သမိုင်းထဲ့က သပြေတန်းခံတပ်တဲ့
မြန်မာတို့ရဲ့နောက်ဆုံးမင်းနေပြည် ရတာနာပုံနေပြည်တော်ကို သိမ်းပိုက်ဘို့ ဧရာဝတီမြစ်ကြောင်းကနေဆန်တက်လာမယ့်
ဗြိတိသျှစစ်တပ်ကို ခုခံဘို့အတွက ်တည်ဆောက်ထားခဲ့တဲ့ ခံတပ်တစ်ခုပါ။
စစ်ကိုင်းတံတားအဟောင်းရဲ့ တောင်ဘက် ကပ်ရက် မှာရှိပါတယ်။
မြန်မာ့သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး အဲဒီဝင်းရဲ့အနောက်ဘက်မှာရှေးတုန်းက လူတွေသုံးခဲ့တဲ့အမြောက်ကို တွေ့နိုင်ပါတယ်။
ကြုံရင်ဝင်ကြည့်ရအောင် တင်ပေးလိုက်ပါတယ်.။
9 comments
nozomi
April 1, 2011 at 11:45 am
လူငယ်တုန်းက ရောက်ခဲ့ဖူးပါတယ ်အဲဒီတုန်းကတော့ ထူးထူးခြားခြား မခံစားမိခဲ့ပါဘူး သေချာကိုစနစ်တကျဆောက်ထားတာပါ (မင်းလှခံတပ်ရောပဲ)
သမိုင်းအရ ဘယ်လိုမှ အဖိုးဖြတ်လို့မရနိုင်ပါဘူး တာဝန်ရှိသူတွေရော ပြည်သူတွေရော အားလုံးစနစ်တကျ အရှည်တည်တံ့အောင် ထိန်းသိမ်းစေချင်ပါတယ် မြတ်နိုးကျစေချင်ပါတယ် (မြန်မာပြည်မှာ ကျွန်တော်ကိုယ်တိုင်အပါအဝင် တော်တော်များများက သစ်တာ ခေတ်မီတာပဲ တန်ဘိုးထားကြတယ် အဟောင်းရဲ့တန်ဘိုးကိုမသိကြဘူး)
တညင်သား
April 1, 2011 at 12:26 pm
ကိုပေါက်……. ဇော်ဝင်းထွဋ် တို့ မဟာ သီချင်းထဲက ရိုက်ကွင်းနေရာတွေလားဟင်…?
ဆူး
April 1, 2011 at 1:39 pm
အဲဒီ နေရာတော့ မရောက်ဘူးသေးဘူး။ ခံတပ်ဆိုတာမျိုး ရုပ်ရှင်တွေ ထဲမှာတော့ အမြင့်ဆောက်ပြီး အဝေးက လာချတာ တံတိုင်းသဖွယ် ကာကွယ်နေတာ.. မြန်မာ ခံတပ်က အတွင်းနိမ့်ဝင်နေတယ်နော်။
kopauk mandalay
April 1, 2011 at 3:13 pm
ရှေးကစာထဲမှာဖတ်ခဲ့ရတာလေးပြန်ပြောပြပါအုံးမယ်။
ဟို အင်္ဂလိပ်တွေမန်းလေးကို တက်မသိမ်းခင်ပေါ့နော်။
မြန်မာရေတပ်က ဧရာဝတီမြစ်ထဲမှာ ဆူးတွေညှောင့်တွေချပြီး သင်္ဘောတွေလာရင် ညိပြီးမသွားနိုင်အောင်လုပ်ထားပါတယ်။
သင်္ဘောတွေရပ်သွားချိန်မှာ ဒီခံတပ်ပေါ်ကနေ အမြောက်နဲုု့ထုမယ်။
ပြီးရင် လှေတွေနဲ့တက်တိုက်မယ်ပေါ့။
ဒါပေမယ့်လဲ အသုံးမချလိုက်ရပါဘူး။
ထားပါတော့။
အခုခံတပ်က သေးသေးလေးပေါ့။
ဘေးက စစ်ကိုင်းတံတားကြီးနဲ့သွားယှဉ်မိတာကိုး။
ရှေးခေတ်က ဒီလိုမျိုးဆောက်ဘို့ဆိုတာဘယ်လွယ်မလဲနော်။
ခေတ်မီခံတပ်လို့ပြောနိုင်ပါတယ်။
