အနောက်တိုင်းသားများအတွက် အံ့ဩစရာတဲ့

bigbirdApril 14, 20111min17310

အသက်၃၄နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးကို အစ္စလမ်ဘာသာစည်းကမ်းတင်းကျပ်ရေးရဲများက ၂၀ဝကျော်သော လူပရိတ်သတ်များ၏အရှေ့မှာ ကျိန်ဒဏ် ၉ ချက်အပစ်ပေးရိုက်ခဲ့တယ်လို့ အင်္ဂလန်သတင်းဝပ်ဆိုက်တစ်ခုဖြစ်တဲ့ daily mail မှာ ဖော်ပြပါရှိပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းရန်ပြုလုပ်နေဆဲအချိန်မှာ အခြားသော ယောက်ျားတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တယ်လို့ သက်သေအထောက်အထားမခိုင်လုံပဲ ယခုကဲ့သို့အပြစ်ပေးခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။ ၂၁ရာစုမှာ ယခုကဲ့သို့ အဖြစ်အပျက်များ ကျန်ရှိနေသေးတာဟာ အနောက်တိုင်းသားတွေအတွက် အံ့ဩစရာ ဖြစ်တယ်လို့လဲဆိုထားပါတယ်။ လာရောက်ကြသော ပရိတ်သတ်ကလဲ ဗီဒီယိုရိုက် မှက်တမ်းတင်ပြီး နာနာရိုက်ပေးရန် အော်ဟစ်အားပေးကြတယ်လို့ဆိုပါတယ်။ သူမ၏အိမ်တွင် သူစိမ်းအမျိုးသားတစ်ဦးတွေ့သည်ကို အကြောင်းပြုပြီး ကာမဆက်ဆံမှုရှိမရှိ မသေချာပဲ လူအများက သူမအား ဖမ်းစီးခေါ်ဆောင်ပြီး ရဲဆီသို့ပို့ခဲ့တယ်လို့ဆိုပါတယ်။ ဥပဒေအရ ..အမြင့်ဆုံးကျိန်ဒဏ်မှာ ၉ချက်ဖြစ်ပြီး အနိမ့်ဆုံးမှာတော့ ၃ ချက်ဖြစ်ပါတယ်။

10 comments

  • kai

    April 14, 2011 at 5:40 pm

    ကျုပ်ထင်တာပြောရရင်တော့ ..မြန်မာပြည်မှာ..အနောက်တိုင်းသားတွေ မယုံကြည်နိုင်စရာ အံ့ဖွယ်သုတဖြစ်စရာတွေ ပိုများတယ်..။
    စာအုပ်တောင်ထွက်နေပြီ..
    မဖတ်ရသေးဘူး…။ အဲဒီစာရေးဆရာနဲ့ တွေ့ဖြစ်အောင် ချိန်းမလို့..။
    http://www.amazon.com/Sacred-Sites-Burma-Donald-Stadtner/dp/9749863607/ref=sr_1_2?ie=UTF8&s=books&qid=1302640191&sr=1-2

  • bigcat

    April 15, 2011 at 1:39 am

    ပါကစ္စတန်နဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအချို့မှာဆို လူပုံအလယ် ကျောက်ခဲနဲ့ပစ်တောင်သတ်ကြသေးတယ်။ အခြေခံဥပဒေမှာ ဘယ်လိုဆိုထားဆိုထား တောခေါင်တဲ့နေရာတွေမှာတော့ ဘာသာရေးခေါင်းဆောင်တွေက သူ့သဘောနဲ့သူ လုပ်နေကြသေးတာပဲ။ ဒီလိုမျိုးကို ဥရောပမှာ ၁၄-၁၅ရာစုလောက်ကထင်တယ် မိန်းမအတော်များများကို စုန်းမဆိုပြီး မီရှို့သတ်ပစ်ဖူးတယ်။ မြန်မာပြည်မှာလည်း အရင်တုန်းက စုန်းမဆိုပြီး ရွာခံလူတွေ ဝိုင်းသတ်ကြပြုကြ ရှိဖူးမယ်ထင်တယ်။ အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ စနစ်ပေါ့ဗျာ….

  • ငှက်ကြီး

    April 15, 2011 at 3:07 am

    အေးဗျာ… ခောတ်နောက်ကျပြီး အဓိပ္ပါယ်မရှိတဲ့ဒီလုပ်ရပ်တွေ မရှိသင့်တာကြာပါပြီး။
    မြန်မာပြည်မှာ ဒါမျိုးတွေလာလုပ်လို့ကတော့လား……..

