ပြုပြင်စစ်ဆေး သင့်ပါသည်

etoneApril 11, 20111min29113

နယ်မှာနေသော အမျိုးတယောက် ရှိတာလေး ကုတ်ခြစ်စုပြီး ၊ တရားမျှတမှူကို ရှာဖွေရန် ရန်ကုန်တတ်လာခဲ့ရာ ၎င်းပုဂိ္ဂုလ် ကြုံတွေ့ရသည့် ကိုယ်တွေ့အဖြစ်ပျက်များကို ပြောပြချက်အရ အများသိစေရန် ဖော်ပြလိုက်ပါသည် … ။၎င်းသည် လုပ်သင့်လုပ်ထိုက်သော စည်းမျည်း၊စနစ်များ အတိုင်း ဥပဒေဘောင်အတွင်းမှ တရားမျှတမှူအတွက် တရားစွဲရန် ပြင်ဆင်နေခဲ့သည် ။ ထိခိုက် နစ်နာမှူအတွက် တရားစွဲဆိုရန် လိုအပ်သော စာရွက် စာတန်းများ ပြင်ဆင်ရသည် ။ လိုအပ်သောရွက်စာတန်းများထဲတွင် ဆေးစစ်ချက်သည်လည်း အရေးကြီးသော စာရွက်စာတမ်းတစ်ခု အနေဖြင့်ပါဝင်သည် ။ ထိုဆေးစာကို အစိုးရအသိမှတ်ပြု ဌာနတစ်ခုဖြစ်သော ရန်ကုန်ဆေးရုံကြိး ဥပဒေရေးရာ ဆေးပညာဌာန (မှူခင်းဆရာဝန်ကြီးရုံး) တွင် ဆောင်ရွက်၊ ထုတ်ယူရသည် ။
နေရာတိုင်းတွင် ရေ(ငွေ)လောင်းရသည်ကို နားလည်ထားသော်လည်း ဆေးစစ်ချက်ရယူရန် ရေလောင်းရခြင်း အပေါ် များစွာ ကသိကအောက် ဖြစ်မိသည် ။ တာဝန်ကျရာ ဆရာဝန်များက အချိန်နှင့် တပြေးညီ ဆောင်ရွက်ကြပြီး ဆေးလက်မှတ် ထုတ်ပေးပြီးသော်လည်း ရုံး စာရေးမဖြစ်သူမှာ ဆေးလက်မှတ်ထုတ်ပေးမှူအပေါ် ကြံ့ကြာမှုများဖြစ်အောင် လုပ်ဆောင်နေကြောင်းသိရသည် ။ ထို အမျိုးသမီးဧ။် အမည်မှာ ဒေါ်မြဝင်းဟု ခေါ်တွင်ကြောင်းသိရပြီး သူမသည် အမှူသည်ဧ။် အောက်ဆိုက်ငွေ ပေးကမ်းမှူပေါ် မူတည်ပြီး ဆေးလက်မှတ်ထုတ်ပေးကြောင်းသိရသဖြင့် များစွာ စိတ်ပျက်မိသည် ။ တာဝန်ကျ ဆရာဝန်များ ပင်လျှင် လုပ်ငန်းစောစီး အဆင်ပြေစွာပြီးရန် တုန့်ဆိုင်းမှုမရှိ ကိုယ်ကျိုး မဖက် ဆေးစာရရှိရေး ဆောင်ရွက်ပေးသော်လည်း ထိုစာရေးမဖြစ်သူမှာ မိမိကိုယ်ကျိုးအတွက် အောက်ဆိုင်ငွေ ပမာဏကြည့်ကာ ရုံးလုပ်ငန်းများ ဆောင်ရွက်ခြင်းမှာ လွန်စွာ ဆိုးဝါးသော ကျင့်ကြံမှုဖြစ်သည် ။ ထိုစာရေးမဧ။် အောက်ဆိုက် တနေ့ဝင်ငွေသည် သောင်းဂဏန်းနှင့် အထက် ရှိခြင်းကြောင့် ထို ဆေးရုံမှ ဆရာဝန် တဦး ရရှိသည့် နိုင်ငံတော်လစာ ထက်ပင် ငါးဆမက များပြားနေကြောင်း သိရသည် ။ အောက်ဆိုက်ငွေ မပေးပါကလည်း ဆေးစာရရှိရန် ရက်ချိန်း ထပ်ချိန်းဆိုပြီး ပြညာပြကြောင်း သိရသည် … ။ အချို့ သော ဆေးစာ လာထုတ်သူများမှာ နိုင်ငံဝန်ထမ်းများ ဖြစ်ပြီး ရုံး ကိစ္စ အနေဖြင့် ဆေးစာ ထုတ်ယူရသောကြောင့် အထက်က စေခိုင်းသည့်အတိုင်း ဆေးစာ ထုတ်ယူရာ အောက်ဆိုက်ငွေ မပေးသဖြင့် ကြန့်ကြာခဲ့ကြောင်း သိရသည် … ။ ထို ဆေးစာ လာယူသူများလည်း ၎င်းတို့ ရုံးမှ ခိုင်းသည့် အတွက် ရုံးကိစ္စဖြင့် လုပ်ဆောင်ခြင်းဖြစ်သဖြင့် မိမိတို့ အိပ်စိုက်ကာ အောက်ဆိုက်ငွေ ပေးကမ်းမှု မလုပ်နိုင်သော အခါ ခဏခဏ ချိန်းဆို ရက်ရွှေ့ထားခြင်းများ ပြုလုပ်ခံရကြောင်းသိရသည် ။ ထို ကိုယ်ကျိုးရှေးရှုစီးပွား ရှာနေသော ဝန်ထမ်းကို မည်သူကမှ လူမုန်းခံကာ တိုင်ကြားခြင်း မရှိသေးကြောင်းလည်း သိရသည် ။ မှုခင်းဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းဇော် ၊ အထူးက ဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်ထွေး ၊ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ် နုနုသာ တို့မှ သေချာစွာ စစ်ဆေးမှူ ပြုလုပ်ပေးလျှင်ဖြင့် လုပ်ငန်းဆောင်တာ ဆောင်ရွက်မှူ ပိုမို မြန်စွာ ပြီးစီးနိုင်ပြီး ကိုယ်ကျိုးဖက်စီးပွာရှာ အကျင့်ပျက်ဝန်ထမ်းစရိုက်ပျောက်ကွယ်သွားမည်ဖြစ်သည်ဟု ခန့်မှန်းမိပါတော့သည် ။

