Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘုရင့်နောင်ကားဂျမ်းအကြံပေးပါ

natureApril 5, 20111min44519

ဘုရင့်နောင်ပွဲရုံတန်းနဲ့ ဘုရင့်နောင်တံတားအဆင်းလမ်းတွေဟာ ညနေစောင်းလာရင်ဖြစ်နေတဲ့ကားဂျမ်းဟာ တဖြေးဖြေး ပိုစိတ်လာပြီး ပိုဆိုးလာပါတယ်၊ သင်္ကြန်နီးတာလဲပါပါလိမ့်မယ်။ ကားဂျမ်း မဖြစ်စေရေးအတွက် ရွာသားများထံမှ အကြံဉာဏ်များ ပေးကြပါရန်ဖိတ်ခေါ်ပါတယ်။
ညနေအလုပ်ဆင်းချိန်မှာ ရန်ကုနမြို့်တမြို့လုံးမှာ အလုပ်ဆင်းနေတဲ့ လှိုင်သာယာ ရွှေပြည်သာကဝန်ထမ်းတွေ အိမ်ပြန်ရင်လဲ ဒီလမ်းကပဲ ပြန်ရပါတယ်၊လှိုင်သာယာ ရွှေပြည်သာကဝန်ထမ်းတွေ မြို့ထဲပြန်ရင်လဲဒီလမ်းကပဲပြန်ရပါတယ်။ ကားဂျမ်းဘာ့ကြောင့်ဖြစ်ရလဲ
ဘယ်လိုဖြေရှင်းရင်ရနိုင်သလဲဆိုတာ ဝိုင်းဝန်းအကြံပေးစေလိုပါတယ်၊
ကျနော့်အမြင်ကတော့ ဘုရင့်နောင်ပွဲရုံတန်းကလမ်းတွေဟာ နဂိုက ၂လမ်းမောင်းပါ၊ အခုတော့တလမ်းမောင်းတွေဖြစ်နေပါတယ်၊ ဒါကြောင့်ကိုလိုတဲ့နေရာကိုရောကဖို့အတွက် ကွေ့ပတ်မောင်းရလို့ လမ်းကြောကိုရှည်စေပါတယ်၊ဒါကြောင့် ရေတမာလမ်း၊ခရေလမ်း တို့လိုကားသိပ်ကျပ်တဲ့လမ်းတွေကို တလမ်းမောင်း သတ်မှတ်ပြီး ကျန်လမ်းတွေကို ၂လမ်းမောင်း သတ်မှတ်သင့်တယ်လို့ထင်ပါတယ်။
ဆိုင်ကယ်တွေပြန်စီးခွင့်ပြုခြင်းဟာလည်း ကားဂျမ်းကို သက်သာစေနိုင်တယ်လို့ ထင်ပါတယ်၊
ကုန်တင်ယာဉ်တွေရဲ့ကုန်တင်ခွင့်ကုန်ချိန်ကို လျှော့ချလိုက်တဲ့အတွက် ကုန်တင်ကားစိးရေဟာ ၂ဆတိုးလာတာလည်း ပါမယ်လို့ထင်ပါတယ်၊
ဘုရင့်နောင်ဈေးဘေးကနေ ဗဟိုလမ်းဘက်ကို ဖောက်ထွက်ဖို့ တလမ်းလောက် ရှိသင့်တယ်လို့ထင်ပါတယ်။
ယာဉ်ထိမ်းရဲများကတော့ ညနေတိုင်း ရှင်းနေတာကိုတွေ့ရပါတယ်။
ယာဉ်ထိမ်းရဲများက လော်စပီကာနဲ့ သွားရမဲ့ရှင်းတဲ့ လမ်းကြောင်းများကို ညွှန်ပြပေးစေချင်ပါတယ်။
ရှေ့မှာဂျမ်းဖြစ်နေပြီဆိုရင် ရှောင်နိုင်ဖို့ ရှင်းတဲ့လမ်းများကိုသွာရန် စပီကာဖြင့်အသိပေးစေလိုပါတယ်။
ရွာသားများရောဘယ်လိုထင်ကြပါသလဲ။

