Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးသားအစစ်မစစ်

အခုရွာထဲမှာ မန္တလေးသား/သူ တွေအများကြီးတွေ.ရတယ်.. ဝမ်းသာပါတယ်.. အခုပို.စ်လေးကတော့ ပျော်စရာအဖြစ်တင်တာပါ.. မန္တလေးသား/သူ စစ်လားမစစ်လား စမ်းကြည့်တာ.. အောက်မှာမေးထားတဲ့မေးခွန်တွေကို သိရင် မန္တလေးသား စစ်စစ်ပေါ့ ဖြေကြည့်ပါနော်.. မန္တလေးသား/သူ မဟုတ်တဲ့သူတွေဖတ်ရင်တော့ ဗဟုသုတရတာပေါ့ဗျာ.. ကဲစပြီနော် ၁။ ကျုံရေ ဘယ်က ဝင်သလဲ?။ ၂။ မန္တလေးတစ်ပြ ကို ဘယ်နှမိုင်ရှိသလဲ?။ ၃။ ကျုံမှာ ပျက်နေတဲ့ တံတားကို ဘယ်လိုခေါ်သလဲ?။ ၄။ မြို.လယ်လမ်းလယ်ဖြစ်တဲ့ နေရာ၊လမ်း?။ ၅။ မန်းမြိုတော်ပေါက်စီ ဆိုင်လိပ်စာ?။ ၆။ မန္တလေးတောင်ပေါ် ကနေ မြောက်ဘက်ကို ကြည်ရင် စက်ဝိုင်းခြမ်းပုံ ကြီးက ဘာအဆောက်အဦးလဲ?။ ၇။ မန္တလေးတောင်ပေါ်က ကျန်စစ်သားခြေရာ က ဘယ်နားမှာလဲ?။ ၈။ နန်းရှေ.က ဘန်ဂလိုလေးတွေနဲ. ကော်ဖီဆိုင် နာမည်?။ ၉။ မန္တလေးက နာမည်ကြီးတဲ့ ထန်းတော့?။ ၁၀။ မဟာမုနိဘုရားကြီး က နာမည်ကြီးတဲ့ စားစရာ?။ ၁၁။ ညဈေးတန်းဖွင့်တဲ့ လမ်း?။ ၁၂။ မဟာမုနိဘုရားကြီးအနောက်ဘက် စောင်းတန်းမှာ ဘာတွေရောင်းသလဲ?။ ၁၃။ ၂ရ လမ်းက နာမည်ကြီးတဲ့ ဇီးပေါင်းထုပ် အမည်?။ ၁၄။ မန္တလေး နန်းကြီးသုပ် နာမည်ကြီး တဲ့ ဆိုင်နေရာ?။ ၁၅။ ဘုရားကို ကြာပန်းတွေ ပြစ်လှူရတဲ့ ပွဲ အမည် ၊ ဘုရာ အမည်?။ ၁၆။ ၂၆ B လမ်းမှာ ရှိတဲ့ ဆုတောင်းပြည့်ဘုရား?။ ၁၇။ ရန်ကင်းတောင်ကို ဘယ်လိုသွားရလဲ?။ ၁၈။ ရန်ကင်းတောင်မှာရှိတဲ့ လှိုင်ဂူ အမည်။ အဲဒီလှိုင်ဂူထဲမှာ ဘာရှိလဲ?။ ၁၉။ မန္တလေးမှာ ငါးရံ.မင်း လှည့်ရင် ဘာဖြစ်သလဲ?။ ၂၀။ မန္တလေးမှာ ရှိတဲ့ တစ်လမ်းမောင်း လမ်းများ?။ ၂၁။ မန္တလေးမှာ ဆိုင်ကယ်ဖမ်းတဲ့ မော်တော်ပီကယ်(ဆပ်ပလိုင်းချက်ခ်) ရှိတတ်တဲ့ နေရာများ?။ ၂၂။ ကျောက်ဝိုင်း နဲ. ဆိုင်ကယ် ဝိုင်း တည်နေရာ?။ ၂၃။ ဆန်ပြုတ်ကို အမြဲတမ်းအချိန်ပြည့် ဝယ်လို.ရတဲ့နေရာ?။ ၂၄။ ၄၈ လမ်း x ၃၄ လမ်း ထောင့်က ကွမ်းယာဆိုင် အမည်?။ ၂၅။ ၃၅ လမ်း အနောက်တည်.တည့်ဆင်းသွားရင် ဘယ်ရောက်လဲ?။ ၂၆။ မန္တလေး တစ်မြို.လုံးနီးပါး ဖြတ်စီးနေတဲ့ ချောင်း အမည်?။ အဲဒီချောင်း ဘယ်နားမှာဆုံးလဲ?။ ၂၇။ ကန်တော်ကြီး ပတ်လမ်း ဟိုးဘက်အဆုံး မှာရှိတဲ့ မြန်မာ ဘူးလ်ဖေး ထမင်းဆိုင်အမည်?။ ၂၈။ စစ်ကိုင်းတံတား အဟောင်းမှာ ကုန်း ဘယ်နှကုန်းရှိသလဲ?။ ၂၉။ စစ်ကိုင်း-မန္တလေး လမ်းပေါ်က အမရပူရ မြို.လို. ရေးထားတဲ့ ဆိုင်းဘုတ်အောက်မှာ ချိတ်ထားတဲ့ ဟာက ဘာကြီးလဲ?။ ၃၀။ ဦးပိန်တံတား ရဲ. ဟိုဘက်ထိပ်နဲ. ဒီဘက်ထိပ်မှာ ရှိတဲ့ ဘုရား အမည်?။ ၃၁။ ဦးပိန်တံတား ဘေးမှာရှိတဲ့ ရေထဲက တိုင်ကြီးက ဘာကြီးလဲ?။ ၃၁။ ရတနာပုံ တကသိုလ် ကျောင်းသား တွေ အမြဲတမ်းသွားတဲ့ဆိုင် က ဘာဆိုင်လဲ?။ ၃၂။ ရတနာပုံ မှာ နာမည်ကြီးတဲ့ လက်ဘက်ရည်ဆိုင် အမည်?။ ၃၃။ မုန်.အဖြူရောင် အချပ်ကလေးပေါ်မှာ ထန်းလျက်ရည် ဆန်းပြီး စားရတဲ့ မုန်.အမည်?။ ၃၄။ ကီးမား ပလာတာ အရမ်းစားကောင်းတဲ့ ဆိုင်အမည်၊လိပ်စာ?။ ၃၅။ ကြေးဘုရား တွေထုလုပ်တဲ့ ရပ်ကွက်အမည်?။ ၃၆။ ကျောက်ဆစ်ဘုရားတွေ ထုလုပ်တဲ့ ရပ်ကွက်အမည်?။ ၃၇။ လမ်း ၈၀၊ ချက်စ် ကျောင်းရှေ.က နာမည်ကြီးတဲ့ အအေးဆိုင်အမည်?။ ၃၉။ အေးမေတ္တာ ထမင်းဆိုင်လိပ်စာ?။ ၄၀။ တရုပ်မလေးတွေ ကြည့်ချင်ရင် သွားရမယ့် လမ်း?။   ကဲဖြေကြည့်ကြပါခင်ဗျာ။…. အပျော်သဘောလေးပါနော်…

