Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

nature နဲ့ ဘာဆုတောင်းမလဲ( မေ၃ဝ ၂၀၁၁)

natureMay 30, 20111min51527

လူတိုင်းဟာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို အောင်မြင်ဘို့ ကြီးပွားတိုးတက်ဖို့ အန္တရာယ်ကင်းဖို့ ဆု တောင်းတတ်ကြပါတယ် ၊ ရွာသားများရော ဘာဆုတွေ  တောင်းကြပါသလဲ၊ ကျနော် ယခင်က တောင်းခဲ့ဘူးတဲ့ ဆု ကတော့ –

အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင်း ဘုန်းတန်ခိုးကြီးမားခြင်း ဉာဏ်ပညာကြီးမားခြင်း ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ခြင်း စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာဆန္ဒများနှင့် ပြည့်စုံရပါလို၏၊

အိမ်ထောင်ဖက်ကောင်းနှင့် လိမ္မာသော သား သမီးများ ရရှိရပါလို၏ ၊ ရန်သူကို အောင်နိုင်ရပါလို၏၊

နောက်ဆုံးတွင် နိဗာန်ကို ရရပါလို၏ လို့

 

27 comments

  • kai

    May 30, 2011 at 7:44 pm

    ဆုတောင်းတယ်ဆိုတာ.. ဗုဒ္ဓဘာသာရဲ့ အလုပ်မဟုတ်ပါဘူး..။
    လိုချင်တဲ့ဆန္ဒ(ဆု)ကို.. (တဦးတယောက်..တစုံတရာ. ဖန်ဆင်းရျင်..တန်ခိုးရှင်.ဆီက)တောင်းရင် ဆုပြည့်အောင်..ခွင့်ပေးရအောင်..( ဗုဒ္ဓဘာသာမှာ).. ဖန်ဆင်းရှင်မှ မရှိတာနော..။ ဂေါတမဗုဒ္ဓလည်း.. ပရိနိဗ္ဗာန်ပြုတော်မူပြီးပြီ..။
    ဆုတောင်းတာဟာ.. တခြားဘာသာကြီးတွေရဲ့.. အတွေးအခေါ်..အယူအဆကို(မသိစိတ်က) ရောင်ပြန်လာထင်နေတဲ့.. အပြုအမူ..အလေ့အကျင့်တွေသာဖြစ်ပါတယ်..။

    ဆိုတော့… ကိုယ်ကိုယ်ကိုယ်အားကိုး.. လုပ်ယူ-ကျင့်ကြံရမှာပါ…။
    အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်ရာတဲ့..။

    ဗုဒ္ဓတရားအစစ်တွေနားလည်သူတွေဟာ.. ဆုမတောင်းတတ်ပါဘူး..။

    • nature

      May 31, 2011 at 9:57 am

      သူကြီးကဒီတခါတော့ တော်တော် တော်တယ်၊ ချီးကျူးပါတယ်သူကြီး၊ ဆက်ရန်ရှိပါသေးတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 31, 2011 at 1:16 am

    ဟုတ်ကဲ့ပါခင်ဗျ
    များမကြာမီ ဂေဇက်အဖွဲ့သူအဖွဲ့သားများရဲ့
    ဟာဒယရွှင်သွေး တိုက်ကြွေးမှုကို စတင်ေတော့မှာဖြစ်ပါသည်ခင်ဗျား
    ပဏာမအနေနဲ့ ခေါင်းပေါင်းကြီးနဲ့
    မိုက်ခွက်ကြီးကနေ အော်သွားတာကတော့
    ဇာတ်ဆရာ ကေအေအိုင် ဘဲဖြစ်ပါသည်ခင်ဗျ
    ဇာတ်ဆရာ ကေအေအိုင်ပြီးရင် အလှည့်ကျလာသူကတော့
    ပူးနောင်းဂျိမ်ဂျိမ်
    ပူးဂျိမ်ဂျိမ်
    ပူးနောင်းဂျိမ်ဂျိမ်
    ပူးဂျိမ်ဂျိမ်

