“ဗျိုင်းနား၍ကိုင်းသောပေါက်ပင်နှင့် အစရှာမရသောစက်ဝိုင်း”(အပိုင်းတစ်) (လက်ဆောင်ပဏ္ဏာ)

“ဗျိုင်းနား၍ကိုင်းသောပေါက်ပင်နှင့် အစရှာမရသောစက်ဝိုင်း”(အပိုင်းတစ်)
(လက်ဆောင်ပဏ္ဏာ)
ဒီနေ့ညနေထမင်းစားပြီး အိမ်အနီးအနားမှာလမ်းလျှောက်ထွက်လာတဲ့အချိန်လမ်းမပေါ်မှာဈေးလည်ရောင်းနေတဲ့ အချဉ်ပေါင်းသည်တွေဖွင့်ထားတဲ့သီချင်းသံလေးက နားထဲကို တိုးဝှေ့လို့်ဝင်လာပါတယ်။
ခပ်ဝေးဝေး ကြားစကတော့ မသဲမကွဲ အနီးရောက်လာလေသီချင်းသံက ပီသလေပါဘဲ။
“နိုင်ငံအကျိုးများကိုသာ အားလုံးရွက်ဆောင်ပါမယ်ခင်ဗျာ……..
ပြုပြင်ရေးလုပ်တဲ့ရွာ အမျုးိသားအတွက်ဆို မငြိုငြင်ပါ………………………”
နန်းတော်ရှေ့ဆရာတင်ရေးပြီး သုမောင်သီဆိုထားတဲ့ “ကျေးရွာဝါဒ”
သီချင်းထဲကစာသားလေးပါဘဲ။
အခုဒီသီချင်းစာသားလေးကို နားထောင်လိုက်ရတော့လည်းကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေကိုပြန်လည်လို့သုံးသပ်မိပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုတဲ့ ပုံစံအသစ်နဲ့တက်လာတဲ့ အစိုးရအသစ်လက်ထက်မှာ
အခုလောလောဆယ် အကျယ်လောင်ဆုံး အားလုံးစိတ်အဝင်စားဆုံးလို့ပြောနိုင်တာ
တစ်ခုကတော့ “လာဘ်စားမှု့လျော့နည်းပပျောက်ရေး” ဆိုတဲ့အသံတွေပါဘဲ။
“လာဘ်လာဘ “ဆိုတဲ့စကားရဲ့မူလအနက်အဓိပ္ပါယ်ကတော့ ကောင်းပါရဲ့။
ဒါပေမယ့်လည်း ” စားတယ်”ဆိုတာနဲ့လဲတွဲလိုက်ရော
စက်ဆုပ်စရာစကားလုံးအဖြစ်အော်တိုမက်တစ်ပြောင်းသွားပါတော့တယ်။

