ညီမဖြစ်သူကို မုဒိမ်းကျင့်သူအစ်ကို၂ဦးအားဖမ်းဆီး

bigbirdApril 18, 20111min57219


မနေ့က ထိုင်းနိုင်ငံ အန်ထောင်းမြို့မှာ အသက် ၁၂ နှစ်အရွယ် ညီမအရင်းဖြစ်သူအား အချိန်အတော်ကြာ
အဓမ္မပြုကျင့်ခဲ့သော အကိုအရင်းဖြစ်သူ အသက် ၁၇၊ ၁၉ နှစ် လူယုတ်မာနှစ်ဦးအား ထိုင်းရဲကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ထိုခလေးမလေးမှာ ဘယ်သူမှမတိုင်ကြားရဲပဲ နေခဲ့ရာမှ
နောက်ဆုံးဆီးသွားရန်ခက်ခဲသဖြင့် ဆေးရုံသို့သွားရာ ဆရာဝန်မှစစ်ဆေးတွေ့ရှိပြီး ရဲအားတိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။ တရားခံများကလဲ ဝန်ခံကြပြီး မူးယစ်ဆေးဝါးကြောင့် ယခုကဲ့သို့ကျူးလွန်မိကြောင်း ဆိုပါတယ်။ မနက်ဖြန်တွင် တရားခံများအား တရားရုံးသို့ပိုဆောင်မှာဖြစ်ပြီး ထိုခလေးမအား စိတ်ဓါတ်ပြန်လည်ပြုစုပျိုးထောင်ရေးစခန်းသို့ပို့ဆောင်သွားမည်ဟုဆိုပါတယ်။ ထိုသူများ၏ အုပ်ထိန်းသူမည်သူမည်ဝါဖြစ်ကြောင်းဖော်ပြထားခြင်းမရှိပါ။

19 comments

  • moethidasoe

    April 19, 2011 at 5:16 am

    (၁) က ဘာသာရေးထိန်းကွပ်မှု နည်းပါးလာလို့ ဖြစ်နိုင်တယ်
    (၂) က စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးတွေ အလွယ်တကူ ရတာကြောင့်ဖြစ်မယ်
    (၃) က မိဘတွေ မရှိကြလို့လား
    (၄) က မီဒီယာတွေကြောင့် ဖြစ်တယ်
    (၅) ကတော့ ကိုယ်တိုင် ဆင်ခြင်တုံ တရား ကင်းမဲ့လို့ ထင်ပါတယ်

  • ဆူး

    April 19, 2011 at 5:42 am

    သင်္ကြန်တွင်းမှာ သတင်းတခု ကြားတယ်။
    ဗိုလ်တထောင် ဝန်ထမ်းလိုင်းခန်းတွေဘက်မှာ အသက် ၁ဝနှစ် အရွယ် ယောကျားကလေး က အသက် ၄နှစ် ယောကျားကလေး အား မုဒိန်းကျင့်လို့.. မိဘတွေ တိုင်ကြတာနဲ့.. ၁ဝနှစ် ကလေး အခု လူငယ်ထိန်းသိမ်းစောင့်ရှောင်ရေး ရောက်နေတယ်လို့ ကြားတယ်။ တဆင့်စကား တဆင့်နား ဆိုတော့.. တပ်အပ်ကြီးတော့ မပြောတတ်ဘူး။

  • etone

    April 19, 2011 at 5:49 am

    အယ် … ကမာ္ဘကြီး ဘယ်လိုဖြစ်နေတာတုန်း တဖြည်းဖြည်း လူစိတ်ခေါင်းပါးလာပြီ ။
    ကြားရတာ စိတ်မချမ်းသာစရာ ကောင်းလိုက်တာ … ။ ဒီမိန်းကလေးကလည်း ဘာလို့ များ ရေငုံနှုတ်ပိတ်နေပါလိမ့် … ရှက်တယ်ဆိုတာ ကျရှုံးခြင်းရဲ့ လမ်းစပဲ … ကိုယ့်အပေါ်တောင် လုပ်ရက်သေးတာပဲ ကိုယ်လည်းဒီတိုင်း ငြိမ်နေသင့်သလားကွယ် ။