19 comments

  • ဆူး

    April 5, 2011 at 5:23 pm

    ကားပိတ်တာကတော့ အလွန်ပါဘဲ။ ယနေ့ ကမ်းနားလမ်းဘက်ကို သွားပြီး သင်္ဘောဆိပ် ဘက်ကို ခဏသွားပါတယ် ပိတ်လိုက်တာ လွန်ပါရော… သင်္ဘောဆိပ်မှာ ကုန်ချချင်လို့ အလု အယက် တိုးဝင်နေတဲ့ ဆိုက်ကားတွေ မနိုင်မနင်းပါဘဲ။ စည်းကမ်းလည်း လုံးဝ မရှိဘူး သူဦး သူဝင် ကိုယ်ဦး ကိုယ်ဝင် ဆိုတော့.. ကားပိတ်ဆို့မှုကတော်တော် ကြီးမားနေပါတယ်။ ဆိုက်ကယ်ကို အကြံပြုပေမဲ့ ယနေ့ ကြုံတွေ့တဲ့ ဆိုက်ကား တွေ အလု အယက် အတင်းတိုးတဲ့ ကိစ္စနဲ့တင်.. ဆိုင်ကယ် တမျိုးတိုးလာရင် လမ်းတွေ ပိုဆိုးလာ မလားမသိဘူး။ အဓိက စည်းကမ်းမရှိ အလုအယက် အတင်းတိုးလို့ ပြသနာတွေ ဖြစ်နေကြတာလို့ ထင်ပါတယ်။

  • kai

    April 5, 2011 at 11:25 pm

    ကားဂျမ်းကို ဘယ်နိုင်ငံကမှ ပျောက်အောင်မလုပ်နိုင်သေးပါဘူး..။
    ကားစည်းကမ်းတွေ ရှိကြရင်တော့ .. နည်းနည်းသက်သာပါတယ်..။

    မြန်မာပြည် -ရန်ကုန်ကားအရေအတွက်နဲ့ အခုလို.. ခပ်ကြမ်းကြမ်း ဂျမ်းနေတယ်ဆိုရင်တော့.. လမ်းတံတားအင်ဂျင်နီယာကောင်းတွေ မရှိလို့..ဖြစ်နေတာများမယ် ထင်မိတာပါပဲ..။
    ပညာတော်သင်တွေ.. နိုင်ငံခြားများများပို့ပြိး..သင်ခိုင်းသင့်တယ်..။

    အဲဒီနေရာရဲ့.. ဂျမ်းဓါတ်ပုံလေးပါ တင်ပေးနိုင်ရင်ကောင်းမှာ…။ 🙂

    • etone

      April 7, 2011 at 3:15 am

      etone လည်း အဲ့ဒီ ကားဂျမ်းကို ရိုက်ချင်နေတာ ကြာပြီ ဖယ်ရီမစီးပဲ ကိုယ့်ဘာသာကိုယ်ပြန်လို့ အခွင့်ရေးမရခဲ့ဘူး ။

  • eros

    April 6, 2011 at 2:51 am

    ၂ လမ်းသွားက အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ ကုန်ချတဲ့ ကားက ထောင်လိုက်ရပ်ထားရင် လမ်းပေါ်တင်နေပြီလေ။ အဲဒီတော့ မျက်နှာခြင်းဆိုင်လာတဲ့ ကား ရင်ဆိုင်တွေ့ပြီး ပိတ်နေပြီလေ။ ကုန်တင်ခွင့်လျှော့တာပြီးသွားပါပြီ။ အခု နဂိုအတိုင်းပြန်တင်လို့ နေပါပြီ။ အဓိက ကတော့ စတင်အကွက်ဖော်တဲ့လူတွေက ရှေ့ ကိုကြိုမတွေး အရေအတွက်များများ ရရင်ပြီးရောမို့ပါ။ ကားရပ်စရာနေရာ က တီအီး ၆ ဘီးကားလောက်ပဲ ရတာမို့လို့လေ။ တကယ်ဆိုရင် ၁၂ဘီးကားကြီးတွေ ထောင်ပြီးရပ်ထားရင်တောင်မှ ရှေ့ မှာ နေရာလွတ်က ၅ပေ က ၁ဝ ပေ ရှိမယ်။ ကားလမ်းအကျယ်က ကားကြီး ၃စီး လွတ်လွတ်လပ်လပ် သွားလို့ရရင် အဆင်ပြေမှာပါ။ အခု အောင်မင်္ဂလာ အဝေးပြေးလဲ အဲဒီအတိုင်းကျဉ်းကျဉ်း ကျုပ်ကျုပ်ပဲ။

