စိတ်ကြွဆေးအန္တရယ်…
ထိုင်းနိုင်ငံတောင်ပိုင်း လယောင်းမြို့တွင် ဒီကနေ့စိတ်ကြွဆေးအလွန်အကျွံသုံးစွဲရာမှ စိတ်ထိခိုက်စရာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသက်၃၈နှစ်အရွယ်ရှိ ဖခင်ဖြစ်သူဆေးကြောင်ရာမှ အသက် ၁ဝနှစ်ရှိသူသားကြီးဖြစ်သူနှင့် ၁ နှစ် ရ လ အရွယ်ရှိ သားငယ်ဖြစ်သူတို့အား ခေါင်းဖြတ်သတ်အပြီးမှာ မိမိကိုယ်ကို သတ်သေသွားသည်ဟု ဆိုပါတယ်။ ထိုသို့ မသတ်သေမှီ စိတ်ရိုင်းဝင်နေသော ထိုသူအား ဝင်ရောက်ဖမ်းဆီးတားမြစ်ရန် ကြိုးစားကြသော ဇနီးဖြစ်သူနှင့် အိမ်နီနားချင်းတစ်ဦးတို့ပါ ဓါးဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်လိုက်ရသည်ဟု ဆိုပါသည်။
http://www.khaosod.co.th/view_newsonline.php?newsid=TVRNd016WXpNVEE1TVE9PQ==§ionid=
10 comments
ဆူး
April 24, 2011 at 3:05 pm
ဒီ မိသားစုလည်း ဝဋ်ပါဘဲ။
kokothandar
April 25, 2011 at 1:18 am
very stupid and cruel manner.unforgiving crime.
etone
April 25, 2011 at 1:46 am
မြင်ရတာ စိတ်မကောင်းလိုက်တာ … စိတ်ကြွဆေးတွေ တော်တော်ဆိုးတာပဲ… ။
စိတ်ရိုင်းဝင်နေကတည်းက ပတ်ဝန်းကျင်ကလူတွေ စုပြီး ဒီလူကို ဝိုင်းရိုက်ပစ်သင့်တာ… ။ ဒီနိုင်ငံမှာဆို အကူညီမတောင်းတာတောင် ဆွမ်းကြီးလောင်းမဲ့လူတွေ ချည်းပဲ ။
moethidasoe
April 25, 2011 at 7:00 am
အိတုံရယ် တကယ်လုပ်ရဲလို့လား .. တကယ် လုပ်ရဲခဲ့ရင် ဒီလို ဘယ်နေရပါ့မလဲ
search123
April 25, 2011 at 8:24 am
စိတ်ကြွဆေးသုံးစွဲခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပေါ့။
မိခင်လုပ်သူကတော့ လင်ရော၊သားရော ဆုံးရှုံးသွားပြီ။
မမလေး
April 25, 2011 at 10:22 am
ဟိုဘက်ဒေါင့်နီနီရဲရဲလေးနဲ့က အောက်ပိုင်းကို ဖြတ်ပစ်လိုက်တာလား … အရင်ဘဝက သေရင် တူတူသေရပါစေလို့ သစ်စာဆိုခဲ့လို့လားမသိဘူးနော် …
mzm
August 2, 2011 at 10:54 am
ထိုင်းနိုင်ငံမှာတော့ဒါတွေကဖြစ်နေကျ…….သူတို့အတွက်ကမထူးဆန်းတော့သလိုပါပဲ.နိုင်ငံကိုကဝဋ်နိုင်ငံကိုး
Mee2
August 2, 2011 at 11:21 am
အို မဟုတ်တာနော်။ဒီလို မူးယစ်ဆေးဝါးတွေ ကျွန်မတို ့ပြည်တွင်းမှာ လူငယ်တွေကြားထဲ တော်တော်ရောက်နေပြန်ပါပီ။ဆိုင်ရာလူကြီးများအရေးယူဖို ့နှောင့်နှေးနေတာကို စဉ်းစားလို ့မရဘူး။ခေတ်လူငယ်လေးတွေက ဒါကိုဘဲဂုဏ်ယူရမှာလို အထင်လွဲအမြင်ချော်နေကြတာ။အများပြည်သူရော မိဘတွေပါ ဝိုင်းဝန်းပြီး လူငယ်တွေအတွက်ပြ ုပြင်ပေးကြဖို ့အရေးတကြီးလိုအပ်နေပါပီ
pan pan
August 2, 2011 at 11:41 am
ဒီလိုမူယစ်ဆေးတွေ လူငယ်တွေကြားထဲပြန့်နှံ့နေတာ မိသားစုပြဿနာလောက်မဟုတ်ပါဘူး
တစ်တိုင်းပြည်လုံးနဲ့ဆိုင်ပါတယ်
လွတ်လပ်ရေးမရခင်က ကျောင်းသားလူငယ်တွေဖြစ်တဲ့ သခင်အောင်ဆန်း၊ သခင်ဘသောင်း၊ သခင်နု စတဲ့လူငယ်တွေ၊ ဆရာတင်၊ ဆရာဇော်ဂျီတို့ လူငယ်ဘဝတွေ ပြန်တွေးကြည့်လိုက်ပါ
သူတို့တွေသာ ဒီခေတ်လူငယ်တွေလိုနေခဲ့ကြရင် ခုချိန်ထိ လွတ်လပ်ရေးရမှာမဟုတ်ဘူး
ခုလူငယ်တွေ ဒီလိုဖြစ်နေတာ တိုက်ခိုက်ခြင်းတစ်မျိုးပဲလို့ ထင်မိပါတယ်
pyinlepyaw
August 2, 2011 at 1:09 pm
လူမ မယ်လေးတွေ သနားပါတယ်