လူချမ်းသာ တို့ တိုင်းပြည်
အလှူ တခုမှာ အသက် ၉၃နှစ် အရွယ် အဘိုးကြီး တယောက်ကိုတွေ့တော့.. အင်ဒါဗျူးထားတာလေး တင်ပြလိုက်ပါတယ်။
မေး။ အဘ အသက်ဘယ်လောက် ရှိပြီလဲ..
ဖြေ။ ကိုး.. ဆယ်နဲ့ သုံး နှစ်
မေ။ အဘ ဘယ်ဇာတိကလဲ။
ဖြေ။ ကျုပ် မြန်မာ ပြည်မှာ မွေးတာ မဟုတ်ဘူး။ ကျုပ်ကို မွေးတာ တလုတ်ပြည် ကွမ်းတုံးဘက်မှာ မွေးတာ။
မေး။ အဘ က တရုတ်ပြည်က လာတာ ဆိုတော့ တရုတ်ပြည် မပြန်ဘူးလား။
ဖြေ။ ငယ်ငယ်ကတော့ ပြန်ဖို့ စိတ်ကူးရှိတယ် အခု အရွယ်မှတော့ မပြန်နိုင်တော့ပါဘူး။
မေး။ တရုတ်ပြည်မှာ ဆွေတွေ မျိုးတွေ ရှိလား။ မိန်းမတွေ သားသမီးတွေကော ရှိလား။
ဖြေ။ တလုပ်ပြည်မှာ အမေ ရယ် နှမလေး ရယ် တော့ အရင်က ရှိတယ် အဆက် အသွယ်မရှိတာ ကြာပေါ့။ သူတို့လည်း သေလောက်ရောပေါ့။ တွေ့လည်း မှတ်မိမှာ မဟုတ်တော့ပါဘူး။ ကျုပ် ဒီကို လာတုန်းက အသက် သိပ်ငယ်သေးတယ် ၁၈နှစ်နဲ့ ဒီကို ရောက်လာတာ တလုပ်လို ဘဲ တတ်တယ် မြန်မာ စကား မပြောတတ်ဘူး။
မေး။ မြန်မာ ပြည်ဘယ်လို ရောက်လာပြီး စကား ဘယ်လို သင်လိုက်လဲ။
ဖြေ။ ကျုပ် တို့ ထွက်လာတဲ့ အချိန်တုန်းက အဲဒီမှာ စစ်တွေ ဖြစ်နေကြတာ.. ယောကျားလေး မှန်သမျှ စစ်တိုက်ရတယ်။ အစားအစာ ရှားပါးလိုက်လည်း လွန်ရော ဒီမှာ နေတာမှ မရှိရင် ငပိရည်နဲ့ ထမင်း စားရသေးတယ်။ ပိုက်ဆံ ရှိတာတောင် ဝယ်စားလို့ မရဘူး စစ်တွေ ဖြစ်တော့ ဟိုပြေး ဒီပြေးပါဘဲ။ မြေကြီးထဲက ကန်ဇွန်းဥ မြောက်ဥ အာတာလွတ် အဲလို ဟာတွေ တူးတူးပြီး စားရတာ.. တလုပ်ပြည်မှာ စစ်ဖြစ်တော့ သဘောင်္ကြီး စီးပြီး ထွက်ပြေးတာ.. စင်္ကာပူ အဲဒီဘက်တွေမှာကပ်တယ် တူတူလာတဲ့ သူငယ်ချင်းက ငါတို့ ဒီမှာ ဆင်းမလား တလုပ်တွေ အားကြီးဘဲ။ တလုပ်တွေ များတယ် ဆိုပြီး ကြည့်လိုက်တော့ တလုပ်တွေ အားလုံး ကုန်ထမ်းနေကြတာ စုပ်စုပ်ပြတ်ပြတ်နဲ့.. မဆင်းဘူး ဆက်သွားမယ် ဆိုပြီး ထွက်လာတာ.. မြန်မာနိုင်ငံ ဆိပ်ကမ်း ကို ကပ်တယ်။ အားလုံး တောက်တောက် ပြောင်ပြောင်နဲ့ ဆိုတော့ ဒီမှာဘဲ နေမယ် ကွာ ဆိုပြီး ဆင်းနေလိုက်တယ်။ ဒီမှာ အရင်ရောက်နေတဲ့ တလုပ်တွေ နဲ့တွေ့တော့ သူတို့ ဆီမှာ အလုပ်ဝင်လုပ်ရတယ်။ ပိုက်ဆံလည်း မရဘူး။ စစအလုပ်လုပ်ချင်းတုန်းက