“Living Together And Social Problems”

SkyApril 4, 20111min20311

ယနေ့ခေတ်ကြီးမှာ
အရာရာဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေဟာလည်း
များစွာ ဖွံ့ဖြိုး တိုးတက်လျှက်ရှိပါတယ် ။ ရုပ်ပိုင်းဆိုင်ရာတွေဘယ်လောက်ပဲ
တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ၊ အားနည်းချက်တွေဟာလည်း
နေရာတိုင်းမှာတွေ့မြင်နေရဆဲဖြစ်

ပါတယ် ။ ကဲ ဒီတော့ ဒီနေ့လူ မှုရေး ကွန်ယက်
ကြီးအတွင်း အင်တာနက်တွေဂျီတော့ခ်တွေ VZO တွေ အလွယ်တကူ
သုံးနေနိုင်ပြီဖြစ်တဲ့ ခေတ်ကြီးမှာ ဘာကြောင့်အားနည်းချက်တွေရှိနေသလဲ ၊
ဘာတွေလိုအပ်နေသေးလဲဆိုတာ ကျွန်တော်တို့အား လုံးလေ့ လာ ကြည့်ကြရအောင် ။
ယနေ့ခေတ်ကြီးမှာ ရေပန်းစားနေတဲ့ ဝေါဟာရတစ်ခုရှိပါတယ် ။ ” Living Together ”
တဲ့ .. မြန်မာ လိုပြောရရင် လက်မထပ်ပဲ အတူနေထိုင်ခြင်းပေါ့ ။ ဒီထက်ပိုပြီး
ရှင်းရရင် လက်မထပ်ပဲ လင်စုံမယား ဖက် ပေါင်းသင်းနေထိုင်ခြင်းလို့
အဓိပ္ပါယ်ရပါတယ် ။

ဟိုးယခင်ကတော့
Living Together ဟာ မြန်မာလူမျိုးတွေနဲ့အတော်လေး စိမ်းနေခဲ့ပါတယ် ။
အခုတော့ လည်း ခေတ်လူငယ်တွေရဲ့ တီးတိုးပါးစပ်ဖျားမှာ
ရေပန်းစားလို့လာခဲ့ပါပြီ ။ အနောက်တိုင်းနိုင်ငံတွေမှာLiving together အပေါ်
ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလို ရှုံ့ချတဲ့သူတွေလည်း
အများကြီးရှိခဲ့ပါတယ် ။ ကဲဒါဆို ကျွန်တော်တို့ကရော Living together အပေါ်
ဘယ်လိုမြင်ပါသလဲ ???? ။ နှစ်ဦးနှစ်ဖက်လုံးက လည်း သဘော တူတယ်
အခြေအနေအရပ်ရပ်ကလည်း အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ ၊ မှတ်ချက်ချစရာမရှိပါဘူး
။ ဒီနေရာမှာ အပိုင်း ၂ပိုင်းဖြစ်သွားပါပြီ ။