  • လင်းဝေကျော်

    April 6, 2011 at 4:17 am

    စပြောရရင် အလုပ်မလုပ်တတ်တာ။
    စဆောက်ကတည်းက သေချာတွက်တာမဟုတ်ဘူး။ ဖြစ်သလိုဆောက်ပေးအကွက်ရိုက်ပေးတာ။
    နောက် ဘုရင့်နောင်လမ်းက ပိတ်ရတာတော့ ကားများလွန်းလို့ပါ။
    ယာဉ်ကြောတွေကို အပြည့်အဝ အသုံးချလို့မရပါဘူး။ လမ်ဘေးမှာကားရပ်ထားတာ။
    လမ်းဘေးမှာကားတွေရပ်ထားတော့ ဘတ်စကားတွေ က လမ်းလယ်မှာ ရပ်ပြီး အတင်အချလုပ်တော့တာပေါ့။
    အဲဒီမှာတင် ယာဉ်ကြော နှစ်ကြောက သုံးလို့မရတော့ဘူး။
    သူ့မှာရှိတာက သုံးကြောပဲ။ နောက်ဆုံးတစ်ကြောကလည်း ကွေ့မယ့်ကားတွေအတွက် ပိတ်နေတာ။
    ကွေ့စရာကတော့ လမ်းက မိုးပျံလမ်းမဟုတ်တော့ စောင့်ရတယ်။
    အဲဒီအထဲမှာ ကားအစုတ်တွေနဲ့ မမောင်းတတ်တဲ့သူတွေက ပါနေတော့ မီးပွိုင့်ကထွက်ရင် ဖြည်းဖြည်းချင်း။
    ကဲ ပြောရင်းတောင် စိတ်မောလာပြီ။ ဘယ်လောက်ပိတ်ပြီး ဘယ်လိုဆိုးတယ်ဆိုတာ ကို သိလွန်းလို့။

  • padonmar

    April 6, 2011 at 2:46 pm

    ၁ဝ ဘီးကားမပေါ်ခင်က နောင်အရှည်မစဉ်းစားပဲ ချထားတဲ့ လမ်းနဲ့ အဆောက်အဦးတွေဆိုတော့ ဒဲပြဿနာဖြစ်မှာပဲ၊ကားသမားတွေကလည်း ကိုယ်ချင်းစာတရားမရှိ လုပြီးထွက်ကြတော့ ကားတွေခေါင်းချင်းဆိုင်ပြီး ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတာပေါ့၊

    (၁)၁ဝဘီးကားတွေကို မနက်၆ နာရီနဲ့ ညနေ၆နာရီကြား မဝင်စေနဲ့။
    ကုန်တင်ကုန်ချကို ညပိုင်းလုပ်ခိုင်း၊

    (၂)လုံခြုံရေးကို Fisca လို ပြတ်ပြတ်သားသား တာဝန်ယူတဲ့ အဖွဲ့နဲ့ စောင့်ခိုင်း၊

    (၃)လမ်းဆုံတိုင်းမှာ Yellow Box စနစ်ကျင့်သုံး။

    (၄)ရန်ကုန်မြို့ထဲက လမ်းတွေလိုပဲ ၂လမ်းဝင် ၂လမ်းထွက် လုပ်၊
    ဥပမာ-ခရေလမ်း အောင်သပြေလမ်း direction တစ်ခု။ရေတမာလမ်း ငုဝါလမ်း direction ပြောင်းပြန် အတူတူသွားခိုင်း၊

