Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လမ်း

ashinindakaMarch 29, 20111min118

ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ
အချက် (၈) ချက်ရှိတယ်။
ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့်
အဆင်ပြေသလို ပြန်ဆိုကြတယ်။

(၁) သမ္မာဒိဋ္ဌိ
ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လို
Right View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။
မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။

နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့
ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။

မှန်ကန်တဲ့အမြင်ရှိဘို့အတွက်
အမြင်မှန်ဘို့လိုအပ်တယ်။
အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။
မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ
ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။

Right Understanding is the understanding of oneself as one really is.

ကိုယ့်ကိုယ်ကို နားလည်တာဆိုတာ
ကိုယ့်မှာရှိနေတဲ့ သိအပ်တဲ့ရုပ်နဲ့ သိတတ်တဲ့စိတ်ကို
ပိုင်းပိုင်းခြားခြား တိတိပပ သိတာကို ပြောတာပါ။

ဒါကို စာပေစကားမှာတော့
နာမ်ရုပ်တို့ကို ပိုင်းခြား၍ သိတတ်သော(နာမရူပပရိစ္ဆေဒ) ဉာဏ်တဲ့။
ဒီမှန်ကန်တဲ့အမြင် မှန်ကန်တဲ့နားလည်မှုဟာ
မဇ္ဈိပဋိပဒါလမ်းစဉ်မှာ အဓိကသော့ချက်ပဲ။
The key-note of Buddhism is this right understanding.

(၂) သမ္မာသင်္ကပ္ပ
မှန်မှန်ကန်ကန်မြင်တတ်တဲ့ မှန်မှန်ကန်ကန်နားလည်မှုရှိတဲ့သူသာ
မှန်ကန်တဲ့အတွေးရှိမှာပါ။
မှန်ကန်တဲ့အတွေးကို ပါဠိလို သမ္မာသင်္ကပ္ပတဲ့။
အင်္ဂလိပ်လိုတော့
Right Resolutions, Right Aspirations, Right Ideas စသဖြင့်
အမျိုးမျိုးပြန်ဆိုကြတယ်။

ပါဠိ၊ အင်္ဂလိပ်တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါးက
မှန်ကန်တဲ့အတွေးဆိုတော့ Right Thoughts လို့ဘာသာပြန်သင့်တယ်တဲ့။

(၃) သမ္မာဝါစာ
မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူသာ မှန်ကန်တဲ့စကားကို ပြောမှာ။
မှန်ကန်တဲ့စကားကို ပါဠိလို သမ္မာဝါစာတဲ့။

နိဗ္ဗာန်ကို တက်လှမ်းလိုသူအဖို့
သမ္မာဝါစာ – မှန်ကန်တဲ့စကားကိုသာ ပြောဆိုသင့်ပါတယ်။
မုသာဝါဒ – လိမ်လည်လှည့်ဖြား မပြောကြားသင့်ပါဘူး။
ဒါ့အပြင် ဂုံးချော ဂုံးတိုက်တဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊
အရည်မရ အဖတ်မရတဲ့စကားတွေကိုလဲ ရှောင်ကြဉ်ရမှာပါ။
သမ္မာဝါစာ – မှန်ကန်တဲ့စကားဆိုလို့
ကိုယ်ပြောတဲ့စကား မှန်ကန်နေရုံနဲ့ မလုံလောက်ပါဘူး။
နားဝင်ချိုနေရုံနဲ့ မလုံလောက်ပါဘူး။
သာယာနာပျော်ဖွယ်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။
ကိုယ်ပြောလိုက်တဲ့စကားဟာ သူတစ်ပါးအတွက်
အသုံးတည့်ရပါမယ်၊ အကျိုးဖြစ်ထွန်းစေရပါမယ်။ အကျိုးရှိရပါမယ်။

What one utters is not only true, sweet and pleasant
but also useful, fruitful and beneficial.

(၄) သမ္မာကမ္မန ္တ
အပြောမှန်တာနဲ့ အလုပ်မှန်တာ ခွဲခြားလို့ မရပါဘူး။
ဘာ့ကြောင့်လဲဆိုရင် အပြောမှန်တဲ့သူသာ အလုပ်မှန်တတ်လို့ပါဘဲ။
အလုပ်မှန်တာကို ပါဠိလို သမ္မာကမ္မန ္တလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Action ပေါ့။
အလုပ်မှန်တဲ့ အမှန်လုပ်တဲ့ ဒီ Right Action ဆိုတာ
တခြားထွေထွေထူးထူးမဟုတ်ပါဘူး။

မိုက်မဲမှု(မောဟ) ကြောင့် လောဘစိတ်၊ ဒေါသစိတ်တွေအခြေခံပြီး
သူ့တပါးအသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊
သူတပါးသားမယား ပြစ်မှားစော်ကားခြင်းတို့ကို မလွန်ကျူးဘူးဆိုရင်
Right Action ဖြစ်တော့တာပါဘဲ။
It deals with abstinence from killing, stealing and sexual misconduct.