၁ ။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီခြင်း


အိုဗျာ.. အတူနေဖို့တောင် ညှိပြီးပြီပဲ နှစ်ယောက်လုံး
သဘောမတူတာမျိုးရှိပါ့မလားဗျာ ” လို့ မေးစရာရှိပါတယ် ။ အဲဒါကတော့
အကျပ်ကိုင်ခြင်းပဲပေါ့ ။ ယောင်္ကျားလေးဖက်က“ နင်ငါ့ကို တကယ်ချစ်ရင်
တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့ လိုက်လျောပေးပါ ” လို့
အကျပ်ကိုင်လာလို့ရှိရင် “ နင်ငါ့ကို တကယ်ချစ်တာ ဟုတ်ရဲ့လားဟာ
ဒါဆိုငါနဲ့အတူနေမှ နင့်အချစ်ကို ယုံမယ် ” လို့ ဆိုလာရင် သာမန် အချစ်ကြီးတဲ့
မိန်းကလေး ၊ ချစ်သူအတွက် ဆို ဘာမဆို ပေးလိုက်မယ်လို့ ခံယူထားတဲ့ မိန်းကလေး
၊ စိတ်ပျော့လွယ်တဲ့ မိန်းကလေး ကတော့ ခေါင်းညှိတ်မိမှာအမှန်ပါပဲ ။
ဒီနေရာမှာ လက်ထပ်ပြီးမှ အပျိုစင်ဘဝကို ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ မိန်းကလေး
တစ်ယောက်က ငြ်းလိုက်ပြီဆိုရင် ပြဿနာရှိလာပါပြီ ။ မိန်းကလေးကလည်း
ပြတ်သားဖို့ လိုလာ ပြီပေါ့ ။ ငါ့ကိုတကယ်ချစ်တာလား ၊ ကာမ
ကိုလိုချင်တာလားဆိုတာ ခွဲတတ်ဖို့လိုပါတယ် ။ တစ်ခုမှာချင်တာက
မိန်းကလေးတစ်ယောက်ကို တကယ်နှစ်နှစ်ကာကာ ချစ်မိတဲ့ ယောင်္ကျားလေး တစ်ယောက်
အဖို့ အဲဒီမိန်းကလေးဆီက ဘာမှလိုချင်တောင့်တမှု မရှိပါဘူး ။ သူ့ကို
အမြဲဖြည့်ဆည်းပေးချင်တဲ့စိတ် သူပျော်နေ တာကိုပဲ မြင်ချင်တဲ့ စိတ်ကလေးသာ
ရှိပါလိမ့်မယ် ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီလို့ ဖြစ်မြောက်
သွားတဲ့Living together တွေရှိသလို တစ်ဖက်က အတင်းအကျပ်ကိုင်လို့ မတတ်သာလို့
(သူမချစ်ဘူးလို့ ထင်သွားမှာစိုးလို့ ) အလျော့ပေးလိုက်ရတဲ့ တစ်ဖက်သတ်
Living together တွေလည်းရှိပါလိမ့်မယ် ။

၂ ။ အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း

Living
together နေဖို့ဆိုရင် အခြေအနေအရပ်ရပ်က အဆင်ပြေမှသာလျှင်
ဖြစ်မြောက်နိုင်မှာပါ ။ နိုင်ငံခြားမှာ မိဘကွယ်ရာမှာ
ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေတဲ့သူမျိုးကို မဆိုလိုပါဘူး ။
မြန်မာနိုင်ငံအတွင်းမှာဆို မိဘ အလစ် လည်းဖြစ်ရဦးမယ် ။ ဥပမာ မိဘက
ခရီးသွားနေတာမျိုး ၊ ဒါမှမဟုတ် အလုပ် (သို့မ ဟုတ်) ကျောင်းပြေးပြီး
ရည်းစားနဲ့အတူသွားနေခြင်းစတဲ့အပြုအမူမျိုးကို ဆိုလိုတာပါ ။ ဒါမှမဟုတ် နယ်ကေ
န မြို့တက် ပြီးတစ်ယောက် တည်းရပ် တည်နေ ရတဲ့သူမျိုး ။ ဇတ်လမ်းတွေကတော့
အမျိုးစုံရှိကြမှာပါ ။ မိုးက ရွာ မှောင်က လည်းမှောင်မိုးခိုရင်း ဟော်တယ်မှာ
ရင်ခွင်ထဲ ရောက်သွားတဲ့သူတွေ ၊ သင်္ကြန် မှာ လျှောက် လည်ရင်း ချမ်းလွန်း
လို့ အချမ်းပြေ ဘီယာလေးသောက် ဟိုတယ် ၊တည်းခိုခန်း ခဏရောက် သွားတဲ့အဖြစ်တွေ
အများကြီးရှိကြမှာပါ ။

