…ဝမ်းစာရှာဖွေခြင်း….နှင့်…ကိုယ်တွေ့ ဖြစ်ရပ်မှန်
ကမ္ဘာမြေကြီးပေါ်ကလူတွေဟာ……
နေ့စဉ်…ဝမ်းစာရေးအတွက်…လုပ်ငန်းအမျိုးမှာရပ်တည်လုပ်ကိုင်ကာ
နေ့စဉ်လူမှုဘဝရဲ့….အခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းကြလျှက်ရှိရာမှာ…..
…လူမှုဘဝထဲက..့ကျွန်တော့ကိုယ်တွေ့..ဝမ်းစာရှာဖွေသူ… တွေအကြောင်းပါ…………
……ကျွန်တော်ဟာလည်းလူသားတစ်ဦးဖြစ်တာကြောင့်…နေ့စဉ်စားဝတ်နေရေးအတွက်
ကူမ္ပဏီ တစ်ခုမှာဝင်ရောက်လုပ်ကိုင်နေရပါတယ်….ကျွန်တော်ရဲ့လုပ်ငန်းက..ပြင်ပလုပ်ငန်းဖြစ်တာကြောင့်
နေ့ စဉ်..ရန်ကုန်မြိုတွင်းသွားလာလှုပ်ရှားရာမှာ ….့ကျွန်တော့ လို ..ဝမ်းစာရှာဖွေသူအများအပြားကို..
တွေမြင်ကြုုံတွေ့နေကြပါ..သိပ်မဆန်းကြယ်တော့ပါ
..အဲ…..ဆန်းကြယ်တဲဖြစ်ရပ်တစ်ခု….တစ်နေမှာကြုုံလာတာကတော့……………………………………………..
ဘဏ်ကိစ္စ တွေပြီးလို့….လုပ်ငန်းတူ..သူငယ်ခြင်းများဆုံတွေ့နေကြ…..
အကောက်ခွန်ရုံးနောက်..ဘဏ်လမ်းထဲက ..လက်ဘက်ရည်ဆိုင်ကိုပြန်လာပြီးထိုင်ရင်း..
ရောက်တတ်ရာရာ..သူငယ်ခြင်းများနဲပြောဆိုနေချိန်မှာပဲ….
ကျွန်တောတို့ထိုင်ရာစားပွဲဝိုင်းကို…သူတောင်စားမလေး(ခန့်မှန်း)အသက်ရှစ်နှစ်ခန်ရှိပါမယ်)ရောက်လာပါတယ်
လက်ထဲမှာလည်းခြောက်လသားလောက်ပဲရှိမယ့်….ကလေးကိုပွေချီလျှက်…..
ဦးတို့ရယ်…သမီးညီမလေးနို့မတိုက်ရသေးလို့..နို့ဝယ်တိုက်ချင်လို့ပါ……ဟု
တစ်ဂျီဂျီလုပ်ပြီးတောင်ရမ်းနေပါတော့တယ်……….ကျွန်တော်စိတ်ကလည်း….
ဘယ်သူတောင်းစားပဲဖြစ်ဖြစ်..လုံးဝ..ပိုက်ဆံမထည့်တာပါပဲ..အဲ..အသက်ကြီးတဲသူတွေကလွဲရင်ပေါ့
ကျွန်ုပ်။။။အကြွေမရှိဘူး
စကားအဆုံးမှာတော့သူတောင်းစားခလေးမလှည့်ထွက်ကာ…နောက်ဝိုင်းတွေကိုလိုက်တောင်းနေပါတော့တယ်
ပေးတဲသူရှိသလို..မပေးတဲသူတွေလည်းရှိပါတယ်…..
ဒီသူတောင်းစား..ခလေးမျိုးတွေကတွေ့နေကြပါ..မြို့ထဲမှာသိပ်မဆန်းတော့ပါ….
ကျွန်တော်တို့လည်းစကားဆက်လက်ပြောဆိုနေစဉ်…နာရီဝက်ခန်အကြာ…..
ခလေးတစ်ယောက်ရဲစူးစူးဝါးဝါးငိုသံထွက်ပေါ်လာပါတော့တယ်…..
လှည့်ကြည်မိစဉ်မှာတော့……..စောစောကသူတောင်းစားခလေးမဟာ……သူတောင်းရမ်းစဉ်ပွေချီထားတဲ့
ကလေးငယ်ကိုပလက်းဖောင်းဘေးက..ညောင်ပင်အောက်မှာ ..ချသိပ်ကာ..ညောင်သီးတွေနဲ ..ဂေါ်လီလှိမ်တမ်းကစားနေတာပါပဲ…အဲဒီကလေးကနိုးလာလို့ငိုတဲ့အသံပါ….
ခလေးက….ဆာလာအိတ်ပေါ်ကနေလှိမ်ကာ..ပလက်ဖောင်းပေါ်ရောက်နေပါပြီ…
ငိုသံဟာ.တစ်စတစ်စကြယ်လောင်ကာ….အသံများပင်တိမ်ဝင်လာပါတော့တယ်….
သူတောင်းစားခလေးမကတော့..အဆော့ပင်မပျက်ပါ…..
ကျွန်တော်ထိုင်ရာနေရာနဲနီးတာကြောင့်ထသွားကာ…
ဟဲ့…ကောင်မလေး..နင်ညီမငိုနေပြီလေ….သွားချီလိုက်လေ..
