Ashinindaka သို့ လျှောက်ထားလွှာ (2)
နိဗ္ဗာန်ကို ရှေးရှုခြင်း မပြုပဲ ပရဟိတအကျိုးဆောင်ရွက်နေတဲ့ ရဟန်းသံဃာတော်များနဲ့ပတ်သက်ပြီး ပြောရရင် လူမှုရေးရှုထောင့်ကကြည့်ရင် သာဓု (၃) ကြိမ်မက အကြိမ်ကြိမ် ခေါ်ဖို့ကောင်းပါတယ်ဘုရာ့။ သို့သော်လည်း ဗုဒ္ဓဘာသာဝင်တွေ ရဟန်းသံဃာတော်တွေကို ကိုးကွယ်တယ်ဆိုတာ လူမှုရေးအရလေးစားလို့မဟုတ်ပါ ဘူး။ ဘာသာရေးအရ ကိုယ်မကျင့်ကြံနိုင်တဲ့၊ ကောင်းမွန်တဲ့ အကျင့်တွေ ကျင့်ကြံနေတဲ့၊ ကိလေသာတရားတွေ အထိုက်အလျောက် ကင်းစင်နေတဲ့ ပုဂ္ဂိုလ်တွေဆိုပြီး ကိုးကွယ် တာပါ။ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်သူ ပြည်သားတွေ လေးစားကြပါတယ်။ သိမှီလိုက်သူကော မသိမှီလိုက်သူကော လေးစားကြပါတယ်။ ဘယ်လောက်ပဲ တသသနဲ့ လေးစားလေးစား၊ ဦးမချဘူး ၊ ရှိမခိုးပါဘူးဘုရာ့။ အဲဒီလိုပဲ ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့သူတွေ ၊ လူသားကောင်းကျိုးတွေ ဆောင်ရွက်လို့ နိုဘယ်(လ်) ငြိမ်းချမ်းရေးဆု ရရှိတဲ့ သူတွေ ရှိပါတယ်ဘုရာ့၊ ဘယ်လောက်ပဲ လေးစားထိုက်တယ်၊ ချီးကျူးထိုက်တယ်ဆိုဆို ဘယ်သူမှ ရှိမခိုးပါဘူးဘုရာ့။ ဒါဟာ ဘာသာတရားအပေါ် ယုံကြည်ကိုးကွယ်တာနဲ့ လူတယောက်ရဲ့အတွေးအခေါ်၊ အပြုအမူတွေအပေါ် ယုံကြည် လေးစားတာချင်း ကွာသွားတာပါပဲဘုရာ့။
တပည့်တော်ရဲ့ သဘောကတော့ ဗုဒ္ဓမြတ်စွာရဲ့ လောကီလွတ်မြောက်ခြင်း တရား တွေကို သဘောမကျလို့ လက်မခံရင်ပဲ ဖြစ်ဖြစ်၊ သဘောကျသော်လည်း မကျင့်ကြံချင်၊ မကျင့်ကြံနိုင်လို့ပဲဖြစ်ဖြစ် လောကီမှာပျော်မွေ့သူသည် လောကီအလုပ်ကို လုပ်လို့ရပါတယ်။ ဗုဒ္ဓရဲ့ လမ်းစဉ်ကို သဘောကျလို့ သာသနာ့ဘောင်ဝင်တယ် ဆိုရင်တော့ဖြင့် လောကီ လွတ်မြောက်ခြင်းတရားကို ကျင့်ကြံအားထုတ်သင့်တယ်လို့ တပည့်တော် ထင်ပါတယ်ဘုရာ့။ ရဟန်း၊ သံဃာတော်တွေ ပရဟိတလုပ်ငန်းဆောင်ရွက်တာ ကောင်းပါတယ်။ သို့သော်လည်းပဲ ရဟန်းသံဃာတော်တွေရဲ့ တာဝန်တွေမှာ မြတ်စွာဘုရားဟောကြားတဲ့ တရားတော်တွေကို ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပွားများဖို့က အဓိကပိုကျတယ်လို့ တပည့်တော်ကတော့ ခံယူပါတယ်။ ရဟန်းဘောင်ဝင် ဘုရားတည်၊ ကျောင်းဆောက်၊ တရားဟောပြောပြသ၊ ဆိုတာတွေအပြင် မြတ်စွာ ဘုရားရဲ့လမ်းစဉ်အတိုင်း ကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီး တရားကို စာတွေ့မဟုတ်ပဲ လက်တွေ့သိတဲ့ ပုဂ္ဂိုလ်ထူး၊ ပဂိ္ဂုလ်မြတ်တွေသာ များပြားလာမယ်ဆိုရင်၊ ဒါဟာ သာသနာတော် တည်တံ့ခြင်းရဲ့ အဓိက အကြောင်းတရား တခု ဖြစ်လာလိမ့်မယ် လို့ တပည့်တော်က ယုံကြည်ပါတယ်ဘုရာ့။ လက်တွေ့မပါတဲ့ Theory ဟာ မပြည့်စုံသလို၊ Theory မရှိတဲ့ လက်တွေ့ဟာလည်း မပြည့်စုံပါဘူး။ မြတ်စွာဘုရားဟောကြား၊ ကျင့်ကြံခဲ့တာတွေဟာ Theory ကော လက်တွေ့ကော ပြည့်စုံပါတယ်။ ဘိက္ခူနီ သာသနာ ကွယ်ပျောက် တာဟာ ဘိက္ခူနီ မရှိတော့လို့ပါ။ အခုအချိန်ကြမှ ဘိက္ခူနီ ဝတ်ချင်လို့ မရနိုင်တော့ပါဘူး။ အဲဒီလိုပဲ သာသနာတော်မှာ အကျင့်၊ သီလ၊ သမာဓိ၊ ပညာ နဲ့ပြည့်စုံတဲ့ ရန္တာတွေ၊ ရဟန်းတော်တွေ နည်းလာတာနဲ့အမျှ သာသနာတော် ကွယ်ပျောက်ဖို့လဲ ပိုနီးလာပါလိမ့်မယ်။ လောကုတ္တရာတရား ကျင့်ကြံအားထုတ် ပွားများ ရမယ့်သူတွေက လောကီနဲ့သိပ်နီးစပ်နေရင် သာသနာတော် ပျက်စီးပါလိမ့် မယ်။ အုတ်အရောရော ၊ ကျောက်အရောရောနဲ့ သာသနာ့ အရေခြုံဆိုတာတွေ ပေါ်ပေါက်လာပါလိမ့်မယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ တပည့်တော်ရဲ့ ဆန္ဒကတော့ သာသနာတော် သန့်ရှင်း၊ တည်တံ့ဖို့အတွက် တပည့်တော်တို့ ကိုးကွယ်နေတဲ့ ရဟန်း၊ သံဃာတော် တွေကို သီလ၊ သမာဓိ၊ ပညာ နဲ့ ပြည့်စုံနေစေချင်ပါတယ်။ မြတ်စွာဘုရားရဲ့ တရား လမ်းစဉ်တွေကို ကိုယ်တိုင် ကျင့်ကြံ၊ ပွားများ၊ အားထုတ် နေတယ်ဆိုတာမျိုး ဖြစ်စေ လိုပါတယ်။ လောကီရေးရာ ကိစ္စတွေ၊ လောကီစည်းစိမ်တွေနဲ့ အတတ်နိုင်ဆုံး ကင်းအောင်နေစေလိုပါတယ်။ သာသနာတော်သာ သန့်ရှင်း ၊ တည်တံ့နေမယ် ဆိုရင် ပြန့်ပွားရေးဆိုတာဟာ သိပ်အားထုတ်စရာမလိုပဲ ပြီးမြောက်သွားပါလိမ့်မယ်လို့ တပည့်တော် ခံယူုပါကြောင်း လျှှောက်ထားအပ်ပါတယ်ဘုရာ့။ ဒါဟာ ဗုဒ္ဓဘာသာကို ကိုယ်တိုင် ယုံကြည် လက်ခံ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်တဲ့ တပည့် တော်ရဲ့ ရင်ထဲက ဆန္ဒတွေပါဘုရာ့။
21 comments
researcher
March 30, 2011 at 12:30 pm
တပည့်တော်ရဲ့ ရေးသားချက်တွေက ဘုန်းကြီးစာချ ဖြစ်နေရင် ခွင့်လွှတ်တော်မူပါဘုရာ့။ တခါမျှလဲ ဘုန်းကြီး၊ ရဟန်းတွေကို ဒီကိစ္စတွေ မဆွေးနွေးဖူးပါဘူး ဘုရာ့။ တပည့်တော် အရေးအသားတွေ မှားမှာစိုးလို့ အကြိမ်ကြိမ် Edit လုပ်ထားပါတယ်။ ဒီကြားထဲက အရေးအသား အသုံးအနှုန်း လွန်တာတွေရှိရင် ခွင့်လွှတ်ဖို့ တောင်းပန်ပါ တယ်။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ် တရားလေးပါးမှာ ဗုဒ္ဓဘာသာက မေတ္တာတရား ရှေ့ထားတာမို့ ခွင့်လွှတ်မယ်လို့လဲ ကြိုသိထားပါတယ်ဘုရာ့။
Foreign Resident
March 30, 2011 at 7:06 pm
” သာသနာတော်သာ သန့်ရှင်း ၊ တည်တံ့နေမယ် ဆိုရင် ပြန့်ပွားရေးဆိုတာဟာ သိပ်အားထုတ်စရာမလိုပဲ ပြီးမြောက်သွားပါလိမ့်မယ် ”
I don’t think so,
” သာသနာတော် ပြန့်ပွားရေး ” is not that much easy.
