Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရဲရဲဖြေကြည့် (ခရစ်ယန် အမေး၊ MG အဖြေ)

mggwaOctober 15, 20111min56437

တစ်ခါမှတော့ post မရေးဖြစ်သေးဘူး၊ သူများတွေရေးတဲ့ post တွေမှာပဲ  ဝင်ဂွကျနေတာ၊

အခု စိတ်ကူးပေါက်လို့ MG မှ comment မိတ်ဆွေများကို အုံး (ဦးခါင်း) နဲနဲစားလိုက်ဦးမယ်။

အင်္ဂလိပ်ခေတ်က ခရစ်ယန်တွေက ဗုဒ္ဓဘာသာတွေကို မေးခဲ့ဘူးတဲ့

၁။ ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေပွင့်ခဲ့ပြီးပြီ။ ဘုရားရှင်တိုင်းဟာ ရှေးဘုရားတို့ရဲ့ အလေ့အထအတိုင်းပဲ လိုက်နာတယ်၊ ပထမဆုံးပွင့်ခဲ့တဲ့ ဘုရားက ဘယ်ဘုရားရဲ့ အလေ့အထတိုင်းနေသလဲတဲ့။ (အဲဒီဘုရားရှေ့မှာ ပွင့်တဲ့ဘုရားမှ မရှိသေးတာ)

၂။ ဘုရားတစ်ဆူမှာ ၂၄-အသချေင်္၊ ကုဋေ ၈ဝနဲ့ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်မယ်ဆိုပဲ။

ဒါဆိုရင် ဘယ်ဘုရားလက်ထက်မှာ သတ္တဝါတွေကုန်မလဲတဲ့။

၃။ အတိတ်ဘဝက ကံတွေကြောင့် လူတွေဖြစ်ရတာဆိုရင် အဲဒီလူဖြစ်ဖို့ အတွက် ပထမဦးဆုံး သတ္တဝါကို ဘယ်သူ ပြုလုပ်တာလဲတဲ့။

၄။ မြင့်မိုရ်တောင်ရှိတယ်ဆိုတဲ့ တောင်အရပ်ကို သင်္ဘောနဲ့သွားတာ အရိပ်အယောင်တောင် မတွေ့ရဘူးတဲ့။

ဒါဆိုရင် မြင့်မိုရ်တောင်ထိပ် တာဝတိ ံသာမှာ ဟောတဲ့ အဘိဓမ္မာကြီးက ဘယ်လိုနားလည်ရမှာလဲတဲ့။

၅။ တချို့လူတွေ (သေပြီးမှ မဟုတ်ပဲ) ထိုသူ မသေသေးပဲ လူဝင်စားသလိုပြန်ဖြစ်နေခြင်း၊

အဲဒါ ဘယ်အတိတ်ဘဝကံတွေက ဖန်တီးတာလဲတဲ့။

စတဲ့ လဲပေါင်းများစွာနဲ့ မေးထားတဲ့ မေးခွန်းတွေထဲက ပါးပါးလေ စွဲထုတ်ပြီး အဖြေညှိကြည့်ကြတာပေါ့။

(စာတတ်၊ ပေတတ်၊ ကျမ်းဂန်တတ်တွေတော့ ဖြေထားပြီးဖြစ်၏။

ကိုယ့်အမြင်နဲ့ကိုယ် ရဲရဲဖြေကြည့်စေလိုပါသည်။)

ဘယ်စာအုပ်နဲ့ ဘယ်ကျမ်နဲ့မှ ညီပါ့မလားလို့  မရဲတရဲ မဖြစ်စေလိုပါ။

37 comments

  • captainamerica

    October 15, 2011 at 4:43 pm

    သိချင်ရင်ကျောက်ကွင်းအရေးတော်ပုံဆိုတဲ့စာအုပ်ကိုရှာဖတ်ကြည့်
    http://www.sagawarmyae.com မှာရှိတယ်။ဘာသာရေးကွိုင်တက်အောင်တော့လာ
    မစားနဲ.။တစ်ခြားနေရာမှာသာွးဂွကျပါ။

    • mggwa

      October 15, 2011 at 5:13 pm

      (ဘာသာရေးကွိုင်တက်အောင်တော့လာ မစားနဲ.။တစ်ခြားနေရာမှာသားဂွကျပါ။)လို့တော့ အထင်တော်မလွဲလိုက်ပါနဲ့ မောင်ကြီးရယ်။ အယူတွေရှင်းစေချင်လို့ပါ။
      ရှင်းနေတာကို ရှုပ်အောင်လုပ်၊ ပြီးပြန်ရှင်းရတယ်တဲ့။

      နဂိုက ဘာမှ မတွေထားလို့ ဘာသံသယမှ မရှိတာဟာ ဝိစိကိစ္ဆာ စင်တာမဟုတ်။ အဲဒါ သူများပြောတိုင်း ယုံတာ။
      ကိုယ်တိုင်သိ (ဒိဋ္ဌိကင်း)မှ ဝိစိကိစ္ဆာ စင်တာ ဒါမှ ဗုဒ္ဓဘာသာ။
      မြန်မာဦးနှောက်တွေက တစ်ခါမှ မသုံသေးလို့ ဈေးကြီးနေလို့ ဈေးကျသွားအောင်လို့ပါ။
      သုံးပေးမှ ဈေးကျမှာ။

  • realman

    October 15, 2011 at 6:47 pm

    ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေပွင့်ခဲ့တယ်ဆိုတာနဲ့
    ဘုရားတစ်ဆူမှာ ၂၄-အသချေင်္၊ ကုဋေ ၈ဝနဲ့ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်ဆိုတာ ဗုဒ္ဓဟောကြားခဲ့တာမဟုတ်ပဲ အဋ္ဌကထာဆရာတွေရဲ့ အာဘော်သာဖြစ်တယ်လို့ ပညာရှင်တစ်ချို့က သုံးသပ်ထားကြပါတယ်။

    ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေပွင့်ခဲ့တယ်ဆိုတဲ့ အယူအဆကို ဂျိန်းဘာသာမှာလည်းတွေ့ရပါတယ်။
    ယနေ့မြန်မာဗုဒ္ဓဘာသာတွေနားလည်နေတဲ့ ဗုဒ္ဓဝင်နဲ့ ဂျိန်းဘုရားရဲ့ ဖြစ်စဉ်တွေ တချို့သွားတူနေတာကိုတွေ့ရပါတယ်။

    မမွေးခင် အတိတ်ဘဝက ကံတွေက လူကို ဖန်းတီးတယ်ဆိုတဲ့ အယူဟာ ဂျိန်းဘာသာရဲ့ အယူလို့ ဝေဖန်ထားတာတွေလည်းရှိပါတယ်။

    မြင့်မိုရ်တောင်ဆိုတာတော့ မေရုဆိုတဲ့ အမည်ကို ဘာသာပြန်တာ မြင့်မိုရ်တောင်လို့ ဖြစ်သွားတာပါ။
    ဒါဗုဒ္ဓခေတ်က ဒေသသုံး (အပြင်မှာ တကယ်မရှိပဲ စိတ္တဇနာမ်အနေဖြစ် သုံးတဲ့) စကားတစ်ခုပဲလို့ ဖွင့်ဆိုမှုတွေလည်းရှိပါတယ်။
    ဥပမာအားဖြင့် ယနေ့ခေတ် အီကွေတာမျဉ်းလိုပေါ့။
    အီကွေတာမျဉ်းကို အပြင်မှာရှာရင် မတွေ့နိုင်ပါ။ စာရွက်ပေါ်မှာသာပြောဆိုရတဲ့ အမည်ပါ။

    တာဝတိ ံသာမှာဟောတဲ့ အဘိဓမ္မာကြီးကတော့ တတိယသင်္ဂါယနာမှ ပေါ်လာတာလို့ ပြောကြတာတွေလည်းရှိကြပါတယ်။

    လူဝင်းစားဆိုတာ သေပြီးပြန်ဖြစ်တဲ့ သဿတမိစ္ဆာဒိဋ္ဌိအယူလို့ အဗျာကထနတရားတွေမှာ အသေအချာဟောထားတော့ ဒါ ဗုဒ္ဓအယူ မဟုတ်နိုင်ပါ။

