Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆန်းကြယ်အံ့ဖွယ် ခရမ်းချဉ်

Yin Nyine NwayMarch 24, 20111min58118

မိုက်တ်သည် အင်္ဂလိပ်လက်ဝှေ့ အားကစားသမားဖြစ်သည်။ လက်ဝှေ့ထိုးခြင်းမှ အနားယူလိုက်သောအခါ ဝလာသည်။ ၂၀၀၃-ခုနှစ် ဩဂုတ်လတွင် အသက် ၂၉-နှစ်ရှိ မိုက်တ်သည် သူ့မိခင်၏ ဇာတိဖြစ်သော စပိန်နို်င်ငံ ပုနီဩလ်မြို့ငယ်လေးသို့ အပန်းဖြေခရီး ထွက်ခဲ့သည်။ တနှစ်တခါ ကျင်းပမြဲဖြစ်သော ခရမ်းချဉ်သီးပွဲတော်နေ့နှင့် ကြုံဆုံတိုက်ဆိုင်သည်။ တိုးဝှေ့လူအုပ်ထဲမှမိန်းမချောလင်ဒါနှင့် မြင်လျှင်မြင်ချင်း ချစ်ခင်စွဲမက်ကြပြီး ၄-လအကြာ၌ အိမ်ထောင်ပြုကြလေသည်။
မိုက်တ်သည် ဤမြို့လေးကို နှစ်သက်သည်။ ယောက္ခမကလည်း မိုက်တ်ကို ဤမြို့တွင်ပင်နေစေလိုသည် ဖြစ်၍ ခရမ်းချဉ်သီး အရောင်းအဝယ်လုပ်ငန်းကို တည်ထောင်ပေးသည်။ လင်ဒါတို့ တမိသားစုလုံး ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်ကြသည်။ ခရမ်းချဉ်သီး ငန်းအသည်းကြော်ချက်၊ ခရမ်းချဉ်သီးပြောင်းဖူး ဟင်းရည်ပျစ်၊ ခရမ်းချဉ်သီးတို့ဟူးကြော်ချက် စသည့် အနံ့အရသာကောင်း၍ အဆင်းပါလှသော ဟင်းမျိုးစုံချက်စားလေ့ရှိသည်။ သို့သော် မိုက်တ်ကတော့ အကျင့်အရ ခရမ်းချဉ်သီးကို အသီးတမျိုးကဲ့သို့ အစိမ်းစားရသည်ကို ပိုနှစ်ခြိုက်သည်။
တနှစ်ကျော်သွားပြီးသော တနေ့တွင် ယခင်လက်ဝှေ့အသင်း ဆရာဝန်၏ တယ်လီဖုန်းရသည်။ သူနှင့်တချိန်တည်း လက်ဝှေ့ထိုးခြင်းမှ အနားယူသွားသူတယောက်သည် အဝလွန်၍ နှလုံးသွေးကြောရောဂါ ရုတ်တရက်ဖြစ်ပွား ဆုံးပါးသွားသည့်အတွက် သူ့ကို ဆေးစစ်ဆေးရန် အထူးတလည်မှာကြားလေသည်။
အဝလျှော့ရန်မရှိသော မိုက်တ်သည် ဆေးစ်သောအခါ နှလုံးသွေးကြော မူမမှန်ခြင်းနှင့် သုက်ရည်ဂလင်း (Prostate Gland) ရောင်ရမ်းခြင်းတို့ကို တွေ့ရှိရသည်။ လွန်ခဲ့သော ၆-လခန့်ကပင် သူမကြာခဏ ရင်ဝတွင် တစ်ဆို့တို့ ဖြစ်တတ်သည်ကို၎င်း။ တခါတရံ ခေါင်းမူးအားယုတ်သည်ကို၎င်း၊ တခါတရံ ဆီးသွားရ ခက်သည်ကို၎င်း၊ ယခုမှ သတိထားမိလေသည်။ မိမိကိုယ်ကို အသက်ငယ်သည်၊ အားကစားအခံရှိသည် ဆိုပြီး လျစ်လျူရှုထားခဲ့သည်။ ယခုမူ ဆေးရုံမှ စားဆေးတပုံကြီး ယူဆောင်လာသည့်အပြင် အားကစားလေ့ကျင့်သော စက်ကိရိယာများလည်း ဝယ်ယူလေ့ကျင့်ရတော့သည်။
