စပ်မိ စပ်ရာ (၄)
တစ်ခါက ဦးလေးတစ်ယောက် ပြောပြတာနဲ့ ပတ်သက်ပြီး တွေးမိတာကို ပြောပြချင်တယ်။
သူက စာအုပ်ထုတ်ဝေရေး လုပ်ငန်းလုပ်တယ်။ တစ်ခါကတဲ့ စာပေစိစစ်ရေးကနေ ဘာသာပြန်စာအုပ်တွေ မထုတ်ဖို့ ကိစ္စဆွေးနွေးကြတယ်တဲ့။
အဲဒီမှာ တရုတ်သိုင်းဝတ္ထု ဘာသာပြန် ထုတ်ဝေသူတွေက ပြောကြတယ်တဲ့။ တရုတ်သိုင်းဝတ္ထုမှာ ညစ်ညမ်းတာ၊ ကလေးတွေ အတုယူမှားစရာ ဘာမှမပါဘူးတဲ့။
ဂျိမ်းစ်ဘွန်းကမှ သေနတ်ပစ်ခန်းတွေ ပါသေးတယ်။ တရုတ်သိုင်းဝတ္ထုမှာ မင်းသားက သူများကို ကယ်ဖို့ဘဲ ကြိုးစားနေတာ။ နောက်ပြီး မင်းသားနဲ့မင်းသမီး
နှစ်ယောက်ထဲရှိရင်လဲ မင်းသားက စိတ်ကို မနည်းချုပ်တည်း ထားရတာတို့၊ အခြားသူတွေက “နင်တို့နှစ်ယောက်ထဲ ဘာလုပ်တယ်။ ဘာဖြစ်တယ်” ဆိုတဲ့
နမိတ်ပြ စကားတွေလဲ မပါဘူး။ ဒါကတရုတ်ရိုးရာဘဲ။ တရုတ်မှာက ယောကျာင်္းနဲ့မိန်းကလေး အတူတွဲသွားတာ၊ ပေါင်းသင်းခင်မင်တာကို မိဘတွေကလည်း
ဘာမှမပြောဘူး။ အချိန်တန်ရင် မိဘပေးစားတာယူတာဘဲ။ ဒါကြောင့် တရုတ်ဂန္တဝင် သိုင်းဝတ္ထု ဘာသာပြန်တွေကို မပိတ်ဖို့ ပြောတယ်တဲ့။
သူကပြောသေးတယ်။ အဲ့ဒါက အရင်တုန်းက ဘာသာပြန်ကို ပြောတာတဲ့။ အခုထွက်နေတာက မြန်မာဖြစ် တရုတ်သိုင်းဝတ္ထုတွေ များတယ်တဲ့။
ဒီမှာကျွန်တော်တွေးမိတာက အခုတစ်လော စာပေလွတ်လပ်ခွင့်တွေ အရမ်းပြောနေတာ တွေ့နေရတယ်။
စာပေလွတ်လပ်ခွင့် ရချင်ရင် ကိုယ်ထုတ်တဲ့ စာအုပ်၊ စာစောင် တွေကိုလည်း တာဝန်ယူရမယ်လို့ မြင်တယ်။ အခုတွေ့နေရတာက သတင်းဂျာနယ်တွေမှာ
အခုအပတ်ထုတ်ပြီး နောက်အပတ်မှာ အမှားပြင်ဆင်ချက် ဆိုပြီးပါလာတယ်။ တစ်ချို့အမှားတွေက ကာယကံရှင်မှာ နစ်နာမှုတွေ ဖြစ်စေတယ်။ သူတို့အတွက်က
အမှားပြင်တယ်၊တောင်းပန်တယ်ဆိုပြီး နောက်တစ်ပတ်စာစောင်မှာ အဲဒီအတွက် နေရာပေးလိုက်ရတော့ နေရာပိုတောင် ထွက်သွားသေးတယ်။
လွတ်လပ်ခွင့်က ကိုယ့်နိူင်ငံ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်းကျေးမှု့ကို ကြည့်သင့်တယ်လို့ ထင်တယ်။
အခု အနုပညာရှင်တွေလည်း ဆင်ဆာကိစ္စ အတော်များများ ပြောနေတာတွေ့ရတယ်။