    သိသလောက်လေးဖြေကြည့်လိုက်ခြင်း ဖြစ်ပါသည်။

  • ကြောင်ကြီး

    October 15, 2011 at 7:26 pm

    ဟာဟာဟာ့…မောင်ဂွနဲ့ ရီးရဲမန်းလုပ်နေပုံက လွှတ်တော်ထဲမှာ ကြံ့ဖွတ်အမတ်တွေ တဦးကအဆိုတင်သွင်း ကျန်တဦးက ထောက်ခံနေတဲ့ အတိုင်းပဲ။ နောက်ထပ်လာကြပါလိမ့်အုံးမယ်။ မိုးပြားလွှတ်တော်ပေါ့ဗျာ၊ ကောင်းကင်ကြီးကို ပြားတယ်ထင်နေသူများပေါ့။
    ၁။ ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေပွင့်ခဲ့ပြီးပြီ။ ဘုရားရှင်တိုင်းဟာ ရှေးဘုရားတို့ရဲ့ အလေ့အထအတိုင်းပဲ လိုက်နာတယ်၊ ပထမဆုံးပွင့်ခဲ့တဲ့ ဘုရားက ဘယ်ဘုရားရဲ့ အလေ့အထတိုင်းနေသလဲတဲ့။ (အဲဒီဘုရားရှေ့မှာ ပွင့်တဲ့ဘုရားမှ မရှိသေးတာ)
    ဖြေ – အဲဒီမေးခွန်းကို ပြန်ဖြေထားတဲ့စာတပုဒ်ကို အင်တာနက်မှာဖတ်ဖူးပါတယ်။ ရှင်ဥက္ကဌရေးသလား၊ ဘယ်သူရေးသလဲ မသိတော့ပါ။ ဘုရားက အကြောင်းအကျိုးကို ပဋိစသမုပ္ပကို သာပြောခဲ့ပါတယ်။ ဖန်ဆင်းရှင်ဝါဒလို အစကနေ ဖြစ်လာတဲ့အယူ မရှိပါဘူး။ မောင်ဂွလည်း သိသိကြီးနဲ့ မေးတယ်ထင်ပါတယ်။ ဖတ်လိုက်တုန်းကတော့ ရှင်းသလိုပါပဲ၊ ဒါပေမဲ့ အသုံးမလိုလို့၊ ဗုဒ္ဓဝါဒ အနှစ်သာရနဲ့ မဆိုင်လို့ ကောင်းစွာမှတ်သား မထားလိုက်ပါ။ ဖန်ဆင်းရှင်အယူလို အစရှိတယ်လို့ပြောလဲ အစရဲ့အစဆိုတာ ရှာမတွေ့နိုင်လို့ သိပ်မစဉ်းစားတာ ကောင်းမယ်ထင်တယ်။ ဘုရားဟော မကြံစည်အပ်တဲ့အထဲမှာ ဘုရားရဲ့တန်ခိုးတော်၊ စတြာဝဠာအကျယ်အဝန်း၊ ကံအကျိုးပေးပုံ၊ လောကအစနဲ့အဆုံး တွေဖြစ်တယ်လို့ မှတ်ဖူးပါတယ်။ လျောက်တွေးနေလို့ ကိုယ်ကျင့်ရမဲ့တရားအလုပ် ပျက်တာပဲရှိပြီး အကျိုးမဲ့စေလို့ ဖြစ်ပါတယ်။

    ၂။ ဘုရားတစ်ဆူမှာ ၂၄-အသချေင်္၊ ကုဋေ ၈ဝနဲ့ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်မယ်ဆိုပဲ။
    ဖြေ – စွန်းလွန်းဆရာတော်ကြီးလား မသိဘူး ဖြေထားတာလေးကို သဘောကျပါတယ်။ ကမာ္ဘအသင်္ချေသာ ကုန်သွားမယ်၊ သတ္တဝါတွေရဲ့ ကိလေသာတဏှာ မကုန်ဘူး၊ တိုးပွားနေတာပဲ ရှိတယ်တဲ့။ သတ္တဝါအားလုံး ကိလေသာငြိမ်းသွားရင် အကုန်ကျွတ်ပါမယ်။ အကုန်လုံး ကိလေသာ ငြိမ်းဖို့မဖြစ်နိုင်ပါဆိုရင် ဘယ်ဘုရားလက်ထက် အကုန်ကျွတ်မလဲ ခေါင်းရှုပ်မခံပါနဲ့။ ဘယ်သူကျွတ် မကျွတ်ထက် အဲဒီအထဲ ကိုယ်ပါသွားဖို့ အရေးကြီးပါတယ်။

    ၃။ အတိတ်ဘဝက ကံတွေကြောင့် လူတွေဖြစ်ရတာဆိုရင် အဲဒီလူဖြစ်ဖို့ အတွက် ပထမဦးဆုံး သတ္တဝါကို ဘယ်သူ ပြုလုပ်တာလဲတဲ့။
    ဖြေ- ပိဋကတ်ကျမ်းလာအရကတော့ ဗြဟ္မာကြီးလေးဦးက စခဲ့တယ်လို့ ဖတ်ဖူးပါ။ ဘယ်သူစစ၊ ဘယ်လိုစစ ကိလေသာငြိမ်းဖို့၊ အကုသိုလ်နဲဖို့၊ စိတ်ရှင်းရှင်းနဲ့ ဘဝကို ဖြတ်သန်းဖို့ အထောက်အကူပြုပုံ မရပါ။

    ၄။ မြင့်မိုရ်တောင်ရှိတယ်ဆိုတဲ့ တောင်အရပ်ကို သင်္ဘောနဲ့သွားတာ အရိပ်အယောင်တောင် မတွေ့ရဘူးတဲ့။
    ဖြေ – သီလ၊ သမာဓိ၊ ပညာ သုံးပါးပြည့်စုံရင် (အနည်းဆုံး ရှေ့နှစ်ပါး ပြည့်မှီရင်) တွေ့ကောင်းပါမယ်။ မောင်ဂွနဲ့ မိုးပြားအဖွဲ့ပုံကြည့်ရတာ အပ်ချည်တမျှင်စာလောက် သီသီလေး လိုနေလို့ မတွေ့သေးတာ နေမှာပါ။ အားမလျှော့ပါနဲ့ သဒ္ဓါအရင်းခံပြီး ဆက်ကြိုးစားပါ။ ဒီဘဝမတွေ့ သေတဲ့အခါ တွေ့ပါလိမ့်မယ်။ (မြင့်မိုရ်တောင် မတွေ့ဘဲ ငရဲမီးတွေ့ရင်လည်း တကျမ်းထဲလာမိုလို့ ယုံလိုက်ကြပါ)

    ၅။ တချို့လူတွေ (သေပြီးမှ မဟုတ်ပဲ) ထိုသူ မသေသေးပဲ လူဝင်စားသလိုပြန်ဖြစ်နေခြင်း၊
    အဲဒါ ဘယ်အတိတ်ဘဝကံတွေက ဖန်တီးတာလဲတဲ့။
    ဖြေ – သဂျီးပြောလေ့ရှိတဲ့က ဂေဟစနစ်ဆိုတာ ရှိတယ်။ သဘာဝက အပြန်အလှန်ထိန်းကျောင်းပေးတဲ့ နိယာမ စနစ်တခုပါ။ ဆင်ခြင်မှုကင်းမဲ့တဲ့ အယူသီးအစွန်းယောက် အတွေးအခေါ် ထွန်းကားလာတဲ့အခါ မောင်ဂွတို့လို အစဉ်းစားလွန်ပြီး နားထင်သွေးရောက်တဲ့ တဖက်အစွန်းဝါဒ ပြန်ပေါ်လာပေးရပါတယ်။ မေးခွန်းနဲ့ စပ်လို့ထင်တာပြောရရင် အတိတ်ဘဝမှာ ဆင်ခြင်မှုကင်းမဲ့သူများ ယခုဘဝမှာ အလွယ်ယုံတတ်သလို တလွဲတွေးရင်းနဲ့ သာသနာနဲ့လွဲခဲ့သူများ ဒီဘဝမှာ မမောမပန်းနိုင် ဆက်တွေးပါတယ်။ အထုံပေါ့ဗျာ။ အခုတွေးတာ အရင်ကတွေးခဲ့လို့ နောင်လည်းတွေးအုံးမယ်။ ပစ္စုပ္ပန်မှာ ကံဖြတ်နိုင်ပါစေ။

    • realman

      October 15, 2011 at 8:07 pm

      ကြောင်ကြီ:တို့ကလည်း မြန်မာထေရဝါဒရဲ့စာပေအဖွင့်တွေနဲ့ မတူတိုင်း မိုးပြာအဖွဲ့ကလို့ပဲ ယူဆကြတယ်နဲ့ တူတယ်။
      မောင်ဂွတော့မပြောတတ်ဘူ။ realman ဆိုတာ အမှန်တရားကို မျက်စိမပိတ်၊ အစွဲမထားပဲ အမှန်လမ်းလျှောက်နေတဲ့သူပါဗျာ။
      ကျမ်းစုံအောင်တော့ လေ့လာလိုက်ပါဦး။
      (စွန်းလွန်းဆရာတော်ကြီးလား မသိဘူး ဖြေထားတာလေးကို သဘောကျပါတယ်။ ကမာ္ဘအသင်္ချေသာ ကုန်သွားမယ်၊ သတ္တဝါတွေရဲ့ ကိလေသာတဏှာ မကုန်ဘူး၊ တိုးပွားနေတာပဲ ရှိတယ်တယ်လို့ ပြောရလောက်အောင် ) စွန်းလွန်းဆရာတော်ကြီးက ဘုရားမိုလို့လားလို့ ပြန်မေးလိုက်ပါရစေ။
      ဒါကြောင့် အဋ္ဌကထာ(ပြန်ဆိုတေးလို ပြန်အဖွင့်တွေ)မှာ သောင်တင်နေတယ်လို့ ပြောကြတာ။ ကိုယ်ပိုင်ဉာဏ်တွေနဲ့စဉ်းစားကြဖို့ လိုပါတယ်။
      ကိုယ့်ဉာဏ်လေး ကိုယ်ပြန်ရနိုင်ကြပါစေ။