    (၅)လမ်းပိတ်ပြီးကုန်တွေခင်းရင် ၊ကုန်တင်ကုန်ချလုပ်ရင် တကယ် ဒဏ်ကြီးကြီးဆောင်ခိုင်း

    (၆)ဘတ်စကားတွေ နောက်ကားလာတာနဲ့ ထွက်ပေးခိုင်း။
    သူ့ယာဉ်ကြော မဟုတ်ပဲ လမ်းလယ်တက်မောင်းရင် ဖမ်း ၊
    စည်းကမ်းမဲ့ မောင်းတာတွေ့ရင် ဘယ်သူမဆို ကားနံပါတ်နဲ့ အချိန်တိတိကျကျတိုင်ရင် အရေးယူပေး၊၊

    • eros

      April 7, 2011 at 3:13 am

      (၁)၁ဝဘီးကားတွေကို မနက်၆ နာရီနဲ့ ညနေ၆နာရီကြား မဝင်စေနဲ့။
      ကုန်တင်ကုန်ချကို ညပိုင်းလုပ်ခိုင်း၊

      အခုအမိန့်တွေ၊ စည်းကမ်းတွေချတဲ့သူတွေ အတိုင်းပဲနော်။ အဲဒီလိုမလုပ်ပါနဲ့နော်။ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး၊ သယ်ယူပို့ဆောင်ရေးလျှင်မြန်စေရေး စဉ်းစားကြတာပါ။ ကုန်စည်သယ်ယူပို့ဆောင်ရေး အတွက် ၁ဝ ဘီး၊ ၁၂ဘီးတွေက အရေးပါတယ်။ အလုပ်သမားအလုပ်လုပ် ချိန်ကိုလည်း ကြည့်ပေးပါဦး။ အဖြစ်နိုင်ဆုံးက ဝန်းကိုချဲ့ဖို့ပဲ။ လက် ရှိရှိနေတဲ့ ၁ခြမ်းကို ဖြိုလိုက် အဲဒီဘက်မှာ ကားပေးမရပ်ရင် အဆင်ပြေမှာပါ။

      • ကြောင်လေး

        July 13, 2012 at 10:16 am

        အစမကောင်းတော့ အနှောင်းမသေချာတော့ဘူး၊
        တဝန်းလုံးဗုံးခွဲပြီးဖြိုပလိုက် …ပြီးမှ အစက ပြန်စ ရေရှေအတွက် တွက်ပြီးစံနစ်တကျပြန်ဆောက်
        (အဲလိုလုပ်လို့မဖြစ်ဖူးပြောတာပါ)

  • unclegyi1974

    April 6, 2011 at 2:58 pm

    လွယ်ပါတယ်
    လှိုင်သာယာကိုကူးဖို့ကမြစ်ခံနေတာကိုး
    မြစ်ကိုမြေဖို့ပလိုက်တံတားမလိုတော့ဖူးသွားချင်
    သလိုသွားလို့ရသွားပြီ
    ဘုရင့်နောင်ဘက်မှာကားကျပ်တာမကျပ်ရအေင်
    ကားတွေပေးမဝင်နဲ့ ကားမကျပ်တော့ဖူး
    ဘယ်လောက်ကောင်းလဲ ကုလကလာခေါ်တာ
    တောင်သွားမလုပ်ဖူးနော် ဟဲဟဲဟဲ

  • ဆူး

    April 6, 2011 at 4:50 pm

    သဘောင်္ တွေ စက်လှေတွေ သွားနေလို့ မသွားရင် အိန္ဒိယမှာ ဂင်္ဂါမြစ်ကို စည်ပိုင်းနဲ့ တံတား လုပ်ထားတာ မိုက်တယ်။
    ကားတွေ စည်းကမ်း ရှိပြီး ကိုယ်ချင်းစာ စိတ်နဲ့ သွားလာနေရင် အများကြီး ကောင်းသွားပါလိမ့်မယ်

