နတ်ရှင်နောင်ရဲ့ ငှက်သွင်ပျံကြွမတတ်သောဝ်…… ….(ရှေးကဗျာများ ပြန်လည်ဖော်ထုတ်ခြင်း)

အင်းဝခေတ်လောက်မှာ ” နဝဒေး” ဆိုတဲ့စာဆိုစစ်သည်နောက် ပေါ်ပေါက်ခဲ့ပြီးတဲနောက်မှာ ရတုဘုရင်ရယ်လို့
အလွန်တရာမှ နာမည်ကျော်ခဲ့တဲ့စာဆိုကတော့
တောင်ငူဘုရင် “နတ်ရှင်နောင်”ပါဘဲ။
သူ့ကို အနုပညာနယ်ပယ်က” ရတုဘုရင်”လို့လဲ အမည်ပေးထားကြပါတယ်။
သူရေးဖွဲ့ ခဲ့တဲ့ ရတုပေါင်းမြောက်မြားစွာကတော့ အလွမ်းဘက်နွယ်ပါတယ်။
အဲဒီအချိန်က အမြဲလိုလို နယ်မြေလုပွဲစစ်ပွဲတွေကို ဆင်နွဲနေကြရတော့ သူတို့ရေးဖွဲ့တဲ့
စာတွေကလဲ စစ်အရိပ်အငွေ့တွေနဲ့ ရက်ယှယ်ထားတဲ့ အလွမ်း တွေနဲ့ဝေနေပါတယ်။
နတ်ရှင်နောင် ကတော့ စာပေကဗျာဘက်မှာ နာမည်ကောင်းနဲ့ကျော်ကြားပေမယ့် သူ့ရဲ့လူမူ့ရေးဘဝမှာတော့ သေရည်သေရက်နွံမှာနစ်ခဲ့သူဖြစ်တဲ့အတွက်
နာမည်ပျက်နဲ့ကျော်ကြားရသူလည်းဖြစ်ပါတယ်။
ပေါ်တီဂီလူမျုးိ ဒီဘရစ်တို(ခ)ငဇင်ကာနဲ့ပေါင်းဖက်မိတဲ့အတွက် သမိုင်းစာမျက်နှာထက်မှာ နာမည်ပျက်ခဲ့ရပါတယ်။
ဒါက တော့ သူ့ရဲ့လူမူ့ဘဝပါ။
အနုပညာစံနဲ့တိုင်းတာရင်တော့ အလွန်တရာမှလှပသော စာလုံးများ နဲ့ရေးဖွဲ့ထားပြီ ရွတ်ဆို၍ကောင်းသော
အသံသာသော ရတုများရဲ့ မွေးသဖခင်အဖြစ် စံထားစရာ အမွေအနှစ်တွေလေးစားစရာအဖြစ်ချန်ထားရစ်သူပါ။
ကျွန်တော် အနီးမှာရှိတဲ့ ဆရာမြကေတု ပြုစုထားတဲ့ ကဗျာ့ယဉ်စာယဉ်လက်ရွေးစင်မှာပါတဲ့ နတ်ရှင်နောင်ရဲ့ ကဗျာနှစ်ပုဒ်ကို ပြန်လည်ကူးယူဖော်ထုတ်ပေးလိုက်ပါတယ်။
ဖတ်ဘူးသူများ ထပ်ဖတ်ရအောင်……………
နည်းနည်းတော့ ကြားဘူးတယ် ဆိုတဲ့ အားလုံးမဖတ်ဘူးသူများအတွက်ရယ်
လုံးဝကု ိ မဖတ်ဘူးသူများအတွက်ရယ် ရည်ရွယ်လို့ ပြန်တင်ပေးလိုက်ရပါတယ်။

“တိမ်စွန်လေလျှင်ဖူးရောက်ချင်”
ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်၊
ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်းဆင်လို၊
တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ၊
စိမ်းဝါ မိုးပန်း ထွေထွေစွန်းက၊
ရေသွန်းသာကြည် ပျော်ရမည်ဟု၊
ပျော်ရမည်ကို မြရည်သက်မှတ်၊
ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ် ဖြူဝင်းမွတ်လျှင်၊
ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့၊
ဆင့်လောင်းလွှမ်းဝှန် ရှိလိမ့်ဟန်ကို၊
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊
ငှက်သွင်ပျံကြွ မတတ်သောဝ်……………..။