Living Together ၏ကောင်းကျိုးများ

သိပ်များများစားစားတော့ရှိမယ်မထင်ပါဘူး
။ အလွန်ဆုံး ၁ နာရီလောက် အတူနေပြီးတဲ့နောက် မှာ နှစ်ယောက် စလုံးရဲ့
သံယောဇဉ်တွေ ပိုပြီး ခိုင်မာလာမယ်လို့ သင်ထင်ပါသလား ။
နိုင်ငံခြားတိုင်းပြည်အနေနဲ့ကြည့်ရင်တော့ လက်မထပ်သေးပဲ Living together
နေခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ လေ့လာနိုင်မယ် ။
ဒီအတောအတွင်း သဘောထားခြင်းမတိုက်ဆိုင်ရင် လမ်းခွဲကြမယ်ပေါ့ ။ ပြဿနာမရှိဘူး
သူတို့ဆီမှာက ဒီ sex ကိစ္စသည် ဒီလောက်ကြီး အရေးတယူရှိတဲ့ ကိစ္စတော့မဟုတ်လှဘူး
။ ဒါကြောင့် တချို့ဆို ကလေးတွေ ဘာတွေရပြီးမှလက်ထပ်တာမျိုးလည်း ရှိတာပေါ့ ။
သူ့အယူအဆနဲ့သူ ၊ သူ့အိုးနဲ့သူ့ဆန် တန်နေတာပါပဲ ။

Living together ၏ ဆိုးကျိုးများ

မှတ်ရလွယ်အောင် အချက်ကလေးတွေစဉ်ပြီး ကြည့်ရအောင် ။


။ အပျိုစင်ဘဝကို ယူပြီးသွားတော့ ချစ်သူကကြာရင် ရိုးလာပြီး
စွန့်ပစ်ခံရတာမျိုး ကြုံရနိုင်ပါတယ် ။ (ဒါကြောင့် ခက် ခဲလေ
ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့ )

၂ ။ တနည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက် ၊ သိက္ခာ ကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ ။ အထူးသဖြင့် မိန်း ကလေးတွေမှာပေါ့ ။


။ ကိုယ်က အပျိုစင်ဘဝပေးပြီးတော့ သူ့ဖက်က ကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့
ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ် ။ အမြဲတမ်းစိတ်ပူနေရတတ်ပါတယ် ။
နောက်ဆုံး depressionအထိရနိုင်ပါတယ် ။

၄ ။ Living together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင် ကိုယ်ဝန်ရနိုင်ပါတယ် ။


။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့်မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း
(Abortion) ဆိုတဲ့ဖက်ကို ဦးတည်ကြမှာပါ ။ ဒီအခါ အပစ်မရှိတဲ့
အသက်တွေသေကြရဦးမယ် ။

အထက်ပါ ငါးချက်ဟာ အကြမ်းဖျဉ်း ယေဘူယျ
ဆိုးကျိုးငါးချက်ပဲရှိပါသေးတယ် ။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ်
။ (ဥပမာ အကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်က သဘောမတူဘူး
တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်…………………)

Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့် လူမှုရေးပြဿနာများ (Social Problems)

“ သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင် တာဝန်မကျေပါဘူး ”

လုပ်ပြီဆိုမှတော့
ပီပီပြင်ပြင်ပေါ့ ။ ကဲ Living together ဘယ်တော့မှ အတူမနေဘူးဆိုရင်တော့
ဘာမှပြော စရာမရှိပါဘူး ။ ကဲ နေမယ်ရှင် ဆိုတဲ့မိန်းကလေးတွေအဖို့ ဘာတွေလုပ်
သင့်သလဲဆိုတဲ့ အ ချက်တွေကို ရေးပေး လိုက်ပါတယ် ။

၁ ။ ကိုယ်ဝန်မရအောင် လုံးဝ ကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ ။


။ မိမိရဲ့ partner ကို ကွန်ဒုံးသုံးခိုင်းပါ ။ တချို့လူတွေက
မိန်းကလေးဖက်ထည့်မတွက်ပဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ် ။
အဲဒီနေရာမျိုးမှာ မိန်းကလေးဖက်က ပြတ်ပြတ်သားသားအမိန့်ပေးပါ ။

၃ ။ ကဲ
ရှုံးနိမ့်သွားပြီဆိုပါစို့ ။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့
လိင်ဆက်ဆံမိပြီဆိုပါစို့ ။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန်
သုတ်လွွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ ။ သုတ်ရည်ကို မိမိ မိန်းမကိုယ်
(vagina) ထဲမှာမလွှတ်စေပဲ အပြင်မှာ ထုတ်ခိုင်းပါ ။ဒီနည်းလမ်းကလည်း
ပြောမယ့်သာပြောတာ အဲဒီအချိန်ကျမှ အပြင်ထုတ် ၊ အပြင်မှာ လွှတ်ဆိုတာ
သိပ်တော့လွယ်မယ်မထင်ပါဘူး ။