  • padonmar

    May 31, 2011 at 2:00 am

    ဒီတစ်ခါတော့ သဂျီးကို ထောက်ခံမဲပေးလိုက်ပြီ 😀 😀

    • nature

      May 31, 2011 at 3:45 pm

      ထောက်ခံမဲချည်းပေးမနေနဲ့ဦး၊ ဘာဆုတောင်းလဲပြောဦးလေ။

  • bigcat

    May 31, 2011 at 3:12 am

    ရွာစားစိန်မိုက်ကယ်အောင်ပုရေ….အယူတိမ်းနတ်စိမ်းသဂျီးကို ပင့်ဖိတ်ပေးပါအုံး….
    ပူးနောင်းဂျိမ်ဂျိမ်
    ပူးဂျိမ်ဂျိမ်
    ပူးနောင်းဂျိမ်ဂျိမ်
    ပူးဂျိမ်ဂျိမ်
    ရွာစားကိုအောင်ပုရဲ့ ကဘောက်တိကဘောက်ချာ ဆိုင်းသံ၊ ဒေါ်ပဒုမ္မာရဲ့ ပျားရည်ကဲ့သို ချိုမြိန်သော မှတ်ချက်နဲ့ ချော့မြူကျူံးသွင်းအပြီးမှာ အကျွနုပ်ဦးကြောင်ကြီးမှ ကြက်ဟင်းခါးသီးလို ခါးသီးပြင်းထန်လှတဲ့ ဆေးခါးကြီးဖြင့် သဂျီးကို တိုက်ချွတ်ဆေးကျော ပါတော့မည်…..
    ဂလိုရှိတယ် သဂျီးရဲ့…ဗုဒ္ဓဘာသာမှာ ဆုတောင်းပဏ္ဏာပြုခြင်း၊ ရှိခိုးပူဇော်အောက်မေ့ခြင်းတို့သည် အနှစ်သာရမဟုတ်ဘူး။ ဒါပေမယ့် မဟုတ်ခြင်းနဲ့ မရှိခြင်း နှစ်မျိုး အနက် မတူတာတော့ သတိပြုသင့်တယ်။ မဟုတ်ခြင်းဆိုတာ မမှန်ဘူး ဒါပေမဲ့ ရှိ(မရှိ)နိုင်တယ်။ ဥပမာ လူ၊ နတ်၊ ငရဲ၊ ချို၊ ချဉ်၊ စပ်၊ ခါး၊ ဆရာ၊ မိဘတို့သည် ပရမတ်သစ္စာအရ တကယ်မရှိပေမဲ့ ပညတ်သဘောမှာရှိတယ်။ မရှိခြင်းဆိုတာတော့ ရှိကိုမရှိလို့ ဟုတ်လည်းမဟုတ်ဘူး။ ဥပမာ – မသေခြင်းတရား၊ မသေခြင်းဆေး။
    သတ္တဝါတွေရဲ့ စိတ်တွေကိုမှီပြီး ဖြစ်လာတဲ့ ကုသိုလ်၊ အကုသိုလ်တွေဆိုတာ ခေတ်တိုင်းမှာ ရှိနေမှာပဲလေ။ ဘယ်လောက်ဆုတောင်းတောင်း ကိုယ်ကထိုက်တန်တဲ့ ပေးဆပ်မှုမရှိရင် လိုအင်ဆန္ဒ မပြည့်နိုင်ပါဘူး။ ဆုမတောင်းလည်း လုံလောက်တဲ့ ပေးဆပ်မှုဆိုရင် ပြည့်ရမယ့်အရာ သူ့အချိန်ကျရင်ပြည့်ပါတယ်။ စိတ်ရှိယုံတင်မက ကိုယ်တိုင်အားထုတ်မှုလည်း ပါရ ပါမယ်။ စိတ်ကတော့ ကြည်ညိုပါရဲ့၊ လူကတော့ ဘုရားကို သဒ္ဒါတရားထက်ထက်နဲ့ အာရုံလေးတချက်လောက်မှ မညွှတ်နိုင်ရင် သိကြားမင်းဖြစ်ချင်တာ မှန်ပါ့မလား။ ဆုမတောင်းခဲ့ဘဲ လုံလောက်တဲ့ ပါရမီဖြည့်ရင်တော့ ဘာဘာညာညာ တိတိကျကျ မဖြစ်တာသာရှိမယ်၊ သူရမယ့် သုဂတိချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို ရပါလိမ့်မယ်။ စွန်းလွန်းဆရာတော်ကြီး အတိတ်ဘဝတခုမှာ ကျေးငှက်ဖြစ်ခဲ့ပြီး ဘုရားတဆူ (ကဿပဘုရားထင်တယ်) ကို သစ်သီးလှူဘူးတယ်။ အဟိတ် တိရစာ္ဆန်ဖြစ်လို့ ဆုမတောင်းတတ်ပေမယ့် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ထူးအဖြစ် ကြည်ကြည်နူးနူး ဖြစ်ခဲ့တယ်။ အဲဒီ ကုသိုလ်ကပဲ နောက်ဆုံး ဦးကျော်ဒွန်းဘဝမှာ ရဟနာ္တဖြစ်ဖို့ ပါရမီဖြစ်လာတယ်။ သူသာ ဆုတောင်းတတ်ခဲ့၊ လုံလောက်တဲ့ အသိညဏ်ရှိခဲ့ရင် ဒီထက်ပိုစောဖြစ်၊ ပိုဘုန်းတန်ခိုး ပညာကြီးမယ်လို့ ယူဆနိုင်ပါတယ်။
    မာက်ပိုင်းဗုဒ္ဓဘာသာမှာတော့ ဘုရားအလောင်းဆုတော့ ပန်ကြပါရဲ့ ဒါပေမဲ့ လိုအပ်တဲ့ ဝါယမစိုက်ထုတ်မှုမျိုးတွေ သိပ်လုပ်ကြဟန်မတူဘူး။ လူအများစုက လွယ်လွယ်ပဲ ဆုတောင်းကြပုံ ပေါ်တယ်။ ထီထိုးတာကမှ ပိုက်ဆံကုန်အုံးမယ်။ 😀
    ဒီတော့ ဆုတောင်းကောင်းပါတယ်၊ ကုသိုလ်ရပါမယ်။ ဆုတောင်းတိုင်း ရပါ့မလား၊ ကိုယ် စိတ် နှလုံး သုံးပါးစလုံး ညီညွတ်ခဲ့ရင် ရပါတယ်။ အဲဒီသုံးပါး စုံရင်ကော အရိယာတရား ရနို်င်မလား၊ ဒါကတော့ ရင့်သန်တဲ့ ပါရမီနဲ့ (ကုသိုလ်အထုံ) ထူးကဲတဲ့ အားထုတ်မှု ပါမှ ဖြစ်ပါမယ်။
    အိုဘာတဲ့…ရွာစားကိုပုရေ၊ ဆေးမူးမူးနေတဲ့ နတ်စိမ်းသဂျီးကို ပြန်ပို့ပေးပါအုံး….
    ပူးနောင်းဂျိမ်ဂျိမ်
    ပူးဂျိမ်ဂျိမ်
    ပူးနောင်းဂျိမ်ဂျိမ်
    ပူးဂျိမ်ဂျိမ်