အဲတော့ လာဘ်စားတယ်ဆိုတဲ့အကြောင်းကိုပြန်စဉ်းစားကြည့်မိတော့
ဘယ်အချိန်ကတည်းက စခဲ့တယ်ဆိုတာကို အတိအကျ မသိရပေမယ့်
ကိုယ်ငယ်စဉ်ကလေးဘဝက ကြားခဲ့ရတဲ့ “တံခါးမှူး ဒတ္တ” ဆိုတဲ့ဇာတ်လမ်းမှာတောင်
လာဘ်စားတဲ့ အကြောင်းကို ရေးထားတယ်ဆိုတော့ ကိုယ်မမွေးသေးခင်
ရှေးပဝေသဏီထဲက ဒီကိစ္စကြီးရှိနေတယ်ဆိုတာကတော့အသေအချာပါဘဲ။
ဒီလာဘ်စားတယ်ဆိုတာကလဲ နိုင်ငံတော်တော်များများအတွက် အင်မတန်ကို ခေါင်းခဲရ
ဖြေရှင်းရခက်ခဲတဲ့ ကိစ္စတစ်ရပ်ပါဘဲ။
ဆင်းရဲတာ ချမ်းသာတာမပြောနဲ့ လာဘ်စားရင် သေဒဏ်ပေးတယ်ဆိုတဲ့ တင်းကျပ်သော
ဥပဒေရှိတဲ့ နိုင်ငံမှာတောင် အသေခံပြီးလာဘ်စားတာ တွေ့ရပြန်ပါတယ်။
ဒီမှာတော့လဲ စားဝတ်နေရေးမပြေလည်လို့တို့ ၊ရတဲ့ လခနဲ့မလောက်လို့လာဘ်စားရတာပါတို့
ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စီစီညံလို့နေပါတယ်။
တကယ်တော့လဲ ဒီအကြောင်းပြချက်တွေဟာ ပြည့်စုံလုံလောက်ပါသလား ခိုင်မာပါသလားလို့မေးရင်
“ဟင့်အင်း”လို့ဘဲ ငြင်းပယ်ရမှာ အမှန်ပါဘဲ။
မစားလောက်လို့ လာဘ်စားရပါတယ်ဆိုတဲ့လူက လဲ သူထမင်းဝရုံလောက်ဘဲတွက်ပြီးလာဘ်စားတာ မဟုတ်ပါဘူး။
ရသလောက် အခွင့်အရေးရှိသလောက် အပြည့်အဝစားတာပါ။
ဥပမာ လူတစ်ယောက်က သူ့မိသားစုအတွက် တစ်ရက် ခြောက်ထောင်ဆိုရင်စားဝတ်နေရေးပြေလည်တယ်ဆိုပါတော့။
သူက တစ်ရက်ခြောက်ထောင်ရရင်တော်ပြီဆိုပြီး ရပ်မနေပါဘူး။
ရတုန်းလေးယူထားမှဆိုတဲ့ အသိစိတ်နဲ့ ရသလောက် အသားကုန်စားမှာပါဘဲ။
လူ့သဘာဝအရ ထမင်းဝတော့ လဲ ဒါနဲ့တင်မရပ်ပါဘူး။
ဘီယာသောက်တိုက်ဆောက်ကားစီး ဟန်းဖုန်းလေးကိုင်နိုင်ဘို့အတွက် ရသလောက် ဝါး မှာပါဘဲ။
လူကိုးဗျ ဘယ်တော့ မှ လိုဘပြည့်တယ်ဆိုတာ မရှိနိုင်တာ အမှန်ပါဘဲ။
လူဆိုတာ ချမ်းသာသထက်ပို ချမ်းသာချင်ပြည့်စုံသထက် ပိုပြည့်စုံချင် ရတယ်ဆိုတာထက်
ပိုပိုလိုအပ်တဲ့လောဘသားကိုးဗျ။

