Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စမ်းသပ်ချက်အမှတ်စဉ်-တစ်

“ စမ်းသပ်ချက်အမှတ်စဉ်-တစ်”

ဟောဟိုမှာ တံခါးလေးခပ်ဟဟ
ခဏတော့ဖွင့်ထားတယ်။
အထဲမှာ ဘာရှိလဲ မသိဘဲ
အပြင်က ဆဲ နေမယ့်အစား
လာပါကွာ ! ခဏလောက်တော့ဝင်ကြည့်ကြရအောင်။
အရင်တစ်ခါ ဝင်ကြည့်ဘူးတာနဲ့
အခုဝင်ကြည့်ရတာ
တူချင်လဲတူမယ် တူချင်မှလဲတူမယ်
ဝင်ကြည့်တယ်ဆိုမှ
ဘာတွေကွာသလဲဆိုတာ လက်တွေ့သိမယ်။
မတူတာတွေတူအောင်ညှိလို့ရရင်
ဖြစ်ချင်တာတွေဖြစ်ခွင့်ရရင်
ရှေ့ဆက်လို့သွားဘို့အဆင်သင့်ပေါ့ကွာ။
မတူရင်ဖြစ်ဖြစ်
ညှိမရရင်ဖြစ်ဖြစ်
ဖြစ်ချင်တာဖြစ်ခွင့်မရရင်ဖြစ်ဖြစ်
ဆက်မသွားဘဲနောက်လှည့်
အသာလေးပဲပြန်ထွက်ကြတာပေါ့။
ပြန်ထွက်မရအောင်ပိတ်တော့လဲ
မင်းတို့ငါတို့အားနဲ့ ကြိုးစားလို့ဖောက်
ကြောက်စရာမရှိပါဘူး။
ကဲ! လာပါကွာ……………..
ဟောဟိုမှာ တံခါးလေးဟထားတယ်၊
အပြင်ကဆဲနေမယ့်အစား
ဘာရှိသလဲသိရအောင်
ခဏလောက်တော့ ဝင်ကြည့်ကြရအောင်။

ကိုပေါက်လက်ဆောင် အတွေးကန့်လန့်လေး
(16-5-2011)

12 comments

  • ဆူး

    May 16, 2011 at 3:50 pm

    အပြင်က မဆဲပဲ အထဲဝင်ကြည့်တော့.. နတ်ဘုံ နတ် နန်းနဲ့ နတ်စည်းစိမ် ကို ရသွားလေသတည်း။

  • kopauk mandalay

    May 16, 2011 at 3:56 pm

    ဒါဆိုတော်သေးတာပေါ့ ဆမူးမူးရေ
    တော်ကြာ ငရဲခန်းနဲ့မှားဝင်မှဖြင့်

  • weiwei

    May 16, 2011 at 3:59 pm

    ခေါင်းစဉ်နဲ့ စာသားနဲ့ မဆက်စပ်မိသေးဘူး …
    စမ်းသပ်ချက် အမှတ်စဉ်တွေ အများကြီး လာအုန်းမှာလား … 🙂

  • ဆူး

    May 16, 2011 at 4:01 pm

    သူတော်ကောင်းတွေ ငရဲခန်း နဲ့ ဘယ်တော့မှ မမှားဘူး။ ငရဲခန်းဖြစ်ရင်တောင်မှ ယမမင်းပဲ လုပ်မယ်။ အဟီးးး

  • တညင်သား

    May 16, 2011 at 4:05 pm

    အပြင်ကတော့ မဆဲဘူး ..အထဲကိုလဲရောက်နေတယ်… ဘာမှလဲမတွေ့ဘူး ..ဘာမှလဲမရှိဘူး..ငုတ်တုပ်ကြီးတွေ့တယ် သူကြီး .မဟုတ်ပေါင် သရဲ..:)

    • kai

      May 16, 2011 at 7:18 pm

      သူကြီးရှေ ့မှာ ခွက်တလုံးထား..
      ဝင်လာတဲ့သူတွေကို ၂ခွန်းပဲပြောမယ်..။
      များများထည့်… နတ်ပြည်သွား..
      မထည့်သူ..ငရဲပြည်သွား…။

      ဆဲဝင်လာတဲ့သူ
      သူတော်ကောင်းပစ်မှား .. ငရဲရောက်မယ်..။

      ငါသူကြီး..သူတော်ကောင်း..။
      ဘယ်သူမှ မပြော..ငါပြောတဲ့… ငါသူတော်ကောင်း..
      ငှဲကလောင်း…ငှဲလချောင်း…။ ။

  • naywoonni

    May 16, 2011 at 4:08 pm

    အဲဒါ စမ်းသပ်ရမဲ့ ကိစ္စ မဟုတ်ဘူးတဲ့တူတယ်ဗျီု့ တစ်ကယ်လက်တွေ့ ကျင့်သုံးရမဲ့ ကိစ္စဗျ နဲနဲလောက်ကွဲလွဲကြည့်တာနော် ဘုကန့်လန့်ပြောတာမဟုတ်ဘူး

  • phyoshein

    May 16, 2011 at 5:43 pm

    ကိုပေါက်ရေ..
    အဲဒီ အတွေးလေး အရမ်းကြိုက်ပါတယ်..
    ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေလိုပါပဲ..
    အပြင်က ဆဲနေမယ့်အစား အထဲဝင်ကြည့်တာ ပိုကောင်းပါတယ်..
    စစ်ထဲဝင်ဖို့မဟုတ်ဘူးနော်… လွှတ်တော်ထဲ ဝင်ဖို့…. ဟုတ်တယ်ဟုတ်..
    အခက်အခဲတွေတော့ရှိမှာပါ… မတူတာတွေလည်း ရှိမှာပါ…
    မျှော်လင့်ထားသလို မဟုတ်တော့လည်း ကြိုးစားပြီးဖောက်ထွက်ကြတာပေါ့…
    ကိုပေါက်က စပြီး စမ်းသပ်နေပြီလား…
    နောက်ထပ် စမ်းသပ်ချက်တွေလည်း လုပ်ပါဦး… ပေါက်မကွဲဘူးဆိုရင်… လုပ်ကူမယ်..
    တူတာတွေလည်း ရှိမှာပါ….

  • sayargyi

    May 17, 2011 at 3:50 am

    ဝင်တော့ဝင်ချင်သား ဆန်ဆေးရည်အိုးကြီးဖြစ်နေရင်ဒုက္ခ…

  • unclegyi1974

    May 17, 2011 at 3:19 pm

    ကြွက်ကလေးကဖွင့်ထားတဲ့အပေါက်ကချောင်းကြည့်
    လိုက်တာစားဖို့အစာကလည်းအဆင်သင့်
    ဒါနဲ့အသာလေးဝင်ကြည့်လိုက်တာ…..

  • nature

    May 17, 2011 at 6:49 pm

    ခဏတော့ဝင်ကြည့်နော်၊မကြာစေနဲ့၊ ၁နာရီကျော်ရင် အချိန်ပိုခပေးရမယ်။

  • researcher

    May 20, 2011 at 3:47 am

    ကိုပေါက်ရေးလိုက်တဲ့ idea ကောင်းတယ်။

Leave a Reply