Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘယ်အသင်းပထမ ရမှာလဲ

တညင္သားJuly 15, 20111min69616

၁၁ ကြိမ်မြောက် မြန်မာအသင်း(ကိုုရီယား)၏ ဥက္ကဌဖလား ဘောလုုံးပြိုင်ပွဲ

မြန်မာအသင်း (ကိုုရီးယား)၏ နှစ်စဉ် ကျင်းပမြဲဖြစ်သော ဥက္ကဌဖလား ဘောလုုံးပြိုင်ပွဲအား ၁၁ ကြိမ်မြောက်အဖြစ် ၂၀၁၁ ခုုနှစ် ဇူလိုုင်လ ၃၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ တောင်ကိုုရီးယားနိုုင်ငံအတွင်းရှိ ဒေသဆိုုင်ရာ မြန်မာဘောလုုံးအသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။

ပါဝင်ယှဉ်ပြိုင်ကစားကြမည့် မြန်မာဘောလုုံး အသင်းများမှာ –
၁ > အင်ချွန်းယူနိုုက်တက် ဘောလုုံးအသင်း
၂ > အောင်ဆန်းလူငယ် ဘောလုုံးအသင်း
၃ > ဂွမ်ဂျူး ဘောလုုံးအသင်း
၄ > အန်ဆန်းရှီဟွာ ဘောလုုံးအသင်း
၅ > မိုုးကြိုးလူငယ် ဘောလုုံးအသင်း
၆ > ချောင်းအူး (ယော်ဂျူး) ဘောလုုံးအသင်း
ရ > ဧရာဝတီ ဘောလုုံးအသင်း
၈ > ဒယ်ဂူး ဘောလုုံးအသင်း
၉ > ဂရောင်ဆန်း ဘောလုုံးအသင်း
၁ဝ > ဂေါ်ဂျယ် ဒယ်ဝူး မြန်မာ ဘောလုုံးအသင်း
၁၁ > အင်ချွန်း စောဂူ ယူနိုုင်တက် ဘောလုုံးအသင်း
၁၂ > Rakhapura ရက္ခပူရ ဘောလုုံးအသင်း
၁၃ > Hornbil Club ဘောလုုံးအသင်း

တိုု့ ဖြစ်ကြပါသည်။

………………………………………………………………………………….

အထက်ပါ အကြောင်းအရာက တော့ တောင်ကိုရီးယား နိင်ငံမှာ ရှိတဲ့ ရွေ့ပြောင်းအလုပ်သမားလို့ ခေါ်တဲ့ အလုပ်လာရောက် လုပ်ကိုင်နေသူတွေ ပွင့် လင်းရာသီ ဘောလုံးအကစားပွဲဖြစ်ပါတယ် ပေါ များလှတဲ့ မြန်မာအမျိုးသားတွေ ကျမ်မာရေး၊ စည်းလုံးရေး၊ ပျော်ရွှင်စေရေး စသည့် များပြားသော ရည်ရွယ်ချက်များဖြင့် နှစ်စဉ်နှစ်တိုင်းကျင်းပ လာခဲ့တာ (၁၁)ကြိမ်မြောက် ရှိပြီလို့ ဆိုပါတယ်……

အိမ်ကွင်း၊အဝေးကွင်းမရှိ ကြေးစားဘောလုံးသမားမပါ၊ခြေစမ်းပွဲမကန် တပွဲကို မိနစ် ၂ဝ ကျ တနေ့ထဲ အပြီး ဖလားရတဲ့အထိ ကျင်းပ မှာဖြစ်တယ်…ဘောလုံးဝါသနာရှင်များသာဖြစ်ကြပြီး လုပ်ငန်းခွင်အသီးသီလုပ်ကိုင်နေရင်း ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ် …….
ရွာသား၊ရွာသူများလဲ ပျော်စရာအနေနဲ့ မည်သည့် အသင်း ပထမ ရမည်ဆိုတာ ခန့်မှန်းပေးကြပါ..အဖြေမှန်ရင် .ဆုပေးပါ့မယ်ခင်ဗျား……

16 comments

  • nature

    July 15, 2011 at 9:15 pm

    ပထမရမဲ့ အသင်းကို Hornbil Club ဘောလုုံးအသင်း လို့မှန်းပါတယ်။

  • naywoonni

    July 15, 2011 at 9:17 pm

    ဘယ်လိုလုပ် သိနိုင်မလဲ တစ်ပ် ပေးလေ… အားကစားစာစောင်တွေအဲ ဂျာနယ်တွေလို ဘယ်အသင်းက ဘယ်တုန်းက ဘယ်လိုဆိုတာ…။ ဒါမှမဟုတ် ပေါက်ကြေးထုတ်လိုက်လေ… လောင်းရအောင်………. 😛

  • တညင်သား

    July 15, 2011 at 9:47 pm

    အဘနီရေ အခု ဟာက ပိုပြီး ကောင်းမလားလို့ နံကြားထောက်ပြီး ပြောကြည့်စေချင်တာ အားလုံးကတော့ သူမသာ ကိုအသုဘ ကြီးပဲ တခုတော့ ရှိတယ် မြန်မာ့လက်ရွေးစင်ဟောင်း နေသူလှိုုင်ကတော့ ဂေါ်ဂျယ်ဒေဝူးအသင်းမှာရှိတယ်..

