ကြေကွဲအခန်း
ဖုန်းထဲက အသံဆုံးသွားချိန်မှာ ကျွန်တော်မျက်ရည်တွေဝဲနေမိတယ် ဝမ်းနည်းလို့ဖြစ်သလို မကျေနပ်မှုတွေကြောင့်လဲဖြစ်နိုင်ပါတယ် ဒီနေ့ ဖေဖေ့ဆီက ဖုန်းလာတယ်လေ သားနေကောင်းရဲ့လား သားအမေပြောနေတယ် ဖုန်းမဆက်လို့တဲ့လေ မင်းအဆင်မှပြေရဲ့လား မင်းအမေလဲ နေတော့ကောင်းပါတယ်ကွာ ဒါပေမဲ့ လက်ပြင်အောင့်နေတယ် ခြေဖျားလေးတွေမှာ ကြင်သလိုဖြစ်နေတယ်တဲ့ အဖေ ဆေးခန်းသွားဖို့ပြောတော့ ရတယ် မသွားဘူး သက်သာမှာပါဆိုပြီးနေတယ်။ဖေဖေ အဲလိုပြောပြီးချိန်မှာ ကျွန်တော် အရမ်းဝမ်းနေနေ ပြီ။ နောက်ထပ် ဖေဖေထပ်ပြောတယ် မမ တို့ လင်မယားအကြောင်းပါ ကျွန်တော့်မိဘတွေဟာ (လျော်ဖြူတောဆိုတဲ့ ရွာတစ်ရွာမှာ နှစ်စဉ် ဝတ်ဆောက်တည် တဲ့ သံဃာတော်များကို အလူူလုပ်ပါတယ်) အဲဒီနေ့မှာပဲ ကျွန်တော့် မမ အိမ်စောင့်နေခဲ့တယ် ပြီးတော့ ဖေဖေ နဲ့မေမေ ပြန်လာတော့ စာတစ်စောင်ထားခဲ့တယ် မမ သူ့သမီးနဲ့အတူ သူ့အမျိုးသားရှိတဲ့ အရပ်ကိုပြန်သွားပြီဆိုတဲ့အကြောင်းပေါ့ သူ့အမျိုးသားဟာ မေမေတို့အိမ်ကနေထွက်သားတာ (3)လကျော်ရှိနေပြီ သူ့အိမ်ပြန်ပြီး ငွေရှာသွားတယ်လို့သိရတယ် အဲလိုနဲ့ ခုချိန်ထိ ပြန်မလာဘူး။ဖြစ်ပုံက မပြေလည်မူတွေကြောင့်ပါပဲ အဲလိုနဲ့ မမ လည်း မိဘတွေကို ဖွင့်မပြောပဲ အဲဒီအလူူနေ့မှာပဲ စာချန်ခဲ့ပြီး အိမ်ကထွက် သွားခဲ့ပါတယ်။ မေမေ့မှာ သူ့မြည်မက အရမ်းချစ်တာလေ အခုဆိုမနေတက်ဘူးပေါ့။ လက်ရှိအိမ်မှာ ဖေဖေနဲ့ မေမေ နှစ်ယောက်ပဲရှိတော့တယ် ကျန်တာကတော့ အလုပ်သမားတွေရှိတာပေါ့။ ကျွန်တော်က လဲ မိုင်ချီဝေးတဲ့ တစ်နေရာမှာ ဘဝတက်လမ်းအတွက် ထွက်ခွာခဲ့တာကြာပြီ အဝေးကနေ ဒီလိုအဖြစ်ပျက်တွေကြားရတော့ ကျွန်တော့်မျက်ရည်တွေက ဘယ်နေပါတော့မလဲ မြေခရတော့တာပေါ့။ပထမ တွေးမိလိုက် တာက ငါအိမ်ပဲပြန်နေတော့မယ်အတွေးတစ်ခုပါပဲ မိဘတွေကို အချိန်ကြာပစ်မထားချင်တဲ့စိတ်ပါပဲ သို့သော် လက်ရှိကျွန်တော်ရှင်သန် ကြိုး
စားနေခြင်းက ကျွန်တော့်မိဘတွေအတွက် ဦးစွာပထမပါပဲ။ ခုချိန်ထိ ဖြစ်သင့်သလောက်ဖြစ်မလာသေးပါဘူး။လောင်းရိပ်မိတဲ့နေရာကို ရောက်နေသလားခံစားမိတယ်ဗျာ။ ကျွန်တော်တို့ မိသားစု အသိုက်မြုံလေး အဲလိုကွဲနေရတာတွေဟာ ဘာကြောင့်လဲ။ မမ တို့မိသားစုကလည်း တစ်မျိုးပါပဲ။ ယောက်ဖ လို့မသက်မှတ်ပါဘူး ညီကိုလိုပါပဲ မမ အမျိုးသားဟာ အလုပ်ကိုင်မယ်မယ်ရရမရှိ ငွေရှာခြင်းမရှိ သူ့အိမ်သူပြန်နေပြီဆို တော့ မေမေနဲ့ ဖေဖေက ဘယ်ကြည်ဖြူနိုင်ပါ့မလဲ အိမ်မှာနေ အိမ်လုပ်ငန်းတွေ ဦးစီးလုပ်ကိုင်ပြီးနေခွင့်ပေးထားတယ် အဲလိုလဲမလုပ် အပြင်မှ လုပ်ပြီးလဲငွေမရှာတော့ ဝေးပြီးရင်းဝေးနေရတော့တာပဲ။ အခုဆိုရင် မေမေနဲ့ ဖေဖေ နှစ်ယောက်တည်းပါလား အတွေးက ကျွန်တော့်ကို လှမ်း ခေါ်နေတာပါပဲ။ ကျွန်တော် သင်္ကြန်ရှေ့က အိမ်ခဏပြန်ဖြစ်ပါတယ် ဖေဖေနဲ့မေမေကို ကျွန်တော့်စိတ်ကူး ပြောပြလိုက်ခဲ့တယ် အဲဒါက ကျွန်တော်နဲ့အတူ
မေမေတို့လာနေပါလား အပြီးပိုင် လာနေဖို့ပါပဲ လက်ရှိ ရှိနေတဲ့ အရာတွေကို ရောင်းချခဲ့လိုက် ကျွန်တော်ရှိတဲ့အရပ်မှာ အခြေချမယ် ရောင်းချပြီး ရလာတဲ့ ငွေတစ်ချို့ကို အိပ်နဲ့ဝိုင်းအသင့်သင့်ဝယ်ပြီးနေ ဘာမှမလုပ်ပါနဲ့တော့ ကျန်ငွေတစ်ချို့ကို ဘဏ်မှာအပ်ထားပြီး ဘဏ်တိုးလေးနဲ့ စားပေါ့ ကျွန်တော်က ဆက်ပြီးကြိုးစားမယ် ငွေရှာမယ်ပေါ့ မမ တို့ မိသားစုပါ အတူလိုက်နေမယ်ဆိုလဲ ရပါတယ် ဒါပေမဲ့ ဒီခေတ်မှာ အိမ်မှာထိုင်နေလို့ တော့မရဘူးပေါ့ မမ လဲ အလုပ်လုပ် ရွှေယောက်ဖလည်း အလုပ်လုပ် ဒီလိုနဲ့ တိုးတက်ရေးလမ်းကြောင်းကိုလျှောက်မယ် ဆိုတဲ့စိတ်ကူးပါပဲ။ ဆိုလိုတာက မေမေရဲ့ ချက်မြုပ်ဒေသလေးက အပြီးပိုင်ခွဲခွာစေလိုတာမဟုတ်ပါဘူး အိမ်တွေဝိုင်းတွေ တစ်ချိုချန်ထားခဲ့ပေါ့ အဲလိုပါ။ ဖေဖေက တော့ အဲလိုလုပ်ချင်တယ် ကျွန်တော့်စိတ်ကူးကို သဘောကျပါတယ် မေမေကတော့ အင်းမလုပ်အဲမလုပ်ပါပဲ ကျွန်တော့်စိတ်ကူးကိုလဲ မငြင်းရက်၊မစွန့်ခွာရက်ဖြစ်နေရှာတယ်လေ ကျွန်တော့်အတွက် အဝေးတစ်နေရာကနေ လွမ်းစိတ် ပူပင်စိတ်တွေနဲ့ပေါ့ ထိုနည်းတူ မိဘတွေမှာလဲ အဲထက်ပိုမှာပါ။ ကျွန်တော် သတိရတယ်ဗျာ အရင်ချိန်တွေကို မောင်နှစ်မနှစ်ယောက် ဖေဖေရယ် မေမေရယ် မိသားစုလေးယောက် နွေးထွေးခဲ့တယ် မမ က ဟင်းချက်ကောင်းတယ် ပြီးတော့ မုန်းအမျိုးမျိုး ကျွန်တာ်တို့ကို လုပ်ကျွေးတယ် မေမေကလဲ အိမ်အလုပ်လုပ်ရင် ဆန်စက်ဘက်မှာလဲ ဦးစီးတယ် ဖေဖေကတော့ အစုံပေါ့ ကျွန်တော် ရှိစဉ်က ဆန်စက်ကို ကျွန်တော့်ဦးစီးလုပ်ကိုင်ခိုင်းပါတယ်။ ခုနောက်ပိုင်းမှာ ဆန်စက်တွေဟာ ပေါများလာသည့်အတွက် အရင်လောက်တော့ အဆင်ပြေချင်း မရှိတော့ဘူးပေါ့။ နောက် တစ်ခုက ကျွန်တော်တို့ စိတ်ကူးထားတဲ့အိပ်လေး ပါပဲ အိပ်ခန်းငါးခန်းပါတဲ့အိမ်လေး ဆောက်ဖို့ပါပဲ တစ်ဝက်လောက်ပြီးသွားပါပြီ ပုံစံကတော့ တစ်ထပ်တိုက်ပုလေးပါ အရှေ့မှာပန်းခြံလုပ်မယ် ခြံဝန်းကကျယ်တယ်။တစ်ထပ်တိုက်ကို ခေါင်ပေါ်မှာ ဝရံတာလုပ်မယ် အပန်းဖြေဖို့ခံလှလှလေး တွေနဲ့ အမိုးထက်လုပ်မယ် ဝရံတာတက်ဖို့အတွက် လိုင်ကောက်ကွေးလှေကားထစ်လေးတွေနဲ့ပေါ့။အဲဒါတွေလဲ အားလုံးရပ်တန့်သွားခဲ့တယ် ဘာကြောင့်လဲဆို ကျွန်တော်ကလဲ ကျောင်းပြီးကတည်းက အဝေးတစ်နေရာရောက်နေခဲ့တယ် ဘဝအတွက် စာထွက်သင်တာပါပဲ ဘဝစားဝတ်နေရေးအတွက် ကိုယ်ကိုတိုင် ထူထောင်ချင်စိတ်ရယ် ပညာသင်မယ် ငွေရှာမယ်ပေါ့ အဲလိုထွက်သွားခဲ့တယ်။ မမ က အိမ်ထောင်ကျသွားတယ် အဲလိုနဲ့ ကျွန်တော် အိမ်လေးကို ဖေဖေနဲ့ မေမေ ဆက်ပြီးတော့မဆောက်ပဲ ရပ်ထားခဲ့ကြတယ် သားသမီးတွေ အဝေးရောက်ကုန်ပြီ သူ့နေရာနဲ့သူ အခြေချ အိမ်ထောင်ကျမှာပဲ အတွေးကြောင့်ပါပဲ တကယ်တော့ အဲလိုမဟုတ်ပါဘူး ကျွန်တော် အဲအိမ်လေးကို ဆက်ဆောက်မယ် မိသားစုတွေ ပြန်ဆုံရာ စံအိမ်လေးပေါ့။ ယခုချိန်မှာ ကျွန်တော့မိဘ တစ်စုံတစ်ခုများဖြစ်ခဲ့ရင်တော့ ကျွန်တော် သေသင့်ပါပြီ ကျွန်တော်သားမိုက်ဖြစ်ရပြီလား။ အချိန်နဲ့တပြေးညီ ကြိုးစားပြီး မိဘတွေနဲ့ သိုက်သိုက်ဝန်းဝန်နေဖို့ ကျွန်တော်ကြိုးစားရတော့မယ် သို့မဟုတ်ကျွန်တော်ရှိတဲ့ အရပ်မှာ ခေါ်ထားလိုက်တော့မယ်။ ညဆိုရင် တစ်ယောက်တည်း ကျွန်တော်ကြေကွဲ အခန်းငယ်ထဲမှာပေါ့ အဲလိုညတွေကုန်ဆုံးပါစေတော့။ ဖေဖေနဲ့မေမေ နေကောင်း ကျန်းမာပါစေ။ အဝေးရောက်သား
မှတ်ချက်။ ။ Ctrl C – Ctrl Vနုတ်ပတ်တွင်ရေးသားပြီး ကူယူတင်ပြခြင်း
မိဘနှင့်ဝေးသူများ မိဘအား ဦးစားပေးစေလိုကြောင်း
3 comments
weRone
June 12, 2011 at 1:31 pm
🙁 မနက်ဖြန် အမေ့ဆီ ကို ပြန်တော့မယ်….
MaMa
June 13, 2011 at 3:08 am
ဘွဲ့ရပြီးကာစက သူငယ်ချင်းတွေ အပြင်ထွက်ကြတော့ ကိုယ်လည်းပဲ ထွက်ချင်မိတယ်။ အဖေက မိသားစု စုစုစည်းစည်း နေရတဲ့ဘဝမှာ စိတ်ချမ်းသာမှုကို ငွေကြေးချမ်းသာမှုနဲ့ မလဲနိုင်တာနဲ့ ပေးမထွက်ဘူး၊ မိဘအတွက်ရော၊ သားသမီးအတွက်ပါ မိသားစုအတူနေရတဲ့ဘဝက စိတ်စွမ်းအားကို ပြည့်ဝစေတယ်။
Big Defender
June 13, 2011 at 6:25 am
ဪမိသားစုဘဝကိုကိုယ်တိုင်မရတဲ့လူတွေကျတဲ့လူတွေကြတော့မိသားစုဘဝကိုအလေးမထားဘူး
မရှိတဲ့လူတွေကျတော့လည်းမိသားစုဘဝကိုလိုချင်မိကြတာကများသား။လူဆိုတာမျိုးကကိုယ်မှာရှိတဲ့အရာကိုသိပ်ပြီးအလေးမထားကြဘူး။မရှိတဲ့အရာကိုလိုချင်တာကဓမ္မတာပဲလေ။