ်းတယ်လေ။ ဘယ်လို တိုင်းရင်းသားဖြစ်ဖြစ်ပါ။
    အဲဒီလိုကြမ်းတာကို တောင့်မခံနိုင် လက်ကြောမတင်းတာ အလွယ်လိုက်တာက စတာလေ။
    အနှိပ်ခန်းကို ဘယ်သူကမှ ရိုက်ပြီးပို့တာမဟုတ်ဘူး။ စင်တင်အဆိုတော် လုပ်ရင်း အခြေအနေမကောင်းရင် ရှောင်လို့ရတယ်လေ။ စပွန်ဆာ ရှာချင်ရင် စပွန်ဆာ ဆိုတာ ဘာကြောင့်ပေးသလဲ ရှင်းနေတာပဲလေ။

    • R Ga

      March 22, 2011 at 11:10 am

      ခင်ဗျားပြောတာလည်းမှန်ပါတယ်။ အခြားအလုပ်တွေလုပ်ရင်ဒီလောက်မှ ငွေရမလွယ်တာကို…။ ဒီတော့ ငွေလွယ်လွယ်ရမယ်ဟာကိုရှာရင်းနဲ့ နစ်နေတာလေ။

  • zaw min

    March 22, 2011 at 3:55 pm

    ပြောရမယ်ဆိုရင် လွန်ခဲ့သောအနှစ်(၂၀)လောက်က မ.ဆ.လ ခေတ်တွင် ယခုခေတ်လောက် ပေါ်ပေါ်များများမရှိသေးပါ၊မဆိုးသေးပါလို့ ထင်မိပါတယ်။ရန်ကုန်မြို့တွင်းရှိသော တည်းခိုခန်းများလည်း ယခုလောက် မပေါ်များသေးပါ။ရန်ကုန်မြို့တွင်း မှတ်ပုံတင်နဲ့လည်း တည်းခိုခွင့်မပြုပါ။အနှိတ်ခန်းဟူ၍လည်းမပေါ်သေးပါ။ဘာကြောင့်ယခုလို မိူလိုပေါက်ရသလဲဆိုတာ စဉ်းစားကြည့်ယုံနဲ့သိနိုင်မယ်ထင်ပါတယ်။ရန်ကုန်မြိုလည်ရှိ ဆူးလေဘုရားပေါ်တောင် မရှောင်အလွန်ပေါ်များနေတယ်ဆိုတာ လွန်ခဲ့သောငါးနှစ်က မြန်မာပြည်ပြန်တုံး ပါစ်ပို့စ်ရုံးမှအပြန် ဆူးလေးပေါ် တက်ပီးဘုရားဖူး တုံးက ဘုရားဝတ်ပြုပီး ဘုရားကိုလက်ယာရစ်တစ်ပတ်ပတ်စဉ် အမျိုးသမီးငယ်နှစ်မှာ ဘေးမှ မသိမသာကတ်လျှောက်ပြီး အကိုကြီးဘာလိုသလဲဟု မသိမသာလေးမေးသွားပါတယ် ပြီးတော့နောက်ပြန်လည့်ကြည့်ပြီးတော့ ရယ်နေကြတယ်။ဘေးမှာပါလာတဲ့ သူငယ်ချင်း အဲဒါ ဘာညာတွေလေ လို့ဆိုတော့ ေဩာ်…ငါဒို့ မြန်မာပြည်ကြီးအလွန်တိုးတက်နေတာ ဒါတွေပါလားလို့ သိခဲ့ရပါတယ်…..ယနေ့ အထိရှိနေအုံးမှာပါပဲလို့ထင်မိပါတယ်….

Leave a Reply