လူ.ဘဝမှာ…………..
တစ်ခါက
ရူပဗေဒ နှင့် ဓါတုဗေဒ ဘာသာရပ် များတွင် တီထွင်အောင်မြင်မှုများကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ရရှိနေသော ပညာရှင်တစ်ယောက်ကို တွေ့ဆုံမေးမြန်းသူတွေက အံ့ဩစွာနဲ့ မေးခဲ့တယ်.။
“ ဘာလို့များ ဒီလို တီထွင်အောင်မြင်မှုတွေကို ဆက်တိုက် ရရှိအောင် အကြံဉာဏ်တွေ ထွက်လာပြီး အောင်မြင်အောင် ပုံဖော် နေနိုင်တာလဲ.။ ”
ဒီတော့ အမေးခံရတဲ့ ရုပဗေဒ နှင့် ဓါတုဗေဒ ပညာရှင် ခဏလေး ငြိမ်သွားပြီး ..။ နောက်မှ စကား တစ်ခွန်းကို ခပ်လေးလေး ပြောတယ်.။
“ ကျွန်တော် ဘာလို့ အောင်မြင်ရတာလဲ ဆိုတော့ ကျွန်တော် အမေကြောင့်ပါပဲ.။ ”
သူက ဒီလို ဖြေတော့ တွေ့ဆုံမေးမြန်းသူတွေက ဘယ်လိုလုပ်နားလည်ကြပါမလဲ.။ ဒီတော့…
“ ဟုတ်ပါပြီ..။ အမေကြောင့် ဆိုတာကတော့ ဟုတ်ပါပြီ.။ မစ္စတာ အမေက ဘယ်လို လေ့ကျင့်ပျိုးထောင်ပေးလို့ ဆိုတာလေးကိုတော့ ပြောပြလို့ရမလား.။ ”
ဒီတော့ သူက ခေါင်းငြိမ့်လိုက်ပြီး..။ ဖြေးဖြေးချင်းပြောတယ်..။
“ ကျွန်တော့် အမေနဲ့ ပတ်သတ်ပြီး အမှတ်ရစရာတွေ များစွာ ရှိနေပါတယ်.။ ဒါပေမဲ့ လည်း ကျွန်တော် အမြဲတမ်း စိတ်ထဲမှာ မှတ်မိနေတာလေး ပြောပြမယ်ဗျာ..။
အဲဒီတုန်းက ကျွန်တော် ၄ နှစ်သားပဲ ရှိဦးမယ် ထင်တယ်.။ အမေက ကျွန်တော့်ကို နွားနို့ သောက်ဖို့ ဗူးလေးနဲ့ ထည့်ပေးသွားတယ် ..။ နောက်တော့ အမေက နောက်ဖေးမှာ ချက်ပြုတ်နေတယ် ပေါ့ဗျာ.။ ဒီအချိန်မှာ အိမ်ရှေ့မှာ ကျွန်တော် တစ်ယောက်တည်း .။ နောက်တော့ ကျွန်တော် သောက်နေတဲ့ နွားနို့ဗူးထဲက နွားနို့တွေက ကုန်သွားတယ်.။ ဒါပေမဲ့ ကျွန်တော်က ဆက်သောက်ချင်နေသေးတယ်.။ ဒီတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်တော့ အမေက စားပွဲခုံပေါ်မှာ နွားနို့ကျိုပြီးသားတွေကို အိုးနဲ့တင်ထားတာကို သွားတွေ့တယ်.။
မနက်ကတည်းက တည်ထားတာ ဆိုတော့ ဒီအချိန်ဆိုရင်တော့ အေးနေပြီပေါ့ဗျာ..။ ဒါပေမဲ့ ကျွန်တော်က ထပ်သောက်ချင်နေတဲ့ သူ ၊ နောက် ကလေး ဆိုတော့ ဒါတွေ မစဉ်းစားမိဘူးပေါ့ဗျာ.။ ဒီအချိန်မှာတော့ ပူနေလည်း ဆွဲမိမှာပဲ..။ သောက်ချင်နေတော့ စားပွဲကိုလည်း အရပ်က မမှီဘူးလေ..ဒါကြောင့် ခြေဖျားလေး ထောက်ပြီး နွားနို့အိုးဆီကို သွားတယ်..နောက်တော့ စားပွဲပေါ်လည်း မတတ်နိုင်တော့ စားပွဲပေါ်က အိုးကို လက်နဲ့ လှမ်းဆွဲလိုက်တာ ပေါ့ဗျာ..။ ဒီတော့ စားပွဲပေါ်မှာ တင်ထားတဲ့ နွားနို့အိုးက ကျွန်တော့်ကိုယ်ပေါ် လောင်းချသလို ဖြစ်ပြီး မှောက်ကျပါလေရော.။ နောက်တော့ မှောက်ကျတဲ့ နွားနို့အိုးဟာ စတီးအိုးဆိုတော့ ကျွန်တော်အပေါ် မှောက်ကျရုံတင် မကဘူး …အောက်က ကြမ်းပြင်ပေါ်ကို “ ဒေါင် ” ဆိုပြီး ကျသွားပါလေရော.။