    • nature

      May 31, 2011 at 10:01 am

      (ဘယ်လောက်ဆုတောင်းတောင်း ကိုယ်ကထိုက်တန်တဲ့ ပေးဆပ်မှုမရှိရင် လိုအင်ဆန္ဒ မပြည့်နိုင်ပါဘူး။ ဆုမတောင်းလည်း လုံလောက်တဲ့ ပေးဆပ်မှုဆိုရင် ပြည့်ရမယ့်အရာ သူ့အချိန်ကျရင်ပြည့်ပါတယ်။ စိတ်ရှိယုံတင်မက ကိုယ်တိုင်အားထုတ်မှုလည်း ပါရ ပါမယ်။)…
      ဒါလေးကလည်းတော်တော်ကောင်းပါတယ်။

  • etone

    May 31, 2011 at 3:16 am

    ဆုတောင်းတိုင်းတော့ မဖြစ်မှန်းသိပေမဲ့ စိတ်ရဲ့ ထွက်ပေါက်အနေနဲ ့ ဖြစ်ချင်တာကို ဆန္ဒပြုကြတာပါ… ။
    တိုက်ဆိုင်လို ့ ဆန္ဒအတိုင်းဖြစ်သွားခဲ့လျှင်တော့ ဆုတောင်းပြည့်တယ် ပြောကြပြန်တယ်… ။

    ဆုတောင်းတိုင်းသာ ဖြစ်မယ်ဆိုလျှင် စိတ်ချမ်းသာရပါလိုဧ။် ဆိုတဲ့ ဆု တခါထဲ တောင်းချင်တယ်

    • nature

      May 31, 2011 at 10:49 am

      etone ရေဆုတောင်းတိုင်းသာပြည့်စေချင်ဆိုတဲ့post တခု ထပ်တင်ပေးမယ်။

      • etone

        June 1, 2011 at 4:53 am

        တင်လိုက်ပါ … စောင့်ဖတ်နေပါတယ်

  • windtalker

    May 31, 2011 at 3:24 am

    အရာ အားလုံး ကို အမှန်အတိုင်း သိမြင်ခွင့် ရချင်တယ်ဗျာ ဘုရားဝတ်ပြု ပြီးတိုင်း ဆုတောင်းဖြစ်ပါတယ် ။