  • nature

    April 6, 2011 at 5:03 pm

    အမြဲထောင်နေတဲ့လိုင်းကားစပယ်ယာတွေ ဒရိုင်ဘာတွေလည်း တနေကုန်ကားဂျမ်းမှာပိတ်မိနေပြီး သနားစဖွယ် ဒီနေ့တော့သွားပြီဆိုပြီးညည်းညူနေကြတယ်။
    မှတ်ချက်၊ 6-3-2011 နေ့တွင်ကားဂျမ်းတရက်မဖြစ်ပါ။

  • nature

    April 6, 2011 at 5:06 pm

    ဓါက်ပုံရိုက်တာမိသွားရင်ဒီကပေါလစီနဲ့ညှိသွားမှာစိုးလိုပါ၊ ကျနော်ကကြောက်တတ်လို့ပါ၊

  • nature

    April 6, 2011 at 5:07 pm

    ဓါက်ပုံရိုက်တာမိသွားရင်ဒီကပေါ်လစီနဲ့ညှိသွားမှာစိုးလိုပါ၊ ကျနော်ကကြောက်တတ်လို့ပါ၊

  • etone

    April 7, 2011 at 3:44 am

    အဲ့ဒီလမ်းကလေ ဘယ်လိုဖြစ်နေလဲဆိုတော့ … မီးပွိုင့်ပျက်လျှင် ပိုကြပ်တယ် … ။ မီးပွိုင့်ကောင်းတုန်းကတောင် ကားတွေ မနည်းရှင်းရတာ … မီးပွိုင့်ပျက်လို့ မော်တော်ပီကယ် လမ်းလည်ခေါင်ရောင်နေရင် ယာဉ်ကြောရှင်းတာ ပိုပြီး ကြာတယ်… တမေ့တမောပဲ လိုရာခရီးရောက်ဖို့… တကယ်ဆို တဘက်ထဲကို ဦးစားပေးပြီး မလွှတ်ပဲ တလမ်းစီကို ခဏခဏလေး လွှတ်လိုက်လျှင် အဆင်ပြေတယ် .. ကားပိတ်တဲ့ လမ်းဘက်က ကားတွေ တခြား ယာဉ်ကြောကိုပါ နေရာယူတော့ မျက်နှာချင်းဆိုင်တွေဖြစ်ကုန်ရော .. ဒါနဲ့ မောင်းမရ ၊ ရွှေ့မရ ဖြစ်ပြန်ရော … ရေကြီးတဲ့ အချိန်ပိုဆိုးတယ်… ပြီးခဲ့တဲ့နှစ်က အဲ့ဒီ မှာ ဂျမ်းဖြစ်နေလို့ 5နာရီက ရုံးပြန်တာ 9 နာရီကျော်မှာ အိမ်ရောက်တယ် .. တကယ်ဆို နာရီဝက်လောက်ပဲ ကြာတဲ့ ခရီးကို … ။ ကားတိုက်မှူ ဖြစ်လျှင်လည်း အဲ့ဒီလမ်းက ကြပ်တယ် … အထူးသဖြင့် စည်းကမ်းမဲ့ ကားတွေ ရပ်ထားတာရယ် … မော်တော်ပီကယ် လမ်းကြောင်း ရှင်းတာ ကြာတာရယ်… လမ်းကြော ပြောင်းပြန်မောင်းတဲ့ အလျှင် လို ကားသမားတွေ ကြောင့်ပါ … ။ အဲ့ဒီပွိုင့်က ဒစ်ဂျစ်တယ် နဲ့ မဟုတ်ဘူး လူလုပ်တာ မို့လု့ိ အချိန်ဆ မမှန်ဘူးလို့ ထင်ပါတယ် ..ဒစ်ဂျစ်တယ် မီးပွိုင့်တွေက 1 မိနစ်ဆို 1မိနစ်ပဲ အော်တိုလေး မှန်တယ် … ။