8 comments

  • windtalker

    June 21, 2011 at 7:54 am

    ၁ ။ ကျုံ ရေ တော့ မသိဘူး ကျုံးရေ က တော့ ရေနီမြောင်းက နေ ဝင်တယ် ။ ရေနီမြောင်း အတိုင်း လိုက်သွားရင် အတွဲ တွေ သောင်းကျန်းရာ ရေစစ်ကန် ရှိတယ် ။
    ၂ ။ မန်းတလေး လမ်း တစ်ပြ ကို တစ်ဖာလုံ ရှိတယ် ။ ဒါ မြို ့တွင်းပဲ ။ မြို ့သစ်တွေ ဘက်ကြ တစ်ပြ တစ်ဖာလုံ မက ဘူး ။
    ၃ ။ ကျုံးမှာ ပျက်နေတဲ့ တံတား က တစ်စင်း မကဘူး ထင်တယ် ဒါကတော့ အန်ကယ်ပေါက် လို ရှေ ့မှီ မှ ပိုသိမှာ ။
    ၄ ။ ဘီလမ်း ပေါ့
    ၅ ။ မန်းမြို ့တော် ပေါက်စီ ဆိုင် က ၃ ဆိုင် ရှိတာ( ပိုရင်လဲ ပိုနိုင်သည် ) ။ ပင်ရင်း က ဝင်းလိုက်ရုပ်ရှင်ရုံပေါက် က ဟာ ဖြစ်မယ် ထင်တယ် ။
    ၆ ။ တောင်ပေါ ်ကနေ မြောက်ဘက် ကို ကြည့်ရင် စက်ဝိုင်းခြမ်း နဲ ့သိပ်မဆင်ပါဘူး ဗျ ။ D နဲ ့ပိုဆင်မယ် ထင်တယ် ။ ကိုတိုက်စိုး တို ့အိမ်လုံးဝ မဟုတ်ဘူး အဲဒါ အိုးဘိုထောင် ( ခင်မင်ချင်လို ့စတာနော် )
    ရ ။ တောင်အလယ် လောက်မှာ ရှိပါတယ်
    ၈ ။ အဲဒါ ဘာလဲ ဗျ
    ၉ ။ အိမ်ရှေ ့မင်း
    ၃၁ ။ နက်ဂိမ်းဆိုင် ဘီယာဆိုင် တက်တူးဆိုင် အစရှိသဖြင့်
    တော်ပီဗျာ မောလာပြီ ဒါပဲ အဖြေပေးခ နိုင်းနိုင်း မှာ လိုက်တိုက်ရမယ်နော် ကိုကို ဟီဟိ