မျှော်ချေကလျှင် ကာလအလျှောက်၊
ပိတောက်လျှံခဲ ပုလဲသွယ်ငုံသွယ်၊
အလှယ်လှယ်တိ စပယ်ဖြူမွှေး စကားသေးကို၊
မြတ်လေးစုံမက် ကျွန်ုပ်လက်ဖြင့်၊
ရွေးလျက်ရွရွ မဆင်ရတည့်၊
ကာလသို့အောင် ရည်စောင်ပန်းမာလ်၊
မမီလွန်က ချိန်တန်သို့တည်၊
ပြန်မည်လေသာ မရောက်လှာဟု၊
ကြံကာခွေ၍ နေလိမ့်မည်ကို၊
ရှိသည်မှု့ရန် မင်းရေးဝန်ကြောင့်၊
လျှောက်ပန်စေ့ရေ မချေရသော်၊
ပြိုက်ကျသွယ်ဖြည်း နှင်းလက်သည်း၍၊
ဝမ်းနည်းလျှက်ပင် ပျောင်းလိမ့်ထင်သည်၊
ညက်စင်စံမြ အထွတ်သောဝ်………………….။

ဖျော်ဖြေမှလျှင် ယုယသံချို ၊
ပြေလိုစိမ့်သား ကျူးပိုက်ဖြား၍၊
ချီသွား မူးမူး ရှေ့ရက်ဦးက၊
မကျုးထင်ထင် ကဆုန်တွင်ကို၊
ကျိုင်းစင်မြခဲ စစ်ပွဲရန်နှည်၊
နုှတ်ခြည်ပေါ်သာ ဆိုလေရှာကြောင့်၊
မလ္လာရနံ့ ထုံပျံ့ပန်းသက်၊
ခြူးနတ်ဆင့်ကုံး စိန်ပွင့်အုံးဝယ်၊
ပင်ရုံးရွရွ လက်သင်မ၍
သက်မျှငယ်ချစ် ပျောင်းလိမ့်ဖြစ်ကို၊
စီစစ်မိမိ သတိချုပ်ဆည်၊
ပြေမည်မျှဝေး ချစ်ဝန်လေးခဲ့ ၊
ရေးရေးဖူးချင် မယ်သို့လျင်သည်၊
စက်ရှင်လျှံမျှ ရဟတ်သောဝ်…………………။
တောင်ငူဘုရင် နတ်ရှင်နောင်စစ်ချီအလွမ်းရတု
သက္ကရာဇ် (972)