It seems, wrongly underestimate the other religions &
wrongly overestimate your own Buddhist religion.
Actually, Other religions are far far more strong & systematically propagated than our Buddhist Religion.
My opinion, Our Buddhist religion is too soft & etc…
it cannot survive for very long period ( if still follow recent way ).
( PS, I am a strong follower of Buddha ( Buddhist ) )
ashinindaka
March 31, 2011 at 12:30 am
ရေးထားတာ ကောင်းတယ်။ လွန်တာမရှိပါဘူး။ အလွန့်အလွန်ကို ကောင်းပါတယ်။
shan
March 30, 2011 at 3:03 pm
စာစဏာ တော် နှစ်ထောင့်ငါးရာကျော်လေကြီးသောအခါ ကျင့်ကြံသူတွေရှိသလို …အင်းမပြောပါနဲ့ ခင်ဗျားပြောတာကိုပေါင်ကို လှန်ထောင်းတာများလားလို စဉ်းစားကြည့်တယ် ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ရမယ်တဲ့နော် ဟေး ဟေးဟေး ဟားဟား ဟား…ကျွန်တော်အရူးပါ….
nature
March 30, 2011 at 4:09 pm
အင်မတန်ကောင်းတဲ့ post ပါဘဲ။သဘောကျလို့ like ပေးထားပါတယ်။
ယ္ခုသာသနာမကွယ်သေးလို့ရဟန္တာ အစစ်တွေလည်းရှိနိုင်သေးတယ်လို့
ယူဆပါတယ်။
kai
March 30, 2011 at 5:34 pm
http://www.dhammaweb.net/notes/view.php?id=44
ထေရဝါဒဗုဒ္ဓဘာသာ ဘုရားရှင်အကြောင်း
ဖွားမြင်ခြင်းနှင့်တောထွက်ခြင်း
ယနေ့ ဗုဒ္ဓဘာသာဝင်တို့အား တရား စတင်ညွှန်ပြသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် သည်။ ဘုရားရှင်၏ မျိုးနွယ်မှာ ဂေါတမဖြစ်၍ ဂေါတမဗုဒ္ဓ -ဟု အမည်တွင်သည်။ ဘုရားကို ရှေးမြန်မာတို့က (ပုသျှ) ဟု ခေါ်ခဲ့ကြသည်။ ကာလအလျောက် ပုသျှ-ပုရား-ဖုရား-ဘုရား စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ က လူအများအား လမ်းညွှန်ပြသော ခေါင်းဆောင်ကို (ပုရုသျှ)ဟု ခေါ်သည်။ ပုရုသျှ သည် ပါဠိလို (ပုရိသ)ဖြစ်သည်။ မြန်မာလို ယောက်ျား ဟုအဓိပ္ပါယ်ရသည်။ ပုရိသမှ ပုဂံခေတ်တွင် ပုရဟာ၊ ပုရဟာမှ ပုရှာ၊ ပုရှာမှ ဘုရားဟု ပြောင်းလဲလာသည်။ တရား ညွှန်ပြသူ ဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅ဝကျော်က ပေါ်ပေါက်ခဲ့သူဖြစ် သည်။ ယခု အိန္ဒိယပြည်မြောက်ပိုင်း၊ နီပေါနယ်စပ်၌ကပိလဝတ်ပြည် ရှိခဲ့သည်။ ယင်းပြည်သည် အများဆန္ဒဖြင့် အုပ်ချုပ်ကြသည့် “ဂဏ”တိုင်းပြည်ငယ် ဖြစ်သည်။ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော် မဟာမာယာဂေါတမီဒေဝီတို့မှ ဘုရားအလောင်းလျာကို မွေးဖွားခဲ့သည်။ ငယ်မည် သိဒ္ဓတ္ထကုမာရ ဖြစ်သည်။ အမျိုး နွယ်ဟူသည်မှာ အမိဘက် အမျိုးအအမည်ဖြစ်၍ ဂေါတမအနွယ် ဖြစ်သည်။ အမျိုး မှာ အဖဘက်အမျိုးအမည် သကျဟုခေါ်သော သာကိယမျိုးဖြစ်သည်။ သိဒ္ဓတ္ထကု မာရ ၁၆နှစ်သားအရွယ်တွင် ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ယသောဓရာ အမည်ရှိ မင်းသမီးနှင့် ထိမ်းမြား၍ ကပိလဝတ်ထီးနန်းကိုဆက်ခံကာ ဘုရင်ပြုအုပ်ချုပ်ခဲ့သည်။ ဘုရင်အဖြစ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အသက်၂၉နှစ်အထိခံစားခဲ့သည်။ အသက်၂၉နှစ်တွင် တိုင်းခန်းလှည့်လည်ရင်းလောကကြီး၏ နိမိတ်လေးပါး ကိုမြင်ခဲ့သည်။
ယင်းနိမိတ်လေးပါးမှာ-
(၁) လောကကြီး၏ မရှင်မသန်တော့ဘဲ အိုမင်းရင့်ရော်နေခြင်းနိမိတ်၊(သူအို)
(၂) လောကကြီး၏ ပျက်စီးယိုယွင်းနေသည့် နိမိတ်၊(သူနာ)
(၃) လောကကြီး၏ ရှင်သန်မှုကင်း၊ သေဆုံးနေခြင်း နိမိတ်၊(သူသေ)
(၄) လောကကြီးအတွက် အပြစ်အနာအဆာ ကင်းမဲ့ရာကို ရှာဖွေခြင်းနိမိတ်၊(ရဟန်း) ဟူ သောနိမိတ်ကြီးလေးပါး ဖြစ်သည်။
ယင်းနိမိတ်ကို နှောင်းလူများက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု တင်စားပြောဆို သိနားလည်ခဲ့ကြ၏။ ယင်းနိမိတ်များကို ဆင်ခြင်သံဝေဂယူခါ သိဒ္ဓတ္ထကုမာရ သည် အမိ၊ အဖတို့ မျက်ရည်အသွယ်သွယ် စီးကျစဉ်၊ အမိအဖတို့မျက်မှောက်မှ ထီးနန်း ကိုစွန့်ခါ ဖန်ရည်စွန်းအဝတ်ကိုဝတ်၍ အိုမင်းရင့်ရော်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ရှင်သန်မှုကင်း သေဆုံးခြင်းတို့မှ လောကကြီးလွတ်မြောက်ရေး ရနိုင်မည့် တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာဖွေခဲ့သည်။
တရားရှာခြင်း
သိဒ္ဓတ္ထကုမာရသည် တရားရှာဖွေရန်ထွက်ခွါရာ၌-
(၁) ငါ -တရားသိသလို လူတွေအားလုံး တရားသိစေရမည်၊ (ဗုဒ္ဓေါဗောဓေယျံ)။