13 comments

  • nozomi

    April 11, 2011 at 7:55 am

    အီးတုံးလေး စာတွေကို ဖတ်ပြီး အဒေါ်တစ်ယောက်ကိုသတိရတယ် ကိုယ့်ကိစ္စဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မတရားဘူးထင်ရင် ဝင်ပါ ဝင်ပြောတာပဲ အောင်လဲ အောင်မြင်တယ် လူမုန်းလဲများတယ် အစကတော့ အမျိုးတွေက သူ့ကိုကြည့်ပြီးစိတ်တွေပူလို့ နောက်တော့လဲ ရိုးသွားတော့ ဒီအတိုင်းပဲလွှတ်ထားလိုက်တော့တယ်

    အီးတုံးလေးလဲ ကိုယ့်ကိစ္စ ကိုယ်တိုင်သိတာ မဟုတ်ရင် သေချာမေးမြန်းပြီး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့တင်စေချင်တယ် ကိုယ်က အမှန်တရားအတွက် ပြောတာပေမဲ့ တစ်ဖက်လူက မကျေနပ်တော့ ကိုယ့်အမှားကိုစောင့်ကြည့်နေမှာ တစ်ဖက်လူက ထောက်စရာမရှိအောင် သေချာပြင်ဆင်ထားမှဖြစ်မှာ (အပေါ်က ပို့စ်အတွက်ပြောတာမဟုတ်ဘူးနော်) အီးတုံးစိတ်နဲ့ဆို ဒါမျိုးတွေက ခဏခဏ ကြုံနေမှာ