ဒီလာဘ်စားတယ်ဆိုတာကို ဆက်ပြီးဖြန့်တွေးလို်က်ပြန်တော့ တစ်ဖက်ထဲကြောင့်ဖြစ်လာတဲ့ကိစ္စမဟုတ်ဘဲ
ပေးသူနဲ့ ယူသူဆိုတာလေးကို သွားတွေ့ရပြန်ပါတယ်။
ဒါကြောင့်လဲ လာဘ်ပေး လာဘ်ယူ ဆိုတဲ့စကားလုံးပေါ်ပေါက်လာပါတယ်.။
အဲဒီမှာ ပေးတဲ့သူရှိလို့ ယူတာလား ယူတဲ့သူရှိလို့ပေးတာလားကိုလဲ စဉ်းစားမိရော
ဂျာအေးသူအမေရိုက် မုန့်လုံးစက္ကူကပ် ပေါက်ပင်ဘာကြောင့်ကိုင်းဗျိုင်းနားလို့ကိုင်း
ဆိုတာလို အစရှာမရ အဆုံးလဲမသိဆိုတာလို လုံးလည်ခတ်သွားပါတော့တယ်။
တကယ်ပြောရင် လာဘ်ပေးလာဘ်ယူဆိုတာရဲ့အစကတော့
လက်ဆောင်ပဏ္ဏာကလို့ပြောရင်ရပါတယ်။
ဒီလိုလက်ဆောင်ပဏ္ဏာနဲ့ ပါတ်သက်တဲ့ ဇာတ်လမ်းလေးတစ်ခုတော့
တစ်ခါက အလွန်ရိုးတဲ့ လူတစ်ယောက်ကိုရုံးတွေကို လှည့်စစ်ဆေးရတဲ့
တာဝန်ပေးလိုက်ပါသတဲ့။
သူဝါသနာက ဈေးလည်တာပါတဲ့။
သူကနေရာဒေသတစ်ခုရောက်တယ်ဆိုရင် ဈေးတွေလှည့်ပါတ်ကြည့် ပစ္စည်းအထူးအဆန်းတွေ့ရင်ဝယ်ပေါ့။
တစ်ခေါက်ကတော့ ဈေးလည်သွားပေမယ့် ပိုက်ဆံအိတ်က ပါမလာခဲ့ပါဘူးတဲ့။
အဲတော့ ပစ္စည်းတွေ့ရင်မနေနိုင်သူဆိုတော့ ကိုင်ကြည့်လိုက်ပြန်ချထားလိုက်လုပ်နေပါသတဲ့။
ဒါနဲ့ဘဲလှည့်ပါတ်ကြည့်ပြီးပြန်လာပါတယ်။
ဒါပေမယ့် သူ့တည်းအိမ်လဲပြန်ရောက်ရော သူကိုင်ကြည့်သမျှပစ္စည်းတွေက
သူ့အိပ်ခန်းထဲရောက်နေတာကိုတွေ့တော့ အတော်လေးအံ့ဩသလို စိတ်ထဲလဲကျေနပ်သွားမိပါသတဲ့။
နောက်တစ်ခေါက်ခရီးသွားပြန်တော့လဲဒီအတိုင်းဆိုတော့ အိမ်က မဟေသီက အတော်လေးကိုကျေနပ်ပါသတဲ့။
ဒါနဲ့နောက်တစ်ခေါက်လဲခရီးထွက်ရော ပါလာတဲ့ မဟေသီက ဆိုင်တစ်ဆိုင်ရှေ့ရောက်တာနဲ့ခါးလေးတို့တို့ပြီး
“ကိုကို ကိုင်ကြည့်လေ……………”ဆိုပြီးတိုးတိုးလေး သတိပေးပေမယ့် အားလုံးကကြားနေပေမယ့်
မသိချင်ယောင်ဆောင်ပြီး ကိုင်သမျှကို ကားပေါ်တင်ပေးလိုက်ရပါသတဲ့။
နောက်ဇာတ်လမ်းတပုဒ်ကတော့ နယ်စပ်ကုန်သွယ်ရေးတွေခေတ်စားစပေါ့။
တစ်ခါက ခပ်အအ အရာရှိပေါက်စတစ်ယောက်ကိုမြန်မာပြည်နယ်စပ်တစ်နေရာမှာ ဖွင့်ထားတဲ့ရုံးကိုစာရင်းစစ်ဘို့
တာဝန်ပေးလို့လွှတ်လိုက်ပါသတဲ့။
နယ်စပ်ဆိုတော့လဲ ပစ္စည်းတွေက ပြည်တွင်းထက်စာရင် ဈေးလဲပေါ ပစ္စည်းလဲပေါပေါ့။
သူခရီးကနေပြန်လာတော့ သူ့ဆရာအတွက်ဘာမှဝယ်မလာပါဘူးတဲ့။
သူ့ကိုလွှတ်လိုက်တဲ့ဆရာက
“မောင်ဖြုးိရေ အဲဒီမှာဘာပေါသလဲ”လို့မေးတော့ ခပ်အအလူဆိုတော့
“ဆရာ ပစ္စည်းတွေကတော့ ပေါမှပေါ ဈေးလဲအတော်လေးချိုတယ်”လို့ပြောပါသတဲ့.။
ဒါနဲ့ဘဲသုံးလေးခေါက်လွှတ် ပြန်လာရင် ဆရာကလဲ ဘာပေါလဲ မေး
သူကလဲအရင်အတိုင်းဘဲဖြေပါသတဲ့။
ထုံးစံအတိုင်းသူ့ဆရာကို “ဂါ”ဘို့ဘာမှ ပါမလာပါဘူးတဲ့။
နောက်တော့ သူလဲ အဲဒီခရီးထွက်ရင် သူ့ကိုမထည့်ပါဘူးတဲ့၊
ကွယ်ရာမှာ သူ့ဆရာရဲ့မှတ်ချက်က “မောင်ဖြုးိက အလုပ်မဖြစ်ပါဘူးကွာ”လို့ဝေဖန်ပါသတဲ့။
သူ့ဆရာကတော်ကလဲ မောင်ဖြိုးကို “ကောင်လေးက မသိတတ်ရှာဘူး”လို့မှတ်ချက်ချပါသတဲ့။
ဒီလိုလာဘ်ပေးလာဘ်ယူကိစ္စတွေအတွက်ကတော့ ဆရာကတော်များ သည်နောက်ကွယ်
ကစီစဉ်ပေးသူတွေဖြစ်ပါသတဲ့။
အဲဒီဆရာကတော်များကဘဲ ……………………………
(ဆက်လက်ဖော်ပြပါမည်)
(7-6-2011)

10 comments

  • unclegyi1974

    June 7, 2011 at 4:59 pm

    ကိုပေါက်ရေ ကိုသူရတယောက်မမြင်တာကြာပြီနော်
    နင်ရေးနေတာတွေငါသိတယ်
    အသက်လည်းကြီးပြီကျမ္မာမှလုပ်ချင်တာလုပ်နိုင်မယ်နော်
    ကျမ္မာရေးလည်းဂရုစိုက်အုန်း