ဒီကဗျာလေးရဲ့ ဆိုလိုရင်းကို အလွယ်ပြောရမယ်ဆိုရင်ဖြင့်
တပေါင်းတန်ခူး မိုးသားကျူးဆိုတဲ့ အချိန်လေးမှာ ပါတ်ဝန်းကျင်ရာသီဥတုက
လျှပ်ပြက်လိုက်မိုးချိန်းလိုက်နဲ့ ရှိနေချိန်မှာ ချစ်သူထံပါးကို ငှက်ကလေးအသွင်ပြောင်းလို့ရောက်သွားချင်ကြောင်း၊
အချိန်ကာလအလျှောက်ပွင့်တဲ့ ပိတောက်ပန်း စံပယ်ပန်း မြတ်လေးပန်းတွေကို
ချစ်သူကို ကိုယ်တိုင်ပန်ဆင်ပေးချင်ပေမယ့်လဲ တိုင်းရေးပြည်ရေးကြောင့်ဝေးနေချိန်မှာ
ချစ်သူလဲ လွမ်းနေမယ်ဆိုတာကို ဖွဲ့ဆိုထားတာပါ၊
ဒီကဗျာလေးကို အခြေပြုလို့ မန်းလေးက ဆရာမြို့မငြိမ်းက “နတ်ရှင်နောင်”ဆိုတဲ့အမည်နဲ့
သီချင်းရေးစပ်လို့ အဆိုတော်ကြီး “ပြည်လှဖေ”ကသီဆိုရာမှာ
ဒီရတုရဲ့ ပထမအပိုဒ်ကို မူရင်းအတိုင်းသီဆိုခဲ့ပါတယ်။
အင်မတန်မှနားထောင်ကောင်းသောသီချင်းတပုဒ်ဖြစ်ခဲ့ပါတယ်။
မြန်မာသီချင်းလောက မှာ ပုံစံအသစ်နဲ့တီထွင်စပ်ဆိုသူ
ဂီတနက်သန် ကိုစောညိမ်းကလည်း နတ်ရှင်နောင်ကို ဂုဏ်ပြုတဲ့သီချင်းကို
နတ်ရှင်နောင်ရဲ့စာသားတွေကို အသုံးပြုလို့ “နွေနှောင်းရက်ကျန်”ဆိုတဲ့သီချင်းစပ်ဆိုခဲ့ပါတယ်။
ဒီသီချင်းကို အဲဒီတုန်းက ဆရာဦးသုခ သီဆိုတယ်လို့ မှတ်သားခဲ့ဘူးပါတယ်။
စာဆိုတော်နေ့ဂုဏ်ပြုတဲ့ပြဇာတ်တစ်ခုရဲ့ ဇာတ်ဝင်တေးလို့လဲသိခဲ့ရပါတယ်။
အစောပိုင်းတွေမှာ ဒီသီချင်း ကိုစောညိမ်းရဲ့သီချင်းလို့ သိထားကြပါတယ်။
နောက်ပိုင်းမှာတော့ ဒီ နွေနှောင်းရက်ကျန်သီချင်း စာသားကို ဒဂုန်တာရာကရေးတယ် ကိုစောညိမ်းကသံစဉ်ရှာတယ်ဆိုတဲ့ အစလေးထွက်လာပေမယ့် ခက်တာက အခုချိန်ထိ အဖြေမသိသေး မရေရာသေးတဲ့ကိစ္စလိုဖြစ်နေပါတယ်။
ဆရာဒဂုန်တာရာ သက်ရှိထင်ရှားရှိနေတုန်း ဒီကိစ္စလေး အဆုံးသတ်ခဲ့ရင်ကောင်းမယ်ထင်ပါတယ်။

“လှထွတ်ခေါင်”
တင့်လှပေဟန် ဘက်မရန်တည့်၊
ခြောက်တန်နတ်ရွာ ဘုံကလာသို့၊
ပြာပြာလတ်လတ် မွတ်မွတ်ညက်ညက်၊
ရွှန်းစက်စက်မျှ ဝင်းလက်ရောင်ရွှေ၊
အခေါင်ပေတည့် တောင်နေနတ်ဟန်၊
မြတ်သစ်ကြန်နှင့် ပန်းမာလ်ရေးချေ၊
ထုံးနေမကြော့ ပတ်လျော့ဆံကြာ၊
ကျတိုင်းသာလျှင် ရွှေဝါပိတ်ရှင်း၊
ထည်ချင်းစပယ် နံ့ကြွယ်လှိုင်ကြူ၊
မဉ္စူမျက်မည်း ပေါ်ထပ်စည်းနှင့်၊
မရည်းမထင် ဖြုတ်ချည်းမြင်က၊
နတ်ပင်ယိုးမှား ဝိုးဝါးတွေးချွတ်၊
စိတ်လုံးညွှတ်လည်
ဘုံထွတ်နန်းတောင်နေတို့လော…………….။

ရင့်မျှရွှေကျန် ရွက်မပွန်တည့်၊
ဝါကြန်နီမောင်း ပင်တိုင်းပြောင်းက၊
သက်ပေါင်းထင်ယုံ လှနိတုံလည်း၊
ပန်းစုံရောယှက် ထုံးမြရွက်နှင့်၊
လိုက်ဘက်တင့်မှတ် ကိုယ်ဝတ်တော်မှာ၊
မလ္လာရနံ့ မွှေးပျံ့ ကြိုင်ရွှင်း၊
ပယင်းရောင်ခြည် ပွတ်လဲ့ကြည်သို့၊
မြရည်ကြေ ာစိမ်း လဲ့လဲ့ရှိန်းမြ၊
ခပ်သိမ်းကလျာ ရှု့ဖွယ်သာလျှင်၊
သိင်္ဂါလျှံတောက် လက်ကောက်လက်ကြပ်၊
ရည်လျှပ် ဆံကျင် မျှှမဆင်လည်း၊
တိုင်းပင်တင့်မှတ် လှခေါင်ထွတ်သည်၊
ကြာနတ်တန်းဆောင်ပေတို့လော………………….။