    • Hello Everyone

      April 15, 2011 at 3:45 pm

      ခောတ်နောက်ကျ တယ်ဆိုပေမဲ့ လုံးဝကြီး အဓိပ္ပါယ်မရှိတာ တော့မဟုတ် ပါဘူး။ ဒီ မိန်းမ က တစီမ်း ယောက်ကျား တယောက် နဲ့တော်ရုံတွေ့ တာလောက်နဲ့တော့ အရပ်ကဖမ်း ပြီး အပြစ် မပေးခိုင်းလောက်ပါဘူး။

      ကဲမြန်မာ ပြည်မှာဆိုရင် ရော ဒီလိုမျိုးလူမှုရေး ဖောက်ပြန်တာတွေ အားကြီး ရှိပါတယ်။ အဲဒါတွေ ကို ဘာနဲ့ထိမ်းသိမ်း ကြမလဲ။ မယားက ဖောက်ပြန်လို့၊ လင်ကဖာက်ပြန်လို့ စိတ်မထိမ်းနိုင်ပဲ လူသတ်မှုဖြစ်ပြီး ထောင်ကျသွားတဲ့လူ တွေလဲ အများကြီးပါ။ (အပြင်မှာ တကယ်မြင် ဖူးတာပါ၊ လင်က နာမည်ကျူရှင် ဆရာ ၊သဘောကောင်း မနောကောင်း၊ ဆရာဆိုတော့ ဆရာဂုံနဲ့ အရက်တောင်မသောက်ရဘူး။ သူမိန်းမက လင်ကတနေကုန်စာသင် နေတာကို အခွင့်ကောင်းယူပြီး တခြားယောက်ကျားနဲ့ ဖောက်ပြန်လို့၊ လင်ကစိတ်မထိမ်းနိုင်ပဲ နှစ်ယောက် စလုံးသတ် လိုက်တော့၊ ဆရာကောင်းတယောက် ထောင်ထဲရောက်သွားရတော့တာပေါ့။ )

      ပြောမယ်ဆိုမကုန် နိုင်ပါဘူး ၊ ကွမ်းတံထွေး ထွေး တာက အစ (ကွမ်းတံထွေး မထွေးရ) လို့ စာကပ် ထားရုံ နဲ့တော့ ထွေးမြဲထွေး၊ညစ်ပတ်မြဲ ညစ်ပတ်နေ မှာပါပဲ။
      သင့်တင့် တဲ့ပြစ်ဒဏ် ၊ ထိုက်သင့်တဲ့ အရေးယူမှု တော့လုပ်မှ ပဲဖြစ် မှာပါ။

      သို့သော် လဲ အရမ်း တဖတ်စွန်း ရောက် အောင်တော့ မလုပ်သင့်ပါဘူး။ အလယ်အလတ် ၊ အပြင်းလွန်း မပျော့ လွန်းပေါ့။

  • bigcat

    April 15, 2011 at 3:27 am

    ဘင်္ဂလားဒေ့ရှ်တောဖက်တွေမှာ အစဉ်အလာရှိဘူးတော့ ဘူးသီးတောင်၊ မောင်းတောဖက်မှာလည်း ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ တခါမှတော့ မကြားမိသေးဘူး။ ဘယ်တော့မှ မရှိပါစေနဲ့ ဆုတောင်းပါတယ်။

  • winkyawaung

    April 15, 2011 at 4:30 am

    ခေတ်လွန် ဘာသာရေးအစွန်းရောက်သူများကတော့ လွန်ပါတယ်။

  • MaMa

    April 18, 2011 at 3:41 am

    အပေါ်က ကြိမ်ဒါဏ်ရိုက်တာကတော့ ထားပါတော့။ အောက်ပုံတွေက ဘာလုပ်တာလဲ မသိဘူး။ စာလေး ရေးပြရင် ကောင်းမယ်။

  • Yin Nyine Nway

    April 18, 2011 at 11:17 am

    ဟုတ်တယ် အောကင်က ပုံက သူ့ကို ဘာလုပ်ကြတာတုန်း

  • bigbird

    April 18, 2011 at 2:09 pm

    အောက်ကပုံကတော့ကြိမ်ဒဏ်အရိုက်ခံရဖို့အတွက် ဆွဲခေါ်လာကြတဲ့ပုံတွေပါ။

Leave a Reply