မြန်မာ တို့ရဲ့ ဗီုလ်အောင်ဆန်း
မြန်မာနှင့် ဗုဒ္ဓဘာသာ – ဦးအောင်ဆန်း
၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက ( The World of Books ) မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပြီး ဒီဆောင်းပါးကို “ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲက ထုတ်နုတ် တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ရဲ့ ဒီ ဆောင်းပါး ကို ရှာဖွေတင်ပြသူ ဆရာ ဦးမြဟန်က – ဒီဆောင်းပါးဟာ ဗိုလ်ချုပ်ရဲ့ စာပေလက်ရာတွေထဲမှာ ပထမဦးဆုံး ရှာဖွေ စုဆောင်းမိတဲ့ ဆောင်းပါးတစ်ပုဒ် လို့ ပြောထားပါတယ်။ ကျွန်တော်တို့ နေထိုင်နေတဲ့ ဒီနိုင်ငံတော် လွတ်မြောက်ဖို့ အရေး တစ်ခုတည်း ဗိုလ်ချုပ်စဉ်းစားနေခဲ့တာ မဟုတ်ဘူး ။ ဘာသာရေးကိုလည်း အလေးထားကြောင်း ဖတ်ကြည့်ရင် သိပါမယ်။
( ဗိုလ်ချုပ်ဟာ ၁ဝ တန်းမှာ ပါဠိ ဂုဏ်ထူးနဲ့ အောင်ခဲ့သူပါ။ ဒါကိုလည်း သိကောင်း သိကြပါလိမ့်မယ်။)
…………………………………
မြန်မာလူမျိုးတွေ ဖြတ်သန်းနေကြရတဲ့ မျက်မှောက်ခေတ် စပ်ကူးမတ်ကူး ကာလကြီးထဲမှာ အရေးအကြီးဆုံးကတော့ ပြုပြင်ရေး ဩဇာ ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုတွေ ပါပဲ။ လူငယ် တွေကတော့ အခြေအနေကို အပြည့်အဝ သတိပြုမိကြပြီး ၊ မြန်မာပြည်ကြီး ပြန်လည်တည်ဆောက်ရေးမှာ ကျရောက်လာတဲ့ မိမိတို့ တာဝန်ကို ထမ်းဆောင်ဖို့ လက်မနှေးကြပါဘူး ။
သူ့ခေတ် သူ့အခါက အမြတ်တနိုး တလေးတစား ထားကြ၊ အလေ့အထ ဖြစ်လာလို့ အတည်ဖြစ်လာတဲ့ မှိုတက်ပစ္စည်းတွေ မျက်မှောက်ခေတ် အခြေအနေတွေနဲ့ အံဝင်ခွင်ကျ မဖြစ်တော့ဘူး ဆိုတာကို လူငယ်တွေက သဘောပေါက်လာကြတယ်။
ငယ်ရွယ်နုပျိုသေးတဲ့ မြန်မာပြည်ဟာ နိုင်ငံရဲ့ ပြဿနာတွေကို ဝေဖန်ရေး စိတ်နဲ့ ချဉ်းကပ်နေပြီး အရှိကို အရှိအတိုင်း မြင်အောင် ကြည့်နိုင်ဖို့ ကြိုးစားနေတယ်။ အရာရာကို ဘက်မလိုက်တဲ့ ရှုထောင့်ကနေ ရှုမြင်တတ်လာတဲ့ အတွက် အမှိုက်တောင်းထဲ ထည့်သင့်တဲ့ ရှေးရိုး စဉ်လာနဲ့ ဓလေ့တွေ၊ ခြေရာ လက်ရာ မပျက် ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ရှေးရိုးစဉ်လာတွေ၊ ဓလေ့တွေ အများကြီးကို တွေ့လာကြတယ်။ အရင်ခေတ် ကာလတွေ တုန်းကလိုပဲ အတိတ်ကို ဖက်နေသူ တွေ၊ တစ်စုံတစ်ရာ ပြောင်းလဲ သွားမှု အပေါ် အထိတ်တလန့်နဲ့ ရှုမြင်တတ်သူတွေ ၊ ရှေးအစဉ်အလာကို တစ်စုံတစ်ရာ ပြင်ဆင်တာကို ရှုတ်ချတတ်သူတွေ လည်း ရှိကြပါသေးတယ်။ မြန်မြန်ဆန်ဆန် ပြောင်းလဲရေးကို အဆက်မပြတ် တောင်းဆိုနေသူတွေလည်း ရှိတယ်။ ဒီလို အစွန်းရောက်မှုတွေ ကြားမှာ ဗုဒ္ဓဘာသာဟာ မဇ္ဈိမ ပဋိပဒါ အလယ်အလတ် လမ်းစဉ်ကို ခင်းပေးထားပါတယ်။