လူကောင်က သေးတော့ ရေတပုံးတောင် မနိုင်ဘူး။ အလုပ်ကြမ်း မလုပ်နို်င်သေးတော့ ကလေးထိန်းရတယ်။ နောက်တော့ အလုပ်လုပ်နိုင်လာတော့ အရက်ချက် ရုံမှာ လုပ်ရတယ်။ အခု စည်ပိုင်းလောက် ရှိတဲ့ ကောက်ညှင်းတွေကို ပေါင်းအိုးကြီးထဲကို ထည့်ပြီး ပေါင်းတာ တပေါင်းပြီး တပေါင်း အရမ်းပင်ပန်းတယ်။ တနေ့ကို ၅ပေါင်းလောက် ပေါင်းရတယ်။ မနက် ၂နာရီ လောက်ကတည်းက ထပြီးပေါင်းတာ ည၁ဝနာရီလောက်အထိ တခါတလေ အော်ဒါတွေ ရလို့ ည၁၂နာရီ အထိ ဖြစ်သွားလည်း မတတ်နိုင်ဘူး။ ဒီလိုနဲ့ လုပ်သာ လုပ်တာ အိမ်ကိုလည်း ပိုက်ဆံ မပို့နိုင် နောက်တော့ အင်္ဂလိပ်တွေကို ဂျပန်တွေ ဝင်တိုက်တော့ သူတို့ အလုပ်မကောင်းတော့ တကွဲတပြားစီ ဖြစ်သွားမှ.. ဘုန်းကြီးကျောင်းမှာ သွားနေပြီး လုပ်စရာ ရှိတာ လုပ်ပေး ဘုန်းကြီး သင်ပေးတဲ့ စာတွေ လိုက်မှတ်ရင်း စာရေးတတ် ဖတ်တတ်သွားတာ။
မေး။ အဘ ဘယ်လို အိမ်ထောင်ကျသွားလဲ။
ဖြေ။ ကျုပ်က ဘုန်းကြီးကျောင်းမှာ ကူပေးရင်း အလုပ်တွေ ကြိုးကြိုးစားစား လုပ်တော့ ယောက္ခမလောင်းကြီးက နင်မိန်းမလိုချင်လားတဲ့။ ကျုပ်ကလည်း လိုချင်တာပေါ့ဗျာဆိုပြီး ပြောတော့.. သူ့ အိမ်ကို ခေါ်ပြီး သူ့သမီးကို ပြတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က မစိန်ကြည်က နေမကောင်းဖြစ်ပြီး နလန်ထ ခါစ ဆိုတော့ လူကလည်း ပိန်ကပ်ပြီး အသားအရေ မဲကျုပ်ကျုပ်နဲ့ စိတ်ပျက်သွားတယ်။ ကျုပ်လည်း စိတ်ညစ်တာနဲ့ ဘုန်းကြီးကျောင်းမှာ ဆက်နေရင်တော့ ကျုပ်ကတိနဲ့ ကျုပ်ယူရမှာဘဲ ဆိုပြီး ထွက်ပြေးတာ..ထွက်သွားတာ အလုပ်က အဆင်မပြေဘူး ဘယ်လိုမှ အဆင်မပြေတဲ့ အဆုံး ဘုန်းကြီးကျောင်းကို ခြေဦးလှည့်ပြီး ပြန်လာတယ်။ ယောက္ခမကြီးက ထပ်တွေ့တော့ မင်းဘယ်တွေ ထွက်သွားတာလဲ မေးတော့ ဖြေရခက်နေတယ်။ နောက်တခါ မစိန်ကြည်ကို တွေ့တော့ တော်တော် လှတယ်လို့ ထင်မိတယ်။ ဒီလိုနဲ့ အကြောင်းပါတော့ ကလေး ၅ယောက်ရတယ်။ ပထမတုန်းကတော့ အေးအေးဆေးဆေး ဖြစ်ရင် သားယောကျားလေး ရရင် ကလေးတွေ ခေါ်ပြီး တလုပ်ပြည် ပြန်မလို့.. မစိန်ကြည်ကလည်း မပြန်ချင်လို့နဲ့ တူတယ် တခါမွေးလိုက် မိန်းခလေး ပြီးရင်း မိန်းခလေး.. ၄ယောက် ဆက်တိုက် မွေးတာ စိတ်ကို ကုန်နေတာဘဲ။ နောက် ၅ယောက်မြောက်မှ ယောကျားလေး ပါတယ်။ ပြန်ဖို့ ကျတော့ အဆက်အသွယ်မရှိတော့ဘူး။ သပ်သပ်ကြီးလည်း သွားမရှာချင်တော့ဘူး သေကုန်ပြီနဲ့တူတယ်။ အဲလိုနဲ့ မပြန်ဖြစ်တာ ငါ့မြေးရေ။