  • MaMa

    April 20, 2011 at 3:42 am

    ဒီသတင်းတွေ ကြားရတာနဲ့တင် ကမာ္ဘကြီး ၂၀၁၂ခုနှစ်မှာ ပျက်မယ်ဆိုတာ သေချာသလောက် ရှိတယ်။ ကမာ္ဘပျက်ခါနီးရင် လူတွေဟာ အကုသိုလ်စိတ်မှန်းမသိ လောဘ၊ ဒေါသ၊ မောဟတွေ ကြီးလာတယ် ဆိုပဲ။

  • paukpauk

    April 20, 2011 at 12:03 pm

    ဒီလိုဖြစ်တတ်ကြတာ ဟိုးအရင်ကတည်းက ရှိနေတာတွေပါ။
    အခုတော့ ဆက်သွယ်ရေးတွေပိုကောင်း လို့များများသိနိုင်ကြတာပေါ့။
    မူဆလင် သမိုင်းမှာတောင် ကိုယ့်မိခင်ပြစ်မှားတဲ့ အဖြစ်မျိုးကြားဖူးပါသေးတယ်။
    လူဖြစ်လျက်နဲ့ လူမပြီသသူတွေ ရှိနေတတ်ပါတယ်။

    ငလျင်ဆိုတာလဲဒီလိုပါပဲ ဖြစ်နေကြပါ..
    ခုမှဖြစ်တာမဟုတ်ပါဘူး။
    သတင်းကခုချက်ချင်းသိရတော့ ပိုဖြစ်လာတယ်လို့ထင်ရတာဖြစ်နိုင်ပါတယ်။
    ၂၀၁၂ နဲ့လုပ်စားမယ့်သူတွေ ကောင်းစားတာပေါ့။

  • hmee

    April 20, 2011 at 6:06 pm

    ဘုရား ဘုရား ကြောက်ဖို.ကောင်းလိုက်တာ။

  • kai

    April 20, 2011 at 7:15 pm

    မိုင်နာအချင်းချင်းမို ့.. အပြစ်မကြီးဘူးထင်ပါတယ်..။
    အပြစ်ရှိတာက ..မိဘ(ဒါမှမဟုတ်)အုပ်ထိန်းသူတွေပါ..။
    သမီးမိန်းကလေးမွေးထားပြီး … အခြေခံထားရမဲ့.. စောင့်ရှောက်မှုနဲ့ကာကွယ်မှုတောင် မပေးနိုင်တာကိုး..။ အဖိုးအဖွားရှိရင်တေ့ာ .. တချိန်လုံးအော်ငေါက်နေမှာနဲ့.. စိတ်တော့ ချရမယ်ထင်တာပါပဲ..။
    ဒါပေမဲ့…
    မြန်မာပြည်အတွက်လည်း.. သမီးငယ်လေးတွေအတွက်…မိဘဝတ္တရားတွေ… ဆောင်းပါးတွေ..စာတွေပညာပေးတွေ သေသေချာချာထုတ်ထား..လုပ်ထားသင့်တယ်..။

  • manawphyulay

    April 21, 2011 at 2:55 am

    မိုက်ရိုင်းလိုက်တာ ဘဝတွေက ဘယ်လိုတွေဖြစ်ပြီး ဆုံးဆိုမမှုတွေ လွတ်ထွက်ကုန်ပြီး စည်းကမ်းဘောင်တွေတောင် နားမလည်နိုင်ကြတော့ပါလား။ သေဒဏ်ပေးတာတောင် နည်းသေးတယ်။

  • htoopa

    April 21, 2011 at 3:52 am

    အသိဉာဏ်မဲ့က လူဆိုပေမယ့် တိရစ္ဆာန်နှင့်မခြားတော့ပါ။
    တိရစ္ဆာန်လောကမှာ မိဘမောင်နှမ သားသမီး သင့်မသင့် ဆိုတာမရှိ၊ အားလုံးမှာ အထီးနဲ့အမ ဆိုတဲ့ လိလ်ခွဲခြားမှုပဲရှိတယ်။ ဒီတဏှာစိတ်ပေါ်လာရင် နီးစပ်ရာနဲ့ ဖြေဖျောက်လိုက်တာပဲ။
    ကိုယ့်ဘဝလုံခြုံရေးအတွက် မိန်းမသားတိုင်း အသက်အရွယ်မရွေး အထူးသတိထားဆင်ခြင်နေထိုင်သင့်ကြာင်းကို မီးမောင်းထိုးပြနေသလိုပဲ။ သမီးမွေးထားသူမိခင်တွေ ကိုယ်သမီး ဘယ်အရွယ်လေးဖြစ်ပါစေ ဘယ်သူလက်ထဲကိုမှ ကိုယ်မျက်ကွယ်မှာ တစ်စက္ကန့်လေးကိုတောင် မထားမိပါစေနဲ့ ကြက်မိကြီးတွေ ကြက်သားလေးတွေကို ရင်အုပ်မကွာ စောင့်ရှောက်သလို ကိုယ်မျက်စိအောက်မှာပဲ နေပါစေ။ သူတို့လေးတွေ နားလည်အောင်လည်း နုနယ်သေးပေမယ့် ကြမ်းကြုတ်တဲ့လောကကြီးထဲက လူမဟုတ် လူတိရစ္ဆာန်အကြောင်းကို သူမတို့ နားလည်လာအောင် ဆုံးမသတိပေးထားသင့်တယ်

