Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူတစ်ပါးအား ပုတ်ခတ်ပြီး နာမည်ကျော်ကြားအောင် လုပ်ခြင်း

မောင် ပေApril 26, 20111min53113

သည် ခေါင်းစဉ်ကို ဖတ်ပြီး သည်နှင့် ကျွန်တော်ရေးမည့်စာသည် တိုက်ခိုက်တော့မည် စာဖြစ်သည် ဟု သိကြပြီး ဖြစ်ပါလိမ့်မည် ။ မှန်ပါသည် ။ 26.04.2011 တွင် အချိန် နည်းနည်း ရသဖြင့် အထက်မြန်မာပြည် ၏ နာမည်ရ ဂျာနယ် တစ်စောင် (24.04.2011ထုတ်) ကို ဖတ်မိသည် ။ စိတ်ဝင်စားစရာ မယ်မယ် ရရ မပါ ပါ ။ သို ့နှင့် တစ်ရွက်ချင်း လှန် ရင်း တစ်နေရာ အရောက်တွင် စပွန်ဆာ မပါသော သင်္ကြန် ဟူသော ခေါင်းစဉ် ကို တွေ ့လိုက်ရသဖြင့် ဘာများ စပွန်ဆာ မပါ တာလည်း လို ့စိတ်ဝင်တစ်စား ဖတ်မိလိုက်ပါသည် ။ နိဒါန်းကို ရှေး 1989 မှ စာရေးသူ ၏ အတွေ ့အကြုံ ပျော်ရွှင်စရာများ ဖြင့် အစချီထားသည် ။ ဪ.. အဲဒီ့အချိန်တွေ တုန်းက အဲဒီလို စီစဉ် လုပ်ဆောင်ခဲ့ကြ ရတာပါလား ဟု ဗဟုသုတ ရမိသည် ။ ဆက်လက် ဖတ်ရာ ယနေ ့ခေတ် သင်္ကြန်သည် မဏ္ဍပ်ထောင်သူ များသည်လည်း ဗီနိုင်းသင်္ကြန် ဖြစ်နေသည် တဲ့ ။ စပွန်ဆာ ရဖို ့အရေး ခွေးတစ်ကောင်လို တောင်ပြေးမြောက်ပြေး ပြေးနေရသည် တဲ့ ။ ယခု စာကို ရေးသူ ကျွန်တော်သည် မဏ္ဍပ်ထောင်စားသူ တစ်ဦးမဟုတ်ပါ ။ စပွန်ဆာ ရှာဖွေပေးရသော အကျိုးဆောင် တစ်ဦးလည်း မဟုတ်ပါ ။ သို ့သော် ဖတ်လိုက်ရသည် စာအရေးအသားကြောင့် ဖတ်ရင်းနှင့် နင်သွားမိသည် ။ ဘယ်နှယ့် စာရေးဆရာ တစ်ယောက် က နိုင်ငံသား တစ်ယောက် သူ ့ဘာသာ သူ စီးပွားရေး လုပ်တဲ့ ကိစ္စ ကို ခွေးတစ်ကောင် နှင့် ခိုင်းနှိုင်း ရေးသားရပါသနည်း ။ မကောင်းမှု ကို လုပ်ကိုင်သော စီးပွားရေး မျိုးဆိုလျှင် လည်း လက်ခံ နိုင်သေးသည် ။ စာရေးဆရာ ဖြစ်တာနဲ ့စာရေးခွင့် ရတာနဲ ့ပဲ သူတစ်ပါး ကောင်းကောင်းမွန်မွန် စီးပွားလုပ်ကိုင်သည် ကို ခွေးနှင့် နှိုင်းခွင့် ရှိသွားပြီလား ဟု စဉ်းစားမိသည် ။ သို ့ဖြင့် ထိုစာရေးသူ အကြောင်းကိုသာ စဉ်းစားနေမိပါသည် ။ ထို ဂျာနယ် ကို အပါတ်စဉ် ဝယ်ယူ ဖတ်ခြင်းသည် လည်း မှန်ကန် ပါဦးမည် လော ဟု စဉ်းစားနေမိပါသည် ။ ကျွန်တော်သည် ထိုအထင်ကရ ဂျာနယ် ထုတ်လုပ်သည် ့မြို ့သားဖြစ်သည် ။

13 comments

  • unclegyi1974

    April 26, 2011 at 5:40 am

    ပုံနှိုင်းလွှဲသွားပုံရပါတယ်ဒကာ
    သည်းခံလော့

  • zippo

    April 26, 2011 at 6:38 am

    ဟုတ်ပါ၏..။ မှန်ပါ၏…။ သို့သော်….