၄ ။ ကဲ နံပါတ် ၃အချက်ကိုလည်း
ရှုံးနိမ့်ပြီး သုတ်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိသွားပြီး အရာအားလုံး
ပြီးဆုံးသွားပြီဆိုပါစို့ ။ ကိုယ်ဝန်မရအောင် အရေးပေါ်သန္ဓေတားဆေး
သောက်ဖို့လိုပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း
သောက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ အလွယ်တကူ ဝယ်လို့ရပါပြီ ။ Levonogestrel
0.75 mg ပါဝင်ပါတယ် ။ လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်း စောနိုင်သမျှ
စောစော စသောက်ရပါမယ် ။ ဆေး ၂ လုံးပါပါတယ် ။ ပထမဆေးသောက်ပြီး နောက် ၁၂
နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။ ဆေးသောက်ပြီး လို့ ၁ နာရီအတွင်း
ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမယ် ။

၅ ။ ခဏခဏတော့ Living together
အတူမနေမိပါစေနဲ့ ။ ဒါဆိုရင် အရေးပေါ်သန္ဓေတားဆေးကလည်း ကူညီပေးနိုင်
မှာမဟုတ်ပါဘူး ။ ခဏခဏ နေမယ်စိတ်ကူးရှိရင် ရေရှည်စီမံကိန်း ဆွဲပါ ။ OC Pills
လို့ခေါ်တဲ့ မြှားကဒ်လေးတွေသောက်မလား ၊ ၃ လခံဆေး 3 month depo injection
ထိုးမလား ၊ IUD လို့ခေါ်တဲ့ သားအိမ် တွင်းထည့်ပစ္စည်းထည့်မလား
သင်ကြိုက်ရာရွေးပါ ။

ချစ်ခြင်းမေတ္တာဆိုတာ
sex နဲ့တွဲမှ လေးနက်ခို်င်မြဲတဲ့အရာမဟုတ်ပါဘူး ။ သူ့အလိုလို
နားလည်ခွှင့်လွှတ် ချစ်တတ်ခြင်းဟာလည်း မွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ ။

အထက်ပါအကြောင်းအရာများကို
ရေးသားခြင်းဟာ လူငယ်လူရွယ်လေးတွေအဖို့ သိသင့်သိထိုက်တာတွေကို ရှင်းရှင်း
လင်းလင်း သိပြီး ရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့
အတွက်ပဲဖြစ်ပါတယ် ။ Love နဲ့ Sex ကို ခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု
လေးနက်စွာ ဆန္ဒပြုလျှက်………….။

11 comments

  • nigimi77

    April 4, 2011 at 7:08 pm

    တချို ့အချက်တွေက လွဲလို ့ ရေးသားထားတာ အားလုံး နီးပါး သဘောကျပါတယ်။

    ဘယ် အချက်တွေကို သဘော မကျတာလဲလို ့ အမေးရှိရင်တော့ အဖြေရှိပါမယ်။

  • Foreign Resident

    April 4, 2011 at 8:38 pm

    I think, the title is deviated from what the author want to say.
    It might be better to use “having sexual pleasure” instead of “living together”
    Because “Living Together” (Cohabitation) means
    2 people decide to live together on “a long term or permanent basis” & they want to test their “compatibility”
    “ခဏခဏတော့ Living together အတူမနေမိပါစေနဲ့”
    Living together is permanent basic, not a frequently meet (ခဏခဏ)
    “ချစ်ခြင်းမေတ္တာဆိုတာ sex နဲ့တွဲမှ လေးနက်ခို်င်မြဲတဲ့အရာမဟုတ်ပါဘူး”
    Living together does not solely rely on sex,
    Actually, the couple tests/trials their compatibility (financial, sexual & social relationship)

  • MaMa

    April 5, 2011 at 1:00 am

    တကယ်ကောင်းတဲ့ ပညာပေးစာပေလေးပါပဲ။ nigimi77 ရဲ့ မကြိုက်တဲ့ အချက်အလက်တွေကိုလည်း သိချင်ပါတယ်။