  • လင်းဝေကျော်

    April 11, 2011 at 8:39 am

    အီးတုံးရေ, အားပေးတယ်။
    ဦးလေးအမြင်တော့ ဒါကို ဆက်ပြီး တိုင်သင့်တယ်။
    အခု လောလောဆယ်မှာ သန့်ရှင်းသော ဆိုပြီး အသံထွက်လာတော့
    ပို့မယ့်ပို့ နေပြည်တော် သမ္မတရုံး၊ ရန်ကုန် ဝန်ကြီးချုပ်ရုံး အထိ အကုန်ပို့။
    အထောက်အထား ရအောင်လုပ်။ ဓါတ်ပုံရိုက်သင့် သွားရိုက်။ အသံသွင်းသင့် သွင်းထား။
    မရှိလည်း ဒီလိုဖြစ်နေကြောင်း တင်ပြ အသိပေး အပ်ပါသည် ဆိုပြီး တိုင်။
    တိုင်ဖြစ်အောင် တိုင်နော်။

    • etone

      April 11, 2011 at 9:21 am

      အောင်မလေး ဦးလေးရေ…. အီးတုံးက အဲ့ဒီလောက်ထိ ကျားကုတ်ကြားခဲတော့ လိုက်လုပ်ပေးနိုင်မယ် မထင်ဘူး ။ ဘာလို့လဲဆိုတော့ အဲ့ဒီစာရေးမ လုပ်တာ ခံလာတဲ့လူက ခံလားပြီး ကိုယ်က ဒီရောက်မှ လက်သီးလက်မောင်းတန်းနေလဲ အပိုပဲလေ… ။ သူကအဲ့ဒီမှာ တာဝန်ရှိတဲ့ လူတွေကို ချက်ချင်းပြောပြခဲ့ရမှာ … ။ အခုလို ပို့စ်တင်ပေးရတာကလည်း အီးတုံးလုပ်ပေးနိုင်တာ ဒါလေးပဲ ရှိလို့ပါ ။

  • KoNyeinChan

    April 11, 2011 at 9:24 am

    Good Idea ရဲ ့(တိုင်လိုသူများ အားရပါးရ တိုင်ကြားနိုင်ပါပြီ) Post အတိုင်းစမ်းကြည့်လိုက်လေ၊ အပြောနဲ ့အလုပ် ညီ မညီသိရတာပေါ့၊ ချိန်ခါသင့်ဘဲ။
    (တရားမျှတမှုကိုရှာဖွေရင်းရှုံးနိမ့်နေသူတဦး) ဆီတော့ခေါ်မသွားလေနဲ ့ 😀

  • parlayar46

    April 11, 2011 at 12:29 pm

    ဒီကလေးမ (စိတ်မရှိနဲ့နော် ကျုုပ်ထက်အများကြီးငယ်တယ်ထင်လို့) ရဲ့ post အတွက်အများကြီးကျေးဇူးတင်တယ်။ မတရား မမှန်ကန်မှု့တွေကို ဒီလိုပဲ ဖြစ်နိုင်တဲ့နေရာကနေ တတ်နိုင်သလောက်ဝိုင်းပြော ဖေါ်ထုတ်ကြမှ ဒါမျိုးတွေနဲသွားမယ်။

    • etone

      April 19, 2011 at 2:59 am

      အသက် 20 လောက်ကွာတော့လည်း ကလေးမ ခေါ်တာ စိတ်မဆိုးပါဘူး 😀 😀 ( 46 ခုနှစ်မွေးတာ ထင်လို့မှန်းရွှီးတာ )

      ဒီလို ဖြစ်ရပ်တွေက တကယ်ဆို မရှိသင့်ပါဘူး … အားလုံးပဲ စဉ်းစားကြည့်ကြပါဦး သူလုပ်နေတာ အလုပ်မဟုတ်ဘူးလေ… မူခင်းရုံးဆိုတာ ပျော်နေတဲ့ လူတွေ လာစုနေတာ မဟုတ်ပါဘူး အားလုံးမှာ စိတ်ကျဉ်းကြပ်မှူတွေ ပူဆွေးသောက တွေနဲ့ မလာမဖြစ်လို့ လာကြရတာပါ… ဒါကို သူ့အထက် အရာရှိ ဆရာကြီးတွေကတောင် လုပ်ငန်းစောစီး လျှင်မြန်စွာပြီးစေဖို့ ကြိုးစား ပမ်းစား ကိုယ်ချင်းစာပြီး လုပ်ပေးတာတောင် ၊ အရေးကြီးနေရာမဟုတ်တဲ့ စာရေးမက ကိုယ်ကျိုးအတွက် ကြန့်ကြာအောင် လုပ်စရာလား … ။ လူမှန်ရင် လူစိတ်လေးတော ့ထားသင့်တာပေါ့ … ပြောချင်တာက ကိုယ်ချင်းစာ စိတ်ပါ … အပူသည်တွေ နေရာကနေ ခံစားကြည့်ပြီး တကယ်ဆို စေတနာရှိလို့ ပေးတဲ့ သဒါ္ဓကြေးလောက်သာ အိတ်ထဲ ထည့်ရင်တောင် သူ့အတွက် တွက်ချေကိုက်တယ်… ။ ပြောရင်း ဒေါသထွက်လာပြီ ။