  • padonmar

    July 13, 2012 at 2:42 am

    7.7.12 ကစပြီး ဘုရင့်နောင်မီးပွိုင့်မှာ ကားတွေ နေ့စဉ် ဂျမ်းဖြစ်တာ 11.7.12 ညနေ ၆ဘီးအထက်ကားတွေ ပေးမဝင်မှ ရှင်းသွားတယ်လို့ကြားရပါတယ်။
    7 ရက် နေ့ 8 ရက်နေ့တွေမှာ ဟိုင်းဝေးကားကြီးတွေ အစီး 900(အကြားအရပြောတာပါ၊စာရင်းအတိအကျတော့ မသိပါ)လောက် ဘုရင့်နောင်ဝင်းထဲရောက်ပြီး ကုန်မရလို့ ရပ်နေရတာနဲ့ ကုန်ပတ် တင်နေရတာပေါင်းပြီး လမ်းပိတ်ရာကစတယ်လို့ ပြောကြပါတယ်။ကားကြီးတွေ လမ်းဆုံမှာ တစ်စီးနဲ့ တစ်စီး မညှာတမ်းတိုးနေကြလို့လည်း ပိုပိတ်ကုန်တာပါပါတယ်။၆ဘီးကားအတွက် ရည်ရွယ်ဖောက်ထားတဲ့ လမ်းတွေပေါ်မှာ ခေတ်အရ ၁ဝ ဘီး ၁၂ ဘီးတွေ သုံးလာတော့ လမ်းပိတ်ကုန်တာပေါ့။
    နောင်ဒါမျိုးထပ်မဖြစ်အောင် စည်းကမ်းတွေ စဉ်းစားကြဖို့ လိုလာပါပြီ။

  • manawphyulay

    July 13, 2012 at 12:47 pm

    နိုင်ငံတော်က ပြောထားတယ်မလား ဦးဦးရဲ့ တစ်နှစ်ပဲစောင့်ပါလို့…. ခုက လှည်းတန်းမီးပွိုင့်ထက် ဘုရင့်နောင်မီးပွိုင့်က ပိုပိုဆိုးလာနေပါလား။ ဒါတောင် လကုန် ကားလမ်းပိတ်မယ်ပြောနေလို့ အလုပ်သွားရင်တောင် ဘယ်လမ်းက သွားရမလဲစဉ်းစားနေတာ။ ပထမတော့ မသိပေါင် ဦးဦးနေးချားတို့ ဘုရင့်နောင်က ကုန်တွေ ၁ဝ ဘီးကားတွေနဲ့ ထုတ်ထုတ်နေလို့များ ပိတ်တာလားလို့ပေါ့…. 😛

  • Mike

    July 4, 2015 at 3:11 pm

    .ခုမှပဲကွန်မန့်ပေးရတော့မယ်…ကိုနေချားရေ့
    .သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း ပြောသလိုပဲ..ခုတောပ ဘုရင့်နောင်တင်မဟုတ်..တစ်မြို့လုံးဂျမ်းကုန်ပြီ
    .အဓိကကတော့ ယာဉ်မောင်းသူတွေစည်းကမ်းမရှိတာကြောင့်ပိုဆိုးတယ်..
    .အထူးသဖြင့်ဘတ်စ်ကားကြီးတွေပေါ့…မြို့ထဲဘတ်စ်သွားလမ်းဆိုပီး တုံးတွေချတာလည်းပိုဆိုးစေတယ်
    .ခီများပို့စ်အသစ် အပ်ဒိတ်လုပ်ရေးပါအုံး

  • nature

    July 11, 2015 at 10:23 pm

    ဒီနေ့တင်မယ်နော ် ကိုမိုက်ရေ။

  • Alinsett @ Maung Thura

    July 13, 2015 at 3:25 am

    ဒီနေ့ဒီအချိန်ထိ အဲ့ဒီနားတဝိုက်မှာ ကားပိတ်နေတုန်း
    လိုင်းကားတွေကြောင့် ပိတ်တာက ၅ဝ % နုှန်းလောက် ဖြစ်မယ်ထင့်

Leave a Reply