မေး။ အဘ အိမ်ထောင်ကျပြီးတော့ ဘာ အလုပ်လုပ်လဲ။
ဖြေ။ ကျုပ်က တလုပ်အပေါင်ဆိုင်မှာ စာရင်းကိုင် လုပ်ရတယ်။ အသက် ၇ဝ အထိ လုပ်တယ်။ မိန်းမကတော့ အလုပ်ကို မျိုးစုံအောင် လုပ်တယ်။ မုန့်လည်း လုပ်ရောင်းတယ်။ ငါးခြောက်လည်း ခွဲရောင်းဘူးတယ်။ နောက်ဆုံး ပိတ်စ ရောင်းတဲ့ အလုပ်ကို သေတဲ့ အထိ လုပ်သွားတာ။ အဲဒီ ခေတ်တုန်းက တော်တော် ရှားပါးတာ အခုခေတ်လို ပိုက်ဆံ ရှာရမလွယ်ဘူး။ မိန်းမကော ယောကျားကော အလုပ်လုပ်နိုင်မှ စားရတာ ငါ့မြေးရဲ့…
အဘ လည်း မော သွားပြီ နောက်ကြုံမှ သမီး သိချင်တာ ဆက်ပေးမယ်နော်။
အေးအေး.. ငါမသေသေးရင်တော့ နောက်မေးတာနဲ့ ကြုံရင် ဖြေတာပေါ့။
19 comments
kopauk mandalay
April 15, 2011 at 10:49 am
ဟုတ်တယ်ဗျာ
မော်စီတုန်းလက်ထက် ခေတ်ပြောင်းတော်လှန်ရေးလုပ်တော့ တရုပ်တော်တော်များများ မြန်မာပြည်ကို
ဘာမှမပါဘဲရောက်လာပါတယ်။
အခုတော့ ………………………………………………………
ပေစုတ်စုတ်
August 10, 2011 at 2:08 pm
မန ္တလေးမှာနေတဲ့လူအချင်းချင်း..သိပါတယ်ဗျာ.. မပြောတော့ပါဘူး ကိုပေါက်ရေ… တော်ကြာ သဂျီးရဲ့ ပေါ်လစီနဲ ့သွားညိနေမှာစိုးလို ့ပါ…
Foreign Resident
August 10, 2011 at 3:02 pm
Dear ပေစုတ်စုတ်,
တရုပ်တော်တော်များများ မြန်မာပြည်ကို ဘာမှမပါဘဲရောက်လာပါတယ်။
အခုတော့ They are very rich now, Isn’t it ???
But, you also need to consider,
they are not only rich in Myanmar, but also, all over the world.
Even in Australia, most of the Mercedes & Roll Royce are ridden by Chinese &
Native Australians started jealous & hate to Chinese now.
What do you think about those Chinese ?
I think, they are —
1. working very hard
2. honest
3. less jealousy
PS. I also have Chinese blood. 😛
ဆူး
April 15, 2011 at 12:22 pm
စင်္ကာပူ က အဲဒီတုန်းက ဆင်းရဲလို့တဲ့..