      • ကြောင်ကြီး

        October 15, 2011 at 8:32 pm

        စွန်းလွန်းဆရာတော်ကြီးသည် ဘုရားမဟုတ်ပေမဲ့ မောင်ဂွနဲ့ မောင်ဂွဆရာသမားများထက် ကောင်းကင်နဲ့မြေကြီးပမာ အပုံကြီးသာ အားကိုးလောက်ပါတယ်။ ဘုရားဟော ပိဋကတ်သုံးပုံလာ စာတွေကို ညဏ်မမှီလို့ ကိုယ်နဲ့သင့်ရာ ရိုးရှင်းစွာ ညွှန်ပြသွားတဲ့ ဆရာတော်ကြီးများရဲ့ အဆုံးအမများကို မှတ်သားနာယူ အားထုတ်ပါတယ်။ real man လည်း စဉ်းစားရင်းနဲ့ ထင်တလုံးဖြစ်နေရာမှ လွတ်နိုင်ပါစေ။

      • mggwa

        October 16, 2011 at 6:25 pm

        လာပြန်ပြီ ကြောင်ကြီးတို့ ထစ်ခနဲရှိမိုးပြာပဲ။ ထေရဝါဒစွဲစာတွေနဲ့ ဆန့်ကျင်တိုင်း မိုးပြာလို့ပဲ ထင်နေတြယ်။ တော်တော်ကြောက်ကြပုံရတယ်။ ထေရဝါဒစွဲကို မိုးပြာတစ်ခုထဲက လက်မခံတာလို့ မထင်လိုက်ပါနဲ့ ကိုကြောင်ရယ်၊
        ဒို့ကတော့ – – – ဒို့ကတော့ – – – ပြာတာ – ဝါတာ ၊ နီတာ စိတ်မဝင်စား မှန်တာကိုပဲ စိတ်ဝင်စား – – – – — ။

      • apulay

        October 18, 2011 at 10:52 am

        လမ်းမှားမှာ လျှှောက်နေတဲ့သူကများ လာ လာချည်သေး ။ အခုဘဝမှာ
        မောင်ဂွ လျှောက်နေတဲ့လမ်းဆုုံးရင် ရွာသာကြီး စိတ်ရောဂါအထူးကုဆေးရုံကို ရောက်မှာပါ ။
        သေသွားပြီးရင်တော့ ငရဲပြည်ကို ပတ်စပို့ မလိုပဲရောက်သွားပါလိမ့်မယ် ။ ဆက်လျှောက်
        ရဲရဲကြီးသာ ဆက်လျှောက်

        • mggwa

          October 19, 2011 at 6:14 pm

          ကိုယ့်လူ apulay က တကယ်မရှိတဲ့အရာတွေ၊ မသိတဲ့အရာတွေ ကို တွေးကြောက်နေတဲ့ စိတ္တဇသမားတွေထဲမှာပဲရှိနေသေးတော့
          အင်း – – – ရွာသာကြီး စိတ်ရောဂါအထူးကုဆေးရုံကတောင် နိုင်မယ်မထင်တော့ဘူူး။ ကိုယ့်လူရေ။
          ကိုယ်လူတို့လို အစွဲကြီးတဲ့ စိတ္တဇသမားတွေကို ဘုရားတောင် ရှိရင် လက်ရှောင်လောက်တယ်။
          မိရိုးဖလာအစွဲ လမ်းမှားကြီးတွေကို ရဲရဲဝံ့ဝံ့တွေးမြင်ရဲအောင် လမ်းဖော်ပေးနေတယ်လိ်ု့ သဘောပေါက်။

  • realman

    October 15, 2011 at 7:49 pm

    ကြောင်ကြီ:တို့ကလည်း မြန်မာထေရဝါဒရဲ့စာပေအဖွင့်တွေနဲ့ မတူတိုင်း မိုးပြာအဖွဲ့ကလို့ပဲ ယူဆကြတယ်နဲ့ တူတယ်။
    မောင်ဂွတော့မပြောတတ်ဘူ။ realman ဆိုတာ အမှန်တရားကို မျက်စိမပိတ်၊ အစွဲမထားပဲ အမှန်လမ်းလျှောက်နေတဲ့သူပါဗျာ။
    ကျမ်းစုံအောင်တော့ လေ့လာလိုက်ပါဦး။
    (စွန်းလွန်းဆရာတော်ကြီးလား မသိဘူး ဖြေထားတာလေးကို သဘောကျပါတယ်။ ကမာ္ဘအသင်္ချေသာ ကုန်သွားမယ်၊ သတ္တဝါတွေရဲ့ ကိလေသာတဏှာ မကုန်ဘူး၊ တိုးပွားနေတာပဲ ရှိတယ်တယ်လို့ ပြောရလောက်အောင် ) စွန်းလွန်းဆရာတော်ကြီးက ဘုရားမိုလို့လားလို့ ပြန်မေးလိုက်ပါရစေ။
    ဒါကြောင့် အဋ္ဌကထာ(ပြန်ဆိုတေးလို ပြန်အဖွင့်တွေ)မှာ သောင်တင်နေတယ်လို့ ပြောကြတာ။ ကိုယ်ပိုင်ဉာဏ်တွေနဲ့စဉ်းစားကြဖို့ လိုပါတယ်။
    ကိုယ့်ဉာဏ်လေး ကိုယ်ပြန်ရနိုင်ကြပါစေ။

  • koyinmaung

    October 15, 2011 at 8:24 pm

    မဖေါက်မပြန်ဧကန်အမှန်
    သဘာဝတရားအတိုင်းဖြစ်ပျက်နေတဲ့တရားတော်တွေပါ
    ဘယ်ဘုရားဘဲဖြစ်ဖြစ်ကျင့်ကြံအားထုတ်ခဲ့ယင်
    ဒီတရားဘဲတွေ့ရမှာပါ
    ဒါကြောင့်အယင်ဆုံးပွင့်တော်မူတဲ့ဘုရားလဲဒီတရားဘဲဟောမှာပါ
    နောက်ဆုံးပွင့်တော်မူတဲ့ဘုရားလဲဒီတရားတော်ဘဲဟောမှာပါဘဲ
    ရှေးဘုရားရဲ့အလေ့အထအတိုင်းလိုက်နာနေတာမဟုတ်ပါဘူး
    စစ်မှန်တဲ့တရားတော်ဟာနှစ်မျိုးမရှိလို့ပါ…….

  • Yin Nyine Nway

    October 15, 2011 at 8:28 pm

    ဖြေရဲဘူး..ဂျို့
    တော်ကြာ မှားကုန်ဒုက္ခ …
    ဒီကစ္စက ဝင်ဖောလို့ ကောင်းတာ ဟုတ်ဝူး…

    • mggwa

      October 16, 2011 at 7:03 pm

      Yin Nyine Nway ကလဲ ရဲရဲ ဖြေကြည့်စမ်းပါ။ မှားမှာ မကြောက်ပါနဲ့ ဘယ်တုန်းက မှန်ခဲ့ဘူးတာမှတ်လို့ ။
      ခပ်တည်တည်ပေါ့။ ကိုယ်ထင်တာ ကိုယ်ဖြေကြည့်၊ အားလုံး ကိုယ်ထင်တာ ကိုယ်ဖြေနေကြတာ။ ကိုယ်လည်း အတူတူပါပဲ။
      ကို်ယ့်ဉာဏ်မှာ ထင်လာတာကို ပြောတာနော့။

  • siamonone

    October 15, 2011 at 8:34 pm

    ကျွန်တော်က ဘာသာရေးဆို သိပ်မဖြေချင်ပါဘူး ..
    ဒီက အကိုက .. ဖေါ်ရွေတဲ့ပုံပေါက်လို့ .. ဖြေကြည့်ပါ့မယ် ..
    ဒါပေမယ့် လွဲသွားရင် .. ခွင့်လွှတ်နော် ..
    အဲ့ဒီအကိုပြောတဲ့ ဗုဒ္စဘုရား or မဟာလူသား ဘယ်ကဖြစ်ပေါ်လာသလဲဆိုရင် ကျွန်တော်တို့ လိုမျိုး “The God of creation ” လို့ပြောနိုင်တဲ့ ဉာဏ်ရှိ သတ္တဝါတစ်ခုကနေဖြစ်ပေါ်လာတာ လို့ ဖြေရင် ..
    ကျွန်တော်တို့က လည်း ဘုရားတွေဖြစ်တယ်လို့ ဖြေရင် ..
    လက်ခံပါ့မလားမသိပါဘူး .. ကျွန်တော်တို့ရဲ့စကြဝဋာကြီးကို ကျွန်တော်တို့လိုမျိုး .. လူတူ-သက်ရှိ များက စတင် ပြုလုပ်ထားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ် .. ဒါကို ယနေ့ခေတ် သာမာန်အသိဉာဏ် နဲ့စဉ်းစားရင်တောင် သိနိုင်ပါတယ် ..
    ကင်ဆာဆိုတဲ့ ကိုယ့်ဖာသာကိုယ်ပြန့်ပွားနေတဲ့ cell ဖြစ်ပေါ်ဖို့ .. Initiator ဆိုတဲ့ စတင်ပေးတဲ့ ပစ္စည်းနဲ့ promoter ဆိုတဲ့ ဆင့်ပွားဆင့်ပွားပေးတဲ့ ပစ္စည်း ဆိုပီး လိုအပ်ပါတယ် ..
    ကျွန်တော်တို့ သတ္တဝါတွေကိုလည်း ကင်ဆာနေရာမှာထားကြည့်ရင် ၊ cancer နေရာက တွေးကြည့်ရင် အဖြေကရှင်းနေမှာပါ ..
    ကျွန်တော်တို့ .. Initiator ကို သိဖို့ မလိုအပ်ပါဘူး ..
    ကျွန်တော်တို့တတွေ ကမာ္ဘပေါ်မှာ ဆက်လက်တည်ရှိနိုင်ဖို့ ၊ လူသားတွေ စကြဝဋာကို လွှမ်းမိုးနိုင်ဖို့
    “Initial creator of the universe” or sometimes says ” the god ” ကို သိဖို့ တစ်နေရာဘဲလိုအပ်ပါတယ် သူ့ technology ကို ရဖို့ လေ .. ဟီး ..

  • siamonone

    October 15, 2011 at 8:35 pm

    ကျွန်တော်က ခရာစ်ယာန် ဘာသာ ကို လေးစား ပါတယ် .. ပီးတော့ ခရာစ်ယာန်ဘာသာကိုလည်း ကိုးကွယ်ပါတယ် ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်လျက်ပေါ့ .. ဟီး ..

    • mggwa

      December 26, 2011 at 10:12 pm

      ကောင်းပါတယ်၊ တစ်ဆူရင် မကယ်ရင် နောက်တစ်ဆူ ကယ်။ ဒါဆို စိတ်ချရတာပေါ့။

  • MandalarPheonix

    October 15, 2011 at 8:46 pm

    မေးခွန်း နံပါတ်၁ကိုပဲဆွေးနွေးပါရစေ ။ကျေနပ်စရာအဖြေဖြစ်မဖြစ်တော့မသိပါဘူး။ ဆရာတော်ကြီးတစ်ပါးရဲ ့ဥပမာပါ။စက်ဝိုင်းတစ်ခုကို သင် ့မိတ်ဆွေကိုဆွဲခိုင်းပါ သင်ကိုယ်တိုင်ဘယ်ကစလဲလိုက်ရှာပါ။ သင်ရှာလို ့ရမှာမဟုတ်ပါဘူး။ ဘာလို ့လဲဆိုတော့ အကြောင်းတရားကြောင် ့အကျိုးတရားဖြစ်ပေါ်လာပါတယ်။ ဘယ်ကစလဲဆိုတာကိုနားလည်ဖို ့သာမန်လူတွေရဲ ့ ညာဏ်ရည်နဲ ့လိုက်လို ့မမှီနိုင်ပါဘူး ……။ အဲတာတွေစဉ်းစားပြီးအချိန်ကုန်နေရင် တရားအားထုတ်လို ့မှ မလွတ်မြောက်သေးခင်သေသွားနိုင်ပါတယ်။ လွတ်မြောက်ငြိမ်းချမ်းသော တရားရှာတွေ ့နိုင်ပါစေ။

  • kyawza

    October 15, 2011 at 8:50 pm

    ၁။ ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေပွင့်ခဲ့ပြီးပြီ။ ဘုရားရှင်တိုင်းဟာ ရှေးဘုရားတို့ရဲ့ အလေ့အထအတိုင်းပဲ လိုက်နာတယ်၊ ပထမဆုံးပွင့်ခဲ့တဲ့ ဘုရားက ဘယ်ဘုရားရဲ့ အလေ့အထတိုင်းနေသလဲတဲ့။ (အဲဒီဘုရားရှေ့မှာ ပွင့်တဲ့ဘုရားမှ မရှိသေးတာ)

    အဖြေမရှိဘူး။ ပထမဆုံးပွင့်တဲ့ ဘုရားဆိုတာလည်း မရှိဘူး။
    —————————————————————————————
    ၂။ ဘုရားတစ်ဆူမှာ ၂၄-အသချေင်္၊ ကုဋေ ၈ဝနဲ့ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်မယ်ဆိုပဲ။
    ဒါဆိုရင် ဘယ်ဘုရားလက်ထက်မှာ သတ္တဝါတွေကုန်မလဲတဲ့။

    ကမာ္ဘပေါ်မှာ အသက်ရှိတဲ့ သတ္တဝါတွေ ဘယ်နှစ်ကောင်ရှိလဲ ဆိုတာ အရင်ရေတွက်ကြည့်နိုင်မလား။
    —————————————————————————————-
    ၃။ အတိတ်ဘဝက ကံတွေကြောင့် လူတွေဖြစ်ရတာဆိုရင် အဲဒီလူဖြစ်ဖို့ အတွက် ပထမဦးဆုံး သတ္တဝါကို ဘယ်သူ ပြုလုပ်တာလဲတဲ့။

    ပထမဦးဆုံး သတ္တဝါဆိုတာ မရှိပါ။
    —————————————————————————————
    ၄။ မြင့်မိုရ်တောင်ရှိတယ်ဆိုတဲ့ တောင်အရပ်ကို သင်္ဘောနဲ့သွားတာ အရိပ်အယောင်တောင် မတွေ့ရဘူးတဲ့။ဒါဆိုရင် မြင့်မိုရ်တောင်ထိပ် တာဝတိ ံသာမှာ ဟောတဲ့ အဘိဓမ္မာကြီးက ဘယ်လိုနားလည်ရမှာလဲတဲ့။

    သိပ္ပံပညာရဲ့ လက်ရှိအခြေအနေက အကန့်အသတ်တွေ ထွင်းဖောက်နိုင်ပြီလား။ သိပ္ပံပညာက ပြည့်စုံလုံလောက်သွားတဲ့ အခြေအနေမှာရောက်နေပြီလား။
    —————————————————————————————-
    ၅။ တချို့လူတွေ (သေပြီးမှ မဟုတ်ပဲ) ထိုသူ မသေသေးပဲ လူဝင်စားသလိုပြန်ဖြစ်နေခြင်း၊
    အဲဒါ ဘယ်အတိတ်ဘဝကံတွေက ဖန်တီးတာလဲတဲ့။