  • PinkCandy

    June 21, 2011 at 9:27 am

    မန်းမြို့တော်ပေါက်စီဆိုင်လိပ်စာကတော့ ၈၄ လမ်း ဝင်းလိုက်ရုပ်ရှင်ရုံရှေ့ပါ။
    ၂၆ B လမ်းက ဆုတောင်းပြည့်ဘုရားက အောင်တော်မူလို့ထင်ပါတယ်။ အဲဒီနားမှာ အာပူလျှာပူ အားကြီးစားကောင်းပါတယ်။
    မန္တလေးတစ်မြို့လုံးနီးပါးဖြတ်စီးနေတာက ရွှေတစ်ချောင်း။
    စစ်ကိုင်းတံတားအဟောင်းမှာ ကုန်း ၃ကုန်းရှိတယ်ထင်တာပဲ မမှတ်မိပါ။
    စစ်ကိုင်-မန္တလေးလမ်းပေါ်က အမရပူရမြို့လို့ရေးထားတဲ့ဆိုင်းဘုတ်အောက်မှ ချိတ်ထားတာက လွန်းကြီးပါ။
    မုန့်အဖြူရောင်အချပ်လေးပေါ်မှာ ထန်းလျက်ရည်ဆန်းပြီးစားတာကို မုန့်လေပွေလို့ခေါ်ပါတယ်။
    ကြေးဘုရားတွေထုလုပ်တဲ့ ရပ်ကွက်အမည်ကို ကြေးသွန်းရပ်
    ကျောက်ဆစ်ဘုရားတွေထုလုပ်တဲ့ ရက်ကွက်ကို ကျောက်ဆစ်တန်းလို့ခေါ်ပါတယ်။
    ကီးမားပလာတာစားကောင်းတာက ကီးမားတင်ဝင်းထင်ပါတယ် (စားတော့မစားဘူးပါ)။
    လမ်း ၈ဝ ချက်စ်ကျောင်းရှေ့က နာမည်ကြီးတဲ့ အအေးဆိုင်နာမည်က ဖောင်တော်သီ ပါ။ ယိုးဒယားသင်္ဘောသီးထောင်းအလွန်စားကောင်းပါတယ်။
    candy အစားမက်လို့ စားစရာတွေတော့မှတ်မိပါတယ်ရှင့်
    ပြောရင်းပြောရင်း လွမ်းလာဘီ :'(

  • MaMa

    June 21, 2011 at 11:27 am

    မန ္တလေးက နာမည်ကြီးတဲ့
    ဇီးပေါင်း= မစီဇီးပေါင်း
    မုန့်တီသုပ်= ထန်းလျှက်တန်း
    (ဒေါ်ရှိထမနဲ ကျန်ခဲ့သေးတယ်။)
    မန ္တလေးသား မဟုတ်လို့ ကျန်တဲ့နေရာတွေတော့ မသိဘူး။
    အစားပုပ်လို့ စားစရာတွေပဲ သိတယ်။

  • Shwe Tike Soe

    June 21, 2011 at 2:48 pm

    ဟဟ မန်းလေးသူ မန်းလေးသားတွေ တွေ.ပြီး အစစ် နှစ်ယောက် မစစ်တစစ် တစ်ယောက်
    ကဲ ကျန်တဲ့သူတွေ ဖြေကြနော….

