Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူငယ်များအတွက်အချက်(၇)ချက်

ko noMay 11, 20111min2336

လူငယ်တွေအတွက် ဘဝဆိုတာ ပန်းခြံထဲက ကစားကွင်းမှာ ဆော့ရသလို မဟုတ်ပါဘူး။ အမဲလိုက်အက သီချင်းထဲကလို တောနက်ကြီး တစ်ခုလိုပါပဲ။ အဲဒီလို လူငယ်တွေရဲ့ အဖေတွေ အမေတွေ ဖြစ်ရတာလည်း ပန်းခြံထဲမှာ လမ်းလျောက်ရသလို မဟုတ်တာ သေချာသွားပြီပေါ့။ ဒီလို လူငယ်တွေနဲ့ အဖေတွေ အမေတွေအတွက် ရှောင်ကိုဗေးရဲ့ “7 habits of highly effective Teens” ဆိုတဲ့ စာအုပ်ကို ညွှန်းလိုပါတယ်။ အဲဒီ စာအုပ်ကို ဆရာကျော်ဝင်းက “နှစ်ဆယ့်တစ်ရာစု သားရွှေဥ” ဆိုပြီး ဘာသာပြန်ထားပါတယ်။ ဒီစာအုပ်မှာ စာရေးသူက လူငယ်တွေကိုရော လူငယ်တွေရဲ့ မိဘတွေကိုပါ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ထိန်းကျောင်းမောင်းနှင်ပြီး လိုရာခရီးကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ရောက်နိုင်ဖို့ သံလိုက်အိမ်မြှောင်တစ်ခုလို အကူအညီပေးမယ်တဲ့။
ခု လတ်တလော တွေ့ကြုံနေရတဲ့ ဖိအားတွေကို ဘယ်လိုရင်ဆိုင်မယ်၊ စိတ်ဓာတ်တည်ငြိမ်အောင် ဘယ်လိုလုပ်မယ်၊ အောင်မြင်မှုနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ရတဲ့အခါမှာ ဘယ်လို တုန့်ပြန်မယ် စတာတွေကို လမ်းညွှန်ပြသပေးပါတယ်။ လူငယ်တွေရဲ့ ဘဝဆိုတာ တကယ့်ကို အတိမ်းအစောင်း မခံတဲ့ လမ်းပေါ်မှာ လျောက်နေရသလိုပဲလို့ စာရေးသူက ဆိုပါတယ်။ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်တဲ့ ဆုံးဖြတ်တွေ ချရတဲ့အချိန်မှာ မိဘတွေ အနေနဲ့ လူငယ်တွေကို အကူအညီ ပေးဖို့ လိုမှာ ဖြစ်ပါတယ်။ ဘယ်လို လောက နိယာမတွေကို လိုက်နာရမယ်၊ ဘယ်လို စိတ်ဓာတ် အဆင့်အတန်း မြင့်အောင် နေထိုင်ရမယ် ဆိုတာတွေကို သင်ကြားပေးနိုင်မှသာ လူငယ်တွေအနေနဲ့ အကောင်းဆုံး ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။
လူငယ်တွေရဲ့ ဘဝမှာ ဘယ်လိုနေထိုင် ပြုမူဆောင်ရွက်ရမယ် ဆိုကို ပြောတော့မယ်ဆိုရင် အကောင်းဆုံး စကားတစ်ခု ရှိပါတယ်၊ “ငါပြောတာကို နားထောင်နေတာထက်၊ ငါလုပ်သလို လိုက်လုပ်” ဆိုတဲ့ စကားတစ်ခွန်း ပါပဲလို့ ကိုဗေးက ဆိုပါတယ်။ ဩဝါဒတွေ တစ်ခုပြီး တစ်ခု ချွေနေတာထက် ရှေ့က စံနမူနာပြ လုပ်ပြပါတဲ့။ သင့်ရဲ့ ဩဝါဒတွေနဲ့ လူငယ်တွေကို မလွှမ်းမိုးပါနဲ့။ သင့်ရဲ့ နမူနာကောင်းတွေနဲ့ လွှမ်းမိုးပါလို့ ဆိုပါတယ်။