(၂) ငါ -တရားကျင့်သလို လူတွေအားလုံး တရားကျင့်စေရမည်၊(တိဏ္ဏော တာရေ ယျံ)။
(၃) ငါတရားရ၍ လွတ်မြောက်ပြီး ငြိမ်းချမ်းသလို၊လူတွေအားလုံးတရားရ၍ လွတ် မြောက်ပြီး ငြိမ်းချမ်းစေရမည်၊ (မုတ္တော မောစေယျံ)-ဟု ရည်ရွယ်ချက်ထားရှိခဲ့ သည်။ သိဒ္ဓတ္ထမင်းသားသည် တရားရှာဖွေသည့်အခါ ကာမအာရုံများကိုအပြစ်မြင် စွန့်ခွါခဲ့ပြီးနောက်၊
(၁) အာရုံအများကို ဝင်စားခြင်း အတွေးစိတ်များကို ပယ်ဖျက်၍(သညာဝိရာဂ)၊ တစ်နေရာတည်းတွင် တစ်ကိုယ်တည်း၊ တစ်အာရုံတည်းမှာ တစ်စိတ်တည်းဖြင့် (ရုပ်)အာရုံတစ်ခုတည်းမှာစွဲမြဲစေသော ရူပဈာန်အကျင့်ကိုလည်းကျင့်ခဲ့သည်။ ထိုအ ခါအသိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအသိမဲ့ချမ်းသာသည် ကာမချမ်းသာ ထက် ပို၍ပို၍ အလှိုင်းကြီးချမ်းသာသော်လည်းလောကကြီးလွတ်မြောက်ရေး ရနိုင်မည့်တရား(ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။
(၂) ထိုနောက် အာဠာရ၊ ဥဒက ဟုအမည်ရှိသော ရသေ့များထံ နည်းခံ၍ ရုပ်အာရုံ များကိုပယ်ဖျက်ခြင်း(ရူပဝိရာဂ)၊ ထိုမရှိအာရုံ၌စွဲမြဲစေသောအရူပဈာန်အကျင့်ကို လည်းကျင့်ခဲ့သည်။ ထိုအခါ အရှိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအရှိမဲ့ချမ်းသာသည် ကာမချမ်းသာထက် ပို၍ချမ်းသာသော၊ ရူပဈာန်(အသိမဲ့ချမ်းသာ)ထက် ပို၍ပို၍ အလှိုင်းကြီး ချမ်းသာသော်လည်း လောကကြီးလွတ်မြောက်ရေးရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။ သိဒ္ဓတ္ထကုမာရသည် ဤရူပဈာန်၊ အရူပဈာန်များကို ပြင်းပြင်းထန်ထန် အဆင်းရဲအပင်ပန်းခံ၍ သေလုနီးပါး ၆နှစ်မျှကျင့်သော်လည်း လောကကြီးလွတ် မြောက်ရေး ရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာမတွေ့ခဲ့ ပေ။ အရူပဈာန်ကျင့်ရင်း သေလုနီးပါး ဖြစ်သောအခါမှ သတိပြန်လည်ကာ ယင်းအကျင့်များသည် ကိုယ့်ကိုယ်စိတ်ညှဉ်းပမ်းရေးလမ်း တစ်နည်းအားဖြင့် ဘဝ ညှိုးနွမ်းခြောက်ခန်းစေသောအကျင့်(အတ္တကိလမထာနုယောဂ)အဖြစ်ဖြင့်တရားမရစေသောလမ်း ဟု သိမြင်၍၊ ယင်းအကျင့်များ စွန့်ပယ်လိုက်သည်။
သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ခြင်း
ထို့နောက် ငယ်စဉ်ပက်လက်မျှနေစဉ် လူမမည်ဘဝက၊ ဖခင်သုဒ္ဓေါဒနဘုရင်ကြီး လယ်ထွန်မင်္ဂလာဆင်းစဉ် အထိန်းတော်များသည် မိမိကိုသပြေပင်ရိပ်၌သိပ်ခါ နို့ချို မတိုက်၊ ရေမတိုက်ဘဲနံနက်မှသည်ညနေစောင်းသည်ထိအထီးတည်းထားခဲ့သော် လည်း၊ မိမိ၌စိတ်ဆိုး၊ စိတ်ဆာမှုမရှိဘဲ ငြိမ်းချမ်းစွာကြည်ကြည်လင်လင် နေထိုင် သောကြောင့် ဖခင်ဘုရင်ကြီး၏ ဂရုဂါရဝပြုခံရမှု၏ အကြောင်းရင်းများကို ပြန်လည်ဆင်ခြင်ကာ၊ ယင်းနေထိုင်မှုကို ပြန်လည်ကျင့်သုံးရင်း အမြင့်မြတ်ဆုံးသော လူသား၏ ဂုဏ်ရည်သိက္ခာတရား (ဥတ္တရိမနုဿဓမ္မ)ကို ထိုးထွင်းသိမြင်ခဲ့သည်။ တရားကိုသိမြင်၍ အရိယသစ္စာစက်လည်ကာ သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်သည်။ ထိုနေ့ သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့၏ နေအရုဏ်တက်ချိန်ဖြစ် သည်။ ထို့ကြောင့် ဘုရားဘဝတွင် အကျင့် သုံးပိုင်းရှိခဲ့သည်-
(၁) ကပိလဝတ် ထီးနန်းစည်းစိမ်၌ အသက်၂၉နှစ်ထိနေထိုင်သောကာလ တစ်ပိုင်း၊ (ယင်းကို ကာမသုခလိကာနုယောဂ ဟုဆိုရသည်)။
(၂) ရူပဈာန်၊ အရူပဈာန် ၆နှစ်ကြာ ကျင့်ကြံသောကာလ တစ်ပိုင်း၊(ယင်းကို အတ္တ ကိလမထာနုယောဂဟု ဆိုရသည်)။
(၃) ဘုရားဖြစ်၍ တရားဖြင့် ၄၅နှစ်ကြာ နေသောကာလတစ်ပိုင်း ဖြစ်သည်။
ဗုဒ္ဓဘုရားသည် ဘုရားမဖြစ်မီ ထီးနန်း၌နေရာတွင် သမုတိသစ္စာတရား၌ မိမိကိုယ် မိမိမပိုင်မှု၊ လွတ်မြောက်ခြင်းမရှိမှုတို့ကို ငြီးငွေ့ရာမှ ပရမတ္ထသစ္စာကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ တဖန် ပရမတ္ထသစ္စာ၌လည်း မိမိကိုယ်မိမိ မပိုင်မှုကို ထပ်မံသိပြန် ၍၊ စွန့်ရပြန်သည်။ ထို့နောက် စိတ်ဆိုးစိတ်ဆာမရှိအောင် သတိဖြင့် ကျင့်သုံးနေထိုင် ရာမှ အရိယသစ္စာကိုတွေ့မြင်ပြီး၊ မိမိကိုယ်မိမိ ပိုင်စိုးသည့် သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ် ရလေသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားသည် လောကမှလွတ်မြောက်ရေး တရား အဖြစ် သမ္မာ တစ်လုံးကို သိမြင်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားကို တရားက မွေးဖွားခြင်းဖြစ်သည်။
တရားဟောခြင်း
သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်ကို ရောက်စေသော အရိယသစ္စာတရား မှာလူသည် ကောင်းတာလုပ်လျင် ကောင်းသူဖြစ်၍၊ မကောင်းတာ လုပ်ပါက မကောင်းသူဖြစ်သည် ဟူသောအချက်ပင်ဖြစ်သည်။ ဤတရားသည် ရိုးစင်းလှ သည်။ လူတိုင်းသိသည် ဟုထင်ရဖွယ်ရှိသည်။ သို့သော် ဆင်းရဲနှင့်ချမ်းသာဖြစ်မှု များဆိုင်ရာတွင် မရိုးသားသော အမြင်များသည် လူတို့၌ လက်ဦးစွဲရောက်နေသဖြင့် ဤရိုးစင်းသော တရားကိုမမြင်နိုင်ကြခြင်းဖြစ်သည်။ မိမိ၏ ဆင်းရဲနှင့်ချမ်းသာ ကိုတန်းခိုးရှင်က ဖြစ်စေ၊ နက္ခတ်တာရာကဖြစ်စေ၊ ဓာတ်ကဖြစ်စေ၊ နတ်ကဖြစ်စေ၊ လူမဖြစ်မီရှေးကံကဖြစ်စေ၊ ပြုလုပ်သည် ဟု ခံယူကြသည့် အမြင်များဖြစ်သည်။ ဤအမြင်များသည် မရိုးသားသော အမြင်များဖြစ်၍ အမှန်မမြင်ရန်ဖုံးကွယ်ထား သည်။ ဤအမြင်များကို ခံယူထားကြသူတို့သည် ကိုယ်ပြုသမျှကိုယ်ခံရ၊ စံရသည် -ဟူသော ဘုရား၏တရားကို အပြင်းအထန် ငြင်းဆန်ကြသည်။ ထို့ကြောင့် ဘုရား သည် သိနိုင်သူအချို့ကိုသာ ရွေးချယ်ဟောပြောခဲ့သည်။ ဘုရား၏ စားဝတ်နေ ရေးမှာ အစားအတွက် ဆွမ်းခံစားသည်။ ဆွမ်းခံခြင်းဟူသည် ထမင်းတောင်းခြင်း မဟုတ်။ ထမင်းပေးခြင်းကို လက်ခံခြင်းသာဖြစ်သည်။ အဝတ်အတွက် ပိုင်ရှင်မဲ့အ ဝတ်များကို ရှာဖွေဝတ်သည်။ အနေအတွက် သစ်ပင်၊ တောင်ခေါင်း၊ သူတပါးလှူ သော ဇရပ်၊ ကျောင်းတို့၌နေသည်။ ဘုရားသည် စားဝတ်နေရေးအတွက် သီးခြား အားထုတ်၍ အလုပ်မလုပ်။ တရားဓမ္မ ဟောပြောပြသမှုကို ပြုနိုင်ရန်အတွက်သာ စားဝတ်နေမှုကိုမှီဝဲသည်။ လောကလူသားများကား အလုပ်လုပ်ဖို့ စားခြင်းမဟုတ်၊ စားဖို့အလုပ်လုပ်ခြင်းသာ ဖြစ်သည်။ ဘုရားသည် တရားထိုးထွင်းသိမြင်ပြီး နှစ်လ တရားမဟောဘဲ တရားကိုသာ အဖန်ဖန် ပြန်လည်သုံးသပ်ကာနေသည်။ ဘုရားဖြစ် ၍နှစ်လတိတိအကြာ ဝါဆိုလပြည့်နေ့၌ မိဂဒါတော(မိဂဒါဝုန်)၌ တရားနာသူငါးဦး အဖွဲ့ကို ပထမဆုံး တရားဟောသည်။ ပဉ္စဝဂ္ဂီဟု အသိများကြသည်။ တရားဟော ကြားရာ၌ တရားရှာသူများ ရှောင်ရမည့် တရားအန္တရာယ်နှစ်ပါးနှင့် အရိယသစ္စာ လေးပါး တရားပြချက်၊ တရားစက်လည်ပုံများဖြစ်သည်။ ထိုတရားကို (ဓမ္မစကြာ တရားတော်) ဟု ယနေ့သိကြသည်။ ဓမ္မစကြာတရားတော်သည် ဘုရားရှင် တရားရ ပုံ(ဗုဒ္ဓဝင်)ကို ပြန်လည်ပြောပြသောတရား ဖြစ်သည်။ ဘုရားရှင်ဟောသောတရားမှာ သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓ စင်စစ်ဖြစ်စေသော (ပဋိစ္စသမုပ္ပါဒ်တရား)ဖြစ်သည်။ ထိုတရားကိုအခြေခံ၍ အရိယသစ္စာလေးပါးတရားကိုဟောခြင်းဖြစ်သည်။
လောကလွတ်မြောက်ငြိမ်းချမ်းရေး တရားဟောစေလွှတ်ခြင်း
ဓမ္မစကြာတရားဒေသနာသည် ဘုရားရှင်၏ ၄၅နှစ်တာကာလအတွင်း ဟောကြား သော တရားအားလုံး၏ အုတ်မြစ်တရားလည်း ဖြစ်သည်။ ပထမနေ့၌ တရားနာ သူငါးဦးအဖွဲ့မှ တစ်ဦးသာ ဘုရားတရားကို နားလည်ခဲ့သည်။ ထိုနေ့မှာပင် ထိုတရား သိသူသည် ဘုရားထံ တပည့်သံဃာအဖြစ်ခွင့်ပန် ဝင်ရောက်ခဲ့သည်။ နောက်တစ် ရက်စီ၌ တစ်ဦးစီ တရားရပြီး သံဃာဝင်များ ဖြစ်ကြသည်။ ဤသို့ဖြင့် ဝါတွင်းသုံးလ ကာလ တရားဟောခဲ့ရာသီတင်းကျွတ်တွင် သံဃာဦးရေခြောက်ဆယ် ရရှိလာ သည်။ ဘုရားရှင်သည် ဤသံဃာဝင်များကို လူအများအတွက် အကျိုးစီးပွားဖြစ်စေ ရန်(ဗဟုဇန ဟိတာယ)၊ လူအများအတွက် ချမ်းသာသုခရစေရန်(ဗဟုဇန သုခါယ)၊ လောကကြီး ငြိမ်းချမ်းရှင်သန်စေရန်(လောကာနုကမ္ပါယ)- ဟူသော တရားရည်မှန်း ချက်များချပေးပြီး၊ တရားဟောရန်အတွက် တစ်ခရီးလျင် နှစ်ပါးမသွားဘဲ တစ်ပါး ကျစီသွားကြ ဟုမိန့်ကြား စေလွှတ်ခဲ့သည်။
သံဃာ့အဖွဲ့ဝင်များ
ဘုရားရှင်သည် တပည့်အဖွဲ့ဝင် သံဃာကို ဘုရားဖြစ်ပြီး နှစ်လအကြာတွင် စတင်ထူ ထောင်ခဲ့သည်။ ပထမဆုံး သံဃာအဖွဲ့ဝင်မှာ ပဉ္စဝဂ္ဂီဟူသော ငါးဦးအဖွဲ့မှ “အရှင် ကောဏ္ဍည”ဖြစ်သည်။ နောက်ဆုံးအဖွဲ့ဝင်မှာပါဝါပြည် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်၌ ဘုရားလွန်ခါနီး သံဃအဖွဲ့ဝင်အဖြစ် ခွင့်ပန်ခဲ့သော “အရှင်သုဘဒ္ဒ”ဖြစ် သည်။ ဘုရားသည် တပည့်အဖွဲ့ဝင် သံဃာကို လက်ခံထားသော်လည်း ပုရိမဗောဓိ ခေါ်သော ပထမနှစ်၂ဝတွင် သံဃာဝင်စည်းကမ်းဟူ၍ သတ်မှတ်မထားဘဲ တရား နှင့်သာ နေစေခဲ့သည်။ သံဃာဝင်များကို လပြည့်၊ လကွယ်နေ့တိုင်း ၁၅ရက်တစ် ကြိမ် ဥပုသ်ပြုစေကာ ဩဝါဒပေး၍ စစ်ဆေးခဲ့သည်။ ဩဝါဒ-ဟူသည်ကား ခံနိုင်ရည်ရှိခြင်း၊ ခံစားမှုနောက် မလိုက်ခြင်း၊ အခွင့်လွှတ်ခြင်း၊ မကောင်းမှုမပြုခြင်း၊ ကောင်းမှုပြည့်စုံအောင်နေခြင်း၊ စိတ်ဖြူစင်အောင်နေခြင်း၊ ဤသည်တို့ကား ဘုရား တို့၏အဆုံးအမပင်တည်း ဟူ၍ ဖြစ်ပါသည်။ ယင်းကို “ဩဝါဒပါတိမောက်”ဟု ခေါ်ကြသည်။ ဥပုသ်ပြုခြင်း- ဆိုသည်မှာ-ဘုရားထံ ဆည်းကပ်မှုပြု၍ စစ်ဆေးခံခြင်း ဖြစ်သည်။ စစ်ဆေးခံပုံမှာ ဘုရားပေးသော ဩဝါဒအတိုင်း မိမိ-ရှိ၊ မရှိနှင့်မရှိလျင် ရှိအောင်နေထိုင်ပါမည်ဟု ဖွင့်ဟဝန်ခံ၍၊ ဝန်ခံရန် မရှိပါက ဆိတ်ဆိတ်နေခြင်းဖြစ်ပါ သည်။ ဘုရားသည် နှစ်ပေါင်း၂ဝကြာအောင် ဤဩဝါဒကို ပေးနေခဲ့သည်။ နှစ်ကာလ ရှည်လာသောအခါ သံဃာလိုက်နာသောတရား ကောင်းမွန်သောကြောင့် လူအများက အားထားကြည်ညိုလာကြသည်။ ထို့ကြောင့်သံဃာသည် ပစ္စည်းလေးပါး ချမ်းသာလာ၍ ဂုဏ်ပြုချီးမွမ်းမှု များစွာခံရသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝ လိုသော၊ ဂုဏ်ပြုမှု ချီးမွမ်းမှု ခံယူလိုသောအချောင်သမားများ သံဃာ့ဘောင်သို့ဝင် လာကြသည်။ ထိုသူတို့သည် တရားကို မသိကြ၊ သိရန်လည်း အားမထုတ်ကြ။ လာဘ်များ၍ စည်းစိမ်ချမ်းသာရရန်၊ ကျော်စောရန်၊ အချီးမွမ်းအပူဇော်ခံရန်(လာဘ၊ သက္ကာရ၊ သိလောက)ကိုသာ ကြိုးစားလာကြသဖြင့် သံဃာသည် ဂုဏ်ညှိုးလာ သည်။ ထို့ကြောင့် ဘုရားသည် ထိုအကြောင်းကိုသိ၍ သံဃာဝင်အသက်နှစ်(၂၀) အကြာတွင် “သံဃာ့ဝိနည်း”-ဟူသော သံဃာဝင်များ လိုက်နာရမည့်စည်းကမ်းကို စတင်ထုတ်ပြန် ပညတ်ခဲ့သည်။ ထို့ပြင် အမှုမဖြစ်ပေါ်ဘဲ ကြိုတင်၍စည်းကမ်းပြု ခြင်း (ဝါ) ဝိနည်းပညတ်ခြင်း မပြုခဲ့၊ ပေါ်သောအမှုအလျောက် ဝိနည်းကို ပညတ်ခဲ့သည်၊ စည်းကမ်းပြုခဲ့သည်။
ဘုရားမဟောသောတရား
ဘုရားရှင်သည် ဘုရားဖြစ်သည်မှ လွန်သည့်အချိန်ထိ ၄၅နှစ်တာကာလ၌ သံဃာ ဝင်များနှင့် ဆည်းကပ်သူ လူအများကို တရားဟောခဲ့သည်။ တရားများ ဟောကြားရာ တွင် ဘုရားသည် လူ၊ လူ့အသက်နှင့် လူမရှိသည့်အရာများကို ပြတ်ပြတ်သားသား ငြင်းဆိုဟောပြောခဲ့သည်။ လူများ(လောက)မြဲသလား၊ မမြဲသလား၊ လူများ (လောက) အဆုံးရှိသလား၊ မရှိသလား ပြဿနာ၊ သေပြီးနောက် ဖြစ်သလား၊ မဖြစ်သလား၊ တစ်ချို့ဖြစ်၍ တစ်ချို့မဖြစ်သလား၊ ဖြစ်လည်းမဟုတ်၊ မဖြစ်လည်းမဟုတ်သ လား ပြဿနာ၊ လူနှင့်အသက် တူသလား၊ မတူသလား ပြဿနာ၊ ဤပြဿနာ (၁၀)ချက် ဖြစ်သည်။ ဤပြဿနာ(၁၀)ချက်သည် လူ့ငြိမ်းချမ်းမှု အရိယသစ္စာတရား နှင့်မဆိုင်ဘဲ၊ အမြင်မှောက်မှား စိတ္တဇပွားစေသည့် ပြဿနာများ ဖြစ်စေသည့် တရားများသာ ဖြစ်သည်ဟု ဘုရားရှင်ရှင်းပြခဲ့သည်။ ထို့ကြောင့် ဘုရားဟောသော တရားများသည် လူ၏အရည်အသွေးခြင်းရာကို ဖော်ပြနေသော၊ လူ၏ဂုဏ်ရည်များ ဖြစ်သော လူ၏ ပြုမူလှုပ်ရှားမှုကံများ၏ဖြစ်ရာ၊ ဖြစ်ကြောင်းနှင့် ငြိမ်းရာ၊ ငြိမ်းကြောင်း ဟူသော အချက်လေးချက်သာ ဖြစ်သည်။ ယင်းကို “အရိယသစ္စာလေးပါး” ဟု သိကြသည်။ ထို့ကြောင့် ဘုရာ့တပည့်သာဝကများက အရိယသစ္စာလေးပါးမှ လွတ် သော ဘုရားတရားဟူသည် မရှိ(စတုသစ္စ ဝိနိမုတ္တောဓမ္မောနာမ နတ္ထိ) ဟုမှတ်တမ်း ပြုခဲ့ကြခြင်းဖြစ်သည်။ ဘုရာရှင်သည် သက်တော်ရှစ်ဆယ်၌ ဝမ်းလျောရောဂါဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ပါဝါပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်ရှိ ညောင်စောင်း ၌လဲလျောင်းရင်း ဘုရားရှင်သည် ပရိနိဗ္ဗာန် မပြုမူမီ နောက်ဆုံးနာရီအနီးတိုင် နောက်ဆုံးသာဝကဖြစ်သော သုဘဒ္ဒပရိဗိုဇ်ကို တရားဟောတော်မူသည်ထိ လုံ့လ၊ ဝီရိယကြီးမားစွာဖြင့် တရားကိုအလေးထားတော်မူခဲ့သည်။ သုဘဒ္ဒပရိဗိုဇ်ကို တရား ဟောရာတွင်- “ငါဘုရား၏ အဆုံးအမသာသနာ၌သာ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရား ရှိသည်၊ ထိုအကျင့်မြတ်ကို လိုက်နာကျင့်ကြံနေသမျှ ကာလပတ်လုံးလူ လောကတွင် ရဟန္တာမဆိတ်သုဉ်းကြောင်း” ဟောခဲ့သည်။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူခြင်း
သုဘဒ္ဒပရိဗိုဇ်ကို တရားဟောအပြီး ဘုရားရှင်သည်ညောင်စောင်းထက်၌ လျောင်းလျက်ပင် တပည့်သံဃာဝင်များအား မိမိအပေါ်၌ အပြစ်မြင်လျင် ပြောကြရန်၊ တရား၌ ယုံမှားရှိလျင် မေးကြရန် အခွင့်ပေးရာ တပည့်သံဃာဝင်တစ်ဦး တစ်ယောက်ကမျှ ဘုရားအပေါ် အပြစ်စိုးစဉ်းမျှ မမြင်ကြကြောင်း၊ တရား၌ ယုံမှား သင်္ကာ မရှိကြကြောင်း ပြန်လျှောက်ကြသည်။ ထို့နောက် ဘုရားသည် မှတ်သားဖွယ် စကားလေးခွန်းပြောခဲ့သည်။