    အခုခေတ်က sex ကိစ္စက အရွယ်မရောက်သေးသူတွေမှာလည်း အန္တရာယ်ရှိနေတဲ့အကြောင်း ပိုပြီးသိစေရတော့မယ့်အချိန်ပဲ

  • babymay

    April 21, 2011 at 6:31 am

    ဒါကြောင့်လဲ သူရာမေရိယ ကံကို ကံငါးပါးထဲမှာထည့်ထား တာပေါ့။။။

  • cobra

    April 21, 2011 at 10:28 am

    ဆေးဝါးတွေကလူစိတ်ကနေ ခွေးစိတ်ဖြစ်အောင်လုပ်နေတာကို……..။

  • juttue.gyi

    April 21, 2011 at 11:03 am

    အားပါးပါး တော်တော်ဆိုးဝါးတာဘဲ အဲဒါက အုပ်ထိန်းတဲ့သူ၊ မိဘတွေက ပိုပြီးတာဝန်ရှိတယ်လို့ ကျတော်ထင်တယ်

  • antimoe

    April 21, 2011 at 2:10 pm

    ငါးပါးသီလ ထဲက..
    ကျန်တာတွေက…မဖောက်ဖျက်ချင်ဘူး..။
    အေးအေးဆေးဆေး…အရက်လေးသောက်ပြီး…အိပ်နေမယ်ကွာ..
    လို့ …ဆိုတဲ့သူက..
    သောက်ပြီးတာနဲ့ အသိတရားမဲ့ပြီး….ကျန်တာတွေ…အားလုံးကို…ကျူးလွန်မိသွားတယ်..တဲ့။
    ဆေးတွေနဲ့..လူသားတွေ..။
    ဂျပန်မှာ..သရုပ်ဆောင်တစ်ဦး….ဆေးသုံးပြီး…အမျိုးသမီးတစ်ယောက်နဲ့နေတုန်း….ကောင်မလေးက..ဆေးလွန်ပြီးသေသွားလို့…။
    သူလဲ ဘဝသေသွားတယ်။
    ကလေးတွေကိုပညာပေးရမှာပါ။
    ဒီမှာလဲ…ဈေးက…သိပ်မရှိတော့…အလွယ်တကူ…စမ်းကြည့်နိုင်နေတာများလား။ရောင်းဝယ်ဖောက်ကားသူတွေ…တရုတ်လို…သေဒဏ်..ပေးရင်ကော။
    ဖမ်းပြီး…သူတို့က…တဆင့်ပြန်ဖြန့်နေရင်တော့…။

  • unclegyi1974

    April 21, 2011 at 4:27 pm

    တိုးတက်လာတဲ့ခေတ်ကိုပဲပြောရမယ်ထင်ပါတယ်
    ဆက်သွယ်ရေးတွေကကောင်း
    ဆေးတွေကပေါ
    ခွေတွေကပေါနဲ့
    အတုမြင်အတတ်သင်တဲ့
    ဒါတောင်အေ ကထိန်းထား

  • kopauk mandalay

    April 21, 2011 at 4:42 pm

    အိုးချင်းထားတော့ အိုးချင်းထိ ကြိုးချင်းထားတော့ ကြိုးချင်းညိတဲ့ တကယ်ဖြစ်တတ်ကြတာပါ
    လူစိတ်ပျောက်သွားချိန်မှာပေါ့။
    ကြုံတုန်းကြော်ငြာဝင်လိုက်ပါအုံးမယ်။
    ကိုပေါက် ဒီဆိုက်မှာတင်ဘူးတဲ့ “မထားစကောင်း ထားစကောင်း”ကို မိဘလောင်းများ ပြန်ရှာပြီးဖတ်စေချင်ပါတယ်။

