Los Angeles ThinGyan – April 17 Sunday

kaiApril 14, 20112min28618
လာမယ့် တနင်္ဂနွေမှာ ..လော့စ်အိန်ဂျလိစ်မှာ သင်္ကြန်ပွဲလုပ်ပါမယ်..။
နှစ်တိုင်းလုပ်နေတဲ့ပွဲပါပဲ..။ ဒီနှစ်က နှစ်ဆန်းတရက်နေ့နဲ့တော့ သွားတိုက်နေသပေါ့..။

အဲဒီမှာ .. ဦးဆောင်လုပ်တဲ့ မြန်မာအသင်းက.. လူ၃ထောင်စာ ကြာဆန်ချက် စတုဒီသာကြွေးပါမယ်..။
မြန်မာအင်ဂျင်နီယာအသင်းက.. ကြံရည် လူ၂ထောင်စာတဲ့..။
မြန်မာတွေအလုပ်လုပ်ကြတာများတဲ့.. 3M က မြန်မာတွေစုပြီး စတုဒီသာကြွေးမှာက ..မုန့်လုံးရေပေါ်ပါတဲ့..။
ရွှေရင်အေးလည်း ..စတုဒီသာစာရင်းမှာပါပါတယ်..။
ဒီနှစ်မှာ မန္တလေးဂေဇက်က လူ၁ထောင်စာ ကောက်ညှင်းငချိပ်နဲ့ ငါးကြော် တာဝန်ယူထားပါတယ်..။
စတုဒီသာပါနော..။
ဆိုတော့.. ကြွရောက်စားသောက်ကြပါလို့..။
အောက်ကစာကတော့ ..အီးမေးလ်နဲ့ဖြန်တဲ့စာပါ..။ ဒီအတိုင်းကူးတင်ပေးလိုက်ပါတယ်..။
====
Hello All,
This will be our FINAL REMINDER FOR LA THINGYAN 2011.
Date: April 17th, Sunday
Start Time: 9am
Location: Whittier Narrow Park
Legg Lake (Log D)
ATTACHED ARE FLYERS IN BOTH ENGLISH AND BURMESE!!!
HOPE TO SEE EVERYONE THERE!!!
Our final tournament for the Year of 2011 is now over!!! Below is the link for you to watch the video taken during the tournament.
Badminton Tournament Video
Sincerely,
Organization Committee
Southern California Burmese Association

PLEASE FORWARD TO YOUR FRIENDS AND FAMILY!!!
All event updates can be found on www.socalburmeseassociation.com

18 comments

  • shwepyithu

    April 14, 2011 at 11:11 am

    သင်္ကြန်ပွဲလုပ်တာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပြီး စတုဒီသာ အလှုကြီးပေးမယ်ဆိုတော့ ကောင်းလိုက်တာ။ တကယ်မင်္ဂလာရှိစွာနဲ့ နှစ်သက်ကိုစရတာ ပျော်စရာ ကြည်နူးစရာပဲနော်။ သင်္ကြန်ပွဲကို ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ စတုဒီသာ အလှုတွေအတွက် သာဓုခေါ်ပါတယ်။ အဝေးကပဲ ကြာဆံချက်လေး မှန်းစားလို်က်တော့မယ်။ ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ။

  • ဆူး

    April 14, 2011 at 1:47 pm

    ကောင်ညှင်း ငချိပ် နဲ့ ငါးကြော်လေး တွေ ဓါတ်ပုံ လေးပြအုန်းနော်။

  • ငှက်ကြီး

    April 14, 2011 at 2:15 pm

    ဖိတ်သူကဖိတ်ပေမဲ့ သွားမဲ့သူက သွားမနိုင်တော့စိတ်မကောင်းဘူး။

    မှော်စရာမလေး အန်တီဆူးရေ.. လော့စ်အန်ဂျလိစ်ကို ဘန်ကောက်နားရွှေ့ပေးပါလား။ ဟီး.ဟီး။

  • ဆူး

    April 14, 2011 at 2:29 pm

    ဘန်ကောက် နားရွှေ့ စရာ မလိုပါဘူးတဲ့.. သဂျီးက.. အားလုံးကို စတုဒီသာ ဖိတ်မှတော့ သူတို့ဆီ လာစားဖို့ စပွန်ဆာ ပေးချင်လို့ပါတဲ့.. သွားစားချင်တဲ့ လူတွေ စာရင်းပေးပါတဲ့။ စီစဉ် ပေးမယ်လို့ ပြောပါတယ်။

    • kai

      April 14, 2011 at 4:44 pm

      တခြားတော့ မသိသေးဘူး..လောလောဆယ်တော့..ဩဇီက..လူ၃ဝလောက်စာရင်းရောက်နေတယ်..။ လာမယ်တဲ့..။ 🙂