(၁) ဘုရားကို ဆွမ်း၊ သင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်း အစရှိသော အာမိသပူဇာဖြင့် ပူဇော်သက္ကာရ ပြုခြင်းထက် တရားကို မြတ်နိုးမှုကသာလွန်ကောင်းမွန်ကြောင်း၊
(၂) ပြောဆိုဆုံးမ၍ မရသူအား ကောင်းမကောင်း လမ်းညွှန်ဆုံးမမှု မပြုတော့ဘဲ လျစ်လျူရှုထားခြင်း ဗြဟ္မဒဏ် ထားရန်၊
(၃) ဘုရားအစား တရားနှင့်ဝိနည်းကို ဆရာအဖြစ် ကိုးကွယ်ရန်၊
(၄) ဝိနည်းအငယ်များကို ပြင်ဆင်ခွင့်အာဏာကို သံဃာ့ထံ ပေးအပ်ကြောင်း တို့ ဖြစ်သည်။ (မှတ်သားသင့်ပါသည်)။
ဘုရားလွန်ပြီးနောက် ရုပ်ကြွင်းကို ရက်အနည်းငယ်ထားပြီး၊ မီးသင်္ဂြိုဟ်သည်။ မီးသင်္ဂြိုဟ်သောအခါ မီးရှိန်ပြင်းခိုက် အားလုံးပြာမကျမီရေဖြင့်ငြှိမ်းသောကြောင့် အရိုးဓာတ်အချို့ ပကတိအတိုင်းကြွင်း၍၊ အများအားဖြင့် အလုံးအခဲများအဖြစ်ကြွင်း သည်။ ဤဓာတ်ကြွင်းများကို ပါဠိလို “အဝသေသရီရ”၊ မြန်မာလို ကိုယ်ကြွင်းများဟု ခေါ်သည်။ ယနေ့ ဓာတ်တော်များဟု ခေါ်ကြသည်။ ဓာတ်တော်ဟူသည်မှာ ဘုရား၏ဓာတ်လေးပါးဖြစ်၍ ခေါ်ခြင်းဖြစ်သည်။ ထိုကိုယ်ကြွင်း ဓာတ်တော်များသည် ယနေ့ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ပူဇော်စရာများအဖြစ် တည်ရှိနေသည်။ ဓာတ်တော်များနှင့်အခြားသော ဘုရားအသုံးအဆောင် ပစ္စည်းအကြွင်းအကျန်များ ကို စေတီ၊ ပုထိုးအဖြစ် ဘုရားအထိမ်းအမှတ်များ စိုက်ထူကိုးကွယ်ကြသည်။ ဘုရား ရုပ်ထုများကိုလည်း ထုလုပ်ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ဘုရား အထိမ်းအမှတ်နှင့် ရုပ်တုများ၊ ဓာတ်တော်များ အနီးအပါးသို့ရောက်လျင် ဦးညွှတ် ရိုသေဂါရဝပြု (ရှိခိုး) ကြရသည်။ ထိုသို့ ရှိခိုးပူဇော်ရာတွင် ဘုရားရှင် သက်ရှိထင် ရှားရှိသကဲ့သို့အာရုံပြု၍ ပူဇော်ကြရပါမည်။ ဘုရာရှင်အား ရှိခိုးပူဇော်ခြင်းထက် ဘုရားရှင်ဟောကြားခဲ့သော တရားများအတိုင်း ကျင့်ကြံနေထိုင်သွားရန်မှာ ပို၍ပင် အရေးကြီးပါသည်။ တရားသိလာလျှင် ဘုရားကို ပို၍ပင်ယုံကြည်မှု၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို ပို၍သိတက်လာမှု များဖြစ်လာပါလိမ့်မည်။ ထို့ကြောင့်စာဖတ်သူများသည်လည်း မိမိတို့သိနေကြတော့ တရားတော်များအတိုင်း သတိရှိကာ ကြိုးစားကျင့်ကြံအားထုတ်ကြပါ ရန်အရေးကြီးပါသည်။
အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူ အားလုံး အားအနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော် မူအပ်သော (ပိဋကတ်)တရားတော်သည် မလိုုက်နာ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်။
(ဓမ္မပဒ)
ထို့ကြောင့် အောက်တွင်ရေးသားထားပါသော မဂ္ဂင်ရှစ်ပါးတရားတော်သည် စာဖတ်သူတို့ လိုက်နာကျင့်ကြံရန် တစ်ခုတည်းသော လမ်းစဉ်ပင်ဖြစ်ပါတော့သည်။
စိရံတိဋ္ဌတု သဒ္ဓမ္မော
သဒ္ဓမ္မော- မွေးသေလွတ်သောသူတော်ကောင်းတရားသည်၊
စိရံ- ကြာမြင့်စွာသော ကာလပတ်လုံး၊
တိဋ္ဌတု- တည်ပါစေသတည်း။
About Theravada Buddha (ထေရဝါဒဗုဒ္ဓဘာသာ ဘုရားရှင်အကြောင်း ) by Dhamma Rasa (ဓမ္မရသ)
weiwei
March 30, 2011 at 5:50 pm
ဒီပို့စ်ကိုရေးတဲ့ researcher ကို ကျေးဇူးတင်ပါတယ် …
စေတနာရှေ့ထားပြီး ရေးသားထားမှန်း သိသာထင်ရှားတယ် …
kai
March 30, 2011 at 6:07 pm
ဓမ္မစကြာတရားဒေသနာသည် ဘုရားရှင်၏ ၄၅နှစ်တာကာလအတွင်း ဟောကြား သော တရားအားလုံး၏ အုတ်မြစ်တရားလည်း ဖြစ်သည်။ ပထမနေ့၌ တရားနာ သူငါးဦးအဖွဲ့မှ တစ်ဦးသာ ဘုရားတရားကို နားလည်ခဲ့သည်။ ထိုနေ့မှာပင် ထိုတရား သိသူသည် ဘုရားထံ တပည့်သံဃာအဖြစ်ခွင့်ပန် ဝင်ရောက်ခဲ့သည်။ နောက်တစ် ရက်စီ၌ တစ်ဦးစီ တရားရပြီး သံဃာဝင်များ ဖြစ်ကြသည်။ ဤသို့ဖြင့် ဝါတွင်းသုံးလ ကာလ တရားဟောခဲ့ရာသီတင်းကျွတ်တွင် သံဃာဦးရေခြောက်ဆယ် ရရှိလာ သည်။ ဘုရားရှင်သည် ဤသံဃာဝင်များကို လူအများအတွက် အကျိုးစီးပွားဖြစ်စေ ရန်(ဗဟုဇန ဟိတာယ)၊ လူအများအတွက် ချမ်းသာသုခရစေရန်(ဗဟုဇန သုခါယ)၊ လောကကြီး ငြိမ်းချမ်းရှင်သန်စေရန်(လောကာနုကမ္ပါယ)– ဟူသော တရားရည်မှန်း ချက်များချပေးပြီး၊ တရားဟောရန်အတွက် တစ်ခရီးလျင် နှစ်ပါးမသွားဘဲ တစ်ပါး ကျစီသွားကြ ဟုမိန့်ကြား စေလွှတ်ခဲ့သည်။
ashinindaka
March 31, 2011 at 12:07 am
အတော်ကောင်းတဲ့ ရေးသားတင်ပြချက်ပါ။ ဒီတင်ပြချက်ကို ဦးဇင်းရဲ့ http://www.dhammagarden.com မှာတင်ခွင့်ပြုပါလို့ ခွင့်တောင်းပါရစေ။
maungmoenyo
March 31, 2011 at 1:17 am