ကိုယ်အလေးချိန် လျော့သွားသော်လည်း ရောဂါအခြေအနေသည် ကောင်းမလာပါ။ သူစိတ်ပူလာသည်။ လက်ဝှေ့အသင်း ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းတိုင်ပင်သည်။ ဆရာဝန်ကလည်း လက်ဝှေ့အသင်း၏ အကြံပေးဆရာဝန်ကြီးဖြစ်သူ အော့စ်ဖို့ဆေးတက္ကသိုလ် ပါရဂူ ရှိခက်စ်ထံ တင်ပြလိုက်သည်။
ပါရဂူက ရှင်းပြသည်မှာ နှလုံးသွေးကြောရောဂါနှင့် သုက်ရည်ဂလင်းရောင် ရောဂါတို့သည်
(၁) ကိုယ်တွင်း အဆီဓာတ်များခြင်း။
(၂) နှလုံးဝန်ပိခြင်း။
(၃) သွေးလှည့်ပတ်မှုနှေးခြင်း။
(၄) သွေးကြောယိုယွင်းခြင်းတို့နှင့် သက်ဆိုင်သည်။
အချို့သူသည် သွေးကြောအတွင်း၌ လွတ်လပ်ရယ်ဒီကယ် (အောက်ဆီဂျင်နှင့် ပေါင်းစပ်ပြီးသော အဆီတမျိုး ပိုများနေ၍ သွေးကြောကို မာကျောစေနိုင်သည့်အတွက် သွေးလည်ပတ်မှု မချောမွေ့တော့ဘဲ နှလုံးသွေးကြောရောဂါ ဖြစ်စေတတ်သည်။
လွတ်လပ်ရယ်ဒီကယ်သည်   ဦးနှောက်သို့ သွားသောသွေးကြောတွင် ပိတ်ဆို့နေလျှင် အသက်သေစေနိုင်သော လေဖြတ်ခြင်းဖြစ်နိုင်သည်။ မျိုးပွားအင်္ဂါသို့ ဆက်သွယ်သော သွေကြောကို ပိတ်ဆို့ခဲ့လျှင် သုက်ရည်ဂလင်း ရောင်ရမ်းသောရောဂါ ဖြစ်စေနိုင်သည်။ ထို့ကြောင့် မိုက်တ်၏ ရောဂါများ ပျောက်ကင်းစေရန် ကိုယ်အလေးချိန်လျှော့ချရုံနှင့် မရဘဲ သွေးကြောများ သွေးလည်ပတ်မှု ချောမွေ့မှ ဖြစ်ပါမည်။
ပါရဂူ၏ အကြံပြုချက်ဖြင့် မိုက်တ်သည် အင်တီအောက်ဆီဒင့် ဆေးများ စသောက်သည်။ သို့သော် ဤဆေးများ၏ဘေးထွက်ဆိုးကျိုးသည် ပြင်းထန်သည်။ မိုက်တ် ဒုက္ခရောက်သည်ကို လင်ဒါမကြည့်ရက်၍ သူ့ဖခင်ကဲ့သို့ ချက်ပြီး ခရမ်းချဉ်သီးစားရန် တိုက်တွန်းလေသည်။ သို့နှင့် မိုက်တ်သည် ဆေးရပ်ထားပြီး ခရမ်းချဉ်သီးချက်များကို များများစားလေသည်။
၆-လခန့်ကြာသောအခါ မိုက်တ်ကိုယ်တိုင် သွေးကြောသွေးလည်ပတ်မှု ချောမွေ့လာပြီဟု ခံစားရလေသည်။ ဆေးစစ်ကြည့်သောအခါ သွေးအတွင်းရှိ လွတ်လပ်ရယ်ဒီကယ်များ လျော့နည်းသွားပြီး နှစ်လရှည်ကြာစွာ ဒုက္ခပေးသော သုက်ရည်ဂလင်း ရောင်ရမ်းနာပါ သက်သာလာပြီ။
ပါရဂူသည် ဤအကြောင်းကို အလွန်စိတ်ဝင်စားပြီး အော့စ်ဖို့ ဆေးတက္ကသိုလ်မှ သုတေသနအဖွဲ့ တဖွဲ့ကို ဦးဆောင်ခေါ်ယူကာ ပုနိဩလ်မြို့ကလေးသို့ လာရောက်လေ့လာလေသည်။ မြို့သူများ၏ အသားရေသည် အဖြူရောင်ထဲ အနီရောင်သန်းနေသည်။ မြို့သားလူအိုများပင် ကျန်းမာသန်စွမ်းသည် မြို့ကလေး ပတ်ဝန်းကျင်တွင် ခရမ်းချဉ်သီး စိုက်ပျိုးကြသည်။ ခရမ်းချဉ်ဆော့စ်နှင့် အခြားခရမ်းချဉ်သီး အချောကိုင်စက်ရုံများ ထူထောင်ထားကြသည်။ ခရမ်းချဉ်သီးသည် ဤမြို့ငယ်၏ စီးပွားရေးပင်ရင်း ဖြစ်ရုံသာမက မိသားစုတိုင်း၏ ထမင်းစားဝိုင်းတွင်လည်း အဓိကအစားအစာ ဖြစ်သည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်စီဓာတ် ပါဝင်၍ ဓာတ်မပျက်စီးရန် အစိမ်းစားသင့်သည်ဟု သိပ္ပံပညာရှင်များ တိုက်တွန်းခဲ့သည်မှာ  ရှေးပဝေသဏီက ကိစ္စဖြစ်သည်။ ယခု ခရမ်းချဉ်သီးအကျက်တွင် မည်သို့သော လျှို့ဝှက်ချက် ရှိလေမည်နည်း။