    ကိုးကွယ်ယုံကြည်သော ဗုဒ္ဒအဆုံးအမ တွေမှာ ဒါမျိုးမရှိပါ။

  • ရာဇဝင်လူဆိုး

    October 15, 2011 at 8:51 pm

    ကျုပ်တစ်ခုမေးချင်တာ????..ကျုပ်မေးတာကို ကိုယ့် အဘိုး အဘေးတွေ၊ ကိုယ့်အရင် မျိုးဆက်တွေပေါင်းများစွာကို ပြန်မေး..။ ကဲ …ကျုပ်တို့ ကမ္ဘာဦး အစက ဘာတွေကိုကိုးကွယ်ခဲ့လဲ။ နတ်ဘုရားတွေ၊ ယစ်ပူဇော်တာတွေ၊ နတ်တွေက စပြီး အခု ဘုရား၊ ဘုရား အဆူဆူ၊ ဘုရားပါင်းများစွာ၊ အယူအဆပေါင်းများစွာ ရှိနေခဲ့တာလေ။ ဒါဆို ကျုပ်တို့မျိုးဆက်ရဲ့ နှစ်ပေါင်းများစွာက လူတွေက ကျုပ်တို့ထက်အရင် ဘုရားဆိုတာကို ပိုပြီး သိခဲ့တာ ကျုပ်တို့ထက်မဝေးဘူူးနော်။ ဒါဆို နောက်နောင် ဘာဖြစ်မလဲ…အခုတောင် ဘာသာမဲ့ဆိုတာတွေရှိနေတဲ့ ကမ္ဘာမှာ…….????ဘာပဲဖြစ်ဖြစ် ဘာသာပေါင်းများစွာရှိပေမယ့် အားလုံးကတော. ငြိမ်းချမ်းရေးကိုပဲ ဦးတည်ကြတာ သိကြမှာပါ။ ဒါကြောင့် ဘာကိုမှ ဘာသာတရားနဲ့ ပတ်သက်ပြီး…… ကိုယ်ယုံကြည်တာ ကို်ယ်ကိုးကွယ်။…ငြင်းခုံတာတွေ၊ ကိုယ်လိုရာဆွဲတွေးတာတွေက ဘာတွေလဲ။ ဘာသာတရားဆိုတာက လူတစ်ယောက်ရဲ့ အလင်းရောင်ပါ။ ဘာပဲဖြစ်ဖြစ် ငြင်းခုန်မနေသင့်တာ အမှန်ပဲ။
    ဒါက အချိန်ဖြုန်းတာလို့ ပဲထင်တယ်……..
    မှတ်ချက်။ ။ ကျုပ်ဘာသာမဲ့ မဟုတ်ပါ (စိတ်ကသာအဓိကပါ)

  • siamonone

    October 15, 2011 at 8:56 pm

    ဗုဒ္ဓဘာသာအနေနဲ့ ဖြေရရင် .. ” We don’t need god (the creator of the universe), we need rules that rule the world and we need techniques to influence the mind. All of these things are taught by Buddha (the Greatest man in history).”
    ခရာစ်ယာန် အနေနဲ့ ဖြေရရင် .. ” God is our creator. So, we must not forget her. Without her we can’t be able to stand, write and c the computer. God, like us may be selfish, she may bless only to those who obey her, like her and prey her. ”
    ကျွန်တော် မှားသွားရင် ပြင်ပေးပါအုံး ကျွန်တော့် အသိထဲမှာ ဒီလောက်ဘဲရှိလို့ပါ ..

    • ကြောင်ကြီး

      October 15, 2011 at 9:06 pm

      စီရာမိုနန်း ရေးမှပဲ ဂေါ့ဒ်ကို အမျိုးသမီးလိင် she/ her အနေနဲ့သုံးတာ တွေ့တော့တယ်။ ငါသိသလောက် ဂေါ့ဒ်ဆိုတာ အဖိုအမ လိင်မရှိဘူး။ သန့်စင်တဲ့ ဝိညာဉ်တော်သဘောမျိုး အဖိုအမလိင်ကို ဖန်းဆင်းသူအနေနဲ့ လိင်မသတ်မှတ်ကောင်းလို့ ယုံကြည်တယ်ထင်ပါတယ်။ ပြောလည်း အမျိုးသားလိင် He/ his လို့သာသုံးမှာပါ။ ခရစ်တော်က ယောက်ျားမဟုတ်လား။ ပုံစံကြည့်ရတာ စီရာမိုနန်းက အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူလား၊ ဒါမှမဟုတ် ဂေးလား (နောက်တာ၊ အတည်ပြောတာနော်) 🙂 ။ တော်ကြာနေ ခရစ်ယာန်အစစ်တွေ ရွာလာပြီး ခရူးဆိတ်စစ်ပွဲလာနွှဲနေမှဖြင့် ပြေးပေါက်မှားနေအုံးမယ်..။ 🙄

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 15, 2011 at 9:24 pm

    အင်းအင်းအင်း
    အေးအေးအေး
    အိုးအိုးအိုး
    ဟိုဟာကဟိုလို
    ဒီဟာကဒီလို
    ခုမေးနေတဲ့ရေတွင်းပျက်ထဲမှာ ဘောင်ကျျဉ်းကျဉ်းဖြင့်မနေသော
    အပြားကျယ်လှသော သမုဒ္ဒရာကြီးထဲမှာ ယက်ကန်ယက်ကန်ဖြင့် ကမ်းမမြင်လမ်းမမြင်ဖြစ်နေသော
    ဆရာကြီး mggwa says ကပေါ့ဗျာ
    ဒီအကြောင်းတွေကို သိလို့မေးတာလား
    မသိလို့မေးတာလား
    ကိုယ်ကိုယ်တိုင်က ဗုဒ္ဓမြတ်စွာဘုရားကိုယုံကြည်လို့မေးတာလား
    မယုံကြည်လို့မေးတာလား
    ဒါမှမဟုတ် မြတ်စွာဘုရားရှင်တော်ကို ယုံကြည်ပေမယ့် အဆင်ဆက်လက်ဆင့်ကမ်းလာတဲ့
    ဓမ္မတရားတော်တွေကို သံသယဖြစ်နေတာလား
    ဒါမှာမဟုတ် အခြားဘာသာကိုယုံကြည်တာလား
    ဒါမှမဟုတ် ဘာမှမယုံဘူး ငါ့×ီးငါဖြဲ ဘယ်သူ ဆဲမလဲကွ အဲ့လိုလား 😀 😀 😀
    အိုက်သလို ခပ်ရှင်းရှင်းအရင်လုပ်လေ
    ခုဟာက မရှင်းရှင်းနဲ့
    ဟိုအပေါ်က အာစရိတွေကလည်း သူ့အရိပ်ကြည့် အကောင်မပြောဘဲနဲ့
    ဟိုစာအုပ်နဲ့ကိုင်ပေါက်လိုက် ဒီစာအုပ်နဲ့ကိုင်ပေါက်လိုက် 🙁 🙁 🙁
    ( ဤအကြောင်းကို ဖတ်ရှု့မိသော ရဟန်းသံဃာတော် အရှင်သူမြတ်တို့ဘုရား
    ဤသောမေးခွန်းကို ဤနေရာတွင် မသင့်သောအရပ် မအပ်သောအလုပ်ဟူမူ၍ နှလုံးသွင်းကာ
    ဤနေရာတွင် ဆိတ်ဆိတ်နေပေးကြပါရန် တပည့်တော် မိုက်ကယ်ဂျော်နီအောင်ပု မှ
    ရိုသေစွာ ခြေစုံဦးခိုက် ( ဟိုသဂျီးဆိုတဲ့လူကတော့ ခြေဦးခိုက်တာလက္မခံပေ )
    လျှောက်ထား တောင်းပန်အပ်ပါသည် အရှင်သူမြတ်တို့ဘုရား )

    • mggwa

      October 16, 2011 at 8:10 pm

      သူများတွေ ဖြေနေတာကို မနာလိုမဖြစ်နဲ့လေ။
      သူလဲ ဖြေရဲတာလဲ ဟုတ်ပဲနဲ့။
      ဒို့ကတော့ “အတ္တာဟိ အတ္တနော နာထော” လို့ တွံ- သင် (မိုက်ကယ်ဂျော်နီအောင်ပု)သည်၊
      ဂနာဟိ- မှတ်လေလော့။

      • မိုက်ကယ်ဂျော်နီအောင်ပု

        October 16, 2011 at 9:28 pm

        ဒီလိုဆို ဒီလိုလုပ်လေ
        ဆရာကြီးဖြေပါဆရာကြီးရယ် တောင်းပန်ပါတယ်
        ကြည့်ပုံအရတော့ ဆရာတော်ကြီးတွေဖြေကြားတော်မူထားတာကို
        သိပ်သဘောကြပုံမရဘူးထင်တယ် ဒါကကိုယ့်ယုံကြည်ချက်ဘဲ
        ကိုယ့်ယုံကြည်ချက်ကိုတော့ ကိုယ်လုပ်ခွင့်ရှိတာဘဲဂလား
        မြတ်စွာဘုရားရှင်ကတောင် သူသိတဲ့တရားတော်
        ဆရာစားမချန်ဟောတော်မူခဲ့တာဘဲမဟုတ်လား
        ဒါကြောင့် ဆရာကြီးလည်း
        ကိုယ်သိတဲ့တရား အကြွင်းမချန်ဟောစေဗျာ
        ဘယ်သူခွင့်ပြုပြုမပြုပြု ကျုပ်ပြုတယ်ဗျာ
        ကျုပ်ကိုများဟောဘို့ တောင်းပန်လိုရင်တော့ စပ်စရာရှိတဲ့အကြွေးတွေ
        အလျှင်လိုက်စပ်လိုက်ဦး
        ( လောကုတ္တရာထည်းဝင်တာနဲ့ အကြွေးဆပ်ခြင်းအကြောင်း
        ကုန်ကြမ်းလေးပေးလိုက်ပါတယ်နော ( သဂျီးလေသံဖြင့် ) )
        ဆိုလိုတာက ရွှေနန်းတော်ကြီးကိုထားပြီး တောထွက်တော်မူတဲ့
        မြတ်စွာဘုရားရှင်တော်ကိုအားကျပြီး
        ခလေးခုယောက်နဲ့ မိန်းမကို
        ဆန်တစ်တင်းခွဲ ဆီတစ်ပိသာ ငပိငါးခြောက် သုံးလစာနဲ့
        တောထွက်သွားရင် ကျုပ်အာပါတ်သင့်မှာဆိုးလို့ပါ