ပြောနေကျစကားပြန်ကောက်ရရင်၊ ဗုဒ္ဓ သည်ကျင့်စဉ်ကိုသာ ပြဆိုခဲ့ပါတယ်။ နောက်လိုက်များရှိလာလို့သာ သံဃာဆိုတဲ့ဝေါဟာရ နဲ့ သာဿနာလို့နောက်ပိုင်းတွင်လာတာပါ။ ယေရှုခရစ်က တပည့်ကြီး ပီတာကို church တည်ထောင်ဘို့ မိန့်ခဲ့လို့ church သာဿနာရယ်လို့ အဲ့ဒီကတည်းကရှိခဲ့ပါတယ်။ ဗုဒ္ဓက ဗုဒ္ဓသာသနာထူထောင်တော့ဟေ့ – လို့ ဘယ်ကျမ်းဂမ်မှာမှပြခဲ့တယ်လို့တွေ့ဘူးပါဘူး။ သံဃာယနာ ဟာ ဂေါတမ ပရိနိဗ္ဗာန်ပြုပြီးမှ ကျင့်စဉ်တွေသွေဖီလာတဲ့ အရိပ်အရောင်ရှိလို့ ကျင်းပပြုလုပ်ရတာပါ။ ဒီအစည်းအဝေးကြီးတိုင်းကို ဗုဒ္ဓကျင့်စဉ်အယူရှိကြသူ ခေါင်းဆောင်ဆရာတော်ကြီးတွေက အတိုင်းတိုင်းအပြည်ပြည်ကို သတင်းဖြန့်ဝေခြင်း၊ ဗုဒ္ဓဟောဆိုချက်နဲ့ ကျင့်စဉ်တွေကို အပြန်အလှန်ဖြန့်ဝေပြီးကာလရှည်ကြာဆွေးနွေးညှိနှိုင်းပြီးမှ၊ တညီတညွတ်တည်း သဘောတူကြရပါတယ်။ နီးစပ်ရာလက်တို့ပြီး၊ သမ္မတ ၊ ဝန်ကြီးချုပ်တို့လောက်ကဦးစီးလုပ်ရုံနဲ့ သံဃာယနာမမည်ပါဘူး။
လောကီနဲ့ကင်းလို့မရတဲ့လူသားစင်စစ်ရဟန်းများဖြစ်တာကြောင့် ဆရာ၊ တကာ နဲ့ပစ္စည်းလေးပါးအလို့ငှာ ဒီကနေ့ရဟန်းများဟာလည်း၊ လောကီ ရေးကိစ္စဖြစ်တဲ့ ဗေဒင်၊ ဆေးဝါး၊ လက်ဖွဲ့၊ အဟော (သည့်ထက်ဆိုးတာတွေတော့ အားလုံးသိပြီးမို့ထပ်မပြောပါရစေနဲ့တော့) လုပ်ရင်းကနေ၊ ဒီဆရာတော်စွမ်းတယ်။ ဒီဆရာတော်က မ, တယ်ဆိုတဲ့ ကိစ္စတွေ ရေးကြီးခွင်ကျယ်ဖြစ်လာပါတယ်။ လုပ်ပေးတဲ့ဘုန်းကြီးတွေကလည်း၊ ကိုယ်ကိုယ်ကို အဟုတ်ထင်လာကြတာ က (၉၉%) ဖြစ်လာပါတယ်။ ဒီကြားထဲ အာဏာရှိသူတွေ ရဲ့လွှမ်းမိုးမှုဒါဏ်ကိုမတွန်းလှန်နိုင်ကြတာလဲပါပါတယ်။
မြန်မာအပါအဝင်အရှေ့တိုင်းနိုင်ငံတွေအားလုံးလိုလိုမှာရပ်ရွာထဲ မှာဩဇာရှိကြတာ၊ ဘုန်းကြီးတွေပါဘဲ။ ဘုန်းကြီးပြောရင်၊ ဘုန်းကြီးကဆုံးဖြတ်ရင်ကိစ္စတွေပြီးသလို၊ ပြဿနာတွေလည်းဖြေရှင်းပြီးဖြစ်တာမို့၊ ရပ်ရွာအုပ်ချုပ်ရေးမှာ ဘုန်းကြီးတွေရဲ့အခန်းကဏ္ဍကသိပ်အရေးကြီးတာဒီကနေ့အထိပါ။
ဆောင်းပါးရှင်ရေးသလို လောကီရေး မှာလူမှုရေးလုပ်တာချီးမွန်းမိပါတယ်။ ဒါပေမဲ့ သံဃာဆိုတာသည်သံသရာကကျွတ်ရာကျွတ်ကြောင်းကိုဘဲ ဟောပြီးကိုယ်တိုင်ကလည်းကျင့်ရပါတယ်။ သံသယာမှာလည်ကြောင်းကို မပြောရပါဘူး။
ရှင်းပါတယ် – ultimate goal ကနိဗ္ဗာန်ပါ။ ဒါကိုဘဲဂေါတမဗုဒ္ဓကပြဆိုပါတယ်။ ဒါကြောင်လဲ ခက်ခဲနက်နဲပြီး ကျင့်ကြံရခက်တဲ့ အဘိဓမ္မာကိုသူကိုယ်တိုင်တောင်လူတိုင်းကိုမရှင်းပြခဲ့ပါဘူး။
eros
March 31, 2011 at 3:16 am
ကျွန်တော် ကတော့ ဘုန်းကြီးများ ပိုက်ဆံကိုင်တာ၊ ကားမောင်းတာကို အပြစ်မမြင်ဘူး။ ကျွန်တော် ပြောခဲ့သလို ပဲ အခုခေတ်မှာ ဘုန်းကြီးအလုပ်တွေကို လူတွေက ကြာရှည် မလုပ်ပေးနိုင်ကြဘူးလေ။အထူးသဖြင့်နိုင်ငံခြားမှာပေါ့။ အရာရာ ပိုက်ဆံပေးရတယ်။ ဒါတွေက ခေတ်ကပြောင်းနေလို့ ဖြစ်ရတာ။ ဒါပေမယ့် ဒီလိုဆိုပြီး ဘုန်းဘုန်းတွေဘက်က အတင်းအလှူခံတာတို့၊ စီးပွားရှာသလိုမျိုးတို့ ဘာတို့ မလုပ်ဖို့ လိုတယ်။ ကြားနေရတယ်။ တရားတပွဲ သိန်း ဆယ်ဂဏန်းတွေ။အဲဒီလိုမျိုးသာ ဆို သာသနာပြန့်ပွားရေးဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပြီ။ ပျက်ဆီးနေတာတွေကတော့ မြင်နေရပါတယ်။ ဥပမာ ရွှေတိဂုံ ဘုရားပေါ်မှာ တိုးရစ်ဂိုက်လုပ်နေတာ၊ ပြောရင်တော့ နိုင်ငံခြားသားတွေကို သာသနာပြုနေတာပေါ့လေ။ တကယ် သာသနာပြု တာရှိမှာပေါ့။ ဒါပေမယ့် ဂိုက်လုပ်နေတာတွေက သိသာတယ်။ ၂ လုံး ၃ လုံး ဒိုင်ကိုင်တာတွေ မဖြစ်သင့်ဘူး။ ဆေးကုတာရောပေါ့။ ဗိုလ်ချုပ်ဈေးမှာ အတင်းလိုက် အလှူခံတာတွေ (နိုင်ငံခြားသားဧည့်သည်တွေကို အထူးသဖြင့်) မလုပ်သင့်ဘူး။ လောကီ အရာ (ငွေ၊ကား၊ မြေနေရာ ဥပမာအားဖြင့်ပေါ့) မဖြစ်မနေထိတွေ့ရရင် သာသနာ အတွက် လုပ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။
bigcat
March 31, 2011 at 3:41 am
ရွာထဲမှာ ဘဒ္ဒန္တတပါး ပေါ်ထွန်းလာပြန်ပြီဗျို့။ ဘဒ္ဒန္တမိုက်ကယ်အောင်ပု တယောက် ဘယ်ပျောက်နေပါလိမ့်။ ဧကန်ဏ မန်းဖို့ တရားစာအုပ် ရှာမတွေ့ သေးဖူးထင်တယ်။ 😀
eros
March 31, 2011 at 8:49 am
မဟုတ်ဘူး ဦးကြောင်ရေ၊ အဘပု weekly eleven ထဲမှာ သွားသောင်းကျန်းနေတာ။
လင်းဝေကျော်
March 31, 2011 at 9:01 am
ကောင်းမွန်သော တင်ပြချက်ပါပဲ။
ဘုန်းကြီးကျောင်းထဲကို ဘာဖြစ်လို့ ဖိနပ်ချွတ်ရတာလဲ ဆိုတာကိုလည်း နက်နက်နဲနဲ ရှင်းပြစေချင်ပါတယ်။