ဒီတော့ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ အမေက ပြေးထွက်လာပြီး ကြည့်တယ်.။ နောက်တော့ “အောင်မလေး သားလေးရယ်.။ အမေက ဘာများဖြစ်လို့လဲ လို့ ငါ့သားလေးက နွားနို့ကုန်သွားလို့ ထယူတာ ထင်တယ်.။ အခုတော့ မမှီလို့ အိုးမှောက်ကျပြီ မဟုတ်လား.။
ကဲ..သားလေးရေ..။ အမေလည်း ချက်တုန်းဆိုတော့ လက်က မအားသေးဘူးနော်.။ အမေက နွားနို့ဆိုတာကို ပုလင်းထဲ ၊ ဗူးထဲမှာပဲ မြင်ဖူးတာလေ.။ အခုလို နွားနို့ ပင်လယ်ကြီး တစ်ခါမှ မတွေ့ဖူးသေးဘူးလေ.။ ဒါကြောင့် ငါ့သားလေး ဒီမှောက်ကျနေတဲ့ နွားနို့ ပင်လယ်ကြီးထဲမှာ ဆော့လိုက်ဦးနော်.။ အမေ အားမှ သားလေးကို လာရှင်းပေးမယ်.။ ” ဒီလို အမေက ပြောပြီး သူ ချင်စရာရှိနေတာတွေကို သွားချက်နေလိုက်တယ်.။
ဒီတော့ဗျာ..နွားနို့အိုးကြီး မှောက်ကျတာတောင်မှ အဆူမခံရတဲ့ အပြင် ဆော့နေဦးလို့ ခွင့်ပြုမိန့်ရမှ တော့ဗျာ..။ အိုင်ပြီး ကျနေတဲ့ နွားနို့ ပင်လယ်ကြီးထဲမှာ အစွမ်းကုန်ဆော့တာပေါ့ဗျာ.။ ဗြောင်းဆန်နေတာပဲလေ.။
နောက်မှ အမေက သူချက်လို့ ပြီးတော့ …“ ကဲ..သားရေ.။ လူဆိုတာ ကိုယ်က တစ်ခုခု လုပ်ပြီးရင် တာဝန် ယူတတ်ရတယ်.။ ဒါကြောင့် အခု သားလေး ကိုယ်လုပ်တာကို ကိုယ်တာဝန် ယူတတ်ရမယ်နော်.။ အခု အမေလည်း အားပြီး ငါ့သားလေး လုပ်လို့ မှောက်ကျနေတဲ့ နွားနို့ ပင်လယ်ကြီးကို အမေတို့ သားအမိ နှစ်ယောက် အတူတူ ရှင်းရအောင်..။ သားလေးက နောက်ဖေးက သုတ်ဖို့ အဝတ်နဲ့ ရေမြှုပ်လေးတွေ သွားယူလိုက်ပါဦး..။ ” ဆိုပြီး ကျွန်တော်တို့ သားအမိ ကျွန်တော် မှောက်ချထားတဲ့ နွားနို့တွေကို စပြီး ရှင်းတာပါပဲ.။
ဒီတစ်ကြ်ိမ်မှ မဟုတ်ပါဘူး.။ ဒိလို အကြိမ်တွေမှာလည်း ကျွန်တော်အမေက ကျွန်တော့်ကို ဒီလိုပါပဲ. ။ ကိုယ်လုပ်တဲ့ အလုပ် ကိုယ့်ဖာသာ တာဝန် ယူတတ်အောင် လေ့ကျင့်သင်ကြားပေးစမြဲပါပဲ.။ ကျွန်တော် ဘာလို့ ဒီလို အသစ်တွေကို တီထွင် အောင်မြင်လည်း ဆိုရင် ကျွန်တော်အမေရဲ့ ဒီလို လေ့ကျင့်ပေးမှုတွေ ကြောင့်ပါပဲ.။ ”
Time Magazine မှ စာလေး တစ်ခုကို ဘာသာပြန်ပါသည်..။