  • manawphyulay

    April 11, 2011 at 1:31 pm

    ဒါကတော့ ကိုယ့်ဝင်းကျင်မှာ ဒီနေရာမှမဟုတ်ပါဘူး။ နေရာတိုင်းမှာဒီလိုတွေ ရှိနေတာ သိသိကြီးနဲ့လည်း အရေးမယူကြတာ ဘာကြောင့်လဲဆိုတာ စဉ်းစားသာကြည့်ကြပါစို့…….

    • etone

      April 19, 2011 at 3:08 am

      မနောရေ … နေရာတိုင်းမှာ ရှိနေပေမဲ့ တစ်တပ် တစ်အားနဲ့ ကိုယ်လက်လှမ်းမှီသလောက်လေး ထိန်းထိန်းသိမ်းသိမ်းလုပ်မယ်ဆိုလျှင် ဘာလို့ ဒီလို အမှုတွေ ၊ အကျင့်ဆိုးတွေ မပပျောက်ရမှာလဲ … ။ ပျောက်ကို ပျောက်တယ် … အချိန် အတိုင်းတာ တစ်ခုတော့ လိုတာပေ့ါ … ။ အင်တိုက်အားတိုက် လုပ်ဆောင်မှူပေါ်လည်း မူတည်ပါသေးတယ် … ။

      ကဲ အခု ဖြစ်စဉ်ကိုပဲ ကြည့် ဒီစာရေးမကို အထက်လူကြီးဖြစ်တဲ့ မှုခင်း ဆရာဝန်ကြီး ဦးသိန်းဇော် ၊ ဆေးရုံအုပ်ကြီး ဒေါ် နုနုသာ ၊ အထူးကုဆရာဝန်ကြီး ဦးခင်မောင်ထွေးတို့က သေချာ စိစစ် ပေးလျှင်ဖြင့် ဒီဖြစ်စဉ်ကို ပြောင်းလဲလို့ ရနေပါပြီ ။

  • nature

    April 11, 2011 at 5:29 pm

    တယ်ခက်ကြသကိုးကွဲ့၊ ဒီလိုအရေးယူလို့ ဒီနေရာမှာ လုပ်တဲ့သူမရှိရင် etone ဆီအလုပ် ခန့်စာပို့လိုက်မယ်၊

  • cobra

    April 12, 2011 at 7:41 am

    မျက်နှပြောင်တိုက်ပီးနေ..နေတဲ့သူတွေအများကြီးပါ…
    ဘယ်လောက်ပြောပြောအရှက်မရှိကြတဲ့သူတွေလေ….။

  • char too lan

    April 12, 2011 at 1:17 pm

    ဟုတ်တယ် ပြောလဲပြောပြောပဲ ကျနော်ဆို အဲ့လိုတွေကြုံရင် ပေါ်တင်ကြီးပြောတာ
    သူတို့က မျက်နှာတစ်ချက်မပျက်ဘူး အေးဆေးပဲ 🙁
    အီးတုံးလိုလုပ်ရင်နဲ့ ထိထိရောက်ရောက်ဖြစ်သွားရင်တော့ အကောင်းသား 🙂

  • unclegyi1974

    April 12, 2011 at 3:21 pm

    ဒါမျိုးတွေကနေရာတိုင်းရှိနေတာကြာပါပြီ
    အရေးယူမယ်ဆိုဝန်ထမ်းတွေအကုန်အလုပ်ဖြုတ်ပြီ
    အကုန်အသစ်ပြန်ခန့်မှရမယ်
    ဘယ်လိုလုပ်မှရပါ့

Leave a Reply