  • maungmoenyo

    April 5, 2011 at 1:35 am

    မိဘရှုထောင့်ကမြင်တဲ့အမြင်ပါ –
    ပုဝါတကမ်းလက်တလှမ်း ခေတ်ကနေ ခုချိန် ရန်ကုန်လိုမြို့ကြီးတွေမှာတောင်ဒီကိစ္စတွေက ပေါ်ပေါ်ထင်ထင်ဖြစ်လာပါပြီး။ တကယ်တော့ ခေတ်ရေစီးကြောင်းဆိုတာ တား လို့မရပါဘူး။ ဝတ်စားဆင်ယဉ်နေဆိုင်ပြောဆိုမှုကအစ ပြောင်းလဲမှု တွေဟာပါတ်ဝန်းကျင် (ပြည့်ပရပ်ခြားကနေ) ရိုက်ခတ်လာတတ်ပါတယ်။ မကောင်းဘူး လို့မျက်စေ့မှိတ်ပြောလို့ရတဲ့ခေတ်ကုန်နေပြီးဆိုတာသတိချပ်ကြပါ။ မိဘ အုပ်ထိမ်းသူတွေအနေနဲ့ ကိုယ့် သားသမီးကို ဘယ်ပုံစံဖြစ်ချင်လဲဆိုတာအာသီသရှိကြသလို၊ ကြိုးကိုင်ကြသူချည့်ပါဘဲ။ နဲနဲ နဲ့ များများဘဲ ကွာပါတယ်။ ကိုယ်ကပုံစံသွင်းမယ်လို့ကြုံးဝါးနေချိန်မှာ ကိုယ့်ကလေးကလွတ်ထွက်သွားနေတဲ့ super ခေတ်ရောက်နေပါပြီ။ ကြိတ်ပြီးဒူးနဲ့မျက်ရေသုတ်ကြရတဲ့ မိဘတွေ မနည်းတော့ပါဘူး။ တသက်လုံးကိုယ့်ပုံစံဝင်လာပြီးကာမှ၊ လွတ်ပြီကျွတ်ပြီဆိုချိန်မှာ၊ လက်လွန်ခြေလွန်လွတ်ကြသူတွေလဲ ဒုနဲ့ဒေးပါ။ ကိုယ့် သားသမီးတော်လှချည့်ရဲ့လို့ အရပ်ထဲ၊ အမျိုးတွေကြားထဲ၊ အလုပ်ထဲ ကြွားဝါကြလို့မဆုံးခင်မှာ၊ ကိုယ့်သားသမီးလုပ်သူတွေ မဟုတ်မဟတ်တွေ ဖြစ်ကြတာတွေလဲ မဖုံးနိုင်မဖိနိုင်အောင်ပါဘဲ။
    – သားသမီးနဲ့ ရင်းနှီးအောင်နေပါ
    – ခေတ်အခါရဲ့ပြောင်းလဲမှုကိုအသိအမှတ်ပြုပါ၊
    – ကိုယ်စိတ်ကိုကိုယ်ထားတတ်ကြဘို့ နားလည်မှုရှိကြဘို့ ကြိုးစားကြပါ၊
    – သားသမီး ကဆွေးနွေးပြောဆိုတဲ့ ကိစ္စ၊ သူတို့တတွေရဲ့ ပညာရေး၊ လူမှုရေးကအစ ကိုယ်က ဆွေးနွေးနိုင်အောင် အပြတ်လေ့လာထားကြပါ။
    – ဘာဖြစ်ရင်ဘာလုပ်မယ်ဆိုတဲ့ plan A, B, C စသဖြင့် အဆင်သင့်ပြင်ထားပါ။
    – ကိုယ့်ကြောင်းသားသမိးပေါ်မှာဝန်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့။
    ဂုဏ်တုဂုဏ်ပြိုင် နဲ့ ပကာသန စနစ်ကို ခုခေတ်လူငယ်တွေက သိပ်အလေးမထားကြဘူးဆိုတာ သတိချပ်ကြပါ။