  • Shwe Tike Soe

    May 31, 2011 at 3:57 am

    ပညာရှိသူတော်ကောင်းတို.နှင့်သာ တွေ.ကြုံဆုံစီး ပေါင်းသင်းဆက်ဆံရ၍ ပညာရှိသူတော်ကောင်းတို. ဟောပြောသော
    တရားမှန်စကားမှန်တို.ကို နာခံမှတ်သား ရသဖြင့် ပညာရှိသူတော်ကောင်းတို. ကျင့်ကြံနေထိုင်ကြသည့်အတိုင်း ကျင့်ကြံပွားများ
    ကြိုးစားအားထုတ်နိုင်ကြသဖြင့် ဆင်းရဲခပ်သိမ်း ကင်းညိမ်းရာ နိဗာန်ကို လျင်မြန်စွာ မျက်မောက်ပြုရပါလိုဧ။်…

    • nature

      May 31, 2011 at 3:51 pm

      ဆုတောင်းလေးက လောကီချမ်းသာမပါပဲ လိုတိုရှင်းလေးနဲ့ကောင်းပါတယ်။ ပညာရှိသူတော်ကောင်း ဆိုတဲ့စကားလုံးကလေးက အဓိပါယ်လေးနက်ပါတယ်။

  • nozomi

    May 31, 2011 at 7:00 am

    စိတ်ပညာအရ တစ်ခုခု ဖြစ်ချင်ရင် စိတ်ထဲမှာ စွဲမြဲနေအောင် လုပ်ရပါတယ်

    ကျောင်းသားတစ်ယောက် စာမေးပွဲအောင်ချင်ရင် “ငါ စာမေးပွဲအောင်ရမယ်” ဆိုတာမျိုး ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အချိန်ရတိုင်း စိတ်ထဲမှာ (စိတ်ထက်ထက်သန်သန်နဲ့) ရွတ်ဆိုနေရင် စိတ်ထဲမှာ စွဲမြဲလာမယ် အောင်ချင်စိတ်တွေ တဖွားဖွားဖြစ်လာမယ် အောင်ဘို့ အတွက် ဖြစ်နိုင်သမျှ အချိန် နည်းလမ်း အားလုံးနဲ့ ကြိုးစာမယ် ဆို သေချာပေါက် စာမေးပွဲအောင်ပါတယ် စိတ်မပါ့တပါနဲ့ အောင်ချင်လိုက်တာ ဆိုတာမျိုးနဲ့တော့ မရနိုင်ပါဘူး

    ဆုတောင်းတယ်ဆိုတာလဲ စိတ်ထဲမှာစွဲမြဲလာအောင် လုပ်နည်းတမျိုးလို့မြင်ပါတယ် ဒါပေမဲ့ သေချာဘို့ ပြတ်သားဘို့ စိတ်ထက်သန်ဘို့တော့ လိုပါမယ်

    စိတ်ထဲက တစ်ခုခုကို မပြတ်သားရင် စိတ်ထက်သန်မှုမရှိရင် ဥပမာ ဘုရားရှေ့မှာ အရှင်ဘုရား တပည့်တော် နိဗ္ဗာန်ကို ရောက်ရပါလို၏ မရောက်ခင် စပ်ကြား လူ့စည်းစိမ် နတ်စည်းစိမ် ရှိသမျှစည်းစိမ်တွေ ရရပါလို၏ ဆိုတာမျိုးလို နိဗ္ဗာန်ကျလည်းသွားချင် နိုက်ကလပ်လေးတက် ဘီယာဆိုင်လေးလဲထိုင်ချင် နဲ့ ယောင်ဝါးဝါးလုပ်နေလို့ကတော့ အဲဒီဆုတောင်း အဲဒီဖြစ်ချင်တဲ့ ဆန္ဒကတော့ ဘယ်တော့မှ ပြည့်လာစရာ အကြောင်းမရှိပါဘူး (ဘုရားကလည်း မင်းတို့ကလည်းကွာ လှူတာ(လုပ်တာ)က နည်းနည်း တောင်းလို်က်တဲ့ဆုက အများကြီး …လို့များ မိန့်နေမလားမသိဘူး)

