Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကောင်လေးတွေသိဖို.ကောင်းတယ်

ko noMay 10, 20111min51818

ကောင်လေးတွေ မသိဘူး

–ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို… ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို… ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမာ္ဘမှာနေချင်လို့ပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ…. ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မဝယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေးကိုအလုပ်ကြိုးစား ခိုုင်းတာလဲဆိုတာကို…. ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ. ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။ —- ဘာကြောင့် ကောင်မလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ ကောင်မလေးတွေက ကောင်လေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင် သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို မလိုလားလို့ပါ။ —-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ ကောင်မလေးတွေတကယ်လမ်းခွဲချင်လို့မဟုတ်ပါဘူး။ ကောင်လေးရဲ့ ယုယမှုတွေ အချစ်တွေကို သူတို့တွေ ပြန်ရှာယူတာပါ။ —-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ကောင်လေးကို သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ… ကောင်မလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာရင်မောလှပါတယ်။ ကောင်မလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်မိတာပါ။ —-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ညတိုင်းငိုနေရတာလဲ…. ကောင်မလေးတွေသိတယ် ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင် သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေစိတ်ကောက်ရတာလဲ…. ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ… ချစ်တဲ့သူကို အရေးလုပ်လို့… သူ့ကိုနားလည်စေချင်လို့ပါ။ —-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ စိတ်လဲမကောက်ရန်လဲမဖြစ်ပဲ တိတ်ဆိတ်နေရတာလဲဆိုတာ… ကောင်မလေးခံစားနေရတာဘယ်လောက်နာကျင်နေပါစေ..တခါတခါ ကောင်လေးတွေရဲ့စိတ်ကို သူတို့ပြောင်းလဲလို့ရတာမဟုတ်လို့ ကောင်မလေးက သူ့ရဲ့စိတ်ကို ငြိမ်သွားအောင် တိတ်တိတ်နေလိုက်တာပါ။ —-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေအရင်ရည်းစားကို မေးမေးေနေတာလဲဆိုတာ… ကောင်မလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေလို့ပါ။ —-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေကကောင်လေးရဲ့ရှင်းပြချက်တွေကို နားထောင်ပေးတာလဲ…. ကောင်မလေးတွေ စိတ်မတိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်လေးရဲ့ ရှင်းပြချက်ထဲကနေ သူအရေးကြီးတာလား တခြားသူအရေးကြီးတာလားဆိုတာကို သိချင်လို့ သေချာနားထောင်ပေးနေတာပါ။ ……………………………………………………………………

18 comments

  • naywoonni

    May 10, 2011 at 10:48 am

    ကောင်မလေးတွေ မသိဘူး
    ကောင်လေးတွေ ဘာလို့ အရက်သောက်တယ်ဆိုတာ…..။
    ကောင်မလေးတွေမသိဘူး
    ကောင်းလေးတွေ ဘာလို့ ဆေးလိပ်သောက်တယ်ဆို……။
    ကောင်မလေးတွေ မသိဘူး
    ကောင်လေးတွေက စိတ်ကောက်တတ်တဲ့ ကောင်မလေးကို ဘာလို့ မချော့တာလဲဆိုတာ…..။
    ကောင်လေးတွေမသိဘူး
    ကောင်လေးတွေ ဘယ်အချိန်မှာ ဘာကို ကြိုက်ပြီး ဘယ်နေရာမှာ ဘာကို တန်းဘိုးထားတတ်သလဲဆိုတာ……။
    ကောင်မလေးတွေ မသိဘူး
    ကောင်လေးတွေကို ဘယ်အချိန်မှာ ဘယ်လိုလိမ်ရင် ယုံတတ်တယ်ဆိုတာ……။
    ကောင်မလေးတွေမသိဘူး
    ကောင်လေးတွေက ညာနေမှန်းသိရက်နဲ့ ယုံချင်ယောင်ဆောင်ပြီးလိုက်လျောပေးနေတာကို
    အဟုတ်မှတ် သဘောကျ ကောင်မလေး အချင်းချင်းကြားမှာဟားတိုက် ရယ်နေတုန်း…..
    ကောင်လေးတွေက အညာခံလိုက်ရတဲ့ အ ကြောင်းအရာတွေကို သူငယ်ချင်းတွေနဲ့ ဘီယာသောက်ရင် အမြည်းလုပ်နေတာကို………
    ကောင်မလေးတွေမသိဘူး……