ကိုဗေးဟာ သူ့အဖေတွေ အမေတွေ ချမှတ်ခဲ့တဲ့ နမူနာကောင်းတွေကို ကောင်းကောင်းလိုက်နာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူ့အဖေ စတီဗင် ကိုဗေး ဆိုရင် အုပ်ရေ ၁၅ သန်းလောက် ရောင်းရပြီးဖြစ်တဲ့ “The 7 Habits of Highly Successful People” ကိုရေးတဲ့ စာရေးဆရာ ဖြစ်ပါတယ်။ ရှောင်ရဲ့ စာအုပ်ဟာ သူ့အဖေရဲ့ စာအုပ်ကို မှီငြမ်းရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ သူ့အဖေ ချဉ်းကပ်သလို မချဉ်းကပ်ပါဘူး။ သူ့အဖေက လူကြီးတွေရဲ့ အမြင်ပိုသန်ပြီး သူကတော့ လူငယ်တွေရဲ့ ရင်ဘတ်ထဲက လာတာပါ။ သူကိုယ်တိုင် သူ့အဖေရဲ့ နမူနာကောင်းတွေကို လိုက်နာဆောင်ရွက်ပြီး ရလာတဲ့ အတွေးအမြင်တွေ၊ လူငယ်တစ်ယောက်ရဲ့ အတွေးအမြင်တွေနဲ့ 7 Habits အမြင် အသစ်ကို ချပြခဲ့ပါတယ်။ သူ့အဖေရဲ့ 7 Habits က အပင်စိုက်တာ ဆိုရင် ရှောင်ရဲ့ 7 Habits က အသီးအပွင့်တွေ ဆိုပါတော့။ ကဲ ရှောင်ရဲ့ 7 Habits ကို လေ့လာ ကြည့်ရအောင်။
1. Be Proactive (ရွေးချယ် တုန့်ပြန်နိုင်ပါစေ)
Be Proactive ဆိုတဲ့ စကားလုံးကို နားလည်ဖို့အတွက် Be Reactive ဆိုတဲ့ စကားကို အရင်နားလည်ဖို့ လိုမယ်ထင်ပါတယ်။ Be Reactive ဆိုတာ ပါးရိုက်ရင် နားကိုက်မယ်ဆိုတဲ့ တုန့်ပြန်မှုမျိုးပါပဲ။ သူက ဒီလို လာပြောတယ်၊ ငါကလည်း ဘယ်လိုပြန်ပြောလိုက်မယ်။ အမေက ငါ့ကို ဘယ်လို လုပ်တယ်၊ ငါက ဘယ်လို ပြန်လုပ်လိုက်မယ် ဆိုတဲ့ ရွေးချယ်မှု မပါတဲ့ တုန့်ပြန်မှုတွေပါပဲ။ ကိုယ့်ရဲ့ အမူအကျင့်တွေက တစ်ဆင့် အလိုအလျှောက် တုန့်ပြန်လိုက်တာကို Reactive Response လို့ ခေါ်ပါတယ်။ Be Proactive ကတော့ အဲဒီလို မဟုတ်ပါဘူး။ သူက ငါ့ကို လာဆဲတယ်၊ သူဘာကြောင့် ဆဲရတာလဲ။ ငါ့အပေါ် ဘယ်လို မြင်နေလို့လဲ။ သူ့မှာ ဘယ်လို စိတ်ခံစားချက်တွေ ရှိနေလို့လည်း စသည်ဖြင့် သေသေချာချာ စဉ်းစားချင့်ချိန်ပြီးမှ တုန့်ပြန်တာမျိုးကို ခေါ်ပါတယ်။ Proactive People တွေဟာ သူတို့ဘဝကို သူတို့ ကောင်းကောင်း တာဝန်ယူထားကြသလို ကောင်းကောင်းလည်း ထိန်းချုပ်နိုင်ကြပါတယ်။ သူတို့ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အားလုံးဟာ သူတို့နဲ့ပဲ ဆိုင်တယ်လို့ ကောင်းကောင်း ယုံကြည်လက်ခံ ထားကြပါတယ်။ တစ်ခြားသူတွေကို သူတို့ ဘဝတွေရဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေနဲ့ ပတ်သက်ပြီး အပြစ်တင်နေမှာ မဟုတ်ပါဘူး။
Be proactive ဆိုတာ 7 Habits ရဲ့ အစပါပဲ။ ဒီ 7 Habits ဆိုတာ တစ်ဆင့်ခြင်း တည်ဆောက်ရတာမျိုးပါ။ Be Proactive မဖြစ်ပဲ၊ Begin with the end in mind ကို ဆက်လို့ မရဘူးလို့ ဆိုလိုပါတယ်။ ဒါကြောင့် Be Proactive ဆိုတာ အခြား Habits အားလုံးရဲ့ အဖွင့် လို့ ဆိုလို့ရပါတယ်။