  • kai

    April 21, 2011 at 5:31 pm

    တလောက လိင်နဲ့ပါတ်သက်တဲ့… ဆာဗေးမှတ်တန်းဖတ်ဖူးတယ်..။ ပြန်ရှာပေးဦးမယ်..။

    တကယ်တော့ လူသားဟာ သဘာဝအလျှောက် ဖိုနဲ့မတွေ့ရင်.. စိတ်အားဖြင့် ကျူးလွန်တယ်ဆိုတာ သဘာဝပါပဲတဲ့..။ တချို ့ဆို အိပ်မက်မက်ရင်း.. ကျူးလွန်တာပါပဲတဲ့..။ ဖိုနဲ့မဟာ ..အကြိမ်ကြိမ်ဒီလိုဖြစ်ပြီးမှ.. အိမ်ထောင်ဖက်အဖြစ်.. ပါတနာအဖြစ်..ဘဝကြင်ဖော်အဖြစ်လက်တွဲသင့်မသင့်.. စဉ်းစားဆုံးဖြတ်နိုင်ကြတာပါ…။

    ဒီအထဲ.. အသိညဏ်မဖွံ ့ဖြိုးသေးချိန်… မောင်နဲ့နှမ ..သားနဲအမိ.. အဖနဲ့သမီး.. ဥင်္ီးလေးနဲ့တူမ.. စိတ်နဲ့ပြစ်မှားကျူးလွန်တာ ဖြစ်တတ်ပါတယ်..။
    လူတွေမှာဖြစ်တဲ့… ရာခိုင်နှုန်းအားဖြင့် တော်တော်မြင့်တယ်… မှတ်ဖူးတယ်…

    ဆယ်ကျော်သက် မြီးကောင်ပေါက်တွေ.. ဖြစ်တာပိုများတာပေါ့..။
    ဟိုမုန်းအပြောင်းအလဲနဲ့.. သဘာဝကတောင်းဆိုတာပဲ..။

    ဒါကို အပြင်မှာပါ တကယ့်တကယ်မဖြစ်ရအောင်.. အုပ်ထိန်းသူတွေ.. ဆရာဝန်တွေ.. ပညာရှင်တွေက.. ထိန်းကြောင်းတည့်မတ်..ပညာပေး..ကြရတာပါ…။
    လူ့ယဉ်ကျေးမှု..ဘာသာရေး.. စတာတွေနဲ့ ရှင်းပြရင်း.. တည့်မတ်ပေးရတာပေါ့…။

    လောလောဆယ် ယူအက်စ်အစိုးရရဲ့.. ဆာဗေးမှတ်ချက်လေးတင်ပေးထားမယ်..။
    http://www.ncvc.org/ncvc/main.aspx?dbName=DocumentViewer&DocumentID=32373
    လေ့လာနိုင်ဖို့ပါ..။ အဲဒီလိုဆိုတော့ .. မြန်မာတွေ ..မဖြစ်ဖူး..ရာခိုင်နှုန်းနိမ့်တယ် မထင်လိုက်နေနဲ့…။
    ကမ္ဘာမှာ.. မြန်မာက. ဒီလိုကိစ္စမျိုး ..ထိပ်ကရှိတယ်လို့.. အာမခံရဲတယ်..။ 🙂
    Research indicates that 46% of children who are raped are victims of family members (Langan and Harlow, 1994). The majority of American rape victims (61%) are raped before the age of 18; furthermore, 29% of all forcible rapes occurred when the victim was less than 11 years old. 11% of rape victims are raped by their fathers or step-fathers, and another 16% are raped by other relatives.[34]

    • eros

      April 22, 2011 at 3:36 am

      ဒို့ ကတော့ ဒီအကြောင်းတွေ ကတော့ ကြားဖူးတာ ရိုးနေပြီ။

  • nigimi77

    April 22, 2011 at 4:11 am

    လမ်းတစ်လမ်းထဲမှာ အိမ်ထောင်စု ၁ဝ စု ရှိတယ် ဆိုပါဆို ့။ အိမ်ထောင်စု ၆ စု မှာ ရှိတဲ့ အသက် ၈ နှစ်နဲ ့