(၅) သမ္မာအာဇီဝ
အတွေးအခေါ် မှန်၊ အပြောမှန်ပြီး အလုပ်မှန်တဲ့သူအတွက်
အကြံအဖန်စီးပွါးရေးလုပ်ငန်းကို လုံးဝ စိတ်မဝင်စားတော့ပါဘူး။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းနဲ့ပဲ သူ့ဘဝရပ်တည်တော့မှာ အမှန်ပါ။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းကို သမ္မာအာဇီဝလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Livelihood ပေါ့။

ဒါနဲ့စပ်လို့ ဗုဒ္ဓဘာသာစာပေထဲမှာ
မလုပ်ရမဲ့စီးပွါးရေးလုပ်ငန်း ငါးမျိုးကို ပြဆိုထားပါတယ်။
(က) လက်နက်ရောင်းဝယ်မှု (Traiding in arms)
(ခ) လူကုန်ကူးမှု (Traiding in human beings)
(ဂ) သားငါးမွေးမြူရေး (Traiding in flesh)
(ဃ) အရက်၊ မူးယဇ်ဆေးဝါး (Traiding in intoxicating drinks)
(င)  အဆိပ် (Trading in poison)

(၆) သမ္မာဝါယာမ
သမ္မာဝါယာမဆိုတာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှု။
အင်္ဂလိပ်လိုတော့ Right Effort တဲ့။

နိဗ္ဗာန်သို့တက်လှမ်းလိုသူအတွက် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ဘို့ လိုအပ်ပါတယ်။
ဒီခေတ်မှာ ဟိုနည်း ဒီနည်းနဲ့ နည်းတွေက နည်းတာမဟုတ်ဘူး။
နည်းမှန်ဘို့ အင်မတန်အရေးကြီးတယ်။
နည်းမှန်မှ လမ်းမှန်မှာပါ။
နည်းမှားနေရင် လမ်းမှားနေမှာ ဖြစ်တဲ့အတွက်
လိုချင်တဲ့ လျှောက်လှမ်းနေတဲ့ပန်းတိုင်ကို ရောက်မှာ မဟုတ်တော့ဘူး။

ဗုဒ္ဓစာပေမှာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုလေးမျိုးရှိတယ်။
(၁) ဖြစ်ပေါ်ပြီးတဲ့မကောင်းမှုအကုသိုလ်တွေကို ပယ်စွန့်နိုင်အောင် ကြိုးစားခြင်း၊
(၂) မဖြစ်သေးတဲ့ မကောင်းမှုအကုသိုလ်တွေကို မဖြစ်မိအောင် ကြိုးစားခြင်း
(၃) မဖြစ်ပြီးသေးကုသိုလ်ကောင်းမှုတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားခြင်း၊
(၄) ဖြစ်ပြီးတဲ့ကုသိုလ်ကောင်းမှုတွေကို တိုးပွါးလာအောင် ကြိုးစားခြင်းဆိုပြီး
လေးမျိုးရှိပါတယ်။

မဇ္ဈိမပဋိပဒါ – အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
ဒီသမ္မာဝါယာမ (မှန်မှန်ကန်ကန်ကြိုးစားအားထုတ်မှု) ဟာ အင်မတန်အရေးကြီးပါတယ်။
သံသရာမှ ထွက်မြောက်ဘို့ နိဗ္ဗာန်ကို ရဘို့ ရောက်ဘို့အတွက်
ကိုယ့်အားကို အားကိုးပြီး ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပါ။

ပေးကမ်းလှူဒါန်း၊ ဆုတောင်းနေရုံမျှနဲ့
နိဗ္ဗာန်ကို လုံးဝ မရောက်နိုင်ပါဘူးလို့ ဒီအချက်က ရည်ညွှန်းပါတယ်။

(၇) သမ္မာသတိ
မဇ္ဈိမပဋိပဒါ – အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
သမ္မာဝါယာမနဲ့ ကပ်လိုက်လာတာက သမ္မာသတိ (မှန်ကန်တဲ့သတိ) ပါ။
Right Mindfulness လို့ အင်္ဂလိပ်လို ဘာသာပြန်ကြတယ်။

ကိုယ် (body), ဝေဒနာ (feeling), စိတ် (thoughts), နဲ့ ဓမ္မ (mind-objects) လို့ခေါ်တဲ့ အာရုံလေးမျိုးအပေါ်မှာ မိမိရဲ့ သတိကို အမြဲမပြတ်တင်ထားတာကို (အမြဲသတိ ရှိနေခြင်းကို)
သမ္မာသတိ – မှန်ကန်သော သတိလို့ခေါ်ပါတယ်။

ကိုယ့်ကိုယ်ကို
လှတယ် တင့်တယ်တယ်လို့ မမှတ်ယူမိအောင်၊
ချမ်းသာတယ်လို့ မမှတ်ယူမိအောင်၊
မြဲတယ်လို့ မမှတ်ယူမိအောင်၊
အတ္တရှိတယ်လို့ မမှတ်ယူမိအောင်၊
အဆိုပါ အာရုံလေးမျိုးအပေါ်မှာ သတိအမြဲရှိနေရတာ။

Mindfulness on these four objects tend to eradicate the misconceptions
with regard to desirablity (subha), so-called happiness (sukha),
permanence (nicca) and an immortal soul (atta) respectively.

(၈) သမ္မာသမာဓိ
မှန်မှန်ကန်ကန်ကြိုးစားပြီး သတိရှိလာတဲ့သူအဖို့
မှန်ကန်တဲ့သမာဓိတရားရရှိလာမှာ မလွဲပါဘူး။
မှန်ကန်တဲ့သမာဓိကို သမ္မာသမာဓိလို့ခေါ်တယ်။ Right Concentration တဲ့။

သမာဓိရလာရင်တော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်းသိမြင်လာမှာပါ။
ကိုယ်ကို်ယ့်ကို အသုဘကောင်ကြီးဆိုတာ သဘောပေါက်လာမှာပါ။
သစ္စာလေးပါးကို တကယ်သိလိုသူ၊ နိဗ္ဗာန်ကို ရလိုသူ၊ မျက်မှောက်ပြုလိုသူ
မည်သူမဆို
မဇ္ဈိမပဋိပဒါကျင့်စဉ်ဖြစ်တဲ့  ဒီအချက် (၈) ချက်ကို ကျင့်ရမှာပါ။