  • koyinmaung

    October 15, 2011 at 9:33 pm

    ဗုဒ္ဓဘာသာတရားတော်တွေဟာသဘာဝကို
    အချေတည်ပြီးဟောခဲ့တဲ့တရားတော်တွေပါ
    လူသားအပါအဝင်သတ္တာဝါအားလုံး
    အရာအားလုံးဟာ ဘာမှမရှိတဲ့အချေအနေကနေ
    သဘာဝတရားအတိုင်း
    ကံကောင်းထောက်မစွာဘဲပြောရမလား
    ကံဆိုးထောက်မစွာဘဲပြောရမလား
    စကြာဝဠာ ဂြိုလ် ကမာ္ဘတွေ
    လူသားအပါအဝင်သတ္တာဝါအားလုံး ဖြစ်လာကြတယ်
    ဒါကလဲ နှစ်သန်းပေါင်းများစွာကြာမှဖြစ်လာရတာပါ
    အဲဒီနောက်အသိညာဏ်ရှိတဲ့လူရယ်လိုဖြစ်လာတော့မှ
    သဘာဝတရားကိုရှာဖွေမဲ့လူတွေထဲကထူးခြားတဲ့လူပေါ်လာရတာပါ
    အဲ့ဒီလူကို လူတွေကဘုရားလို့သတ်မှတ်ကြရတာပါ
    လူတွေဟာ အသိညဏ်ရှိလာတဲ့အခါ စစ်မှန်တဲ့သဘာဝတရားကို
    မမြင်နိုင်ကြဘဲငါမှငါဒေါသတွေမာနတွေအတ္တတွေဖုံးလွှမ်းပြီး
    တဘဝပြီးတဘဝသံသရာတွေလည်နေကြရပါတော့တယ်
    လူတွေဟာမမြဲတဲ့ပျော်ရွင်မှု မမြဲတဲ့ချမ်းသာမှု မမြဲတဲ့ကျမ်းမာမှုတို့
    ကိုမမြင်နိုင်အောင်အဝိဇ္ဇာဖုံးလွမ်းထားလို့ပါ
    ဒါတွေကိုမြင်ခဲ့ယင်ဘာမှပြန်မဖြစ်တာ ဘဝပြတ်သွား အကောင်းဆုံးမှန်
    လူတွေလက်ခံလာကြပါတော့တယ်
    ဒီလိုအသိတရားမျိုးကလူနည်းစုကသာလက်ခံကြတဲ့အတွက်
    ဘယ်ဘုရားလက်ထက်မှသတ္တဝါတွေအကုန်ကျွတ်တန်းဝင်မှာမဟုတ်ပါဘူး….

  • Shanma TUmdy

    October 15, 2011 at 10:34 pm

    တခြားဟာတွေဖြေဖို့တော့ . . ဉာဏ်မမှီဘူးဗျို့.. ဒါလေးတော့ဖြေမယ်..

    ၄။ မြင့်မိုရ်တောင်ရှိတယ်ဆိုတဲ့ တောင်အရပ်ကို သင်္ဘောနဲ့သွားတာ အရိပ်အယောင်တောင် မတွေ့ရဘူးတဲ့။
    ဒါဆိုရင် မြင့်မိုရ်တောင်ထိပ် တာဝတိ ံသာမှာ ဟောတဲ့ အဘိဓမ္မာကြီးက ဘယ်လိုနားလည်ရမှာလဲတဲ့။
    ———————————————

    ဆရာတော်တစ်ပါးဖြေဆိုထားတာကိုဖတ်ဖူးလို့ပါ..
    bacteria တွေကို .. ရိုးရိုးမျက်စိနဲ့ကြည့်ရင် မြင်ရပါသလား.. မမြင်ရဘူးနော်.. ဒါဆို.. အဆပေါင်း ထောင်ချီချဲ့ထားတဲ့ .. Microscope နဲ့ကြည့်ရင်တော့ ..မြင်ရမှာ အသေအချာပေါ့နော်..
    ဒါဆို နလပိန်းတုံးတစ်ယောက်က .. bacteria တွေဆိုတာ တကယ်မရှိပါဘူး.. လျှောက်ပြောတာ ဘာညာလို့ပြောရင်.. သိပ္ပံပညာရှင် အပေါင်း (ဪ..ဒီလူ့နှယ်.. တော်တော်နုံပါလား ) သနးာဖွယ်ကောင်းလှပါဘိ.. ဆိုပီး ပြုံးနေမှာအသေအချာပေါ့..

    ဒါဆို မြင့်မိုရ်တောင်တို့ .. နတ်ပြည်တို့လည်းရှင်းနေတာပဲ.. အသက်ရှိတုန်း အာရုံခံကြည့်ချင်ရင်..
    သမာဓိ၊ဝိပသနာ မျက်မှန်တပ်ကြည့်ကြပေါ့.. ရိုးရိုးမျက်စိနဲ့တော့ဘယ်မြင်ပါ့မလဲ..

  • chityimhtoo

    October 15, 2011 at 11:20 pm

    *mggwa*အနေနဲ့(မြန်မာဦးနှောက်တွေက တစ်ခါမှ မသုံသေးလို့ ဈေးကြီးနေလို့ ဈေးကျသွားအောင်လို့ပါ
    သုံးပေးမှ ဈေးကျမှာ)ဆိုတော့ မိမိကိုယ်ကိုယ်ဉာဏ်ပညာအရမ်းထက်မြက်တယ်လို့ယူဆထားလို့လား။ဒါတွေကို
    မေးခွန်းမထုတ်ခင် mggwa ပြီးခဲ့တဲ့နှစ်ကဖြစ်ပျက်ခဲ့တာတွေကိုဘဲ တစ်ခုခြင်းစီပြန်စဉ်းစားကြည့်ပါဦး။mggwa
    ဉာဏ်စဉ်မှီအောင်စဉ်းစားနိုင်ရဲ့လားလို့။ကျမ်းဂန်တွေအားလုံးကို ငြင်းခုန်ခြင်ရင်တော့ mggwa အသက်၁၀၀
    နဲ့မလောက်ပါဘူး သေမင်းဦးသွားပါလိမ့်မယ်။ဒါတွေကိုငြင်းခုန်နေမဲ့အစားဘုရားစင်ရှေ့သွားရှိခိုးတာမှ
    အကျိုးရှိပါဦးမယ်။ပြုံးပြုံးကြီးဖတ်နေပေးပါ့မယ်။

  • True Answer

    October 16, 2011 at 6:33 pm

    ၁) သမုတိသစ္စာ သံသရာ ကို အဖြောင့်တန်း နေသည်ဟု ယူမှတ်မှားနေမှု။
    ၂) ပဋိစ္စသမုပ္ပါဒ် ကိုမှန်ကန်စွာ နားလည်ခြင်းမရှိ။
    ၃) အသုံးချရုံ အသုံးချရမည့် ပုဂ္ဂိုလ်၊သတ္တဝါ ကို အရှိအဟုတ် ထင်မှတ်မှု ။
    တို့မှ မေးခွန်းအမှား ထွက်ပေါ်လာလေသည်။

    ပုဂ္ဂိုလ်၊သတ္တဝါ ကို အရှိအဟုတ်ထင်ကာ အဖြောင့်တန်းစဉ်းစားမှု အယူမှား အမှတ်မှားမေးခွန်းများဖြစ်ပေါ်လာသည်။
    မေးခွန်းအမှားများဖြစ်ကြောင်း အဂ္ဂိဝစ္စသုတ် တွင် အတိအလင်းဖော်ပြထားသည်။ မိုးကုတ်ဆရာတော်ကြီး၏ ဒိဌိဖြုတ်တရားများတွင် ထိုသဘောတရားကို အသေးစိတ်ရှင်းပြထားလေသည်။

    အဆိုပါမေးခွန်းများကို
    အသေးစိတ်ကို သိရှိရန် – ဆရာဦးဆန်းလွင် ၏ ဟောကြားချက်များဖြစ်ပါသည်။

    http://dhammadownload.com/Ashin-Ardeiksayanthi-%28U-San-Lwin%29-mp3.htm

  • minmahar

    October 16, 2011 at 8:45 pm

    မိမိ ကိုယ်ကို အရင် မြင်အောင်ရှူပါ ..
    သိချင်တဲ့ မေးခွန်းတွေ ဖြေပြီးသား ဖြစ်သွားပါလိမ့်မယ် ..