    အထက် မိန်းမငယ် ယောကျာင်္းငယ်တွေဟာ အဖေကြီး အမေကြီးလုပ်တမ်း (လင်မယားတမ်း) ကစားကြတယ်။

    ဒါဟာ အခုမဟုတ်ဘူး ။ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်ကတဲက ။ ဒီအထဲမှာ စာဖတ်သူတွေလဲ ကစားရင်

    ကစားဖူးမယ် ထင်တယ်… 🙂

    မိဘတွေ နေ ့ခင်းနေ ့လည် အိပ်နေချိန် ကလေးတွေ ဘာလုပ်တမ်း ကစားကြမယ် လို ့ သင် ထင်ပါသလဲ ။

    မယုံရင် CCTV တပ်ထားပါ ။ 🙂

    ရခိုင်တွေမှာ မောင်နှမ တဝမ်းကွဲတွေကို ပြန်ပေးစားတဲ့ ဓလေ့ရှိတယ် ။ ဒါဟာ အခုမှ မဟုတ်ဘူး ။

    ပဒေသရာဇ် ခေတ်ကတဲက ။ ငယ်ငယ်က မိဘတွေ ပြောပြတာကြားဖူးတယ် ။ တောင်ငူမြို ့မှာ

    အဖိုးကြီးက မသန်မစွမ်းကြီး ။ သန်ချင်ရာတော့ သန်နေပြန်ရော ။ သူ ့ကို ပြုစုစောင့်ရှောက်နေတဲ့

    သမီးအရင်းကို အားပေးလိုက်သတဲ့ ။ ဗိုက်ကကြီးလာတော့ အရပ်ထဲမှာ လူသိထင်ရှားဖြစ်လာ ။

    မိုးချိန်း မိုးကြိုးပစ်ရင် နွားစားခွက်မှာ ခေါင်းထည့်ပြီး ကျနော် နွားပါ။ မသိမိုက်မဲပါပေါ့ ။

    ဒါက မြန်မာ့ရိုးရာ အာပတ်ဖြေနည်း ။ ကုက္ကိုင်းဖက်မှာ မွတ်စ်ကုလားက နှမအရင်းကို အားပေးလိုက်ပြီး

    သတ်ပြစ်လိုက်တယ်ဆိုပဲ။ ခြံဝင်းထဲမှာပဲ မြေမြုတ်ပြီး အပေါ်က ကွန်ကရိလောင်းလိုက်တယ်။

    ဒါက ကုလားရိုးရာ အာပတ်ဖြေနည်း။ အပေါ်က မိုးသီဒါစိုး ပြောတဲ့ အချက်ထဲမှာ နံပါတ် (၁) က လုံးဝ သဘောမကျဘူး။ သူတို ့က ဘယ်ဘာသာ

    ဝင်တွေလဲ ဆိုတာ မသိပေမဲ့ ယိုးဒယားတွေဟာ Buddha ဘာသာ(မိရိုးဖလာ) ယုံကြည်မှုဟာ

    ဗမာတွေထက်တောင် ပိုပြီး အယူသည်း ပြင်းထန်တယ်။ ဘာလာလာ ဘာသာရေးကို ဆွဲမထည့်စေချင်ဘူး။

    နံပါတ် (၃) ကို ပြောရရင် မိဘတွေ မရှိကြလို ့လားဆိုတော့ မိဘတွေ ရှိတာတောင် အခုလို အဖြစ်မျိုးတွေ

    ရှိနေတာ အများကြီး။ မိဘတွေရှိတာ မရှိတာထက် အဲဒီ မိဘတွေက သားသမီးတွေအပေါ် ဘယ်လို သွန်သင်

    ဆုံးမမှုကို ပေးနေတယ် ဆိုတာက စကားပြောတယ်။

    ကျုပ် အမေရဲ ့ ညီမ အငယ်ဆုံး ကျုပ်ရဲ ့ အဒေါ် အရင်းကို ကြိုက်ခဲ့ဖူးတယ်။ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ဟာ

    အပျိုလူပျိုတွေဖြစ်လာမှ ပြန်တွေ ့တာ ။ အနေစိမ်းတယ် အရွယ်တူတယ် အပျိုလူပျို ဖြစ်စတွေ။

    ကျုပ်ကလဲကြိုက်တယ် သူကလဲကြိုက်တယ်။ အမေသိသွားပြီး လမ်းညွန်မှုကောင်းခဲ့လို ့ ဘာမှ မဖြစ်ခဲ့ဘူး။

Leave a Reply