သူတောင်းစားခလေးမ..တစ်ချက်လှည့်ကြည်ကာ..မကြားချင်ယောင်ဆောင်နေပါတယ်…
ခလေးကလည်းလူးလှိမ်ငိုကောင်းဆဲပါ…ဒေါသထွက်သွားကာ
ဟဲ..ငါပြောတာမကြားဘူးလား….လူကလက်တောက်လောက်နဲ့…
ခလေးကနို့ဆာလိုငိုတာနေမှာနင့်အမေဆီခေါ်သွားလိုက်လေ….
ဒါမှမဟုတ်နို့တစ်ခွက်..ဝယ်တိုက်လိုက်ပါလား….
……ဒီအချိန်မှာတော့……
ခလေးမ။။။….ဦးမသိပါဘူးပိုက်ဆံက(၁၂၀၀)ပဲရသေးတယ်..အရင်းမကြေသေးဘူး
ကျွန်ုပ်။။။..ဟာ …………၁၂၀ဝ ရှိတာဝယ်တိုက်လို့ရပြီးပေါ့…….
ခလေးမ။။။…အရင်းမကြေသေးဘူး ၃၀၀ဝ ရမှတိုက်မယ်…
ကျွန်ုပ်။။။…အောင်မယ်..တောင်စားတာတောင်အရင်းအနှီးရှိသေးလား…နင်အမေသိရင်နင်အရိုက်ခံရမှာ
ခလေးမ။။။..ဟာ..ဦးမသိပါဘူး..ခလေးငိုလို့အမေမရိုက်ဘူး…သူက..သမီးညီမလေးမှမဟုတ်တာ
ကျွန်ုပ်။။။..နင်ဘဲခုဏက နင်ညီမနို့တိုက်ဘို့ဆိုပြီးလိုက်တောင်းနေပြီးတော့
ခလေးမ။။။..ဒီလိုပဲပြောတောင်းရတာပေါ့..ဦးရဲ့……
ကျွန်ုပ်။။။..လုပ်စမ်းရှင်းပြစမ်းပါအုံးငါ့ကို
ရှင်းပြမယ်…..သူတောင်းစားခလေးမပြောပြတာတွေနားထောင်အပြီးမှာတော့…..ကျွန်တော်ဟာ..
ပါစပ်အဟောင်းသားဖြစ်လို့နေပါတော့တယ်….သူပြောတာတွေကတော့
ဟာ….ဦးကလည်း…ဒီခလေးလေးကို..သမီးတို့နေတဲ့..အိမ်နားက အဒေါ်ကြီးဆီကငှားလာတာ….
မနက်ကနေ..ညနေထိ…..၁၅၀၀ ပေးရတယ်….သမီးကသူငိုအောင်လုပ်ပြီး
နို့ဆာနေလို့ပိုက်ဆံပေးပါဆိုပြီး..ခလေးကိုပြပြီးပိုက်ဆံတောင်းရတာ….
အခုမှ…၁၂၀၀..ပဲရသေးတယ်…သူ့အမေကိုမနက်က ..လက်ငင်း ၁၅၀၀..ပေးခဲရတာ
အရင်းမကြေသေးဘူးဒါကြောင့်မတိုက်နိုင်ဘူးလို့ပြောတာ….
…လူတွေဝမ်းစာရှာဖွေကြပါတယ်…….နည်းအမျိုးမျိုးနဲပေါ့
…ဒီအဖြစ်မှာ…..
ဝမ်းစာရေးအတွက်ရှာဖွေနေသူ(၃)ဦးကို……သူ့နေရာနဲသူတွေရပါတယ်
xxxxခြောက်လလောက်သာရှိတဲ့..ရင်သွေးငယ်ကို…..တစ်စိမ်းခလေးတစ်ယောက်တောင်းစားရာမှာအငှား
ထည့်လိုက်ရတဲ…အမေ…..အိမ်မှာကျန်နေတဲကလေးတွေ..ဝမ်းရေးအတွက်..ခလေးငယ်နဲ့ရင်နှီးခဲ့ရတာလား…..?
xxxxခလေးငယ်တစ်ယောက်ကို..ငှားရမ်းတောင်းစားရင်အစဉ်ပြေမယ်လို့…..အတွေးဝင်ကာ…ဝမ်းစာအတွက်
အသက်အရွယ်နဲမမျှ…အသိဝင်နေတဲ့…သူတောင်းစားခလေးမ….
xxxxပလက်ဖောင်းဘေးမှာ..ဆာလောင်မှု့အတွက်……အမေ့ရဲ့နိုချိုကို…ဝမ်းစာဖြစ်ရေး..ငိုကြွေးနေတဲခလေး
ဝမ်စာရေးအတွက်ရှာဖွေတာခြင်းတူပေမယ့်……ရှာဖွေပုံခြင်းမတူညီကြတာတော့……ပြောမပြတတ်တော့ပါ…..
သင်ခန်းစာယူ..စရာတစ်ခုခုရမယ်ဆိုရင်……အားလုံးအတွက်ပါပဲ…..
ခလေးကတော့အငိုမတိတ်သေးပါ….
……ငိုနေတဲခလေးကို…့နို့ဝယ်တိုက်ခဲ့ပါတယ်……
…..ဝမ်းစာအတွက်ငိုကြွေးခြင်းကင်းကြပါစေ…..
………တစ်ကယ့်အဖြစ်မှန်ပါ……
ကိုတိုင်ရေးစာမှုပါ…ဆိုဒ်တစ်ခုမှာလဲတင်ထားပါသေးတယ်
One comment
ogre
April 8, 2011 at 1:08 am
သူကြီး..ဒီပို့စ်ပါဖျက်ပေးပါ
ပွိုင့်ပါနှုတ်လိုက်ပါ….ကူညီပါကွန်းမကောင်းလိုတင်ရင်တင်ရင်3ခုဖြစ်သွားလို့ပါ
ကျေးဇူး