      • ဆူး

        April 14, 2011 at 4:52 pm

        ဩဇာသီး အလုံး ၃ဝ စာရင်းရထားတာလား။ ရာသီဥတု ပူရင်တော့ မစားအပ်တဲ့ အသီးဘဲ.. အေးအေးဆေးဆေး စားရရင်တော့ အလွန်ဇိမ်ရှိတယ်။ ဟီးဟီး.. နောက်တာ..
        အခုလောလာဆယ်တော့ စပွန်ဆာ ပေးပြီး အခုချက်ချင်း ဗီဇာ ရပြီး လာလို့ရမယ် ဆိုရင်လည်း မလာချင်သေးဘူး။

        တချို့လူတွေကတော့ အရမ်းသွားချင်ကြတယ်။
        ဘယ်နေရာ ရောက်ရောက် ကိုယ့်ထမင်း ကိုယ်ရှာစားရမှာဘဲ.. ဒီတိုင်းပြည်မှာ နေရတာ ပျော်ကို ပျော်တယ်။

  • nature

    April 17, 2011 at 4:11 pm

    သူကြီးလိပ်စာလည်းသေသေချာချာပေးဦး၊လော့စ်အိန်ဂျလိစ် ဘယ်နေရာမှာလည်း၊ သူကြီးရဲ့ ကောက်ညှင်းငချိပ်နဲ့ ငါးကြော် လာစားဘို့ လေယာဉ်စီးလုံးသွားငှားတာ လိပ်စာမေးနေလို့။ 🙂

    • kai

      April 18, 2011 at 7:50 am

      မြန်မာအသင်းက…ပန်းခြံနေရာငှားပြီး .. လုပ်ကြတာပါကွယ်..။
      အဲဒါ..မနေ့က ဘုန်းကြီးကျောင်းသွားကြော်လှော်ပြီး ..မိုးချုပ်..။
      ဒီနေ့.. အလှူဒါနပြုပြီး.. ပင်ပန်း..။
      အိ်ပ်တော့မယ်..။
      နှစ်သစ်မှာ… မြန်မာတွေ စိတ်ထဲလုပ်ချင်တာကို ..ဘာအနှောင်အတားမှမရှိပဲ..လုပ်နိုင်ကြစေဗျား..။

  • ဆူး

    April 17, 2011 at 4:33 pm

    မနှစ်ကပေးတဲ့ သဂျီးလိပ်စာ ကွန်ပြုတာထဲ ပျောက်ကုန်ပြီ.. ဗိုင်းရပ်ကြောင့် ခပ်သားလား ဟေဟေး….

  • eros

    April 18, 2011 at 1:25 pm

    ကိုခိုင် ငါးကြော်တွေ တူးသွားပြီလား။

    • kai

      April 18, 2011 at 5:11 pm

      တချို ့ကရေဆေးပြီးမှ ..ကြော်တဲ့..။
      တချို ့က.. ရေမဆေးပဲကြော်တဲ့..။
      ၂မျိုးလုံးလုပ်လိုက်တာ.. ရေဆေးတဲ့ဟာတွေက.. ဆီပေါက်ပြီး လက်အပူလောင်နေတယ်.. ။ 🙂

      ဘယ်လိုလုပ်ထားထား… လူ၁ထောင်စာကြီး..နည်းနည်းနောနောမဟုတ်….
      နှစ်ကူးနေ့.. ဘယ်ကျပျောက်သွားသလဲတောင်ထင်ရတယ်…။
      သမုဒ္ဒရာ ဝမ်းတထွာတဲ့..။
      တထွာလောက်ဗိုက်ကလေးတွေထဲ.. ထည့်ထည့်သွားကြတာ… အခုဆို.. အမေရိကားရဲ့..ရေဆိုးကန်တွေထဲ.. ဗက်တီရီးယား ဘီလီယံချီတွေကို အဟာရဖြစ်နေစေလောက်ပြီ..။
      ဪ..။
      အိုဘယ့် သံသရာ.. 🙂

  • ဆူး

    April 18, 2011 at 1:35 pm

    သဂျီး အညှော်ဝင်သွားလို့.. မအားသေးဘူး အညှော်ထုတ်ဖို့ မောနေယျမန်းဆေး နဲ့ ဒေဝယက္ခ လိုက်ဝယ်နေတယ်။

    • eros

      April 19, 2011 at 12:38 pm

      မောရိယ မန်းဆေးလုပ်ပါဗျ။

      • ဆူး

        April 19, 2011 at 1:04 pm

        မောရိယျ အမှန်ပါ.. မောနေယျ က အကျင့်.. စာလုံးပေါင်း မှားသွားလို့…

        ဒါနဲ့ စကားမစပ်.. သဂျီး ပေးတဲ့ လင့်က ကြည့်မရဘူး ဖလစ်ကာ က ဒီမှာ ဘန်းထားတာ မမြင်ရဘူး။ ပုံကို လင့်နဲ့ ချိတ်ပြီး တင်ပေးရင် ပိုအဆင်ပြေမယ်

  • တညင်သား

    April 18, 2011 at 5:31 pm

    ကိုယ်တိုင်ကြော်၍ အလှူဒါန ပြုမူ့အတွက် သာဓု သုံးကြိမ် တိတိ ခေါ်ပါသည်။

Leave a Reply