အချို့ကျောင်းတွေက ချွတ်စရာမလိုဘူးလို့ ပျော့ပျောင်းပြီး အချို့ကျောင်းတွေကတော့ ချွတ်တာကို ဘာမှ မပြောပါ။
ashinariya
March 31, 2011 at 9:29 am
ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာတရားနှင့် ဗြဟ္မဏဝါဒ ပရမတ္တသစ္စာဒဿနတို့နှင့် ဗုဒ္ဓ၏ကံ/ ဂျိန်းကံတို့အား ကွဲကွဲပြားပြား သိရှိဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဓမ္မစီးဆင်းခဲ့သည့် အတိတ်သမိုင်းကို သေသေချာချာ လေ့လာနိုင်ကြပါစေ။ သမိုင်းကို မသိရင် လူအ ဖြစ်လိမ့်မယ်လို့ သမိုင်းပညာရှင်တစ်ဦးက ဆိုထားပါတယ်။ ထပ်ပြီးတော့ သမိုင်းကို တလွဲသိနေရင် ရူးလိမ့်မယ်။ မိမိတို့ ရိုးရာစွဲ၊ ဆရာစွဲ၊ နည်းစွဲ၊ ဝါဒစွဲများဖြင့် အသိဉာဏ်များ မပိတ်ထားကြပါနှင့်။ ဖွင့်ထားသော မျက်စိ၊ နား၊ ဉာဏ်တို့ဖြင့် နှိုင်းယှဉ် လေ့လာကြပါ။ ရှေ့ဘဝ၊ နောက်ဘဝစွဲ ဂျိန်းဝါဒ စိတ်ကူးယဉ်အယူအဆနှင့် လူ့တန်ဘိုးမဲ့အောင်၊ လူ့ဝတ္တရားတွေပျက်ကွက်အောင် တစ်ကိုယ်ကောင်းဝါဒ ပရမတ္တသစ္စာ ဟိန္ဒူဗြဟ္မဏဒဿနတို့ဖြင့် ဖုံးလွှမ်းခြင်းခံနေရသော ဗုဒ္ဓ၏ ရိုးရှင်းသည့် အရိယသစ္စာနှင့် ကံကိုသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ ရှေ့ဘဝ၊ နောက်ဘဝအစွဲနှင့် ပရမတ္တသစ္စာဒဿနတို့ဖြင့် အိပ်ပျော်နေကြသော မိတ်ဆွေများ အိပ်ခြင်းမှ နိုးထနိုင်ကြပါစေ။ ဓမ္မ E-book စာအုပ်များ လေ့လာလိုပါက http://sites.google.com/site/sayamvasi/toe-bookspage အင်တာနက် လိပ်စာတွင် download ဖြင့် ရယူနိုင်ပါသည်။ လေ့လာဖို့အတွက် နောက်ထပ်လိပ်စာကတော့ http://myanmarengineer.org/forums/archive/index.php/t-2632.html ဖြစ်ပါတယ်။
Mp.3 အသံတရားများ
download ရလိုပါက http://ariyadhamma.multiply.com တွင် စီစဉ်ပေးထားပါတယ်။
search123
March 31, 2011 at 9:55 am
တင်ပြတဲ့အကြောင်းအရာရော၊အရေးအသားပါ အရမ်းကောင်းပါတယ်။
ကြိုက်ပါတယ်။
researcher
March 31, 2011 at 11:06 am
အရှင်ဘုရားပြောတာ တပည့်တော်ရဲ့ ရေးသားချက်ကိုလား၊ ကို kai ရဲ့ comment ကိုလား ဘုရာ့၊ တပည့်တော်ကို ပြောတာ ဆိုရင်တော့ အရှင်ဘုရား သဘောအတိုင်းပါပဲ။
naywoonni
March 31, 2011 at 3:50 pm
သင်္ကန်းစလေး လက်ပတ်ထားတာကို သံဃာ အမှတ်နဲ့ ကိုးကွယ်ရမဲ့အချိန်မရောက်သေးဘူးနော်..။
parlayar46
April 1, 2011 at 6:27 pm
ဥပမာလေးတခု။ အဆုတ်ရောဂါဖြစ်တဲ့သူဟာချောင်းဆိုးပါတယ်။ အဆုတ်ရောဂါမကုပဲနဲ့တော့ ချောင်းဆိုးမပျောက်ပါဘူး။ ခက်တာက အဆုတ်ရောဂါပျောက်အောင် ကုမပြီးခင်ကြားထဲက အချိန်အတွင်းမှာလဲ ချောင်းဆိုးမနေချင်ပါဘူး။ ဒီတော့ အဆုတ်ရောဂါလဲကုမယ်၊ ကုနေစဉ်အတွင်း ချောင်းဆိုးသက်သာတဲ့ဆေးလဲစားမယ်ပေါ့။
ဝိနည်းတော်ကို အလွန်လေးစားတဲ့ အမရပူရ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အနာဂါတ်သာသနာရေး ကျမ်းစာအုပ်အပါအဝင် အခြားစာအုပ်များမှာ သီလ သမာဓိ ပညာ ပြည့်စုံအောင်ကျင့်ရင်း ရပ်ရွာအကျိုး လူထုအကျိုးကို ဆောင်ရွက်နိုင်ပုံများကို လေ့လာနိုင်ပါတယ်။
nagargyi
April 2, 2011 at 4:56 am
ကိုလင်းဝေကျော်ရဲ့ comment နဲ့ပတ်သက်ပြီး ကျွန်တော်သိသလောက်ပြောပြပါရစေ။
ဘုန်ကြီးကျောင်းထဲ ဖိနပ်မစီးတာကတော့ ဘုရားနဲ့ဘုရားသားတော်သံဃာတွေ နေထိုင်တဲ့နေရာဆိုတဲ့အမှတ်နဲ့ မစီးခြင်းဖြစ်ပါတယ်။ ဒါပေမယ့်တစ်ချို့ဘုန်းကြီးကျောင်းတွေက ဝင်ပေါက်နဲ့ကျောင်းတိုက်က အတော်ဝေးပါတယ်။
အဲဒီအခါခြေဗလာနဲ့လျှောက်ပြီးကျောင်းပေါ်တက်ရင် ကျောင်းကိုညစ်ပေစေတဲ့အတွက် အကုသိုလ်အပြစ်ဖြစ်ပါတယ်။
ဒါကြောင့်တစ်ချို့ကျောင်းတိုက်တွေက ကျောင်းဝင်းထဲဖိနပ်စီးခွင့်ပြုပြီး ကျောင်းပေါ်တက်တော့မှ ဖိနပ်ချွတ်ရပါတယ်။
စေတနာဟာကံပါဘဲ။ ဗုဒ္ဓဘာသာရဲ့အခြေခံဟာ စိတ်စေတနာပေါ်မှာအခြေခံပါတယ်။
ဒါကြောင့်စေတနာကောင်း၊စေတနာသန့်သန့်နဲ့လုပ်ရင် အမှားကင်းမယ်လို့ယူဆပါတယ်။
naywoonni
April 2, 2011 at 10:45 am
ကျွန်တော် တစ်ခုလောက်ပြောကြည့်ချင်ပါတယ်။ ဓမ္မစက်တည်ဖို့ အာဏာစက်နဲ့ ကုညီပံ့ပိုးမှုထည်းလိုမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ … ဘုရင်အဇာတသတ် ရဲ့လက်ထက်မှာ သင်္ဂယနာတင်တော့ “အရှင်ဘုရားတို့ ဓမ္မစက်တည်ဖို့အတွက် တပြည့်တော် အာဏာစက်နဲ့ အပြည့်အဝကူညီပံ့ပိုးပါ့မယ် “လို့ လျှောက်ခဲ့တာကိုထောက်ယှဉ့်ပြီးပြောတာပါ..။