2. Begin with the end in mind (စိတ်ရှင်းရှင်းနဲ့ စပါ)
အကယ်၍များ လူငယ်တွေအနေနဲ့ ဘဝမှာ ဘယ်လို ပန်းတိုင်တွေရှိတယ်၊ ဘယ်လို တန်ဖိုးတွေရှိတယ်၊ ဘဝကို ဘယ်လို လျောက်လှမ်းချင်တယ် စတဲ့ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင် မသိထားရင် သူများတွေရဲ့ အကြံပေးချက်တွေ၊ အမြင်တွေထဲမှာ လုံးလည်လိုက်ပြီး အချိန်ကုန် လူပန်းသာ ဖြစ်နေပါလိမ့်မယ်။ သူတစ်ပါးတွေရဲ့ အကြံအစည်၊ အမြင်တွေကို လုံးဝ နားမထောင်ရဘူးလို့ မဆိုလိုပါဘူး။ အဲဒီလိုသာ နားမထောင်ရဘူး ဆိုရင် ဒီစာအုပ်တောင် ဖတ်နေစရာ မလိုဘူးပေါ့။ သူ့အကြံအစည်က ကိုယ့်အကြံအစည် ဖြစ်အောင် လုပ်ရပါမယ်။ သူ့ အမြင်ဟာ ကိုယ့်အမြင် ဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ အကောင်းအဆိုး အကြောင်းအကျိုး ကို သေသေချာချာ ဝေဖန်သုံးသပ်ပြီး ကိုယ်ပိုင် ပစ္စည်း ဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက် လူငယ်တွေအနေနဲ့ ဝေဖန်သုံးသပ်နိုင်စွမ်းကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီတော့ စာများများ ဖတ်ဖို့ လိုလာပြီပေါ့။ ဒီနေရာမှာ မိဘတွေကလည်း အကူအညီပေးရမှာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် ကိုယ်ပိုင် ပန်းတိုင်တွေ ချမှတ်နိုင်ဖို့ ကိုယ်ပိုင် လမ်းပြမြေပုံတွေ ရေးဆွဲနိုင်ဖို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အကူအညီပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကိုယ်ဖြစ်စေချင်တဲ့ ပုံစံခွက်ထဲ အတင်းအကြပ် ထိုးထည့်တာမျိုး မဖြစ်ဖို့လည်း လိုပါတယ်။ ကိုယ့်ရဲ့ နမူနာကောင်းတွေကတစ်ဆင့် စီးဆင်းသွားစေတာမျိုး သူ့အလိုလို နားလည် လက်ခံသွားစေတာမျိုးတွေပဲ ဖြစ်ရမှာပါ။ စိတ်ရှင်းရှင်းနဲ့ စပါဆိုတာ စိတ်ထဲမှာ ဘာမှ မရှိတဲ့ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် လွင့်ဖို့ မဆိုလိုပါဘူး။ ကိုယ့်စိတ်ထဲမှာ ငါက ဘယ်လို သွားနေတာ၊ ဘာတေလုပ်နေတာ၊ ငါဘယ်ကိုရောက်ရမယ် ဆိုတာတွေကို ရှင်းရှင်းလင်းလင်း သိပြီး စဖို့ ဆိုလိုပါတယ်။
3. Put First Things First (ပထမဦးစားပေးတွေကနေ စပါ)
ဒီ Habit ကတော့ လူငယ်တွေကို ဦးစားပေးအဆင့်တွေ စီဖို့ အကူအညီပေးမှာ ဖြစ်ပါတယ်။ အဲဒီလို ဦးစားပေးအဆင့်တွေ စီလိုက်တာနဲ့ အချိန်ကို စီမံခန့်ခွဲပြီးသား ဖြစ်သွားနိုင်သလို ဘဝမှာ အရေးအကြီးဆုံးအရာတွေကို ဖော်ထုတ်ပြီး ဦးစားပေး လုပ်နိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ Put First Things First ဆိုတဲ့ Habit က