တင်ထားတဲ့အမြောက်ကလဲ ကလေး ကစားစရာလိုပေါ့။
ဒါပေမယ့် အဲဒီခေတ်က ဒါလေးရဘို့ ကို အတော်ကြိုးပမ်းခဲ့ရတာပါ။
သူခေတ်နဲ့ သူ့အထွာပြောရရင် မြန်မာတွေခေတ်မီခဲ့ပါတယ်။
ဒါပေမယ့် ကိုယ့်ထက် သူများက ပိုသာနိုင်တယ်ဆိုတာကို မတွေးခဲ့မိလို့ သူများနောက်ရောက်သွားခဲ့ရတာပါ၊
ဒါကျနော့်အတွေးဆိုတော့ မှန်ချင်မှလဲမှန်မယ်နော်။
မိုက်ကယ်ဂျော်နီအောင်ပု
April 2, 2011 at 3:24 am
ကနောင်မင်းသားကြီးကို သတိရတယ်ဗျာ
ရေမြှုပ်ဗုံး
ရေမြှုပ်ဗုံး
kai
April 2, 2011 at 9:13 am
မင်းတုန်းမင်းရဲ့.. ဆွမ်းစားရင်းစိတ်ကောက်တော်မူတဲ့.. ဆရာတော်ကို သတိရတယ်ဗျာ..။
သတ္တဝါတွေ သေကြေကြမယ်တဲ့..။ သေကြမယ်တဲ့..။
ဆွမ်းတောင် ဆက်မစားနိုင်တော့ဘူးဆိုပဲ..။
fatty
April 2, 2011 at 4:37 pm
စစ်ကိုင်းမြို့ထဲက ကမ်းနားလမ်းဘက်မှာ တခုရှိသေးတယ်လို့ထင်တယ်
အခုဟာကတော့ စစ်ကိုင်းအဝင်မှာပေါ့ …
စစ်ကိုင်းမြို့ ဘော်လုံးကွင်းဟောင်းရဲ့ မြောက်ဘက်အပေါက်နဲ့တဲ့တဲ့ လမ်းဒေါင့်အိမ်က အဒေါ်ရဲ့အိမ်ဗျ
အဲဒီမှာ ညီမ အပျိုကြီးရှိတယ်ဗျို့ ဂေါ်မစွံသေးဘူး ….
မယ်နုအုပ်ကျောင်းလဲ တင်ပေးစေလိုတယ် ဒီကလူတွေတချို့ရောက်ချင်မှရောက်ဘူးမယ် …
kopauk mandalay
April 2, 2011 at 4:39 pm
တစ်ခါတစ်လေ ပြောင်းပြန်စဥ်းစားကြည့်မိပါတယ။်
တကယ်လို့များ ကနောင်မင်းသားကြီးသာ မကွယ်လွန်ဘဲ သူ့ စိတ်တိုင်းကျဆောင်ရွက်နိုင်ခဲ့ရင်…………..ဆိုတာက တစ်ခု ဒီထက်စောပြီးတိုးတက်ချင်တိုးတက်နိုင်တယ်ပေါ့။
နောက်တစ်ခုက အင်္ဂလိပ်ကလဲ မသိမ်း ကနောင်မင်းသားတို့ ယောအတွင်းဝန်တို့ ကလဲ သူတို့ လုပ်ချင်ရာလုပ်လို့ မရဘဲ ပဒေသရာဇ်လက်အောက်မှာဘဲ ရှိနေမယ်ဆိုရင်ကော……………………………..
အခုလောက်တောင် မတိုးတက်ဘဲ နေမယ်ထင်တယ်ဆိုတဲ့ အတွေးလေးပါ။.
ရှေးမြန်မာတွေထဲမှာ မညံ့ဘဲ ချွန်ထွက်နေတဲ့လူတွေအများကြီးရှိခဲ့ပါတယ်။
အစွမ်းပြခွင့်မ ရခဲ့ကြဘူးဆိုတာကိုတော့ လက်ခံကြမယ်ထင်ပါတယ်။
kopauk mandalay
April 2, 2011 at 4:47 pm
မယ်နအုဌ်ကျောင်းက လူသိများတယ်။
ပြိုကျနေတဲ့ ပဟိုရ်စင်ကိုတင်ပေးချင်တာ။
နောက် မယ်နုအုဌ်ကျောင်းအရှေ့ဘက်ထွက်ရင် အတော်လှတဲ့ရူ့ခင်းတစ်ခုရှိတယ် ။
ပြီးခဲ့တဲ့ နှစ်နှစ်က ရောက်တယ် အခုမရောက်တာကြာပြီ တင်ပေးမယ်နော်