  • ဆူး

    May 31, 2011 at 11:24 am

    ဆုတောင်း နဲ့ ပတ်သတ်လို့.. သတိရမိတာလေး တခု ရှိပါ၏
    ဆူးက စာဖတ်ပျင်းတယ်။ ၁ဝတန်းတုန်းက ကျူရှင်က ပြန်လာရင် အမြဲ တန်းအိပ်တာပဲ.. စာဆို မကြည့်ချင်လောက်အောင်ကို မုန်းတာ.. ကျူရှင်မှာ ဆရာသင်တာ တခါတည်း နားလည်အောင် မှတ်ထားတယ်။ အိမ်ကလူတွေကလည်း ယုံကြည်မှု တော်တော် ရှိပေးကြတယ်။ ကျမှာပဲလို့ ထင်တာပါပဲ။ အမေက အမျိုးတွေ အားလုံးကို စာမေးပွဲ မဖြေခင်မှာ အောင်စာရင်းထွက်လို့ အောင်ရင် ဖုန်းဆက်မယ် မအောင်ရင် ဖုန်းမဆက်ဘူး သတင်းမမေးကြနဲ့ ကျတယ် ဆိုတာ ပြောရမှာ ရှက်လို့ပါတဲ့ကွယ်။ သူတို့ ယုံကြည်တဲ့ အတိုင်းပါပဲ.. ကိုယ်တိုင်ကလည်း မထူးချွန်တော့ ခပ်အေးအေးပါပဲ။ စာမေးပွဲ ဖြေတော့ ဖြေလာလိုက်တာပဲ.. အောင်စာရင်း မထွက်ခင်မှာ ဘယ်သူမေးမေး ဖြေနိုင်လား ဆိုတော့ ဖြေနိုင်ပါတယ်ပေါ့။ ကိုယ့်ဟာကိုလည်း မရေရာခဲ့ပါဘူး။ ဘုရားရှိခိုးတိုင်း ဆု တခု တောင်းတယ်။ ဂုဏ်ထူးများနဲ့ အောင်မြင်ရပါလို၏။ ဆုသာတောင်းတာပါ.. ကိုယ့်ဟာကိုတောင် အထင်မကြီးဘူး။ အောင်စာရင်း မနက် ထွယ်မယ်ဆိုရင် ညကတည်းက သိချင်လို့ ကြည့်ပေးမယ် ဆိုပြီး ခုံနံပါတ် တောင်းလို့ ပေးလိုက်တဲ့ လူက ဂုဏ်ထူး ၂ခု ပါတယ်တဲ့.. တညလုံး အိပ်မပျော်ဘူး.. ကိုယ့်ဟာကို ယုံကြည်မှု ရှိတာ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့ အတွေးနဲ့ ဖြေထားတဲ့အဖြေတွေကို သိသလောက် ပြန်တွေးပြီး ဂုဏ်ထူးမှတ် ရနိုင်ပါ့မလား တွေးနေတာ.. ဆူး တို့ ၁ဝတန်းတုန်းက ၉ဘာသာကို ၅ရက်ဖြေရတဲ့ အချိန်အခါဆိုတော့.. ဘယ်ဟာကများ အားသာလို့ ဂုဏ်ထူးထွက်တာလဲ တွေးရင်းနဲ့.. ဘာပဲ ဖြစ်ဖြစ်.. မနက်ရောက်ရင်တော့ သိမှာပါပဲလို့ တွေးပြီး အိပ်လိုက်တယ်။ မနက်ရောက်တော့ ရင်ခုန်နေတယ် ဟုတ်မှ ဟုတ်ပါ့မလား လူမှားကြည့်တာ ဆို ဟတ်ထိရအုန်းမယ် အတွေးနဲ့ ကြည့်လိုက်တာ ဟုတ်နေတယ်။ ထူးဆန်း အံ့ဩဖို့ကောင်းလိုက်တာ လွန်ရော… နောက်တော့ အမှတ် စာရင်းထုတ်ကြည့်တော့.. ၂ဘာသာ ဂုဏ်ထူး သချင်္ာနဲ့ သိပ္ပံတွဲ ထွက်တာ အမှတ် ကွက်တိနဲ့ ထွက်ခဲ့တာ။ ဆုတောင်းဆိုတာ ဘာလဲ ဆိုတာ မသိဘူး အလကားရတဲ့ ဆုတောင်း ဘုရားရှိခိုးတိုင်း ရွတ်နေမိတာပဲ။ ဂုဏ်ထူးများ နဲ့ အောင်မြင်ရပါလို၏ ဆိုတော့ ဂုဏ်ထူးလေး တခုထွက်တာတောင် မဟုတ်ဘူး ၂ခု ဖြစ်နေတာပါပဲ။ ဆုတောင်းဆိုတာထက် စိတ်ရဲ့ စွမ်းအားကြောင့်များလားလို့တော့ တွေးမိတယ်။