ခရမ်းချဉ်သီးကို ၈၈.C ထိ အပူပေးပြီး သုံးအုပ်စု ခွဲလိုက်သည်။ က-အုပ်စုကို ၂-မိနစ်၊ ခ-အုပ်စုကို ၁၅-မိနစ်၊ ဂ-အုပ်စုကို မိနစ် ၃၀-ကြာအောင် ချက်ပြီး အစိမ်းနှင့် နှိုင်းယှဉ်ကြည့်သည်။ အပူပေးချိန် ကြာလေ ဗီတာမင်စီဓာတ် နည်းလေဖြစ်သည်။ သို့သော် အခြားဓာတ်တမျိုးသည် အပူပေးချိန်ကြာလေ များလာလေဖြစ်သည်။ ဤဓာတ်မှာ ခရမ်းချဉ်နီဓာတ် ဖြစ်သည်။
လွတ်လပ်ရယ်ဒီကယ်များစွာ သွင်းထားသော စမ်းသပ်သွေးရည်ထဲသို့ ခရမ်းချဉ်နီဓာတ် ထိုးသွင်းစမ်းသပ် ကြည့်ရှုသည်။ ခရမ်းချဉ်နီဓာတ်မှ ရှင်းလင်းနိုင်သော လွတ်လပ်ရယ်ဒီကယ် အရေအတွက်သည် ဗီတာမင် အီး၏ အဆ-၁၀ဝ ဖြစ်ပြီး ဗီတာမင် စီ၏ အဆ-၁၀၀ဝ ဖြစ်သည်ကိုလည်း နှိုင်းယှဉ်တွေ့ရှိသည်။
ဤအားကောင်းသော သဘာဝ အင်တီအောက်ဆီဒင့်ကို နိုင်ငံပေါင်းစုံမှ အသည်းအသန်ရှာဖွေနေကြ သည်မှာ အချိန်အတော်အတန် ကြာပြီ။ အကြောင်းမှာ လူတို့သည် အသက်ရှင်ရန် နေ့တိုင်း အောက်ဆီဂျင်ကို ရှူးသွင်းရသည်။ အောက်ဆီဂျင်သည် လူကို အသက်ရှင်ရပ်တည်စေနိုင်သည့် တချိန်တည်းတွင် လူကို အန္တရာယ်ပြုသော လွတ်လပ်ရယ်ဒီကယ်များကိုလည်း ဖြစ်ပေါ်စေသည်။ လွတ်လပ်ရယ်ဒီကယ်ဖြစ်ပေါ်မှု လွန်ကဲလျှင် လူကို ပို၍ လျင်မြန်စွာ အိုမင်းစေပြီး ကျန်းမာရေးကို ထိခိုက်လာသည်။
ခရမ်းချဉ်နီဓာတ်သည် သုက်ရည်ဂလင်းကို မည်သို့ အကျိုးသက်ရောက်သည်ကို လေ့လာရန် ခရမ်းချဉ်သီးအနီဓာတ်ကို သုက်ရည်ဂလင်းသို့ တိုက်ရိုက်ထိုးသွင်းပေးပြီး စောင့်ကြည့်သည့်အခါ သုက်ရည်ဂလင်းနှင့် ကျောက်ကပ်အထက်ဂလင်းတို့တွင် ယင်းဓာတ်များ စုနေပြီး ဂလင်းအရည် ထုတ်လွှတ်မှုကို တိုးပွားစေသည်။ ဤအရည်သည် သုက်ရည်တွင် အဓိကဖွဲ့စည်းပါဝင်သော အရည်ပင်ဖြစ်သည်။
တဖန် အမျိုးသမီးများကို သုတေသနပြုသောအခါ ခရမ်းချဉ်နီဓာတ်သည် မ,ဟော်မုန်းကို သိသာစွာ ထုတ်လွှတ်စေနိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် ယောက်ျားများကို ယောက်ျားပီသစေပြီး မိန်းမများကို လှပစေသော ခရမ်းချဉ်သီးကို ချစ်မေတ္တာသီး-ဟု အာနိသင်သိသူများက တင်စားခေါ်ဝေါ်ကြသည်။
