နေရောင်အလက်မှာရွှေရောင်တွေလျှပ်ပြက်နေတဲ့
မနက်ခင်းတစ်ရက် မှာ နေရောင်ခြည်တန်းတစ်ခုက နေရာတစ်ခုထဲမှာ ကွက်ကွက်လေး ဖြာကျနေတာကို တွေ့လိုက်ရပါတယ်။
ဟိုအဝေးမှာရှိနေတဲ့ ပြည်ကြီးမွန်ဖောင်တော်(မသွားဘဲကျောက်ချပြီးရပ်ထားတာနော်)ရယ်၊
ကုက္ကုိုကျွန်းထမင်းဆိုင်က နံရံလေးရယ်မှာ မီးဆလိုက်ထုးိထားသလို ရွှေရောင်တွေလက်နေပါတယ်။
ပုံထဲမှာ ဟိုးအဝေးမှာ ရွှေကွန်အုပ်စေတီရယ် ဒေါ်သီသနပ်ခါးကတည်ထားတဲ့ဘုရားရယ်
ဟိုအဝေးက စေတီဖြူဖြူလေးရယ် နောက်နာမယ်ကျော် စာဆိုရှင်လှိုင်ထိပ်ခေါင်တင်ရဲ့မယ်တော် မမြလေးတည်ထားတဲ့ ရေလယ် ကုသိနာရုံဘုရား(ကရိဝိက်ဖောင်ရဲ့ဘေးမှာ)
နောက်ကောင်းကင်က ညို့မိူင်းရီရီ ရေနည်းနေတုန်းက ပေါက်နေတဲ့မြက်ပင်တွေနားမှာ အပျော်စီးခြေနင်းဘဲရုပ်ကလေးတွေရယ်၊
နောက်သီးသန့်ဆောက်ထားတဲ့ လှေကလေးရယ် ကြည့်ရတာ မျက်စေ့ ပသာဒ ရှိလှပါတယ်။
ဒါကြောင့်လက်ဆော့ လိုက်ပါတယ်။
3 comments
MaMa
June 16, 2011 at 11:43 am
အဲဒီလို လူပုံတွေမပါတဲ့ ရှုခင်းချည်းပဲ သက်သက်ကို ပိုသဘောကျတယ်။ သဘာဝအလျှောက် တိမ်တွေက အရောင်စုံနေတာ ဘယ်ပန်းချီ ရေးလို့မမီ ပါပဲ။
padonmar
June 16, 2011 at 4:20 pm
ကိုပေါက်ကတော့ လမ်းညွှန်တာဘဲ။သေးလည်းသေး ဝေးလည်းဝေး။ရောက်လည်းမရောက်ဖူးတော့
လှတယ်ဆိုတာကလွဲရင် ပြည်ကြီးမွန်နဲ့ ဘဲရုပ်နဲ့ မကွဲဘူး။
ကိုပေါက်(မန္တလေး)
June 16, 2011 at 4:25 pm
အရင်က ပြည်ကြီးမွန်ကို ပုံစံအမျိုးမျုးိနဲ့ရိုက်တင်ဘူးပါတယ် ။
အဲဒါကတော့ ပုံကြီးပေါ့။
ဒီပုံရဲ့မင်းသားက ပြည်ကြီးမွန်မဟုတ်တော့ ခပ်သေးသေးပေါ့။