ယောကျာင်္းလေး အပေါင်းအသင်းတွေစုံရင် ညဖက်အရက်ဆိုင် ဘီယာဆိုင်သွားတာကို ဇာတ်လမ်းအရ ထည့်တာကိုတော့ ဘာမှ မပြောလိုပါဘူး။
ဒါပေမယ့် မိန်းကလေး ဘီယာ၊ အရက်၊ ဆေးလိပ်သောက်တာ သမီးရည်စား လင်မယားချင်း လူမြင်ကွင်းမှာ နမ်းတာမျိုးတွေက မြန်မာနိုင်ငံအနေနဲ့ မသင့်တော်
သေးဘူးလို့ထင်တယ်။ အခုတောင် အချို့အနုပညာရှင်တွေ တရားဝင်မဟုတ် ဖက်ရှင်ရှိုးတွေ၊ စတိတ်ရှိုးတွေမှာ ဝတ်တာတွေက မြန်မာမိသားစုတွေ
အတူမကြည့်ရဲတာတွေ တွေ့ရတယ်။ အိနိ္ဒယမှာ တစ်ခါဖြစ်ဘူးတယ်။ ရုပ်ရှင်ထဲမှာ မင်းသားနဲ့မင်းသမီး နမ်းတဲ့အခန်းကို ပရိတ်သတ်က မကြိုက်လို့
တရားရုံးရောက်တယ်လို့ ဖတ်ရဘူးတယ်။
တစ်ချို့နိုင်ငံအတွက် လူမြင်ကွင်းမှာ နမ်းတာဟာ ပြဿနာမရှိပေမယ့် တစ်ချို့နိုင်ငံ ယဉ်ကျေးမှု့အရ မသင့်တော်သေးတာတွေ ရှိနေပါသေးတယ်။
ဒါကြောင့် ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှု့နဲ့လိုက်ဖက်တဲ့ လွတ်လပ်ခွင့်ရသင့်သလို တာဝန်ယူမှု့လည်း ရှိရမယ်လို့ ထင်ပါတယ်။
4 comments
weiwei
May 12, 2011 at 4:52 am
ယိုသူမရှက် မြင်သူရှက် …
naywoonni
May 12, 2011 at 7:28 am
ဟုတ်တာပေါ့ လွတ်လပ်ခွင့်လိုချင်ရင် တာဝန်ယူမှု ဆိုတာတော့ရှိရမှာပေါ့…..။ တာဝန်ယူနိုင်တာကိုပဲ ရေးကြ လုပ်ကြလေ…။ ဒီလိုစည်းကမ်းရှိမယ်ဆိုရင်…………… ဒါပေမဲ့ နေဝန်းနီတို့တော့ သိပ်တော့ မထင်ပါဘူး…..။ အဲဒီလိုဖြစ်လာလိမ်မယ်လို့
ဆူး
May 12, 2011 at 1:11 pm
အရင်က မြန်မာ့ ရုပ်မြင်သံကြားက ယဉ်ကျေးမှု အထိန်းဆုံး.. အခုတော့ အမ်အာတီဗွီ 4 ဆိုပြီး ပေါ်လာတာ… မော်ဒယ်တွေ ခေတ်လွန်တာတွေလည်း အစီအစဉ်နဲ့ ပြပေးတယ်။ တောက လူတွေ မျက်စိယဉ်သွားရင် နောက် လိုက်လုပ်နိုင်အောင် သေချာ လုပ်ပေးတယ်။
unclegyi1974
May 12, 2011 at 4:18 pm
ဘယ်လိုကိုယ်တိုင်တာဝန်ယူတယ်ပြောပြော
သက်ဆို်င်ရာဝန်ကြီဌါနကစောင့်ကြည့်ထိမ်းသိမ်း
မှဖြစ်မှာပါ နောက်မို့
အကွပ်မရှိတဲ့ကြမ်းလိုဖြစ်ကုန်မှာပေါ့
သူကြီးပြောပြနေတဲ့အမေရိကန်ထက်
မသာရင်ကြိုက်သလိုပြော