  • pooch

    June 7, 2011 at 5:09 pm

    လေးပေါက် စောင့်ဖတ်နေတာနော်။ မြန်မြန်ရေးတင်။

  • bigcat

    June 8, 2011 at 2:35 am

    လူတွေအတွက် နေထိုင်စားသောက်ရေး၊ အိုစာမင်းစာ လုံလောက်မှုရှိအောင် စီမံပေးနိုင်ရင် အကျင့်ပျက် ခြစားမှုဆိုတာ တဝက်လောက် ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ဘယ်သူမှ မူးစုမတ်စုနဲ့ လူတကာဆီက တောင်းရမ်းစားသောက်ချင်ကြမှာ မဟုတ်ပါဘူး။ မျိုးမျိုးမြက်မြက်ရလို့ လုပ်တာကတော့ တပိုင်းပေါ့လေ။ ကိုယ့်ရှေ့မှာ မှန်ကန်လို့ ကွဲသူတွေကို သင်ခန်းစာယူကြရင်းနဲ့ ပျက်ကုန်ကြတာပါ။ နိုင်ငံရေးစနစ်မပြင်နိုင်ဘဲနဲ့ ကျန်တာတွေမျှော်နေလို့ကတော့ အမယ်လေး… ဘိုးဘိုးကြီးဦးနေဝင်းရဲ့ အဖြစ်ဆိုးလှချည့်လှ၊ နောက်ထပ်နှစ်၂ဝလောက် ဆက်အုပ်ချုပ်သွားလို့ ရရယ်သားနဲ့… 😥

  • mihninlay

    June 8, 2011 at 6:44 am

    လေးပေါက်ရေ….မြန်မြန်ရေးတင်နော်

  • fatty

    June 8, 2011 at 7:37 am

    လာဘ်ပေးလာဘ်ယူကို အာဏာစက်နဲ့သုံးပြီးတားဆီး တိုက်ဖျက်တာ ကောင်းပါတယ် ..
    အောက်ကလူတွေအော်မှလဲ အပေါ်ကသိမှာပါ .. များများနဲ့ ကျယ်ကျယ်လောင်လောင် အော်ပေးဖို့
    လိုပါတယ် ..။
    အထူးသဖြင့် ဂျာနယ်တွေထဲနာမည်တွေနဲ့ လူထုအော်သံ ဟစ်တိုင် လုပ်လိုက်ရင်အတော်လေးထိရောက်မယ်ထင်ပါတယ် ..။ နေရာတကာကြောက်နေရင်တော့
    ကိုယ်ကကိုဖိခြောက်တဲ့ သူနဲ့ဘဲတွေ့မှာပါ ။

  • ဆူး

    June 8, 2011 at 9:15 am

    လေးပေါက်ကြီးကတော့ လုပ်တော့ပြီ။

  • naywoonni

    June 8, 2011 at 12:31 pm

    အဲသဟာက ဟိုးအရင် ပဝေသဏီထဲက ရှိပြီးသားလေ……လေးပေါက်ရဲ့ တံခါးစောင့် ဇာတ်ထုတ်ထဲကနေ စပြီး ရှိပြီးသားကိစ္စ ခုမှ မထူးပါဘူး……..။ နေသားကျ ခေါက်ရိုးကျိုးနေရှာပါပြီ….။ ခုမှ အစအဆုံးပြင်ရမယ်ဆိုရင် ယောင်ရှာရှာ ဖစ်နေပါဦးမယ်လေ……..။

  • padonmar

    June 8, 2011 at 5:09 pm

    ကြက်ဥနဲ့ ကြက်မလိုပါဘဲ။ဒီတိုင်းပြည်မှာတော့ ပိုဆိုးလာသလားလို့။ပုဂ္ဂလိက ကုမ်ပဏီတွေဆီတောင် ကူးစက်နေပါပြီ။ဒေါက်တာထင်အောင်က မြန်မာပြည်ကြီးကောင်းစေချင်ရင် ၃နှစ်သားအထက်အကုန်သတ်လိုက်လို့ပြောဘူးတယ်တဲ့။

  • MaMa

    June 9, 2011 at 3:38 am

    ဝင်တတ် ထွက်တတ်ဆိုတာ တံခါးပေါက်ရှိမှ မဟုတ်ဘူး။ တံခါးပေါက်ပါ ဖောက်တတ်ရသေးတယ်။ ဒါမှ လူတော်။

Leave a Reply