ဒို့မြန်မာ ပြည် တခေတ်တခါ တော်တော် ချမ်းသာခဲ့ပုံရတယ်။
chancellor
April 15, 2011 at 12:35 pm
လွမ်းဖို ့ကောင်းပြီး
လွမ်းဖို ့မသင့်တာ
အတိတ်ပဲဗျ
noob
April 15, 2011 at 12:52 pm
“ယောက္ခမလောင်းကြီးက နင်မိန်းမလိုချင်လားတဲ့ ” ဒီခေတ်မှာ အဲဒီလို မျိုးမေး
ခဲ့ရင်ဖြေချင်လွန်းလို ့ အလုပ်ကြိုးစားပြနေတာ သူတိုသမီးတွေတာ လင်ရသွားကျတာ မမေးကျပါဘူး တော် မမေးကျပါဘူး
ဆူး
April 15, 2011 at 12:56 pm
ဖြေချင်လွန်းလို့ စောင့်နေတာ ဆိုတော့
သီချင်းထဲက ကိုပေါ ဖြစ်နေပြီလား။
unclegyi1974
April 15, 2011 at 4:14 pm
ဆူးရဲ့စာလေးဖတ်ပြီးနဲနဲစဉ်းစားလိုက်တယ်
သူတရုပ်ကထွက်တာ ၁၈နှစ်
နောက်ဂျပန်အဝင်မှာအသက် ၂၂ နှစ်
အခု၂၀၁၁ ဘယ်လိုတွက်တွက် ၉၃ နှစ်
မဖြစ်နိုင်ကြောင်းပါ
နောက်တခု သဘောင်္နဲ့စင်္ကာပုူရောက်
နောက်မြန်မာရောက်ကျွန်တော်လေ့လာမိသ
လောက်မြန်မာလာတဲ့တရုပ်တွေကကုန်းလမ်း
ကလာကြတာများပါတယ်
ဆိပ်ကမ်းချင်းယှဉ်ပြလိုက်တာဆူး တခုခုပြော
ချင်တာနဲ့တူတယ်
bigcat
April 16, 2011 at 1:29 am
ပုသိမ်ဆိပ်ကမ်းဖက်က လှည့်ဝင်တဲ့ တရုတ်တော်တော်များများ မြန်မာပြည်မှာရှိပါတယ်။ ယူနန်တရုတ်အများစုက ကုန်းလမ်းကလာပြီး ရှန်ဟဲလိုဆိပ်ကမ်းမြို့တွေကလူတွေက ရေလမ်းနဲ့ဝင်ကြတယ်ထင်တယ်။
၁၉၄ဝမှာ ဂျပန်ဝင်တယ်။ အဲဒီတုန်းကအသက် ၂၂+ အခုလက်ရှိက ၉၃ ဆိုတော့ ၂၂+၇၁ = ၉၃နှစ်ကိုက်သားပဲ အန်တယ်ဂျီးရဲ့။
မူးရင်မရစ်နဲ့ ရစ်ရင်မမူးနဲ့……
ဆူး
April 15, 2011 at 4:18 pm
သင်္ဘောနဲ့ လာတာတော့ အသေအချာပါဘဲ။
ဆိပ်ကမ်းတွေ နာမည်တွေ ပြောပါတယ်။ သိပ်မရင်းနှီးတဲ့ နာမည်တွေ ဖြစ်နေလို့..မေ့သွားတာပါ။
ရောက်တဲ့ အရွယ် ၁၈နှစ်ဆိုတာ သေချာပါတယ်
ယခု ၉၃နှစ် ဆိုတာလည်း အတိအကျပါဘဲ။
ခဏခဏရင်းရင်းနှီးနှီး ပြောနေကျ နားထဲ ကြားနေကြ စကားတွေ မို့ပါ။
ဂျပန်ဝင်တဲ့ အသက် ကတော့ မမှန်လို့ ဖြစ်လိမ့်မယ်။ မှန်းတာ မှားသွားလို့.. ပြင်လိုက်မယ်။
ဆူး
April 15, 2011 at 4:20 pm
အဲဒီ အဖိုး မွေးနေ့ ဆို သွားပြီး သူအိမ်မှာ မုန့်စားတယ်။ ငယ်ငယ် ကတည်းက တန်ဆောင်မုန်း လထဲမှာပဲ နေ့တော့ မမှတ်မိတော့ဘူး။ ဖိတ်ရင်သွားတယ်။
sniper2011
April 16, 2011 at 5:07 am
မြန်မာက၁၉၄၈.လွပ်လပ်ရေးရတယ်။စစ်တပ်ရှိတယ်။သယံဇာတပေါတယ်။လူဦး
ရေများတယ်။စင်ကာပူ၁၉၆၅မှာမလေးရှားကနေခွဲထွက်တယ်။စစ်တပ်မရှိဘူး