  • nature

    July 15, 2011 at 9:55 pm

    ဆုကပေးမယ်ပဲပြောတယ်။ ဘာပေးမလဲပြောဦး။ ၁၃ကိုယ်ခွဲပြီး ၁၃ခုပြောရင်တော့ ဆုရပြီ။ အားနာတတ်တယ်။ ကားတော့မပေးနဲ့နော်။

  • ကြောင်ကြီး

    July 16, 2011 at 10:27 am

    ကွင်းလယ်ဒိုင်နဲ့ ပေါင်းရိုက်တဲ့အသင်း နိုင်ပါလိမ့်မယ်။
    အလောသုံးဆယ်ဖတ်လိုက်တာ မြန်မာအသင်း (မြောက်ကိုရီးယားဥက္ကဌ ဖလား) ဘောလုံးပြိုင်ပွဲဖြစ်သွားလို့ ဆဲတော့မလို့ သီသီလေးလိုတော့တယ်… 😀

  • nakyaw

    July 16, 2011 at 10:53 am

    အောင်ဆန်းလူငယ်အသင်း ပထမရမယ်။

  • manawphyulay

    July 16, 2011 at 10:58 am

    ဒါများ လွယ်လွယ်လေး တစ်သင်းကတော့ ပထမရမှာသေချာတယ်။ မနော မှန်းရင် မှန်တတ်တာများတယ်နော်…. 😛

  • windtalker

    July 16, 2011 at 1:32 pm

    ခြေစွမ်းအကောင်းဆုံး ပြတဲ့ အသင်း

  • king

    July 16, 2011 at 4:03 pm

    ဆုလက်ခံတဲ့အသင်း ဆုရရှိမှာ ဖြစ်ပါတယ် …
    ငှဲ ငှဲ … 😛

  • MaMa

    July 16, 2011 at 6:00 pm

    အင်းးးးးးးးးး အားလုံးကတော့ တော်တီးတီးတော်ရွာက သဂျီးရဲ့ ရွာသားတွေလို့ကို မပြောရဘူး လက်စွမ်းတွေ ပြနေလိုက်ကြတာ။
    🙂

  • ဆူး

    July 16, 2011 at 9:26 pm

    ၁၂ > Rakhapura ရက္ခပူရ ဘောလုုံးအသင်း
    ကို အားပေးသွားတယ်။
    အချိန်တန်ရင် သတင်းထုတ်ပြန်နော်.. အမေ့ခံမထားနဲ့ ဒါပဲ.. သတင်းစောင့်နေမှာ..

  • intro

    July 17, 2011 at 7:11 pm

    ကဲ.. ရမ်းကြိတ်လိုက်မယ်… ဒယ်ဂူး ကွာ….

  • pan pan

    July 18, 2011 at 1:28 pm

    ဧရာဝတီကွ…ကြားကျနေလို့

  • တညင်သား

    August 1, 2011 at 7:53 am

    ဒီပို့စ် ကတော့ နိင်ငံခြားရောက်နေသူတွေရဲ့ နေထိုင်မူ့ တစိတ်တဒေသဖြစ်လို့ တင်ပေးရခြင်းပါ….ရွာသားများ သုတများစွာ မရရှိ ခြင်းအတွက် ဒီနေရာကနေပြီး တောင်းပန်ပါတယ်….
    ဘယ်အသင်းနိင်မလဲ ခန့်မှန်းနိင်ရင် ဒေါ်လာတရာလောက် ချီးမြှင့်မလိုပါ…..:P 🙂
    ဒီနှစ် ကိုရီးယားမှာ မိုးရွာတာ နေ့တိုင်းနီပါးပါပဲ. မိုးရွာတိုင်းလဲ ရေကြီးတက်ပါတယ်.. ရေနုတ်မြောင်းကြီးတွေမှာ. ကားတွေ မျောပါသွားတာ လူတွေ ကို ကယ်ဆယ်ရေးလုပ်နေတာ သတင်းမှာကြည့်ရတယ်.. အဆိုးဆုံး ကတော့ မြေအောက်ခန်းတွေပါပဲ.ရေတွေ ပြည့်လျှံ နေတာပေါ့….
    ဒီနှစ်ကျင်းပတဲ့ မြန်မာ အသင်းဥက္ကဌ ဖလား (ကိုရီးယား) ရဲ့ (၁၁)ကြိမ်မြောက် ဘောလုံးပွဲဟာလဲ ရေတွေ့ပြည့်နေတဲ့ကွင်းထဲမှာ ကျင်းပပြီးစီသွားပါတယ်… ယခင်နှစ်များက အုပ်စုပွဲမှာတင် လှည့်ပြန်သွးရတဲ့ (ဂေါ်ဂျယ် ဒေဝူး) အသင်းက ပထမ..
    ပြိင်ပွဲကျင်းပတိုင်းနောက်ဆုံးနေရာမှာရှိပြီး ဒီနှစ်တော့အင်အားတောင့်တင်းတဲ့hornbil club(ချင်းလူငယ်)အသင်းက ဒုတိယ…
    အင်ချွန်းယူနိက်တက် အသင်းကတော့ (၁၁)ကြိမ်မှာ ၂၀၀၉ မှာ ဒုတိယ ၂၀၁ဝမှာ တတိယ နဲ့ ဒီနှစ် ၂၀၁၁ မှာလဲ တတိယ…
    အားလုံးကိုကျေးဇူးတင်ပါတယ်..

  • zawthulay

    August 1, 2011 at 11:26 am

    ဧရာဝတီအသင်းပထမရမယ်လို့ထင်ပါတယ်..

Leave a Reply