    ကောင်မလေးတွေမသိဘူး……
    ကောင်မလေးတွေမသိဘူး……
    ကောင်မလေးတွေမသိဘူး……
    အေး….။ မသိတာပဲ ကောင်းတယ်….။
    ဆက်မပြောတော့ဘူး
    နေဝန်းနီ

  • nozomi

    May 10, 2011 at 11:07 am

    အခုတော့ ကျွန်တော်သိပြီ သူတို့ကြော်ငြာတဲ့ ပစ္စည်းတိုင်းကို ဝယ်သုံးရင် ပိုက်ဆံတွေ ကုန်တယ်ဆိုတာ

  • eros

    May 10, 2011 at 12:31 pm

    ဒါမျိုးရွာထဲမှာ ဖတ်ဘူးပါတယ်။

  • OQ23

    May 10, 2011 at 1:25 pm

    ရယ်လဲရယ်ရတယ်၊စိတ်လဲကြည်နူးမိတယ်။
    ရေးထားတာတကယ်မိုက်တယ်၊ခံစားချက်နဲ့နည်းနည်းဆင်တယ်။
    ကောင်လေးတော်တော်များကဒီအတိုင်းပါပဲ။

  • ဆူး

    May 10, 2011 at 2:37 pm

    ကောင်လေးရယ် ကောင်မလေးရယ်
    ချစ်နည်း အချစ်ရှည်အောင် လုပ်နည်း ဘာညာကွိကွ.. အီးမေးမှာ စုံနေအောင် ခဏခဏ ဖတ်နေကျ ပါပဲ။

  • Ko Ko Aung

    May 10, 2011 at 4:46 pm

    အော် ……… အဲလိုလား
    အသိနောက်ကျလိုက်တာနော်

  • cobra

    May 10, 2011 at 4:50 pm

    ကောင်လေးလည်းမသိဘူး…။
    ကောင်မလေးလည်းမသိဘူး…..။
    ကျွန်တော်လည်းမသိတော့ဘူး…။

  • noob

    May 10, 2011 at 6:58 pm

    ကောင်လေးတွေဆိုတော့ ကောင်ကြီးတွေကကိုကောမသိစေချင်ဘူးလား ကောင်ကြီးတွေ ကိုသိစေချင်တဲ့ စာတွေ လဲမပါဘူး အဲဒါကြောင့်ကောင်မလေး မသိစေချင်တဲ ့ကောင်ကြီး မဖတ်သွားပါကြောင်း

  • kai

    May 10, 2011 at 8:39 pm

    – ကေန်းမလေးဒွေ မသိဘူး ကာလားဆီက နားနို့ဝယ်သောက် အာဒါးအာရေး လှဒယ်ဆိုဒါ…။

    – ဂေါင်လီးတွေ မီလိဘူး..ဝဖွင့်ထားလဲ့ ဘီလာဆိုင်လ ဘီလာတွေ တောက်ရင် ကီလီးမွေးလို့မလတဲ့.. ဗိုက်ထွယ်လယ်ဆိုလာ..။