၁၉၉၇-ခုနှစ် ဩဂုတ်လ ၂၂-ရက်နေ့တွင် ရှိခက်စ် ပါရဂူသည် မိမိ၏ သုတေသန တွေ့ရှိချက်များကို ကမ္ဘာသို့ ကြေညာလိုက်သည်။ အလေးထားစားသုံးသူများလာသည်။ အချို့က အကျိုးမထူးဟု ဆိုကြသည်။ ပါရဂူသည် ဆက်လက်စမ်းသပ်လေ့လာသည့်အခါ အချို့သူများသည် ခရမ်းချဉ်းနီဓာတ်၏ တုံ့ပြန်မှုမရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် လူတို့၏ ခရမ်းချဉ်နီဓာတ်ကို လက်ခံတုံ့ပြန်နိုင်စွမ်းသည် တယောက်နှင့်တယောက် မတူညီဟု ကောက်ချက်ချသည်။
ကံအားလျော်စွာ မိုက်တ်သည် ခရမ်းချဉ်နီဓာတ်ကို လွန်စွာလက်ခံတုံ့ပြန်လွယ်သောသူတယောက် ဖြစ်နေ၍သာ ရောဂါပျောက်ကင်းသွားခြင်းဖြစ်သည်။ ၂၀၀၈-ခုနှစ် ဖေဖော်ဝါရီလမှစ၍ ခရမ်းချဉ်သီးမှ ခရမ်းချဉ်နီဓာတ်ကို စီးပွားဖြစ် အမြောက်အမြား ထုတ်ယူရန် ကြိုးစားသည်။ တနှစ်ကျော် ကြာပြီး နောက်မှ အော့စ်ဖို့ဆေးတက္ကသိုလ် လက်အောက်ရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီစက်ရုံမှ နှလုံးသွေးကြောနှင့် သုက်ရည်ဂလင်းအတွက် အာဟာရဖြည့်စွက်အားဆေး-ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ နှလုံးရောဂါရှင် ၁၅၀-ကို ၈-ပတ်ကြာ တိုက်ကျွေးစမ်းသပ်သည်။ ဘေးထွက်ဆိုးကျိုး လုံးဝမခံစားရဘဲ ကိုလက်စ်ထရော လုံးဝသုညဖြစ်သွားသည်ကို တွေ့ရသည်။
အမေရိကန် Time မဂ္ဂဇင်းမှ ခရမ်းချဉ်သီးကို ၂၁-ရာစု၏ ကျန်းမာရေးထိပ်ခေါင် အသီးဘုရင်ဟု တင်ပေးလိုက်သည်။ မဂ္ဂဇင်းမှ ဖော်ပြသော အကြောင်းရင်းမှာ-
(၁) ခရမ်းချဉ်နီဓာတ်သည် မော်တော်ကား အိတ်ဇောမှ ထုတ်လွှတ်သော ညစ်ညမ်းဓာတ်ငွေ့နှင့်
ဆေးလိပ်သောက်သူ၏ ကင်ဆာဖြစ်စေနိုင်သော အခိုးငွေ့မှ ကာကွယ်ပေးနိုင်သည်။
(၂) ခရမ်းချဉ်နီဓာတ်တွင် ပါဝင်သော သဘာဝ အင်တီအောက်ဆီဒင့်သည် ကင်ဆာဖြစ်စေနိုင်သော
လွတ်လပ်ရယ်ဒီကယ်ကို ထိန်းချုပ်နိုင်သည်။
(၃) ခရမ်းချဉ်သီးတွင် ပါဝင်သော Glutathion (Tathio) ဓာတ်သည် အဆိပ်အတောက်ပြယ်စေနိုင်ကာ
ဆဲလ်များ အိုမင်းခြင်းကို နောက်ကျစေနိုင်ပြီး ကင်ဆာဖြစ်ပေါ်မှုကို လျော့နည်းစေနိုင်သည်။
ထို့ကြောင့် သုက်ရည်ဂလင်းရောဂါရှိသူ၊ ဝဖိုင့်သူများ သွေးတွင် ကိုလက်စ်ထရောဓာတ် မြင့်သူများနှင့် အသားအရေ စိုပြည်လှပလိုသူများသည် ခရမ်းချဉ်သီးဟင်း ချက်စားသော အလေ့အထ မွေးယူလျှင် အကျိုးများစွာ ဖြစ်ထွန်းမည်မှာ မလွဲပေ။
( တရုတ်ဘာသာ Zhiyin 2009-ဩဂုတ်လထုတ် မဂ္ဂဇင်းမှ ကောက်နုတ်ဘာသာပြန်ပါသည်)
ပါမောက္ခ ဒေါ်ခင်ဖြူ