  • parlayar46

    May 31, 2011 at 3:18 pm

    ကျုပ်တို့ဗုဒ္ဓဘာသာရဲ့ ဆုတောင်းတဲ့သဘောအမှန်က စိတ်ညွှတ်တာ-ဆန္ဒပြုတာပါ။
    တခုတခုပေးဘို့ တယောက်ယောက်ဆီက တောင်းတဲ့သဘော မဟုတ်ပါဘူး။ အဲသလိုတောင်းတဲ့သူဟာ ဗုဒ္ဓဘာသာကို သဘောမပေါက်လို့ပါ။ ဗုဒ္ဓဘာသာမှာ ပေးနိုင်တဲ့သူမရှိ တောင်းလို့ရတာမရှိပါဘူး။ ကိုယ်တိုင်ပဲလုပ်ယူရပြီး လုပ်ရင် လုပ်သလောက်သာ (သီလသမာဓိပညာ ကုသိုလ်များ) တိုးပွားပါတယ်။

  • parlayar46

    May 31, 2011 at 3:29 pm

    ဒါဆိုဘာလို့ ဆုတောင်းနေသေးလဲ ?
    တခုခုကိုစိတ်ညွှတ်ပြီး ဆန္ဒပြုရင် အဲသည်ဆန္ဒဟာ (အာသေဝနပစ္စယသတ္တိအရ) ကြီးထွားလာပါတယ်။
    အကျယ်ကိုတော့ ဘုန်းကြီးများကိုအားနာလို့ ဆက်မပွားပါရစေနဲ့။
    ရနိုင်ခဲတဲ့ တစ်စုံတစ်ခုကို ရယူဘို့ဆိုရင် အချင်းအရာလေးမျိုးထဲက တမျိုးမျိုးအားကြီးဘို့လိုပါတယ်။
    စိတ်ရယ် ဆန္ဒရယ် ပညာရယ် ဝီရိယရယ် ပေါ့။
    ပါဠိလိုနဲနဲထည့်ရင် စိတ္တာဓိပတိ ဆန္ဒာဓိပတိ ပညာဓိပတိ ဝီရိယာဓိပတိ ဆိုပြီးတော့ပေါ့။
    (ခဲသိပ်မကျခင်) မြန်မြန်ဇတ်သိမ်းရရင် ဗုဒ္ဓဘာသာအလိုကျ ဆုတောင်းတယ်ဆိုတာ ဆန္ဒာဓိပတိဖြစ်ဘို့ အကြောင်းပြုပါတယ်။

  • pooch

    May 31, 2011 at 4:38 pm

    နိဗ္ဗာန်ကို မရောက်ခင် စပ်ကြားဖြစ် လေရာ ဘဝတိုင်းမှာ လူအဖြစ်ကို ရခဲ့ရင် ထေရဝါရဗုဒ္ဓဘာသာ ကို သက်ဝင် ယုံကြည်သောသူ တစ် ယောက် အမြဲဖြစ်ပါရစေလို့ ။

    • nature

      June 1, 2011 at 11:49 am

      pooch ရဲ့ဆုတောင်းလေးကိုကြည့်ပြီး pooch ဟာဗုဓ္ဒဘာသာအခြေခံ ကောင်းတယ်လို့မှန်းဆမိပါတယ်။