  • bigcat

    May 10, 2011 at 11:39 pm

    ကောင်မလေးတွေမသိဘူး
    ကြောင်ကြီးကြွက်ခုတ်တာ
    ကိုယ်ချင်းမစာ ဟုတ်ပါဘူး
    ငါ့ဝမ်းပူစာ မနေသာ၊
    အလှမွေးကန်ထဲက ရွှေငါးကို
    စားချင်လို့ဟုတ်ပါဘူး
    အကျဉ်းစံဘဝ
    မကြာစေချင်တဲ့ စေတနာ၊
    လှောင်ချိုင့်ထဲကငှက်လေး
    သတ်ဖြတ်မိတာ
    ကြက်ငှက်တုပ်ကွေး
    စီမံချက်ကြောင့်ပါ။

    ဒီလိုပါပဲ…………….
    ….
    မဖုရားရင်ခွင်ထဲ
    ပွေ့ဖက်ခံထားရလည်း
    ဇိမ်ကျနေပြီမထင်ပါနဲ့
    ခိုးလိုးခုလုကြီးပါ…
    သခင်မလေးပေါင်ထက်
    လှဲလျောင်းအိပ်စက်နေလည်း
    ဟန်ကြနေပြီမထင်ပါနဲ့
    စားခွင့်မရှိတဲ့ ကြောင်အိမ်ထဲက
    ငါးကြော်ပမာ….. 😥

    • king

      May 11, 2011 at 7:02 am

      ကိုကြာင်ကြီးကတော့
      ဟင်းးးးးးးးးးးးးးးးးး
      ……………………………………………..

  • Foreign Resident

    May 11, 2011 at 12:23 am

    Actually, Kaung Lay only need to get money, power, honor or ability. ;p
    Then, Kaung lay dosen’t need to know about Kaung Ma Lay ;D &
    Instead, Kaung Ma Lay will try to approach & learn about Kaung Lay. 😉

  • king

    May 11, 2011 at 7:05 am

    ကောင်မလေးတွေမသိဘူး
    ကောင်လေးတွေ ဘာကြောင့် ကောင်မလေးနဲ့ ရည်းစားဖြစ်ချင်ကြတာကို
    ကောင်လေးတွေလည်း မသိဘူး
    ကောင်မလေးတွေက သူတို့ကို ဘာဖြစ်လို့ ရည်စားအဖြစ်လက်ခံလိုက်တာလဲဆိုတာ
    စာဖတ်ခဲ့တဲ့သူတွေရော သိကြရဲ့လား
    ကျွန်တော်လည်း သိဘူးဗျ ……
    ( ^ _ * )

  • mielay

    May 11, 2011 at 2:58 pm

    ဟင်… ဘယ်သူ့မှလဲ ဘာမှမသိဘူး။

  • မမလေး

    May 12, 2011 at 4:44 pm

    အမှန်တွေပြောနေကြတာကို ဘယ်သူမှလည်းဘာမှမသိဘူး …

  • maylekha

    May 14, 2011 at 10:08 am

    မသိတာများလို့မသိချင်တော့ပါဘူးကွယ်။

  • king

    May 14, 2011 at 4:34 pm

    မသိချင်တာကို မသိချင်တော့ပါဘူးလို့ဆိုပြီး
    မသိဘူးကြီး ငြင်းမနေပါနဲ့
    တကယ်တော့ မသိပါဘူး ဆိုတာကြီးကို သိနေတဲ့အတွက်
    မသိဘူး ဆိုတာ ကို သိနေတယ်လို့ မှတ်ယူထားလို့ရတာကြောင့်ပါ
    ဒါကြောင့် မသိဘူးဆိုတာ သိတယ်လို့ပဲ သိထားလိုက်ပါတယ်
    ဘာမှန်းကို မသိတော့ဘူး…… အဲ ကိုယ့်စကားနဲ့ကိုယ် သိတယ်ကွာ
    (^ _ *) 😛 😀 🙂

  • 007James

    July 21, 2011 at 11:44 am

    သိရင် သိတယ်လို့မှတ်၊ မသိရင် မသိဘူး လို့မှတ်။ ကဲ တရားစခန်းဝင်ရအောင်။

Leave a Reply