 

18 comments

  • MaMa

    March 25, 2011 at 12:49 am

    ပညာပေးစာပေလေးကို သဘောကျတယ်။ ကိုယ်သိသလို သိစေချင်တဲ့ စေတနာကိုလည်း လေးစားပါတယ်။ ကိုယ့်အတွက်လည်း အရမ်းအသုံးဝင်တယ်။ ထပ်သိချင်တာလေးက ခရမ်းချဉ်သီးကို ဘယ်လိုချက်ချက်၊ ဘာနဲ့တွဲချက်ချက် အကျိုးရှိတာပဲလား။ ဘာ့ကြောင့်ဆို ကိုယ်က ခရမ်းချဉ်သီးကို အစိမ်းစားတာနဲ့ မျှင်ငပိနဲ့ချက်စားတာပဲ ကြိုက်တယ်။ အသား ငါးနဲ့ ရောချက်စားတာကို မကြိုက်ဘူး။

  • dream

    March 25, 2011 at 2:31 am

    ခရမ်းချဉ်သီး ကြော်ချက်စားတာက ကင်ဆာကို ကာကွယ်နို်င်တယ်လို့တော့ ကြားဖူးတယ်။ အခုလို အပြည့်အစုံသိရတဲ့အတွက် အများကြီး အကျိုုးကျေးဇူးရှိပါတယ် 🙂

  • ယောလေး

    March 25, 2011 at 3:11 am

    ခရမ်းချဉ်သီးကိုတော့ အစိမ်းသုတ်စားတာ ပိုကြိုက်လို့……….