  • padonmar

    May 31, 2011 at 5:02 pm

    ရွှေတိုက်စိုးရေးပေးတဲ့ ချမ်းမြေ့ဆရာတော်ကြီးရဲ့ ဆုတောင်းလေးကို သိပ်သဘောကျလို့ ဘုရားရှိခိုးတဲ့အခါ အမြဲ ဆုတောင်းဖြစ်ပါတယ်။
    ပညာရှိသူတော်ကောင်း ဆိုတဲ့သူတွေကို တွေ့ဖူးကြုံဖူးသွားပြီးမှ ဒီဆုတောင်းလေးရဲ့ အနှစ်သာရကို သိခဲ့ရပါတယ်။
    ပညာရှိသော်လည်း သူတော်ကောင်းမဟုတ်တဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရလို့ စိတ်ညစ်ညူးရတဲ့အခါတိုင်း
    ပညာရှိသူတော်ကောင်းများရှိတဲ့ နေရာမှာပဲ မွေ့လျော်ချင်ပါတယ်။
    ကိုယ်ပြုတဲ့ ကာမကုသိုလ် နဲ့ အကုသိုလ်အလျောက် ဆုတောင်းစရာမလိုပဲ အကျိုးပေးမှာဖြစ်ပေမယ့်
    ဆုတောင်းခြင်းဖြင့် စိတ်ညွတ်ပေးရာရောက်ပါတယ်။ direction ကို high light လုပ်ပေးတာပေါ့။
    နောက်သဘောကျမိတဲ့ ဆုတောင်းလေး(ကိုယ်က သူများကိုဆုတောင်းပေးတဲ့အခါ)ကတော့ ပါပုဏန္တု ဝိသုဒ္ဒါယ သုခါယပဋိပတ္တိယာ
    လွယ်ကူသောအကျင့် လျင်မြန်သော အသိဉာဏ် ချမ်းသာသောကိုယ်စိတ်ဖြင့် နိဗ်ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေတဲ့။

  • zoe

    June 1, 2011 at 4:26 am

    ဗုဒ္ဓ ဘာသာ ပါ ဘဲ ။ဒါပေမဲ့ ဘာမှ ဆုမတောင်း တာတော်တော် ကြာ ပြီ ။ ကျင့်ကြံအားထုတ် ရင်ဆိုင်ဖြေ ရှင်း ပဲ လုပ် နေ တယ် ။ 😛 😀

  • ဆုတောင်းလို့မရမှန်းတော့ သိတာပေါ့ဗျာ။
    ဒါပေမယ့် လူတိုင်းဆုတောင်းကြတာပါဘဲ။
    ဆုမတောင်းတောင်မှ သူများကို ကိုယ့်ကို ဆုပေးရင်တောင် တကယ်မရမှန်းသိပါရဲ့နဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့တော့ ပြောကြတာပါဘဲ။
    သူကြီးရေ သူကြီးပြောတာ မှန်ပေမယ် မှန်တိုင်းလဲ လူတိုင်းမလိုက်နာနိုင်ပါဘူး။
    ဒါ လူ့သဘာဝလေ………………………….

  • maythakhin

    June 1, 2011 at 4:47 pm

    ဆုတောင်းလို့ရတယ်မရဘူးဆိုတာ ကိုယ့်အတွေးကိုယ်စိတ်နဲ့ကိုယ်ပါ။ဗုဒဘာသာမှ မဟုတ်ပါဘူး ။ ဘယ်ဘာသာဝင်မဆို ဆုတောင်းကြတာပဲလေ။ ပုဂံ ညောင်ဦးက စွယ်တော်လေးဆူမှာလည်း တစ်ဆုတည်းတောင်းပါလို့ အဓိပါယ်င်္ရတဲ့ စာတွေ၊အလိုတော်ပြည့်ဘုရားမှာလည်း တစ်ဆုတည်းတောင်းရင် ပြည့်တယ်ဆိုတဲ့ စကားတွေရှိတယ်လေ။ဒါပေမဲ့ အတိတ်ကကံအကျိုးပေးချိန်နဲ့ ဆုတောင်းချိန်တိုက်ဆိုင်ရင်တော့ ပြည့်သွားကြတယ်။ဒါကို လူတွေက ဆုတောင်းပြည့်တယ်လို့ သမုဒ်ကြတာပါ။ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့ ။ လူတိုင်းမှာ ဆုမတောင်းဘူးတဲ့သူတော့ ရှိမယ်မထင်ဘူး။လူတိုင်းဆုတောင်းဖူးကြမှာပါ။အထူးသဖြင့် ဒုတ်ခရောက်နေတဲ့အချိန်မျိုးမှာပေါ့။ အားကိုးရာရှာတဲ့ဘောပါပဲ။မြန်မာလူမျိုးအများဆုရဲ့ စရိုက်သဘာဝပါ။မေတို့လည်း ပါပါတယ်။