ဆင့်ချစွေသွန် ရက်မချန်တည့်၊
ယုဂန်အလုံး မြရည်ဖုံးသား၊
လှဆုံးတင့်နေ ထုံးသရေလည်း၊
ထွေထွေကြည့်တိုင်း ပြစ်မျိုးရိုင်းသည်၊
စံခိုင်းလှော်သစ် ရွှေနှယ်နှစ်မျှ၊
တင်ပြစ်မစက် လဲ့လဲ့ညက်သား၊
ထက်နတ်ဘုံနေ ခုသာကြွေသု့ိ၊
ထင်ချေရှု့မြော် အကျော်ပျံ့မွှန်း၊
ဝင်းငြိမ့်ရွှန်းကို တောင်နန်းနေလော၊
နတ်ပေလောဟု တွေးတောချေမိ၊
ထပ်မသိခဲ့ ထင်မိဖြုတ်ချည်း၊
မြော်ကတည်းက အူသည်းစုညွှတ်၊
သက်လုံးပြတ်သည်
လျှံပတ်ထွန်းရောင် ဝေတုို့လော……………..။
တောင်ငူဘုရင်နတ်ရှင်နောင်
ရူပကလျာဘွဲ့။
ဒီကဗျာလေးကတော့ အလှဘွဲ့သက်သက်ဖြစ်ပါတယ်။
ဒီကဗျာလေးမှာ ပါတဲ့စာသားတွေကိုဖတ်ရင် ရှေးက မိန်းမသားတွေရဲ့ဝတ်စားဆင်ယင်ပုံကိုပါ
သိရမှာဖြစ်ပါတယ်။

ရှေးကဗျာများကို ပြန်လည်ဖော်ထုတ်ခြင်း(နတ်ရှင်နောင်)

21 comments

  • MaMa

    May 23, 2011 at 2:08 am

    တင့်လှပေဟန် ဆိုပြီး ရုပ်ရှင်တောင် ရိုက်သေးတယ်လေ။ စာလုံးလေးတွေက အရမ်းနုရွနေတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ ကဗျာကို ဘာသာပြန်ပေးဖို့ လိုလာပြီထင်တယ်။ ကောင်းကောင်းနားမလည်ဘူး။

  • weiwei

    May 23, 2011 at 2:31 am

    ယုံသော်ရှိ မယုံသော်ရှိ …
    နတ်သျှင်နောင် အခုထိ မကျွတ်သေးပဲ သန်လျင်မှာ ရှိနေတယ်တဲ့ … 🙂

  • kopauk mandalay

    May 23, 2011 at 5:51 am

    ဝေမမ သတင်းမှန်မမှန် တညင်သားကို အတည်ပြုခိုင်းရမယ်။
    မမ ရေ ကဗျာကိုတော့ ဘာသာမပြန်ပါရစေနဲ့ စကားလုံး အယူအဆမတူတာတွေ ဖြစ်ကုန်မှာစိုးလို့ပါ။

  • ဆူး

    May 23, 2011 at 10:40 am

    တညင်သား ကို အတည်ပြုခိုင်းရမှာ မဟုတ်ဘူး။ အဲဒီ သတင်းက ဆူး သယ်လာတာ…
    လွန်ခဲ့တဲ့ ၂နှစ်ဝန်းကျင်လောက်က ရဟနာ္တသိမ်ကို သွားလည်ခဲ့ဖူးတယ် သိမ်ဘေးမှာ ဘုန်းကြီးကျောင်းရှိပါတယ်။ အဲဒီကျောင်းကို ဘုန်းကြီး တပါးနဲ့ အတူ ရောက်သွားတာပါ။ အဲဒီ ကျောင်း အရမ်း သရဲခြောက်ပြီး ကြမ်းတယ်လို့ နာမည်ကြီးတာလည်း ကြားဖူးထားတော့ ထိုကျောင်းကိုရောက်တော့ စပ်စုချင်စိတ်နဲ့ ဟိုမေး ဒီမေး မေးတော့.. ကျောင်းထိုင် ဆရာတော် က ပြောပြတာပါ။ ကျောင်းထိုင် ဆရာတော်က အသက် ၆ဝ ဝန်းကျင် ရှိမယ်။ ထိုနေ့က ရုပ်ရှင် ရိုက်ကွင်း တခုရှိနေတာ တွေ့မိတယ်။ ဘုန်းကြီးကျောင်းရဲ့ ပုံစံက ရှေးသိပ်ကျလွန်းတဲ့ အတွက် ရုပ်ရှင် ရိုက်ကွင်း လုပ်ဖို့ အကူအညီ တောင်းလို့ ခဏခဏ ရိုက်ကွင်း လုပ်တယ်လို့ ကြားမိတယ် ရိုက်နေတာလည်း မြင်ခဲ့တယ်။ ကျောင်းထိုင် ဆရာတော်ကြီးကို မေးတော့ သိမ်ထဲမှာတင် ခြောက်တာ မဟုတ်ဘူး ဦးဇင်း ကျောင်းလည်း ခြောက်တယ်တဲ့.. မျက်မြင်အနေနဲ့ ကျောင်းပုံစံ ပြောရရင်တော့ လှေကားကလည်း ရှေးပုံစံမျိုးနဲ့ ကျောင်း အပေါ်မှာလည်း သစ်သား ပန်းပုတွေ ထွင်းထားတဲ့ ဘီဒိုတွေ မှန်တင်ခုံတွေ သေတ္တာတွေ ရှိတယ် ကျောင်းကလည်း သစ်သားကျောင်း.. ပြောသာ ပြောတာ လမ်းလျှောက်ရင် ကျောင်းက ကြမ်းခင်းထားတော့ လှုပ်နေသလိုပဲ.. စသဖြင့်ပေါ့.. ဘုန်းကြီး ဆက်ပြောတာကတော့.. ညည ဆို ဒီနေရာ (ဧည့်ခန်းလို နေရာ) မှာ ဘယ်သူမှ မအိပ်ရဲဘူး။ တနေ့တော့ ဦးဇင်း ဆီးသွားချင်လို့ ထ ပြီး ဖြတ်သွားတော့ လူတယောက် ခေါက်တုန့် ခေါက်ပြန် လျောက်နေတာ တွေ့လို့.. ဟေ့ ဘယ်သူလဲ လှမ်းမေးလိုက်တယ်။ သူက လက်အုပ်လေး ချီပြီး နတ်ရှင်နောင်ပါတဲ့.. ဟေ ဆိုပြီး အံဩသွားတော့.. သူ ဒီမှာ ရှိနေတာ နှစ်ပေါင်း မနည်းတော့ပါဘူး ပြောတယ်။ ဦးဇင်း လည်း မယုံ တဝက်နဲ့ ပေါက်ကရ မပြောနဲ့ လို့ ပြောလိုက်တယ် ပြောသာ ပြောရတယ် သူဝတ်ထားတာ နန်းဝတ် နန်းစားလိုလို နဲ့ စမတ်တော့ကျတယ် ဒီခေတ်လူတွေ ဝတ်တဲ့ အဝတ်အစားမဟုတ်ဘူး။ လက်အုပ်ချီပြီး ပြန်ပြောတယ်.. ဒီကျွှန်းသေတ္တာကြီးထဲမှာ အရိုးထုတ် ရှိနေလို့ ဒီရောက်နေတာပါ ပြောတယ် ပြီးတော့ ပျောက်သွားတာနဲ့ ဦးဇင်းလည်း စိတ်ထဲမှာ ကြောင်တောင်တောင် ဖြစ်သွားတယ် နောက်တော့ အခန်းပြန်အိပ်လိုက်တယ်။ မနက်လင်းတော့ ကျောင်းက ကလေးတွေ ခေါ်ပြီး လက်ညိုးထိုးတဲ့ ကျွန်းသေတ္တာကြီး ကို ဖွကြတယ်။ အဲဒီ သေတ္တာကြီးက ဦးဇင်း ဒီကျောင်းမရောက်ခင်ကတည်းက ရှိနေတာ တခါမှလည်း ဘယ်သူမှ မဖွင့်ကြဘူး လေးလည်း အရမ်းလေးတော့ ဘယ်သူမှ မထိကြဘူး။ ရှာလိုက်တော့ တကယ်တွေ့တယ် ဒီတိုင်းတော့ မဟုတ်ဘူး သေတ္တာထဲက ပစ္စည်းတွေကို ထုတ်လိုက်တော့ အတွင်းမှာ အံဝှက်လိုလို တခုတွေ့တော့ ဆွဲမ လိုက်တာ အနီရောင် ပိတ်စနဲ့ ထုတ်ထားတာ တော်တော်ဆွေးနေပြီ.. ဒါနဲ့ ဦးဇင်းလည်း ဟိုးက ခြံထောင့်မှာ (လက်ညိုးညွန်ပြတယ်) မြုပ်ပေးလိုက်တယ်။ နောက်နေ့တွေတော့ လမ်းလျှောက်တဲ့ အသံမကြားတော့ဘူး။ သူပြောသလို အရိုးနဲ့ တူတဲ့ အပိုင်း အစအနလေးတွေတော့ အများကြီး တွေ့တယ်။ အရိုးခေါင်းတို့ လိုမျိုးတော့ အကြီးကြီး မဟုတ်ဘူး။