  • search123

    March 25, 2011 at 3:44 am

    အစိမ်းကို ပိုကြိုက်ပါတယ်။

  • antimoe

    March 25, 2011 at 3:48 am

    ရှမ်း၊ကယားပြည်နယ်ဘက်မှာ ကြက်၊ဝက်၊ငါး အသားတွေကို ခရမ်းချဉ်သီးနဲ့ ဆီလည်ရေလည်ချက်လေ့ရှိတယ်။
    ပဲပုတ်၊မြေပဲ ဘာပဲဖြစ်ဖြစ်ခရမ်းချဉ်သီးသုံးပြီးချက်တယ်။
    နေ့တိုင်းစားဖြစ်တယ် ဆိုပါတော့။
    ကောင်းလို့စားတယ်။
    စားတော့ (ကျန်းမာရေး)ကောင်းတယ်။
    မသိပဲစားနေတာထက်..သိတော့ ပိုကောင်းတာပေါ့။
    ခရမ်းချဉ်သီးမကြိုက်တဲ့ အပျိုမလေးတွေကို စားရင်သေချာပေါက်..အလှတိုးမယ် လို့သာ ပြောလိုက်။
    စားကြမှာ။

  • nigimi77

    March 25, 2011 at 5:26 am

    ခရမ်းချည်သီးကတော့ ဟုတ်ပါပြီ။ Cpmputer & Cell Phone က ဘာလဲ။

  • antimoe

    March 25, 2011 at 8:13 am

    နီဂီမိရေ…
    ဒီလိုရှိပါတယ်..
    ခရမ်းချဉ်သီးဈေးကောင်းရတုန်းက..ခရမ်းချဉ်သီးစိုက်တဲ့သူတွေ..
    Computer တို့ Cell Phone တို့..အရစ်နဲ့ဝယ်နိုင်ခဲ့ပေမယ့်.. အခုလို၁ပိဿာ၁၀ဝကျပ်ဈေးလိုမျိုးနဲ့ကြုံရင်တော့..
    ဝယ်ထားတဲ့ Computer တို့ Cell Phone တို့ကို အရှုံးနဲ့..ပြန်ထုတ်ရတယ်လို့ပြောချင်တာပါ။
    ရင်ငြိမ်းနွေးကိုယ်စား….

  • Yin Nyine Nway

    March 25, 2011 at 2:23 pm

    ကျေးဇူးပါ

  • ဆူး

    March 26, 2011 at 3:42 pm

    ခရမ်းချဉ်သီး ကို ငယ်ငယ်က အရမ်းကြိုက်တယ် အမေ ဈေးခြင်းတောင်းထဲမှာ ခရမ်းချဉ်သီးပါလာရင် ရေဆေးပြီး တခါတည်း ကိုက်စားတော့တာဘဲ။ ခရမ်းချဉ်သီး မုန်လာဥ ရေဆေးပြီး အစိမ်းလိုက် ကိုက်စားတာ ကြိုက်တယ် အခုတော့ မစားချင်တော့ဘူး။ အသားအရေကတော့ လှတယ် အဲဒါတွေ စားရင်။

  • Gong Zhu

    March 26, 2011 at 6:02 pm

    အရင်က မကြိုက်ဘူး … နောက်တော့ အစ်ကိုက အသားအရေလှချင်ရင် ခရမ်းချဉ်သီးစားဆိုလို့ ခုဆို စိမ်းစိမ်း ၊ သုတ်သုတ် ၊ ချက်ချက် စားတယ် ။ ဂျပန်မှာ ခရမ်းချဉ်သီး ဖျော်ရည်ဈေးကြီးလို့ ခရမ်းချဉ်သီး ဒီအတိုင်းစားတယ်လို့ သူငယ်ချင်းက ပြောတယ် …

  • nature

    March 30, 2011 at 5:25 pm

    ခရမ်းချဉ်သီးကိုပဲပုတ်နဲ့ချက်တာာကြိုက်တယ်၊
    ဒါပေမဲ့ဂေါက်ရှိတော့ ဂေါက်ကခရမ်းချဉ်သီးနှင့်မတည့်ဘူးလို့ပြောတယ်။

