ကျွန်ုပ် နှင့် ယခု အခါ

zoxnetMay 1, 20101min2175
1

ရမက်သည် အရိပ်နှင့်တူပါ၏။
သူ၏ အနောက်သို့ လိုက်လေလေ၊
မိမိနှင့် ဝေးရာသို့ ပြေးလေလေ ဖြစ်၏။
သူ့အား ကျောခိုင်းလိုက်ပါမူ၊
အနောက်မှ ထပ်ခြပ်မကွာ လိုက်လာလေတော့၏။

ကျွန်ုပ်၏ ရမက်အား ကျွန်ုပ် ကျောခိုင်းလိုက်ချင်ပါသည်။
သို့သော် ယခုသည် ညအချိန်ဖြစ်နေပါ၏။
မီးလည်း ပျက်နေပါသည်။
ကျွန်ုပ်၏ အဖြစ်သည် အလွန် ဂွကျနေလေတော့၏။

5 comments

  • susunosuki

    May 1, 2010 at 11:16 am

    အင်းနောက်ဆုံးရမက်ကိုမဖြတ်နိုင်တာ မီးပျက်နေလို့ပေါ့

    • zoxnet

      May 1, 2010 at 11:29 am

      ဟုတ်ပါ့။ ကြီးမားတဲ့ ဒုတ်ခ တစ်ခုပါပဲ ခင်ညာ။ ချွေးတွေသာ ဓါတ်ဆီလို ရောင်းလို့ရရင် ကျွန်တော်တို့ တော်တော်ချမ်းသာနေ လောက်ပြီ။ ပူခြင်းနဲ့ ပျက်ခြင်းဟာ ဒွန်တွဲနေသလိုလို ပဲ။

  • kopauk mandalay

    May 1, 2010 at 11:53 am

    အရိပ်ဆိုတာ အလင်းရှိမှဖြစ်တာလေ။
    အရိပ်မရှိချင်ဘူးဆိုရင်မှောင်ချထားလိုက်ပေါ.။
    ရမက်ဆိုတာ မြင်တာကြားတာကနေဖြစ်ဘို.အလွယ်ဆုးံလို.ပြောကြတယ်မို.လား
    သည်တော.မမြင်မကြားရင် ရမက်နည်းမယ်လို.ထင်တာဘဲ။
    မမြင်မကြားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတော.ကိုယ်ကြိုက်သလိုဆုံးဖြတ်နိုင်ပါတယ်။

  • zoxnet

    May 1, 2010 at 11:58 am

    မျက်လုံး ၂ ခုလုံး ဖေါက်ထုတ် ရမလိုလို၊ မီးပဲ အမြဲပျက်ခိုင်း ရမလိုလို၊ ကိုပေါက်တော့ အချွန်နဲ့ မနေပြီ။

  • kopauk mandalay

    May 1, 2010 at 4:17 pm

    နောက်တနည်းရှိသေးတယ် ကို်ယ်လိုက်ရင်သူပြေး သူပြေးတော.ကိုယ်လို်က်တဲ.။
    ကိုယ်က မလိုက်ချင်ဘး ကိုယ်.ကို အလိုက်ခံချင်တယ်ဆိုရင်နောက်ပြန်ပြေးပါနော်။

Leave a Reply