  • bigcat

    April 5, 2011 at 2:19 am

    လစ်ဘရယ်အတွေးအခေါ်ရှိလွန်းသူများကို တန်ပြန်ဖို့လိုနေတဲ့ စာကောင်းတပုဒ်ပါ။ living together နှင့် having sex ကိုခွဲမြင်သင့်သည်။ လစ်ဗင်းတူဂဲသားဆိုတာ လက်မထပ်ဘဲ လင်မယားလို အတူနေအတူစား အတူသွားသည်။ အနေကြာလို့ သံယောဇဉ်ဖြစ်လျင် ယူလိုက်ကြ၊ မဖြစ်တော့လည်း ကိုယ့်လမ်းကိုသွားပါ။ အတူမနေခင် အချိန်တခုလောက် တွဲသွားတွဲလာလုပ်ကြည့်တာ မမှားနိုင်ပါ။
    တည်းခိုခန်းလိုမျိုး ဆိတ်ကွယ်ရာ နှစ်ဦးသဘောတူ လိင်ဆက်ဆံတာကတော့ မိန်းခလေးအတွက် အရှုံးပိုသည်။ လိင်ကိစ္စပွင့်လင်းလွန်းပါတဲ့ အမေရိကားတွင်တောင် ယေဘူယျအားဖြင့် လိင်ဆက်ဆံမှုတွင် ယောက်ျားလေးနှင့်မိန်းခလေး အမြင်လေးနက်ပုံခြင်း မတူညီပါ။
    ရည်းစားနှင့် တည်းခိုခန်းတွင် မကြာခဏ ဆုံလေ့ရှိသူတဦးပြောတာ “ဘာပဲဖြစ်ဖြစ် ငါ့ညီမသာ ဒီလိုလုပ်ရင် ရိုက်သတ်ပစ်လိုက်မယ်တဲ့”.

  • KoNyeinChan

    April 5, 2011 at 2:40 am

    ဗျို ့ကိုကြီးကြောင်…
    (ရည်းစားနှင့် တည်းခိုခန်းတွင် မကြာခဏ ဆုံလေ့ရှိသူတဦးပြောတာ “ဘာပဲဖြစ်ဖြစ် ငါ့ညီမသာ ဒီလိုလုပ်ရင် ရိုက်သတ်ပစ်လိုက်မယ်တဲ့”.)
    အဲ့ဒီလူက ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ ့ဆိုတဲ့သူမျိုးလား?

  • eros

    April 5, 2011 at 3:11 am

    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ Living Together က အခြေအနေ မပေးနိုင်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ နေလိုက်တာနဲ့ လက်ထပ်ပြီး လင်မယားအရာမြောက်သွားတယ်။ ဥပဒေ အရ သိမှတ်ဘူးတာလေးပါ။ ကွာရှင်းရင် ရပိုင်ခွင့်တွေကို လင်ဘက်ကရော၊ မယားဘက်ကပါ တောင်းပိုင်ခွင့် ရှိပါတယ်။ ဥပဒေ ပိုင်းပိုသိသူဖြေပေးပါ။ မြန်မာပြည်မှာ တာဝန်မယူရင် လိမ်လည်ကာမ ရယူလိုမှုနဲ့ တရားစွဲလို့ ရတယ်ဆိုတာ သတိထားပါ။

    • winmya

      April 5, 2011 at 9:50 am

      ဒီစာသားနဲ့ပါတ်သက်တဲ့ လင့်တွေလည်းအများကြီး ရှိကောင်းရှိပါလိမ့်မယ်၊ ဗဟုသုတလေးတွေ ကြွယ်ဝစေချင်သော စေတာနာနဲတင်လိုက်ပါသည်။

  • sayargyi

    April 5, 2011 at 9:41 am

    ဂေဇက်မှာလဲ အဲဒီ ပြဿနာတွေဖြစ်နေတာဘဲ မီး၄ ရေ…ကူးတာကို အပြစ်မပြောလိုပါဘူး…မူရင်းလေးကိုတော့ ပြောပြသင့်တာပေါ့..

  • Gong Zhu

    April 5, 2011 at 6:47 pm

    ဟယ်နော် … ဒါပေမယ့် တားဆေးသောက်ပြီးရင် လူက ဖောလာတယ်တဲ့နော် … အကြီးကြီးဖြစ်လာတာတဲ့ … အဲ့ဒါ ဘယ်လောက်ကြာမှ အဖောသက်သာတာလဲ …

Leave a Reply