    • ဆူး

      March 31, 2011 at 3:32 pm

      ဂေါက်ရောဂါ က အစေ့ မစားရင် ရတယ် မဟုတ်လား။ ခရမ်းချဉ်သီး အစေ့ထဲမှာ ပါတဲ့ ဓါတ်က ဂေါက်ရောဂါ ဖြစ်စေတာ တော့ သိတယ်။

    • kai

      March 31, 2011 at 11:35 pm

      Are tomatoes bad for gout?
      No there is no connection between gout and tomato’s. as a mater of fact a reasonable amount o vegetable is good for gout.
      Although this may be true for whole tomatoes I have personally had 2 bouts of gout brought on by drinking tomato juice. I have only just confirmed that tomato juice is a cause of gout today with a medical professional.
      I have never had an attack of gout from eating whole tomatoes, tomato soup or tomato sauce; so it may be something to do with the processing of the tomato juice.
      Other vegetables (fruits) that are bad for gout are asparagus, mangoes and mushrooms.

      Read more: http://wiki.answers.com/Q/Are_tomatoes_bad_for_gout#ixzz1IDwabpFL
      =========
      My elderly mother has gout and she was told she can’t eat tomatoes. Are tomatoes high in purines or can she eat them?
      Answer

      Gout is a form of arthritis caused by a build up of uric acid. In the past, plants of the nightshade family – tomatoes, potatoes, eggplant and peppers – were eliminated to treat osteoarthritis but there is no scientific basis for that. Diet therapy for gout limits foods that are very high in purines because purines breakdown to uric acid. Limited foods include organ meats; game meat; large portions of all meat, like bacon, beef, pork, and lamb; anchovies, sardines, herring, mackerel and scallops; meat gravies and extracts; and beer. Research suggests that vegetarian diets high in purines from vegetables and soy products are less likely to cause gout than diets containing meat and seafood. It is also important to drink water and other fluids to flush out uric acid and to lose weight when needed.
      http://caloriecount.about.com/tomatoes-restricted-treating-gout-q11759

  • manawphyulay

    March 31, 2011 at 4:00 am

    ခရမ်းချဉ်သီးကို သုပ်စားဖြစ်တာ များတယ်။ဟောတစ်လောကတော့ အစာအိမ်ဖြစ်တော့ ဆရာဝန်က မစားခိုင်းဘူး ဘာလို့လဲမသိဘူး။ မနောကတော့ မနေနိုင်လို့ နောက်ရက် သုပ်စားဖြစ်ပြန်တယ်လေ….

  • Shwe Tike Soe

    March 31, 2011 at 4:11 am

    အင်းကျေးဇူးတင်ပါတယ်
    ကျွန်တော်တို. မန္တလေးမှာ ခရမ်းချဉ်သီးချက်ဆို နေ.တိုင်းပါတယ် ဟင်းချက်ရင်အနှစ်က ခရမ်းချဉ်သီးပဲသုံးတာ
    အခုရန်ကုန်အိမ်ရောက်တော့ ခရမ်းချဉ်သီး ကို သိပ်မသုံးဘူး ချက်ခိုင်းရင်လဲ ခရမ်းချဉ်သီးပဲစားနေတာပဲလို.ပြောခံရတယ် အခုတော့ အချက်ကျကျ ပြောလို.ရသွားပြီး ကူးသွားလိုက်တယ်
    ကျေးဇူးတင်ပါတယ်…

  • saund

    March 31, 2011 at 3:21 pm

    ဒီပို ့စ်လေးက ကောင်းလိုက်တာ လင့်ကို ဖော်ပြပေးချင်ပါတယ်။ကျေးဇူးပါ
    saundoo.blogspot.com

  • လင်းဝေကျော်

    April 1, 2011 at 2:54 am

    လေးဘက်နာသမားအများစုကိုတော့ ခရမ်းချဉ်သီးမစားခိုင်းကြဘူး။
    အခုမဆိုင်ဘူးလည်း ဆိုပြန်တော့….

Leave a Reply