  • moethidasoe

    April 26, 2011 at 6:41 am

    သူ့ အကုသိုလ်ကို ကိုယ့် အကုသိုလ်ဖြစ်သွားအောင်လို့ စိတ် မတိုထိုက်ဘူး မန္တလေးရေ .. စိတ်လျှော့

  • cobra

    April 26, 2011 at 7:23 am

    သူကနှိုင်းတာနည်းနည်းလွန်သွားလို့ပါ…..။

  • Yin Nint

    April 26, 2011 at 7:41 am

    ကျွန်တော်နားမလည်လို့ ဘယ်သူကဘယ်သူ့ကိုပုတ်ခတ်ပြီး နာမည်ကျော်တာလဲ

  • kai

    April 26, 2011 at 7:49 am

    အဲဒီဂျာနယ်နဲ့.. ထုတ်တဲ့လ..ပါတဲ့စာမျက်နှာ.. ရေးတင်ပေးပါလားခင်ဗျား..။
    တတ်နိုင်ရင်တော့ .. အဲဒီစာပါတဲ့နေရာရဲ့ ဓါတ်ပုံလေးပါလိုချင်ပါတယ်..

    ဘာရယ်မဟုတ်ပါဘူး..။ ဒီလိုရေးခဲ့ဖူးပါသည်ဆိုတာ.. မှတ်တမ်းကျန်ရစ်အောင်လို့ပါ..။

  • manawphyulay

    April 26, 2011 at 7:56 am

    ဆောင်းပါးရှင် ရေးတာ နည်းနည်းလေး လွဲချော်သွားတာကော မဖြစ်နိုင်ဘူးလား

  • babymay

    April 26, 2011 at 8:11 am

    ဘာပဲဖြစ်ဖြစ် ဒီလိုတော့မရေးသင့်ဘူးလေ။။။။ ကောင်းရောင်းကောင်းဝယ်လုပ်စားတဲ့ကိစ္စကို။။။ ရေးချင်ရင်မသမာမှုနဲ့ လုပ်စားနေတဲ့သူတွေအကြောင်း ရေးစရာတပုံကြီးရှိတယ်။။။ mandalay ကိုထောက်ခံပါတယ်။။

  • naywoonni

    April 26, 2011 at 12:02 pm

    ဆောင်းပါးရှင်က သင်္ကြန် မဏ္ဍပ်ထောင်တဲ့ သူ…. စပွန်ဆာ ပေးတဲ့သူ ….စပွန်ဆာ ပေးတဲ့သူ ရဲ့ ရည်ရွယ်ချက် နဲ့ လုပ်ကိုင်ပုံတွေကို ဘဝင်မကျဘူးနဲ့ တူပါရဲ့….။ တစ်ယောက်အမြင်တစ်မျိုးစီပဲလေ………။။

  • juttue.gyi

    April 26, 2011 at 12:34 pm

    အစ်ကိုmandalayရေ အစ်ကိုခေါင်းစဉ်ကြီင်္းက နည်းနည်းများ ရင့်သီးနေသလားလို့ ဘာဘဲဖြစ်ဖြစ် ဒေါသကိုရှေ့မထားသင့်ပါဘူး

  • mandalay

    April 26, 2011 at 1:48 pm

    ဟုတ်ကဲ့ပါ ဗျာ ကျွန်တော်လည်း ဖတ်ပြီးပြီးချင်း သိချင်တဲ့စိတ်လေး ပြင်းပျ လာလို ့ရေးမိလိုက်တာပါ ။ ကျွန်တော် အရေးမှားခဲ့ရင် ခွင့်လွှတ်ကြပါ ။ ဂျာနယ် နာမည် ကိုတော့ မဖော်ပြတော့ပါဘူး ။ အခုလို အကြံပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

  • soethuya7

    April 27, 2011 at 2:56 am

    အလုပ်ကို ဘယ်လိုလုပ်ရတယ်ဆိုတာ ပိုပြီးလေးနက် ပေါ်လွင်သွားအောင်လို့ခိုင်းနှိုင်းလိုက်တာဖြစ်မယ်ထင်တယ်…

  • etone

    April 27, 2011 at 5:44 am

    soethuya7 ပြောသလို ကျမလည်း တွေးမိပါတယ်… အဲ့ဒီစာရေးတဲ့လူက ဒီစပွန်ဆာရှာတဲ့ ကိစ္စမှာ ထိထိရောက်ရောက်လေး ထောက်ပြခိုင်းနှိုင်းထားတာ သူကိုယ်တိုင် အတွေ့ကြုံကြောင့်လား ကွက်ကွက်ကွင်းကွင်းမြင်စေချင်တဲ့ သဘောလားဆိုတာမျိုး တွေးမိပါတယ်… ။ ခေါင်းစဉ်နဲ့ ရေးထားတာက အချိတ်ဆက်မမိသလို ခံစားမိပါတယ်… ။ နာမည်ကြီးချင်လို့ဆိုတဲ့အကြောင်း …. နည်းနည်း ဖြည့်စွပ်ပြီး သိပါရစေ… ။ တကယ်သာ အဲဗီးဒန့် လက်ထဲရှိလျှင် သဂျီးပြောသလို ပုံနဲ့ အပတ်စဉ် ဂျာနယ်နာမည်တွေပါ ထောက်ပြသင့်တယ်လို့ ထင်ပါတယ်။

Leave a Reply