အခက်အခဲတွေနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ဘယ်လို ကြံ့ကြံ့ခိုင်ခိုင်နေမယ်၊ ကြောက်ရွံ့စိတ်တွေကို ဘယ်လို ကျော်ဖြတ်မလဲ ဆိုတဲ့ အချက်တွေကိုလည်း အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ဘဝကို ဦးစားပေးအဆင့်တွေအလိုက် တစ်ဆင့်ချင်း အောင်မြင်အောင် အကောင်အထည်ဖော်သွား တတ်ဖို့ လမ်းပြပေးမှာ ဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့ တစ်ခါတစ်လေမှာ လုပ်ချင်တာတွေ များနေတတ်ပါတယ်။ .NET လည်း လုပ်ချင်တယ်၊ PHP လည်း လုပ်ချင်တယ်၊ Graphic Design လည်း လုပ်ချင်တယ်၊ Web Design လည်းလုပ်ချင်တယ်၊ သူတို့ကပြောနေပြန်ပြီ Framework တဲ့ စမ်းကြည့်ဦးမှ ဆိုပြီး လုပ်ချင်တာတွေ များလာတတ်ပါတယ်။ အဲဒီလို လုပ်ချင်တာတွေ များတာအပြင် လုပ်ရမှာတွေကော၊ လုပ်သင့်တာတွေကော စုပုံကျလာတဲ့အခါ ဘယ်ကနေ စရမှန်းကို မသိတော့ပါဘူး။ အဲဒီလို အခြေအနေမျိုးဆိုရင် ဦးစားပေး အဆင့်တွေ စီရပါတော့မယ်။ အဲဒီလို စီတဲ့နေရာမှာလည်း ဒါက ဖြစ်ချင်တာလား၊ ဖြစ်သင့်တာလား၊ ဖြစ်နိုင်တာလား၊ မဖြစ်နိုင်တာလား၊ အခုချက်ချင်း လိုတာလား၊ နောက်နေ့မှ လိုတာလား၊ နောက် တစ်ပတ်မှ လိုတာလား၊ နောက်လလား၊ နောက်နှစ်လားစတဲ့ မေးခွန်းတွေ တတ်နိုင်သမျှ များများမေးပြီး ဦးစားပေးအဆင့်လိုက် စီရမှာ ဖြစ်ပါတယ်။ အဲဒီလို စီလိုက်တဲ့ အခါမှာ ကိုယ့်အရမ်းအရေးကြီးပါတယ်လို့ ထင်နေတာတွေဟာ နောက်ကြမှ လုပ်ရင် ရပါလားဆိုတာမျိုးတွေ တွေ့လာရပါလိမ့်မယ်။ ကိုယ်က အရေးမကြီးပါဘူး၊ နောက်မှ လုပ်မယ်ဆိုပြီး ရွေ့ထားတာတွေဟာ သေရေးရှင်ရေး လုပ်ရမှာ တွေ ဖြစ်လာတတ်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက ဘောလုံးကစားသမားတွေလိုပေါ့။ တစ်ပွဲခြင်းစီ အာရုံစိုက် ကစားဖို့လည်း လိုပါတယ်။ ကိုယ်က ဦးစားပေးတွေတော့ စီထားပါရဲ့၊ စီထားတဲ့အတိုင်းလည်း လုပ်ပါရဲ့။ နောက်လုပ်ရမယ့် အလုပ်တွေအပေါ် အာရုံရောက်နေရင်လည်း အခုလုပ်နေတဲ့ အလုပ်ကို ထိခိုက်လာပါလိမ့်မယ်။
4. Think Win-Win (သူလည်း နိုင်၊ ကိုယ်လည်း နိုင်ဆိုတဲ့ အခြေအနေအတိုင်းပဲ စဉ်းစားပါ)
ဒါကတော့ သူလည်း အကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိတဲ့ လမ်းကိုပဲရွေးဖို့ တွေးဖို့ ဆိုလိုပါတယ်။ သူက နိုင်၊ ကိုယ်က ရှုံးလို့လည်း မဖြစ်ပါဘူး။ ကိုယ်က နိုင်၊ သူက ရှုံးဆိုရင်လည်း မမိုက်ဘူးပေါ။ သူနိုင် ကိုယ်နိုင် အခြေအနေက မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ခက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဖွဲ့တစ်ခုနဲ့ တစ်ခု ဆွေးနွေးကြတာပဲ ဖြစ်ဖြစ်၊ အဖွဲ့တစ်ခုနဲ့ တစ်ခု ညှိနှိုင်းကြတာပဲ ဖြစ်ဖြစ် နှစ်ဖက်လုံး အကျိုးရှိတဲ့ အဖြေတစ်ခုထွက် ဖို့ဆိုတာ အင်မတန် ခက်တယ်ဆိုတာ သိကြမှာ ဖြစ်ပါတယ်။ နှစ်ယောက်ပေါင်း သုံးဖွဲ့ကွဲနေတော့ ပိုဆိုးပြီပေါ့။ Brain Storming ယဉ်ကျေးမှုကို အများကြီး အလုပ်ဖြစ်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ Win-Win ဆိုတဲ့ အခြေအနေဟာ IQ တစ်ခုတည်းနဲ့ မရတော့ပါဘူး။ EI (Emotional Intelligence) လည်း မြင့်ဖို့ လိုလာပါပြီ။ SQ လို့ခေါ်တဲ့ Spiritual Quotient လည်း မြင့်ဖို့ လိုလာပါပြီ။ ဒါတွေအတွက် အထပ်ထပ် ပြောရမယ့် အချက်ကတော့ ငယ်ကတည်းက လေ့ကျင့်ရမယ် ဆိုတာပါပဲ။ ငယ်ငယ်ကတည်းက ပြောရရင် ကျောင်းကတည်းက Activities တွေမှာ လေ့ကျင့်ရမယ် ဆိုတာပါပဲ။ Think Win-Win ဆိုတာ ပူးပေါင်းဆောင်ရွက်ကြခြင်းရဲ့ လမ်းစလည်း ဖြစ်ပါတယ်။ တစ်ခုစတယ်၊ တစ်ဖက်က နိုင်တယ်၊ တစ်ဖက်က ရှုံးသွားတယ်ဆိုရင် နောက်တစ်ခါ ဘယ်ပေါင်းလို့ ရနိုင်ပါတော့မလဲ။
5. Seek First to Understand, Then to be Understood (ပထမ နားလည်အောင် ကြိုးစားပါ၊ ပြီးမှ နားလည်မှုကို ခံယူပါ)
လူတွေက နားထောင်ရမှာထက် ပြောရမှာကို ပိုအားသန်ကြပါတယ်။ သူပြောနေတာ ဘာလဲလို့ စဉ်းစားဖို့ထက် ကိုယ်ပြောချင်တာ ဘာလဲ ဆိုတာ အဓိကထား တတ်ကြပါတယ်။ ဒီတော့ လူမှုပေါင်းသင်းဆက်ဆံရေးမှာ တစ်ဖက်သတ် စီဆင်းမှုတွေ ဖြစ်လာပါတော့တယ်။ ဒီလူတစ်ယောက်က ပေါင်းသင်း ဆက်ဆံရေးကောင်းတယ်၊ လူမှုပေါင်းသင်းဆက်ဆံရေး အင်မတန်တော်တာပဲလို့ အပြောခံ၊ ချီးမွန်းခံရတဲ့သူတွေကို လေ့လာကြည့်ပါ။ အဲဒီလို လေ့လာလိုက်ရင် အဲဒီလူတွေဟာ နားထောင်တတ်တဲ့သူတွေပဲ ဖြစ်နေတာများပါတယ်။ သူများပြောတာကို ကိုယ်နဲ့ ထပ်တူခံစား နားထောင် တတ်ပါတယ်။ Sympathy (ကိုယ်ချင်းစာမှု) တင်မက၊ Empathy (ကိုယ်နှင့် ထပ်တူခံစား နားလည်မှု) စတာတွေနဲ့လည်း ပြည့်စုံကြပါတယ်။ သူတို့ဟာ သူတစ်ပါးကို အရင်နည်းလည်အောင် အရင်ကြိုးစားပြီး ကိုယ့်ကိုနားလည်လာအောင် ဆောင်ရွက်နိုင်ကြသူတွေ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတွေမှာလည်း အဲဒီ Habit က မရှိမဖြစ် အရည်အချင်းတစ်ခု အနေနဲ့ ပါဝင်ပါတယ်။
6. Synergize (ပူးပေါင်းဆောင်ရွက်ပါ)