  • kopauk mandalay

    May 23, 2011 at 11:20 am

    လူမှားပြီး အတည်ပြုခိုင်းမိတာကိုေ တာင်းပန်ပါကြောင်း။

  • akswe

    May 23, 2011 at 12:29 pm

    ဓါတုကလျာ ကိုတော. ကိုယ်တိုင်မြင်ဘူးတာဆရာ.၊ RC3 မှာ ကျောင်းတက် တုန်းက
    toyota corolla အဖြူ လေးစီးတယ် Chemistry majour မှာ ကွင်းပေါ့။ရေစက်ဆုံ တော့ ကျောင်းနား မှာ ကားပျက် နေလို့ အားကြိုးမာန်တက် တွန်းပေးဘူးတယ်၊ အံမယ် သူက ပူတကေ စကားနဲ. thank you တဲ.၊ ရင်ထဲ ကုလားဘုရားလှည်.သွားတယ်။

  • weiwei

    May 23, 2011 at 1:55 pm

    ဓာတုက ကလျာက အဘဆွေရဲ့ မယ်မင်းကြီးမ မဟုတ်ဘူးလား ?? 😛 😛
    အဘဆွေကို မြင်လိုက်တာနဲ့ တွဲလျက် သတိရသွားလို့ပါ 🙂

  • တညင်သား

    May 24, 2011 at 5:55 pm

    ပျဉ်းမငုတ်တို ဇာတ်လမ်းထဲက သီချင်းရော နတ်သျှင်နောင် ရေးတာလားမသိဘူး..သိရင်ပြောပြပါအုံး…..
    နတ်သျှင်နောင် ကျွတ်မကျွတ်တော့ မသိဘူး …တညင်သားက လုံးဝမကျွတ်ဘူး ..တေချာဒယ် 🙂

    • မှော်ဆရာ

      December 3, 2011 at 9:42 pm

      ခါးပတ်ပါတ်ထားလို့ပေ့ါနော် ….

  • kai

    May 24, 2011 at 11:41 pm

    အမှတ်မမှားဘူးဆိုရင်..
    နတ်သျှင်နောင်ကို.. သံလျင်မြို့လယ်မှာ.. တံကျင်လျှိုုသတ်လိုက်တာပဲ..။
    စအိုကနေ ပါးစပ်ကထွက်တဲ့အထိ သံချောင်းနဲ့ထိုးသတ်တာကို ပြောတာ..။
    ငဇင်ကာနဲ့ ပေါင်း.. ကိုးကွယ်ရာဘာသာပါပြောင်းလိုက်လို့တဲ့…။ အမျိုုးသားသစ္စာဖောက်ဆိုပြီး… တော့ပေါ့..။

    တချို့စာအုပ်တွေကတော့.. ကားစင်တင်မီးရှို ့တယ်ရေးတယ်..။
    ၈၈ ဝန်းကျင်က.. နတ်သျှင်နောင်ရတုတွေကို.. စာပေစိစစ်ရေးက.. အမျိုုးသားသစ္စာဖောက်စာဆိုပြီး..ပယ်တယ်မှတ်မိတယ်..။