  • phyoshein

    June 1, 2011 at 4:50 pm

    ဆုတောင်းတာလား.. ဆုပန် တာလား….
    ပစ္စေကဗုဒ္ဓါ ဆီမှာ ဆုတောင်းရင် ပြည့်တယ်လို့ မှတ်သားမိပါတယ်..
    ဘာပဲဖြစ်ဖြစ်…သူလည်း ပြည့်ဖို့ အချိန်တန်လို့..ပြည့်သော ဆုကို တောင်းခွင့်ရှိတာပေါ့..
    ဆုတောင်းတယ်ဆိုတာ.. ပန်းတိုင်မပျောက်အောင်ပါတဲ့…
    တစ်ကယ်တော့ ကိုယ်လိုချင်..ရချင်တာကို တီးတိုးပြောမိတာလည်း ဟုတ်တာပေါ့..
    ပြီးတော့ တစ်စုံတစ်ခုကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းအတွက် ရတဲ့ ဆုလာဘ်ဆိုလည်း ဟုတ်တယ်..
    ဆုတောင်းတိုင်းလည်း ပြည့်တာမှမဟုတ်တာ ဆိုရအောင်လည်း.. ကိုယ်က နည်းနည်းလုပ်ပြီး.. များများ လိုချင်တာကိုး..
    ဗုဒ္ဓတရားအစစ်တွေနားလည်သူတွေဟာ.. ဆုမတောင်းတတ်ပါဘူး.. ဆိုတာ ဟုတ်ပါတယ်..
    သို့ပေမယ့်..
    ဖြစ်နိုင်တာကို တောင်းဆိုရင်တော့ ရစမြဲပါ..
    ဘုရားရှင်ထံပါးမှာ အလုပ်အကျွေးပြုရမှာဖြစ်တဲ့အတွက်..
    အရှင်အာနန္ဒာက ဆုလာဘ်အနေနဲ့ တောင်းခဲ့တာရှိပါတယ်..
    အဲဒါတွေကို ဘုရားရှင်က ချီးမြှင့်တော်မူပါတယ်..
    ဒါကြောင့်.. သင့်အနားကို .. ပစ္စေကဗုဒ္ဓါ တစ်ပါး ကြွမြန်းရောက်ရှိ လာလို့..
    သင့်အနေနဲ့လည်း အလှူဒါန ပြုခဲ့လို့..
    ပြည့်သော ဆုကို တောင်းခွင့်ရရင်…..

    • ဆူး

      June 1, 2011 at 5:00 pm

      ဒါကြောင့်.. သင့်အနားကို .. ပစ္စေကဗုဒ္ဓါ တစ်ပါး ကြွမြန်းရောက်ရှိ လာလို့..
      သင့်အနေနဲ့လည်း အလှူဒါန ပြုခဲ့လို့..
      ပြည့်သော ဆုကို တောင်းခွင့်ရရင်…..
      (((ဗောဓိ ၅မျိုးမှာ ၁မျိုးပဲ တောင်းသင့်တယ်နော် မေ့မှာ စိုးလို့ သတိပေးတာ။))))

    • kai

      June 1, 2011 at 6:22 pm

      “Embrace nothing:
      If you meet the Buddha, kill the Buddha.
      If you meet your father, kill your father.
      Only live your life as it is, Not bound to anything.”

      Buddha- Hindu Prince Gautama Siddharta, the founder of Buddhism, 563-483 B.C.)

      အဲဒါ ဗုဒ္ဓတကယ်ပြောတာလား.. သိချင်သား….။
      နောက်စာထဲမတော့.. ဒီလိုတွေ့တယ်..။

      A teaching ascribed to the Chinese Ch’an master Lin-chi I-hsüan (d. 866). In full, his teaching reads, ‘If you meet the Buddha, kill the Buddha; if you meet the patriarchs, kill the patriarchs; if you meet an Arhat, kill the Arhat; if you meet your parents, kill your parents… in this way, you attain liberation.’ (Taishō, vol. 47, p. 500b). According to the Ch’an tradition, his intention was to shock students into realizing that they themselves were Buddhas, patriarchs, Arhats, and so on, and that they had no need to depend upon, mistakenly objectify, or inordinately revere figures external to themselves.

      Read more: http://www.answers.com/topic/kill-the-buddha#ixzz1O3A1VxM8

      • nature

        June 1, 2011 at 11:01 pm

        စာကလေးကတိုတာပဲ၊ ဗမာလိုသိတဲ့သူတွေတယောက်လောက်ဘာသာပြန်ပေးပါလား။ သိပနားမလည်တော့အဓိပါယ်ကောက်လွဲမှာစိုးလို့။

Leave a Reply