လူဦးရေနည်းတယ်။သယံဇာတမရှိဘူး။နိုင်ငံစုံလူမျိုးတွေရှိတယ်။
ခုစင်ကာပူ
သယံဇာတမရှိပေမဲ့လူသားအရင်းအမြစ်ပေါတယ်
နိုင်ငံစုံလူမျိုးတွေစင်ကာပူချစ်စိတ်ရှိတယ်
စည်းကမ်းကောင်းတဲ့စစ်တပ်ရှိတယ်
ခုမြန်မာပြည်
သယံဇာတပေါပေမဲ့ခုကုန်တော့မယ်
လူဦးရေများပေမဲ့သူများနိုင်ငံမှာအလုပ်သွားလုပ်နေကြရတယ်
…………………………………….စစ်တပ်ရှိတယ်
မြန်မာတွေမြန်မာပြည်ကိုချစ်တဲ့စိတ်နည်းလာတယ်(ဟိုလူဒီလူလက်ညိုှုးထိုးပြီး
ဘာရယ်မဟုတ်ပါဘူး.ဆူးစာဖတ်ပြီးခံစားရသလိုရေးလိုက်တာပါ
ရင်ဘတ်ချင်းတူရင်ရေးကြပါဦး
naywoonni
April 16, 2011 at 7:43 am
sniper2011 ရေ………. ပြေပြန်ရင်လည်း နေဝန်း လွန်ရာကျတော်မယ်
naywoonni
April 16, 2011 at 7:44 am
sniper2011 ရေ……….ပြောပြန်ရင်လည်း နေဝန်း လွန်ရာကျတော့မယ်
ရှူံးနိမ့်မှုများနဲ့.. လူ
April 17, 2011 at 8:52 pm
၂ ခါတောင်ပြောတယ်ဆိုတော့ ခုကို တော်တော်လွန်နေပါပြီလေ
😀
kopauk mandalay
April 16, 2011 at 4:17 pm
သူများနိုင်ငံလိုကောင်းချင်တယ်ဆိုရင်
ကောင်းချင်တယ်ဆိုတဲ့ နိုင်ငံမှာနေထို်င်တဲ့သူအားလုံးက ကောင်းတဲ့နိုင်ငံကလူတွေလိုကျင့်ကြံရမယ်လို့ယုံကြည်ပါတယ်။
ဒါပေမယ့် ကိုယ့်တာဝန်ဖြစ်တဲ့ ကိုယ်ကောင်းအောင်နေရမယ်ဆိုတာကိုတော့ မေ့ထားပြီး
ဟိုလူမကောင်းဘူး ဒီလူမကောင်းဘူူးလိုက်လုပ်နေလို့ ကတော့
နှစ်ဘယ်လောက်ကြာကြာ ထူးအိမ်သင် သီချင်းလိုဖြစ်နေမှာဘဲ။
ကြားဘူးကြမယ်ထင်ပါတယ် (အရင်အတိုင်း……………………………….)
nigimi77
April 17, 2011 at 4:11 am
ဒါပေသိ ကောင်းတဲ့ နိုင်ငံတွေမှာ နေထိုင်ခဲ့ကြပြီး အတုမယူ ပြန်လည် မကျင့်သုံး ကြဘူးလေ။
winkyawaung
April 17, 2011 at 6:14 am
အင်း ဟိုးတစ်ချိန်က တော်တော်ဆင်းရဲခဲ့တဲ့ တရုတ်ပြည် ယခုတော့ချမ်းသာနေကြပြီ..။ ကွန်မြူနစ် ဆို တဲ့ ခေတ် တစ်ခေတ်နဲ့သာ ချီတက်လာခဲ့တာနော် ။ ကျွနိုပ်တို့ မြန်မာပြည်ကတော့ တစ်ယောက်ဝပြီး တစ်ယောက်ပြောင်း ပြောင်းလာလိုက်တာ.. ပြည်သူတွေဘယ်တော့ ချမ်းချမ်းသာသာ ကျမ်းကျမ်းမာမာနဲ့ နေရပါမည်လဲကွယ်..။
hmee
April 17, 2011 at 11:17 am
1948 မှာ လွတ်လပ်ရေး ရတာခြင်း တူတာတောင် ဖွံဖြိုးမှုခြင်းမတူဘူး။ ဂျုးတွေက လွတ်လပ်ရေးရပြီးမှ နိုင်ငံတည်ထောင်တာ ရန်သူတွေ ပတ်လည်ဝိုင်းနေတာတောင် အတော်ချမ်းသာတယ်။