ဗုဒ္ဓဘာသာကို သိပ္ပံနည်းကျ တဲ့ ဘာသာလို့ ပြောဆိုကြတယ်။ ဘာကြောင့်လဲ ။ ဗုဒ္ဓဘာသာဟာ အရာရာကို ဆုံးဖြတ်ရာမှာ ဝေဖန်ရေးကို ကိုက်တံ အဖြစ် သုံးထားလို့ပဲ ။တစ်ခါက ဗုဒ္ဓရှင်တော် မြတ်ကိုယ်တိုင်ပဲ သူ့ဝါဒကို မျက်စိမှိတ် မယူကြဖို့ လူတွေကို ဟောတော်မူဖူးတယ်။ အရာတစ်ခု မှန်မမှန် ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကာလာမ အမျိုးသားတွေကို မြတ်စွာ ဘုရားက ဟောသလို မိန့်မြွက်တော်မူခဲ့ပါတယ်။
“ကလေးဘဝမှစ၍ ကြားနာမှတ်သားခဲ့ခြင်းလည်း ဟုတ်တယ် မှန်တယ်လို့ အစွဲအမြဲ မယူကြနဲ့။ မိဘ ဘိုးဘွား စသည်တို့မှ ဆင်းသက်၍ ( ပရံပရ – အဆက်ဆက် ) မှတ်ယူ လုပ်ကိုင်ရိုး ဖြစ်၍လည်း အစွဲအမြဲ မှတ်ယူ မထားကြနဲ့ ။ ဣတိကိရ – ဒီဟာက ဒီလိုတဲ့ လို့ တစ်ခြားတစ်ယောက်က ပြောလိုက်ရုံမျှ နဲ့လည်း အမြဲအစွဲ မှတ်ယူ မထားကြနဲ့။ ဒီ အယူအဆဟာ ငါတို့ သင်ရတဲ့ ကျမ်းစာနဲ့လည်း ကိုက်ညီတယ်လို့ မိမိတို့ ကျမ်းစာနဲ့ ညီနေရုံမျှနဲ့လည်း အတည်တကျ မှတ်ယူ မထားကြနဲ့။ မိမိ ဘာသာ ကြံစည်အပ်တဲ့ အရာကို ဟုတ်လှပြီ၊ မှန်လှပြီ လို့ အစွဲအမြဲ မှတ်ယူမထားကြပါနဲ့။ တစ်စုံတစ်ခု ပြုလုပ်ဖို့ အကြောင်း အထောက်အထားကို စဉ်းစားရာမှာ အထောက်အထား ကောင်း ရပြီး သဘောတကျနဲ့လည်း အမြဲ အစွဲ မှတ်ယူ မထားကြနဲ့။ သူပြောတဲ့ အယူဝါဒက ငါတို့ ကျေကျေနပ်နပ် စဉ်းစားထားတဲ့ အယူဝါဒနဲ့ ညီတယ်ကွ ဆိုပြီး အယူဝါဒ တူရုံမျှနဲ့လည်း အမြဲ အစွဲ မယူကြနဲ့။ ဤရသေ့ ရဟန်း ဤ ပုဂ္ဂိုလ်ကား ယုံကြည်ထိုက်သော ပုဂ္ဂိုလ်ပဲ ၊ ဒီလို ပုဂ္ဂိုလ် ရဲ့ စကားကို လေးလေးစားစား မှတ်သားထိုက်တယ် ဆိုပြီးလည်း စွဲစွဲမြဲမြဲ မယူနဲ့။ ကာလာမ အမျိုးသားတို့ – ဒီကျင့်ဝတ်ဟာ ကောင်းလည်း မကောင်း၊ အပြစ်လည်း မကင်း၊ ပညာရှိ ကဲ့ရဲ့ စရာလည်း ဖြစ်တယ်၊ ဒီ အကျင့်အကြံ အလုပ်အကိုင်ကို ပြုလိုက်ရင် စီးပွားမဲ့ ဖို့ ၊ အကျိုးယုတ်ဖို့ ဖြစ်တယ်လို့ ကိုယ်တိုင်နားလည်တဲ့ အခါ အဲ့အကျင့် အဲ့အပြုအမူတွေကို စွန့်လိုက်ကြ။ စီးပွားတိုးတက်ပြီး သုခ ရဖို့ အကျင့်တွေပဲ လို့ ကိုယ်တိုင်နားလည် ထားတဲ့ အကျင့်အကြံ အပြု အမူတွေကိုပဲ လိုက်နာကြ ၊ ကျင့်ကြံကြ” ။ တဲ့။
မြန်မာနိုင်ငံဟာ ရာစုနှစ်နဲ့ ချီပြီး ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်ခဲ့တယ်။ ဒါပေမယ့် မိမိ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဗုဒ္ဓဘာသာရဲ့ အဓိက ကျတဲ့ အနှစ်သာရ ဒီကာလမသုတ် ဝေဖန်ရေး အမြင် ခေါင်းပါးနေတယ် ဆိုတာ တွေ့ရပါတယ်။ မြန်မာ ဗုဒ္ဓဘာသာတွေဟာ ယခုလောလောဆယ် လုပ်နေတာတွေထက် နည်းနည်းလေး ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွ သင့်တယ်။ သာမန်ကာ လျှံကာ အပေါ်ယံ အကျင့်အကြံ သက်သက်နဲ့ အားရ ကျေနပ်မနေသင့်ဘူး ။ ဥပမာ ပြောရရင် ဘုရားပွဲတွေ၊ ဘုန်းကြီးပျံပွဲတွေ ၊ သင်္ကြန်ပွဲတွေ၊ မီးထွန်းပွဲတွေ လိုမျိုး ပွဲတွေ ကျင်းပနေတာကို ဒီဝေဖန် ရေး အမြင်နဲ့ ဆန်းစစ်ကြရအောင် ။ ဗုဒ္ဓဘာသာ ကို ကျင့်သုံးရာမှာ ဒီလို ကျင်းပနေကြတာ အရေးကြီးသလား။ ရှေးပညာမဲ့တွေ ၊ အယူဝါဒ မှားယွင်းသူတွေ၊ ဘာသာရေး မကိုင်းရှိုင်းသူတွေ ကို ဆွဲဆောင်ခဲ့ရတာကိုး။ အဲ.. အခု ကျုပ်တို့က ခေတ်သစ်ထဲ ရောက်နေ နေ ကြတာ။ ဒီလို ဝေဖန် ဆန်းစစ်မှု ပြုလုပ်ရင် ဒါတွေ ဘယ်က ရောက်လာတာလဲ မေးစရာ ရှိတယ်။ လက်ရှိ အခြေအနေအရ အဓိပ္ပါယ် ကင်းမဲ့တာ မှန်သမျှကို တားမြစ်ထားရမယ်။ ဒါ့အပြင် ဒါမျိုးတွေက ကျုပ်တို့ ဘာသာရေးကို ဟန်ပြသက်သက် ဖြစ်သွားစေခဲ့တယ်။
ရတန သုတ်မှာ အခမ်းအနားတွေရဲ့ အနှစ်သာရ မရှိပုံကို တင်ပြထားတယ်။ အဲ့သလို.. ကျုပ်တို့ မြန်မာပြည်မှာ တွေ့ရတဲ့ ဗုဒ္ဓဘာသာကလည်း အပေါ်ယံ အခမ်းအနားတွေနဲ့ ဖြစ်နေတယ်။ ကျုပ် တို့ ယဉ်ကျေးမှုကလည်း ထိုနည်း၎င်းပဲ ။ ကျုပ်တို့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိတ်ဓါတ် လိုအပ်ချက် ညှိုးနွမ်းသွားခဲ့ပြီ ။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာမှာ အရေးကြီး ပါဝင်တဲ့ ဝေ ဖန်ဆန်းစစ်တဲ့ စိတ်ဓါတ် ပြန်လည် ဖော်ဆောင်ကြဖို့နဲ့ ၊ မြန်မာပြည်နဲ့ ပတ်သက်နေတဲ့ ပြဿနာတိုင်းကို ဖြေရှင်းရှာမှာ လက်တွေ့ အသုံးချ ကြဖို့သာ မြန်မာ စစ်စစ်တိုင်းရဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ပဲ ။ မြန်မာပြည် လွတ်လပ်ရေး ရပြီး၊ ပြန် ချမ်းသာ ကြွယ်ဝ လာစေချင်ရင် အမြစ်တွယ်နေတဲ့ မိရိုးဖလာ ယဉ်ကျေးမှုတွေကို အမြစ်ကနေ တွန်းလှန် ဖျက်ဆီးပစ်ရမယ်။ အဲ့အတွက် စိတ်မသက်မသာ ဖြစ်နေမှာကိုလည်း ချေမှုန်းပစ်ရမယ်။ ဟောင်းနွမ်းရွတ်တွနေတဲ့ ရှေးဟောင်း ယဉ်ကျေးမှု မြေအုတ်တွေကို ကျောက်အုတ်တွေနဲ့ အစား ထိုးပစ်ရလိမ့်မယ်။
အောက်ခြေ မှတ်စု
၁။ ဗိုလ်ချုပ်ဟာ ကာလာမသုတ်ကို Buddhism in England , Jan – Feb 1933 ကနေ ထုတ်နှုတ်တင်ပြပါတယ်။ သာသာပြန်သူကတော့ မူရင်း ပါဠိကို စကားပြေချောအောင် မြန်မာပြန်ထားတဲ့ မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသ ရေးတဲ့ အနာဂတ် သာသနာရေး စာအုပ်တွေကနေ ထုတ်နှုတ်တင်ပြလိုက်ပါတယ်။
၂။ “မြေအုတ်များ ပြိုလေရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်အံ့” ဆိုတဲ့ ဂန္တလောက မဂ္ဂဇင်းရဲ့ ကြွေးကြော်သံကို ရောင်ပြန်ဟပ် ရေးထားတာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို ဆရာမောင်ဆန်းကြယ် ပြန်ဆိုပါတယ်။ ဆရာဦးသာနိုးက ပြန်တည်းဖြတ်ပြီး ဖြည့်စွက်တယ်။
………………………………….