    • bigcat

      May 24, 2011 at 11:54 pm

      နတ်ရှင်နောင်က မင်းညီမင်းသားဖြစ်လို့ ကားစင်တင် အသတ်မခံရဘူးနဲ့တူဒယ်။ မှတ်မိသလောက်တော့ ပေါ်တူဂီလူမျိုး ဒီဘရစ်တို ကိုပဲကားစင်တင်သတ်တယ်။ သူကလည်း မခေဘူးနော်၊ အသက်ချမ်းသာခွင့်ပေးတာ မယူလို့ ဒီလို ရက်ရက်စက်စက် အလုပ်ခံရတာ ဖြစ်နိုင်တယ်။

      • windtalker

        December 3, 2011 at 7:57 pm

        ဥကြောင် ကို တံကျင်လျှို လိုက်ရင်တော့ ကြောင်သားဘာဘီကျူး ဘဲ

        • ဆူး

          December 4, 2011 at 3:18 pm

          မဆာလာ နိုင်နိုင် သုတ်မှ ဖြစ်မယ်။ မဆလာ မပါရင် နံ မှာ စိုးရတယ်။

    • windtalker

      December 3, 2011 at 9:28 pm

      အဲဒါ ကိုပေါက့်အတွက်
      “ မောင်ပေ့ ရဲ ့အမြည်းလက်ဆောင် ကောင်းကောင်းလေး ” ဘဲ
      ရှယ်ဆွဲရမယ်

  • htet way

    December 4, 2011 at 12:06 pm

    အဝေးကိုမျှော်ကြည့်ရင် ရာသီပန်းလေးတွေပွင့်နေလေရဲ့
    လှရာရာရွေးပြီးချစ်သူကေသာထက်မှာဆင်မြန်းနေကြဖြစ်သော်လည်း
    ယခုတော့တာဝန်ထမ်းဆောင်ရင်းနောက်ကျနေခဲ့ပြီလေ…..
    တောင်ပံပါရင်မင်းဆီကို……
    ရင်ဂိုဆိုတာတာထက်အရင်နတ်သျှင်နောင်ကရေးခဲ့တာပါ
    ကျွန်တော်တို့၁ဝတန်းတုန်းက မလ္လာရနံ့ကိုဟာသဖွဲ့ပြီးဆိုမိတာ
    သတိရမိပါသေးတယ်။ ပန်းသတ်ဆိုတာ က အိပ်ယာမှာပန်းကိုခင်းပြီး
    ရနံ့စွဲအောင်လုပ်တာလို့ ဆရာအောင်းသင်းပြောတာကြားဖူးပါတယ်
    ဒီခောတ်မှာနတ်ရှင်တောင်လိုချစ်တာ ဓါတုကလျာလိုချစ်တာ
    ရှားသလောက်ပဲ။ အညာရွာမှာညာတာဝါတာမရှိ အချစ်ကြီးချစ်တတ်ပေမယ့်
    ညစ်တီးညစ်ပတ်တွေမရှိ …..ပလက်ဖေါင်းပေါ်မှာ အကွက်ချောင်းသူမရှိ
    ……… ဖတ်ဖူးတဲ့ကဗျာလေးပါ

  • အရင်ရှေးခေတ်က စာဆိုတွေရဲ့စကားလုံးဖွဲ့နွဲ့ပုံက လက်ဖျားခါလောက်ပါတယ်။
    အခုခေတ်မှာတော့ တစ်ချို့တွေက စကားလုံးဆပ်ကပ်ပြနေတာများပါတယ်။

  • ဆူး

    December 4, 2011 at 3:20 pm

    လေးပေါက်ကြီး ရှေးဟောင်းနှောင်းဖြစ်တွေ ထပ်ဖော်ထုတ်ပါအုန်း။
    ဒီမှာ အပိုင်းအစ လေးတွေ မှတ်တမ်းဝင်သွားတာပေါ့။

  • alinsett (gazette)

    May 25, 2014 at 2:14 pm

    ”ဆင့်ချ စွေသွန် ” ဆိုတဲ့ စကားလုံးရဲ့ အသံယူပုံမှာ
    မျောသွားတယ်. . .

    ——–

    အင်း
    ကျနော့် ဘဝမှာလည်း ဘုရင်တွေ မနည်းခဲ့ဘူးကိုးးးးး

  • အခု လော လော ဆယ ်လက် ထဲ မှာ ဦး ပုည ပေါင်း ချုပ် တစ်အုပ် ရ ထား ပါတယ်။

    ကူး ရေး ပြီး တင် ပြ ဘို့ ကြံ စည် နေ ပါ တယ်။

Leave a Reply