  • kai

    October 17, 2011 at 1:24 am

    အပေါ်ကမေးခွန်းတွေ ဂေါတမဘုရားသွားမေးရင်.. အောက်ကအတိုင်းဖြေလိုက်မယ် ထင်မိပါတယ်..။

    .. ထိုအကြောင်း ကိုအဘယ့်ကြောင့် ငါမဟောကြား သနည်း။ မာလုကျပုတ္တ..ထိုအကြောင်းသည် အကျိုးစီးပွား နှင့် မစပ်..မြတ်သော သာသနာတော် ၏ အစအနမျှလည်း မဖြစ်..ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှာ မဖြစ်နိုင်..ရာဂကင်းခြင်းငှာ မဖြစ်နိုင်..ရာဂ ချုပ်ခြင်းငှာ မဖြစ်နိုင်..ကိလေသာမီးငြိမ်းအေးခြင်းငှာ မဖြစ်နိုင်..ထူးသောဉာဏ်ဖြင့် သိခြင်း ငှာမဖြစ်နိုင်..သစ္စာလေးပါးကို သိခြင်းငှာ မဖြစ်နိုင်..ချုပ်ငြိမ်းခြင်းငှာမဖြစ်နိုင်..ထို့ကြောင့် ထိုအကြောင်းအရာကို ငါဘုရား မဟောကြား…..

    ဆိုတော့…
    လော့ဂျစ်အရ.. အင်မတန်ရှေ ့နောက်ညီတဲ့.. ဗုဒ္ဓက.. ဒီလိုမေးခွန်းဖြစ်လာအောင်လည်း.. တရားတွေထဲ..ထည့်ဟောမယ်မဟုတ်ပါဘူး..။
    ဒါတွေကို.. သမိုင်းတလျှောက်… ဖြေထားတာတွေ/ဖြေထားသူတွေက.. အရိယာတွေမဟုတ်လို့.. ယူဆမိကြောင်းပါ..။ :mrgreen:

    ကျုပ်ကတော့.. ဖြေမယ်…။ အချိန်နည်းနည်းယူမယ်နော..။ 😀
    ဒီလိုခေတ်မှာ.. ဒီလို ဟိန္ဒူအတွေးအခေါ်နဲ့ ဆိုင်တဲ့အယူတွေ..မှန်ကန်နေပါကြောင်း သက်သေပြနိုင်တာတွေ အများကြီးပါ..။

  • True Answer

    October 17, 2011 at 7:47 am

    ၁) ဘုရားသခင်ကို ဘယ်သူဖန်ဆင်းသလဲ။

    ၂)ကြက် ဥ ကစလို့ ကြက်မဖြစ်လာတာလား။
    ကြက်မ ကစလို့ ကြက်ဥဖြစ်လာတာလား။

    ၃) မျိုးစေ့ကြောင့် အပင်စဖြစ်လာတာလား။
    အပင်ကြောင့် မျိုးစေ့စဖြစ်လာတာလား – ဆိုတဲ့ မေးခွန်းလေးသုံးခုကို ဖြေနိုင်ရင်
    မိတ်ဆွေရဲ့ မေးခွန်းအတွက် အဖြေအလိုလို ထွက်ပြီးသားဖြစ်ပါလိမ့်မယ်။

    (မရှိပညတ်) အချိန်-နေရာ-ပုဂ္ဂိုလ်၊သတ္တဝါ ကို အတည်ယူ အဟုတ်ထင်မှုကြောင့် ဒိဌိ-ဝိစိကစ္ဆာဖြင့် မေးခွန်းများ ထွက်ပေါ်ကာ ပြဿနာတက်ရလေသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 17, 2011 at 9:46 am

    စိတ်ပျက်ဘို့တော့ အတော်ကောင်းသား
    ခင်ဗျားတို့အနေနဲ့ဘာသာတရားကို လက်ခံမယုံကြည်နိုင်ပေမယ့်
    လူမှု့တိုးတက်ရေးဆောင်ရွက်ခြင်ရင်တော့
    ကိုယ့်ရဲ့ ယူဆချက်တွေကို ရေးချပြသင့်တယ်
    ခြွင်းချက်ကတော့ ကိုယ်ရေးတဲ့အာဘော်တွေကို ဗုဒ္ဓတရားတွေနဲ့
    အတင်းလိုက်ပြီးအမျိုးမစပ်နဲ့ပေါ့နော ဘုရားဟောလိုလို ကိုယ်ဟောလို မရှင်းမရှင်းနဲ့
    ကွန်ဖြူးရှပ်လိုမျိုး လက်ရှိလူမှု့တိုးတက်ရေးကို ဦးတည်ပြီးပြောပေါ့နော
    ဥပမာ စီးပွားရေးတိုးတက်ဘို့ စိုပ်ပျိုးရေးတွေ မွေးမြူရေးတွေကို ဘယ်လိုလုပ်ကိုင်သင့်တယ်ပေါ့
    ဒီသဘာတွေကို ဗုဒ္ဓရဲ့တရားတော်တွေနဲ့ အတင်းရွှေမျိုးလိုက်စပ်လို့ကတော့
    မွေးမြူရေးတွေလုပ်ကြတော့မယ်ဆိုတာနဲ့ အသက်တွေကို ဖန်တီးပြီး
    သတ်ကြဖြတ်ကြတာကို ဗုဒ္ဓကမှ မဟောထားတာဘဲ
    ဘာဘဲဖြစ်ဖြစ်ပါ ဘုရားဟောလိုလို ကလားဟောလိုလိုတွေဖြစ်လာလို့
    ကျုပ်ဘဲလက်တည့်စမ်းပေးလိုက်ပါမယ်မြည်းစမ်းကြည့်လိုက်ပါနော
    တစ်ခုရှိတာက ဒီမေးခွန်းကို မေးခွန်းလို့ဆိုလိုက်တိုင်းနဲ့ ဗုဒ္ဓတရားတွေကို ချဉ်းကပ်ပြီး
    စွတ်ဖြေကြတာကိုက နည်းနည်းလွဲကုန်ပြီလို့ ပြောရင်လက္ခံကြမလားသိဘူးနော
    ဒီမေးခွန်းတွေဟာ ဗုဒ္ဓရဲ့ တရားတော် အယူအဆတွေနဲ့ လုံးဝ မကိုက်ညီတာကို
    အရင်သိရမယ်လို့တော့ထင်တာဘဲ
    ဆိုလိုတာက သူများလုပ်ကြံထားတဲ့ မေးခွန်းတွေကို ဗုဒ္ဓတရားလို့
    ကိုယ်က လက္ခံသလိုတောင်ဖြစ်သွားတာပေါ့
    realman ဖြေထားသလိုပြောရမလိုဖြစ်နေပြီ
    ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေပွင့်ခဲ့ပြီးပြီ။ ဘုရားရှင်တိုင်းဟာ ရှေးဘုရားတို့ရဲ့ အလေ့အထအတိုင်းပဲ လိုက်နာတယ်၊
    ( လိုက်နာတယ် ) ဆိုတာ ဘယ်ဘုရားကဟောလဲ ဒီစကားမြတ်စွာဘုရားမပြောဘူး
    ဗုဒ္ဓက အစအဆုံးဆိုတဲ့တရားကို သဂျီးညွှန်းထားသလိုမျိုး လုံးဝမဟောထားတဲ့ဥစ္စာ
    အနီးစပ်ဆုံးပြောရရင်တော့ ဒီပင်္ကရာမြတ်စွာဘုရားက သုမေဓာရှင်ရသေ့ ကို
    နောင်ဘုရားဖြစ်မယ် ငါ့ရဲ့အလေ့ထအတိုင်းလိုက်နာလို့ဟောခဲ့တာမှမဟုတ်တာ ဗျာဒိတ်ဘဲပေးခဲ့တာ
    ဒီနေရာမှာနားလည်ရမှာက
    မြတ်စွာဘုရားလောင်းတော်ဟာ ပဋိစ္စသမုပ္ပါဒ် သဘောကို ကိုယ်တိုင်ဆင်ခြင်မိတယ်
    ကိုယ်တိုင်သိပြီးမှ အဆင့်ဆင့် ဘုရားဖြစ်တယ်
    ဘုရားဖြစ် ဒိဗ္ဗစက္ခုဉာဏ်တော်ကို ရပြီးဆင်ခြင်တဲ့အခါမှ သူ့ရဲ့တရားသိပုံနဲ့
    အကျင့်တော်တွေဟာ ရှေးဘုရားတွေနဲ့ တူနေတာကိုတွေ့ရတယ်
    ဒါ့ကြောင့် ရှေးဘုရားတွေလိုဘဲ သိတဲ့တရားကလည်းအတူတူ အကျင့်သိက္ခာတွေကလည်း
    အတူတူဘဲလို့ဟောတာကို သူများလုပ်ကြံပြီးဟောတာကို ကိုယ်က ဗုဒ္ဓတရားနဲ့ချဉ်းကပ်ပြီး
    ဖြေတော့ ဒီစကား ဘုရားပြောခဲ့တယ်လို့ လက္ခံသလိုဖြစ်မနေဘူးလား
    ဒီလိုသာရှေးဘုရားတွေပြောတဲ့အတိုင်းကျင့်ရင် ဒုက္ကရစရိယာကို ခြောက်နှစ် အပင်ပမ်းခံပြီးကျင့်မလား
    ဒါတွေကို မ်ိမိတို့က နားလည်ကြဘို့လိုလိမ့်မယ်လို့တော့ ထင်တာဘဲ
    ( ဘုရားတစ်ဆူမှာ ၂၄-အသချေင်္၊ ကုဋေ ၈ဝနဲ့ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်မယ်ဆိုပဲ )
    ဘယ်ဘုရားကများ ငါတော့ သတ္တဝါ ဘယ်၍ဘယ်မျှ ခြွတ်လိုက်မယ်ကွလို့
    ကိန်းဂဏန်းကြော်ငြာလို့လဲ
    ကိုယ့်လူကြည့်ရတာ သာသနာပြုမယ် သတ္တဝါတွေကိုကယ်မယ်ဆိုပြီး
    ဓာတ်လုံးဖိုထိုးတဲ့ ဘိုးတော်ကျမ်းတွေဒါမှမဟုတ် ရသေ့ကျမ်းတွေကိုဖတ်ပြီး
    ဗုဒ္ဓတရားတော်ကို လာဝေဖန်တာကတော့ မနိမ့်ပါဘူး 🙁 🙁 🙁
    ဓာတ်လုံးဆိုလို့ပြောရဦးမယ် 😀
    အရင်ကတော့ ကျုပ်တီထွင်ထားတဲ့ စူပါဓာတ်လုံးတစ်မျိုးရှိတယ်
    ပွတ်ရင်ပြောင်တယ် ဆောင်ထားရင်လေးတယ် ရေစိမ်သောက်ရင်သေးပေါက်တယ်
    လွှင့်ပြစ်ရင် အဝေးကြီးရောက်တယ်
    ဒါပေမယ့်ခုတော့ ဒီဓာတ်လုံးထက်အစွမ်းထက်တဲ့ စူပါ့စူပါဓာတ်လုံးကြီးကို တီထွင်နေတယ်
    အချိန်နည်းနည်းယူမယ်နော ( သဂျီးလေသံဖြင့် )
    အဲ့သည်ဓာတ်လုံးကတော့ ပထဝီ အာဘော ဝါယော တွေကို ပြုပြင်ပေးမှာ
    ဥပမာ အီအီးပါတဲ့အခါ ထွက်လာတဲ့ မာမာပျော့ပျော့ ဓာတ်တွေကို
    ကျုပ်ရဲ့ဓာတ်လုံးနဲ့ တို့လိုက်ရင် ဓာတ်မြေဩဇာတွေဖြစ်မှာဗျာ
    နည်းနည်းနည်းပညာထပ်မြှင့်လိုက်ရင် ဓာတ်သတ္တုတွေဖြစ်လာဦးမှာ ဖြစ်ဦးမှာ
    ရှူရှူးပေါက်တဲ့ခါထွက်လာတဲ့ဓာတ်တွေကို ကျုပ်ရဲ့ ဓာတ်လုံးနဲ့တို့လိုက်ရင်
    ဓာတ်ဆားရေတွေဖြစ်လာမှာ
    မျှော်…………………..
    တချို့လူတွေ (သေပြီးမှ မဟုတ်ပဲ) ထိုသူ မသေသေးပဲ လူဝင်စားသလိုပြန်ဖြစ်နေခြင်း၊
    ဆိုတာကတော့ ခုလက်ရှိ ခင်ဗျားကိုယ်တိုင် ဘယ်မှာ ဝင်စားနေပြီလဲလို့ဆိုတာလဲ
    လုပ်ပါဦး သဂျီးအမြင်နဲ့ဆို ဒါ ဘစ်ဇနစ်ဘဲ
    မြင့်မိုရ်တောင်ဆိုတာကတော့
    ကမ္ဘလာကြီးက လုံးတယ်လို့ဆိုနေကြတာဘဲ
    ဘောလုံးတစ်လုံးကို ဖင်ခုထိုင်ပြီး ခင်ဗျားဆင်းစားပေတော့
    ဒါမှ လက်တွေ့ကျတာ ဒီထက်လက်တွေ့ကျတဲ့တရားဘာမှမရှိဘူး
    တွေ့တဲ့အခါများ လက်တို့လိုက်ဦးနော