The World of Books ( တနည်း – ) ဂန္ဓလောက မဂ္ဂဇင်း ရဲ့ အတွဲ ၂၁ – အမှတ်စဉ် ၁၂၃ – ၁၉၃၅ ခု ဧပြီလထုတ် – စာမျက်နှာ ၁၃၂ မှာ ရေးသားထားတဲ့ ဗိုလ်ချုပ်ရဲ့ အင်္ဂလိပ် မူရင်းက –
During the present period of transition through which Burmans are passing, the most remarkable has been the perceptible results of reformative influences. The Youth of the land are fully alive to the situation and have not been slow in contributing their quota to the reconstruction of a greater Burma. They have realized that things ancient though hallowed by time and sanctioned by usage do not necessarily fit in with modern conditions. Young Burma in approaching its problems with a spirit of criticism, and trying to see things as they are. They have taught themselves to view things from a detached standpoint and find many an old tradition or custom which ought to be abandoned, or which ought to be retained and improved upon, or which ought to be maintained intact. Ad in other times and in other climes, there are those who cling to the past and view with alarm at any change and look upon with scorn any alteration in the old order of things: and there are those who are incessantly clamouring for change-quick and sudden. Between these extremes Buddhism paves the middle path.
Buddhism is claimed to be a scientific religion and why? Because it makes the criticism the criterion by which things may be judged. Buddha Himself asked the people on one occasion not to take His talents on trust; and in reply to the inhabitants of Kalamas as to how the truth of a thing must be judged, thus Buddha said:
“Do not believe in anything because you have heard it; do not believe in traditions because they have been handed down from many generations; do not believe in anything because it is rumoured and spoken by many; do not believe in anything because it is found written in your religious Books; do not believe in anything merely on the authority of your teachers and elders. But after observation and analysis when it agrees with reason and is conductive to the good and benefit of one and all, then accept it and live up to it.” (Buddhism in England. Jan-Feb. 1933)
Burma has been a Buddhist country for centuries; yet, from what one sees around him one is forced on one that is criticism – the vital essence of Buddhism is lacking. The Burmese people should drive a little deeper than they seem to be doing at present and not be content with mere superficial observation. Let us, for example, apply this crucial text of criticism on such things as pagoda festivals, phongyi-byans, the water festivals and the illumination festivals. Are these essential for the observance of the Buddhist religion? Time was when the ignorant, the infidel and the impious had to be induced to come to pagodas and to listen to the Law by such entertainments as please their fancy. But we are living in modern times and the question is, applying this text of criticism, where do these come in? the present scheme of things must shut out all that are unessential. Besides that things such as these tend to reduce our religion into a mass of mere form.
In the Ratana Sutta the hollowness of the forms and ceremonies in mentioned. Yet Buddhism, as we find it in Burma, remains only in form and so too the civilization. The spirit requisite for the growth of our civilization has died down. It is therefore the bounden duty of every true Burman to revive the spirit of criticism, inherent in Buddhism, and apply it to every problem affecting Burma. If Burma is to regain her freedom and prosperity, the feeling of uneasiness in eradicating the fetish tradition must be overcome and the ancient civilization of bricks must be displaced by the civilization of hewn stones.
………………………………
ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ စပ်မိစပ်ရာ အခြား ဆောင်းပါးတွေကို အောက်က လင့်ခ်တွေမှာ ကျနော်အတတ်နိုင်ဆုံး စုထားပါတယ်။
* http://zayya.wordpress.com/category/aungsan/
* http://zayya.blog.com/category/aung-san/