အကောင်ငယ် ပေမဲ့
ကျွန်တော် နာမည် စာဘူးတောင်းပါ ခင်ဗျ။ အိမ်ယာတွေကို ကိုယ်တိုင် ဆောက်တယ်။ ဇနီးနဲ့ သားသမီးတွေ မျက်နှာ မငယ်ရအောင် ကျွမ်းကျင်စွာ အိမ်ဆောက်နိုင်တယ်။
စာဘူးတောင်း အိမ်ယာ စီမံကိန်းကြီး တခုဖြစ်ပါတယ်။
အိမ်တွေရဲ့ အရှည် မှန်းလို့ရအောင် မော်ဒယ်ငှား ရိုက်ယူထားတယ်။
11 comments
bigbird
March 21, 2011 at 4:11 pm
ငှက်သိုက်တွေပြထားတာ အန်တီဆူးက ငှက်မွေးမလို့လားဟင်။ဟား..ဟား
ငှက်မွေးရင် ကြီးကြီးမမွေးနဲ့နော်၊အကောင်လေးမွေး၊ထိန်းရလွယ်တယ်။
Oo Oo
March 21, 2011 at 4:15 pm
ပိသုကာပညာတတ်တဲ့စာကလေးတွေပါပဲ…သူတို့ဆောက်ထားတဲ့အိမ်တွေတော်တော်ခိုင်တယ်နော်
ဆူး
March 21, 2011 at 4:19 pm
အဲဒီ ငှက်အိမ်တွေ တော်တော် ခိုင်တယ်။ ဆွဲဖြုတ်ပြီး တစစီ သွားဆွဲရင် မပြုတ်ဘူး။
အစ မြင်တာနဲ့ အိမ်ဖြစ်အောင် ဆောက်တော့တာဘဲ။
အရင်က သမိုင်းဘက်က သစ်ပင် တစ်ပင်မှာ အဲဒီ အကောင် အိမ်တွေ အများကြီး မြင်မိတယ်။ နာဂစ်ပြီးတော့ သတိထားမိလို့ ကြည့်လိုက်တော့ မရှိတော့ဘူး။ သနားပါတယ်။ သူတို့ ခမျှာ ပင်ပင်ပန်းပန်း လုပ်ထားရတာလေးတွေ သစ်ပင်နဲ့ အတူ ပါသွားရှာတယ်။ အကောင်တွေ တောင် အသက်ရှင် ကျန်မကျန် ပြောလို့ မရဘူး။
Gong Zhu
March 21, 2011 at 4:42 pm
ဟိုတစ်လောက အေးတုန်းကလေ လမ်းဘေးခွေးတွေ ၊ ကြောင်တွေ ၊ ငှက်တွေ ချမ်းနေမလားမသိဘူးလို့တောင်စဉ်းစားလိုက်မိသေးတယ် … သူတို့က ချမ်းတတ်မှာပေါ့နော် … မိုးရွာရင်လည်း ချမ်းမှာပဲနော် …
ဆူး
March 21, 2011 at 4:48 pm
ချမ်းမချမ်းတော့ မသိဘူး အိမ်မှာ တန်းစီ လျောက်နေတဲ့ ပုရွက်ဆိတ်တွေ အဲဒီတုန်းက လမ်းလျောက်တာ မတွေ့ဘူး။ အခု မအေးတော့ ပြန်လျောက်နေကြတယ်။
kopauk mandalay
March 21, 2011 at 4:43 pm
လူနေတော့အိမ်
ငှက်နေတော့ ဘူးတောင်း
မိချောင်းနေတော့အသိုက်
အဲဒီသုံးယောက်လုံးက ကိုယ်နေတဲ့နေရာကို ကိုယ်တိုင်လုပ်ကြတာလေ
မိုက်ကယ်ဂျော်နီအောင်ပု
March 21, 2011 at 6:36 pm
သဘာဝတွေပေါ့ဗျာ
လှတယ်လား
အောင်ပုတို ့ရွာမှာတော့ အဲ့သည်ငှက်တွေရဲ ့
အသိုက်တွေကို စီမံကိန်းဆွဲပြီးတော့ကို
ဖျက်ဆီးကြရတာ
ရက်စက်တယ်လို ့ပြောမလို ့လား
ဒါဆိုထမင်းမစားကြနဲ ့ကျောက်ခဲမီးဖုတ်စားကြ
မဟုတ်လို ့ကတော့ အဲ့သည်ကောင်တွေက
လယ်တောတွေမှာ မျိုးကျဲချိန်ကနေ
စပါးမှည့်တဲ့ချိန်ထိ ဒုက္ခပေးတာ
kai
March 21, 2011 at 8:50 pm
အဲဒီလိုမစဉ်းစားပါနဲ့ ကိုရင်အောင်ပုရယ်..။
စာဗူးတောင်နွယ်ငှက်တွေဆိုတာ.. ပိုးမွှားတွေတရက်အကောင်ရာချီထောင်ချီစားတာမို ့… ငှက်တွေအသိုက်ဖျက်ရင်..ငှက်တွေဒုက္ခရောက်.. အသက်တိုမယ်..သေမယ်ဖြစ်ကြမှာမို ့.. ပိုးမွှားအသက်တွေ သောင်းချီကယ်ပေးလိုက်တယ် ..မှတ်ပါ..မှတ်ပါ..။
အသက်အချိုးချရင်… သောင်းချီကယ်ဖို့.. ဆယ်ဂဏန်းလောက် သေရတာပေါ့..။
ကြားထဲ..ကိုရင်အောင်ပုတို ့ရွာသားတွေ.. .ကုသိုလ်ရတယ်မှတ်ပါ..မှတ်ပါ…။ 🙂
bigcat
March 22, 2011 at 1:42 am
ရက်စက်လှချည်လား ကိုအောင်ပုရယ်။ လူတွေက ထမင်းမစားရရင် ပေါင်မုန့်ဒိန်ခဲအသားညှပ် စားလို့ရတယ်၊ တရုပ်တန်းသွား ကြေးအိုးသောက်၊ မြို့ထဲမှာအသားကင်စားလို့ ရတယ်ဗျ။ ငှက်လေးတွေမှာ ဒီစပါးစေ့တွေမှ မစားရရင် တခြားဘာသွားစားမလဲ။ ခင်ဗျားစားမဲ့ ကြက်ကျော်ကို စပါးနှံလုပ် ကျွေးမလား… စဉ်းစား စဉ်းစား..
etone
March 22, 2011 at 3:43 am
ဘုရားမှာ ဖမ်းရောင်းတဲ့ အကောင်တွေထဲမှာလည်း သူတို့ပါတယ် …
ဆူး
March 22, 2011 at 1:33 pm
ဘုရားမှာ ရောင်းတဲ့ အကောင်တွေက လယ်ထဲက လာတာ ဆိုတော့ မြို့ပေါ်ရောက်တဲ့ အချိန်မှာ သူတို့ မျက်စိသူငယ် နားသငယ် ဖြစ်ပြီး လှောင်အိမ်ထဲက လွတ်တဲ့ အချိန်မှာ ဘယ်သွားရမှန်း မသိဘဲ ကျီးကန်းတွေ လိုက်ဆိတ်တာ ခံရတာတွေ တွေ့ဘူးပါတယ်။