  • ကိုသစ္စာ

    October 17, 2011 at 7:20 pm

    ဒီမေးခွန်းတွေကို ခရစ်ယန်တွေက တကယ့် ဗုဒ္ဓဘာသာတွေကို မမေးသင့်ပါဘူး။
    ဟိန္ဒူ ဂျိန်း၊ ဗြဟ္မဏတွေကို မေးရမှာ ဖြစ်ပါတယ်။
    ဘာကြောင့်လဲဆိုတော့ ဒီမေးခွန်းပါ အကြောင်းအရာများသည် ဗုဒ္ဓဘုရားဟောမဟုတ်ပါ။
    ဂျိန်း၊ ဗြဟ္မဏတွေရဲ့ (တက္က) ကြံဆအယူတွေသာ ဖြစ်ပါသည်။
    ဒါ့ကြောင့် ဗုဒ္ဓဘာသာ ကိုသစ္စာ
    ဒါကို မဖြေပါလို့ ဖြေဆိုလိုက်ပါသည်။

  • kokomyo

    October 17, 2011 at 7:47 pm

    လူတစ်ယောက် အသိဉာဏ် (ဦးနှောက်)နဲ့ သိနိုင်တာထက် လွန်ကဲတာတွေ စဉ်းစားကြရင် ဘာအကျိုးရှိကြမလဲ။

  • ရာဇဝင်လူဆိုး

    October 17, 2011 at 8:03 pm

    kokomyo says:

    လူတစ်ယောက် အသိဉာဏ် (ဦးနှောက်)နဲ့ သိနိုင်တာထက် လွန်ကဲတာတွေ စဉ်းစားကြရင် ဘာအကျိုးရှိကြမလဲ။

    …….ရူးသွားရောပဲ……..

  • Kai Kai

    October 20, 2011 at 10:47 pm

    အားလုံးသောသူတွေပြောတာကြားရတာစိတ်မကောင်းလိုက်တာ။ဒီအကြောင်းအရာနှင့် ပတ်သက်ပြီးငြင်းခုန်မနေကြပါနဲ့။ဘယ်သူမှန်သည် ဘယ်သူမှားသည်မပြောလိုပါ။ကိုယ်မှန်တယ်ထင်လို့ပြောကြတယ်ထင်ပါတယ်။ဗုဒ္ဓဘာသာအယူအဆနှင့် နဲနဲလေးလွဲနေတယ်လိုထင်ပါတယ်။ကိုယ်ယုံကြည်ရာကို ကိုးကွယ်ကြတာအကောင်းဆုံးပါပဲ။ဘာသာရေးနှင့်ပတ်သက်ပြီးငြင်းကြတာမကောင်းပါ။ဒါပေမဲ့ ကိုယ်ကိုကိုယ်မေးကြည့်ပါ။မိမိက မိရိုးဖလာဗုဒ္ဓဘာသာလား။ မိမိကိုယ်တိုင်းယုံကြည်လို့၊ သိလို့၊ နားလည်လို့၊သဘောပေါက်လို့ ကိုးကွယ်တာလားဆိုတာကို။ဒါအကောင်းဆုံးပါပဲ။ကျွန်တော်ကိုယ်တိုင်းလည် အဲဒီလိုယုံကြည်ပါတယ်။

    • mggwa

      February 7, 2012 at 10:10 am

      မှန်တာကို ရဲရဲတင်းတင်း သိရဲသောစိတ်၊ တွေးရဲသောစိတ်၊ ပြောရဲသောစိတ်သတ္တိရှိဖို့လိုတာပေါ့ Kai Kai။
      အမှန်ကို ရဲရဲတင်းတင်းသိပြီးမှ ယုံကြည်သင့်လို့ ယုံကြည်ခြင်းနှင့် ကိုယ့်ဘာသာရေးဆရာတွေကပြောလို့ မျက်စိမှိတ် စွတ်ယုံကြည်ခြင်းဆိုတဲ့ ယုံကြည်မှု နှစ်မျိုး၊ နှစ်စားတော့ ရှိတာပေါ့။
      Kai Kai က ဘယ်အစားထဲကလဲ ?

Leave a Reply