ဟာသလေးပါ (အရမ်းရီရလို့)
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။
ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်
းလောက်အောင် တားမနိုင်ဆီးမရ
ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။
တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး
လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန်
ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့
အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”
လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။
ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ
သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့
နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက်
အကြောင်းကြားထားလိုက်တယ်။
အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့
ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး
ထကြွသောင်းကျန်းလာပြန်တော့တာပေါ
အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင်
အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း
ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ
ဝယ်စားမိရောတဲ့။
ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။
အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး
သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။
အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန်
စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။
“အချစ်ရေ…. ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”
အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့
ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ
ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို
ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က
မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ
တယ်လီဖုန်းကို သွားကိုင်တယ်။
တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။
ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင်
ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို
အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက်
အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ
အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး
ဖြတ်မောင်းသွားသလိုပဲတဲ့။
ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို
လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင်
လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့
နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက်
ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး
ဖြတ်မောင်းသွားသလိုပါပဲတဲ့။
ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း
နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို
တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည်
တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ
ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ
ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊
လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့
ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။
ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့
ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ
အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင်
အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း
ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။
အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ
ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။
ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို
“ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။
15 comments
bigbird
March 21, 2011 at 2:04 pm
birthday လက်ဆောင်ပေါ့နော်။
paingwai
March 21, 2011 at 2:29 pm
အရမ်းရီရတာပဲနော် ။အရေးအသားအရမ်းကောင်းပါတယ် ——မျက်လုံးတွဲမှာ မြင်အောင်ရေးနိုင်တာကို ချီးကျုးပါတယ် ———
intro
March 21, 2011 at 2:57 pm
ဟားဟား… တကယ်ရယ်ရတယ်ဗျာ…
Gong Zhu
March 21, 2011 at 4:53 pm
ဟီးဟီး .. တစ်ခါတည်း အရှက်ပါကွဲရော … ရယ်ရတယ် … အပြင်မှာသာ ကိုယ်က အဲ့လိုဖြစ်မယ်ဆိုရင် ဘယ်လို အနေအထားမှာ ရှိမှာလဲ … တွေးကြည့်ကြည့်တာ … ဟီးဟီး
MaMa
March 22, 2011 at 12:15 am
ဖတ်ဖူးတယ်။ ဘယ်မှာဖတ်ဖူးလဲ မသိဘူး။
king
August 17, 2011 at 6:05 pm
ဟုတ်တယ်ဗျ
တူတူပဲ မှတ်ရတာတွေများလို့လည်း မသိဘူး ဖတ်ဖူးခဲ့တဲ့နေရာကို မေ့နေတယ်ဗျ
search123
March 22, 2011 at 3:27 am
ဒီလို ဟာသလေးတွေ များများတင်ပေးပါ။
morenyan
March 22, 2011 at 3:49 am
မှတ်သားဖွယ်ရာပဲ… ကောင်းလိုက်တဲ့ဟာသ..တစ်ခါမှ မကြားဖူးဘူး …..ဟားဟားဟီးဟီး
ဒီလို အဖိုးတန် ဟာသတွေ များများတင်ပေးပါ… ဟီးဟီး ဟားဟား
phantom
March 22, 2011 at 4:58 am
ဆိုးလိုက်တာ 😀 ပေါက်တဲ့သူကတော့ ထားပါတော့ဘေးက ဟက်ပီးဘတ်ဒေးပြောဖို့ စောင့်နေတဲ့သူတွေက ထွက်မပြေးပဲ ဘယ်လိုမျက်နှာနဲ့များ ထိုင်နေကြလဲ မသိ XD
santds
March 22, 2011 at 5:32 am
အရမ်းရီရတဲ့ဟာသတစ်ပုဒ်ပါ။ မေးလ်ထဲမှာ ပြန့်နေတာတော့ကြာပါပြီ။
Ko Ko Aung
March 22, 2011 at 5:48 pm
မနေ့ကတည်းကဖတ်ခဲ့ပြီး ဝင်မပြောတော့ဘူးလို့စဉ်းစားထားပေမယ့် မနေနိုင်လို့ဝင်ပြောပါရစေ။ အတော်ကောင်းတဲ့ဟာသလေးပါပဲ။ အကြောင်းအရာ ပိုင်းကိုက ဟာသမြောက်ပါတယ်။ ဒါပေမယ့် အခုပိုစ့်မှာတော့ အရေးအသား အသုံးအနှုံး တင်ပြပုံ ကောင်းလွန်းလို့ ရေးတဲ့သူကိုချီးကျူးမိပါတယ်။
winkhant
August 17, 2011 at 5:43 pm
ဟိ ဟိ ဟိ .. အဲဒါ ရွာထဲက ရွာသူပဲ ဖြစ်ရမယ် .. တေရောပဲနော်
thar ag
June 25, 2012 at 8:40 pm
Yin Nyine Nway သူဘဲဖြစ်ရမယ် ဟုတ်တယ်မလား
ခပ်မိုက်မိုက် ကောင်မလေး
June 25, 2012 at 11:04 pm
တကယ်ရီရတယ်နော်…
မိုက်တယ်…
အဲ့အန်တီမမ..တစ်ယောက်တော့…
တော်တော်လေး ရှက်သွားမှာပဲနော်….
သနားပါတယ်….။
kyaw swar
June 25, 2012 at 11:46 pm
အော်းးးးးးးးနာဇီတွေ ဂျူး လူမျိုးတွေ ကို အစုလိုက် သတ်တုံးက
အဲ့ဒ်လိုမျိုး အဆိပ်ငွေ့ ပေးသတ်တာ
ခံရတော်တော်ခက်မယ်