Synergy ဆိုတာက တစ်ဦးချင်းစီ မစွမ်းဆောင်နိုင်တာကို နှစ်ဦးဒါမှမဟုတ် နှစ်ဦးထက်ပိုတဲ့ သူတွေ စုပြီး ဆောင်ရွက်ကြတာမျိုးပါ။ အကောင်းဆုံး နားလည်အောင် ပြောရရင်တော့ ပူးပေါင်းဆောင်ရွက်တာပါပဲ။ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာကို ကျွန်တော် နားလည်သလို ဥပမာ ပေးကြည့်ပါ့မယ်။ ကလေးဘဝမှ လမ်လျောက်သင်သလိုပေါ့၊ ကိုယ်ကိုယ်တိုင် မလျောက်နိုင်သေးတဲ့ အခါမှာ အဖေ၊ အမေတွေရဲ့ အကူအညီကို ယူရပါတယ်။ အဲဒီလို အခြေအနေကို dependent လို့ ခေါ်ပါတယ်။ အဲဒီလို dependent အဆင့်ကနေ ကိုယ်တိုင် လျောက်နိုင်တဲ့အဆင့်ကို သွားရပါတယ်။ Independent ဆိုတဲ့ အခြေအနေအထိပေါ့။ အဲဒီကနေ ပြေးနိုင်လွှားနိုင် အဆင့်ကို ရောက်လာပါလိမ့်မယ်။ ပြေးနိုင်တဲ့ အဆင့်ရောက်တော့ တစ်ခြားသူတွေနဲ့ ပူးပေါင်းပြီး ပြေးခုန်ပစ် ပြိုင်ပွဲလိုမျိုး ဝင်ပြိုင်ကြပါတယ်။ အဲဒီလို အခြေအနေကို Interdependent လို့ ခေါ်ပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ Interdependent ဖြစ်ပါမယ်။ အပြန်အလှန် မှီခိုနေတာမျိုး မဖြစ်စေပဲ။ အပြန်အလှန် အကျိုးပြုနေတဲ့ ပုံစံ ဖြစ်ဖို့ လိုပါတယ်။ ဒီတော့မှ “မင် ရဲ့ လမ်း” “ငါ့ရဲ့ လမ်း” ဆိုပြီး ခွဲခြားပြီး လျှောက်နေတာမျိုး မဟုတ်တော့ပဲ အကောင်းဆုံးလမ်း၊ အမြင့်ဆုံးလမ်းကို အတူတူလျှောက်ကြတာမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။ Synergy က လူငယ်တွေရဲ့ မတူညီတဲ့ အားသာချက်တွေကို ပေါင်းစပ်ပေးနိုင်ပါတယ်။ အခြားသူတွေကိုလည်း ဝမ်းမြောက်၊ ဝမ်းသာ လက်ခံတတ်လာစေပါတယ်။
7. Sharpen the Saw (ပြန်သွေးပါ)
ဒါကတော့ အမြဲတမ်း သစ်နေစေဖို့ ဖြစ်ပါတယ်။ လွှကို အမြဲတမ်းသွေးပေးမှ ကိုယ်လိုရာကို ကောင်းကောင်း ဖြတ်နိုင်သလို ကိုယ့်ကိုယ်ကို အမြဲတမ်း သွေးနေမှ အဆင်ပြေပါလိမ့်မယ်။ အဲဒီလို ပြန်သွေးတယ်ဆိုတဲ့ နေရာမှာ ကိုယ်ကိုယ်ကို ပြန်သတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။ ကိုယ်ကိုယ်ကို ပြန်သတယ်ဆိုတာ မိတ်ကပ်လိမ်းခိုင်းတာ မဟုတ်ဘူးနော်။ ကျမ်းမာရေးကောင်အောင်၊ ပျော်ရွှင် စိတ်ချမ်းမြေ့စွာနေနိုင်အောင်၊ နောင်ရှေ့ဆက်ရမယ့် လမ်းအတွက် အားအင်တွေ ခွန်အားတွေ ဖြစ်အောင် တည်ဆောက်ဖို့ ဖြစ်ပါတယ်။ Body၊ Brain၊ Heart နဲ့ Soul တို့ကို အားသစ်လောင်း၊ မာန်သစ်လောင်းဖို့ပါ။
ဒါကတော့ စာအုပ်အညွှန်မျှသာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဆရာကျော်ဝင်း ဘာသာပြန်ထားတဲ့ နှစ်ဆယ့်တစ် ရာစု သားရွှေဥကို ဖတ်တာပဲ ဖြစ်ဖြစ်၊ 7 Habits ဆိုတဲ့ စာအုပ်ကို တိုက်ရိုက်ဖတ်တာပဲ ဖြစ်ဖြစ် ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ Team Building ရဲ့ အခြေခံကျတဲ့ စာအုပ် တစ်အုပ် ဖြစ်တာနဲ့အညီ အရင်ဆုံး ညွှန်းလိုက်ရခြင်း ဖြစ်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ …

6 comments

  • meelay

    May 11, 2011 at 10:17 am

    အခုလို ညွှန်ပေးတဲ့အတွက် ကျေးဇူးပါ ….

  • king

    May 11, 2011 at 11:22 am

    အားသေးလို့ အကုန်မဖတ်ရသေးဘူး
    နောက်ပြန်လာပြီးဖတ်မယ်ဗျ
    ဒိပို့စ်မျိုုးတွေကိုလည်း စိတ်ဝင်စားပါတယ်

  • xman

    May 11, 2011 at 11:43 am

    ရှာဖတ်ရသေးတာပေါ့။ ကျေးဇူးပဲနော်။ နောက်မှပြန်ဆွေးနွေးမယ်။

  • mandalarthu

    May 11, 2011 at 4:09 pm

    Thanks for sharing such good book.I have read it before,but i didn’t get all ideas,, but now i get some new ideas form yr blog.So great article for all youths and adults.

  • Mee2

    May 11, 2011 at 4:33 pm

    ဟုတ်ကဲ့ပါရှင် ကျေးဇူးများကြီးတင်ပါတယ် ကိုနို ့ကို။ခုလိုစာအုပ်ကောင်းလေးကိုညွှန်းပေးလို ့ပါ။

  • phyoshein

    May 13, 2011 at 7:37 pm

    ဟုတ်တယ်ဗျို့…
    ကျုပ်လည်း သိပ်ကြိုက်ဗျာ…
    ဖတ်တယ်..မှတ်တယ်..
    လိုက်နာဖို့ကြိုးစားတယ်…

Leave a Reply