  • nature

    June 21, 2011 at 3:02 pm

    ရွှေနှင်းဆီ ထိုးမုန့် ကောင်းတယ်။

  • bigcat

    June 22, 2011 at 12:09 am

    မန်းလေးသား ဟုတ်ပေမဲ့ ဖြေတယ်ဗျာ….. 😉
    ၁။ အပေါက်ကနေ (ကျုံးရေ ဘယ်က ဝင်သလဲ)
    ၂။ ပါးစပ်ထဲရှိသလောက် (မန္တလေးတစ်ပြ ကို ဘယ်နှမိုင်ရှိသလဲ)
    ၃။ တံတားပျက် (ကျုံမှာ ပျက်နေတဲ့ တံတားကို ဘယ်လိုခေါ်သလဲ)
    ၄။ မြို့မလမ်း (မြို.လယ်လမ်းလယ်ဖြစ်တဲ့ နေရာ၊လမ်း)
    ၅။ ပီကင်းမြို့ (မန်းမြိုတော်ပေါက်စီ ဆိုင်လိပ်စာ)
    ၆။ ဝလုံးခြမ်း (မန္တလေးတောင်ပေါ် ကနေ မြောက်ဘက်ကို ကြည်ရင် စက်ဝိုင်းခြမ်းပုံ ကြီးက ဘာအဆောက်အဦးလဲ)
    ၇။ မြေပေါ်မှာ (န္တလေးတောင်ပေါ်က ကျန်စစ်သားခြေရာ က ဘယ်နားမှာလဲ)
    ၈။ ကဖေး (နန်းရှေ.က ဘန်ဂလိုလေးတွေနဲ. ကော်ဖီဆိုင် နာမည်)
    ၉။ ပုတ်လောက်ကြီး (မန္တလေးက နာမည်ကြီးတဲ့ ထန်းတော)
    ၁၀။ ဘိန်းမုန့် (မဟာမုနိဘုရားကြီး က နာမည်ကြီးတဲ့ စားစရာ)
    ၁၁။ ညဈေးတန်းလမ်း (ညဈေးတန်းဖွင့်တဲ့ လမ်း)
    ၁၂။ ဘုရားစာအုပ် (မဟာမုနိဘုရားကြီးအနောက်ဘက် စောင်းတန်းမှာ ဘာတွေရောင်းသလဲ)
    ၁၃။ 27 ဇီးပလပ်စ် (၂ရ လမ်းက နာမည်ကြီးတဲ့ ဇီးပေါင်းထုပ် အမည်)
    ၁၄။ တရုပ်တန်း (မန္တလေး နန်းကြီးသုပ် နာမည်ကြီး တဲ့ ဆိုင်နေရာ)
    ၁၅။ ကြာပစ်ပွဲ (ဘုရားကို ကြာပန်းတွေ ပြစ်လှူရတဲ့ ပွဲ အမည် ၊ ဘုရာ အမည်)
    ၁၆။ လာဘမုနိ (၂၆ B လမ်းမှာ ရှိတဲ့ ဆုတောင်းပြည့်ဘုရား)
    ၁၇။ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ခြေလျင် (ရန်ကင်းတောင်ကို ဘယ်လိုသွားရလဲ)
    ၁၈။ ရန်ကင်းလှိုင်ဂူ၊ လေ (ရန်ကင်းတောင်မှာရှိတဲ့ လှိုင်ဂူ အမည်။ အဲဒီလှိုင်ဂူထဲမှာ ဘာရှိလဲ)
    ၁၉။ ကားလမ်းပိတ်တယ် (မန္တလေးမှာ ငါးရံ.မင်း လှည့်ရင် ဘာဖြစ်သလဲ)
    ၂၀။ သုဿန် (မန္တလေးမှာ ရှိတဲ့ တစ်လမ်းမောင်း လမ်းများ)
    ၂၁။ မြို့ထဲ (မန္တလေးမှာ ဆိုင်ကယ်ဖမ်းတဲ့ မော်တော်ပီကယ်ရှိတတ်တဲ့ နေရာများ)
    ၂၂။ ကွင်းပြင် (ကျောက်ဝိုင်း နဲ. ဆိုင်ကယ် ဝိုင်း တည်နေရာ)
    ၂၃။ ဆန်ပြုတ်ဆိုင် (ဆန်ပြုတ်ကို အမြဲတမ်းအချိန်ပြည့် ဝယ်လို.ရတဲ့နေရာ)
    ၂၄။ ယာယာ (၄၈ လမ်း x ၃၄ လမ်း ထောင့်က ကွမ်းယာဆိုင် အမည်)
    ၅။ ၃၅လမ်းအဆုံး (၃၅ လမ်း အနောက်တည်.တည့်ဆင်းသွားရင် ဘယ်ရောက်လဲ)
    ၂၆။ မြို့ဖြတ်ချောင်း၊ ယန်စီမြစ်ဝ (တစ်မြို.လုံးနီးပါး ဖြတ်စီးနေတဲ့ ချောင်း၊ ဘယ်နားမှာဆုံးလဲ)
    ၂၇။ ရွှေပေါက်ဖေါ် (ကန်တော်ကြီး ပတ်လမ်း ဟိုးဘက်အဆုံး မှာရှိတဲ့ မြန်မာ ဘူးလ်ဖေး ထမင်းဆိုင်အမည်)
    ၂၈။ အဲဒါနင့်အပူလား (စစ်ကိုင်းတံတား အဟောင်းမှာ ကုန်း ဘယ်နှကုန်းရှိသလဲ)
    ၂၉။ အရက်၊ ဘီယာ၊ စီးကရက် ကြော်ငြာပိုစတာ (စစ်ကိုင်း-မန္တလေး လမ်းပေါ်က အမရပူရ မြို.လို. ရေးထားတဲ့ ဆိုင်းဘုတ်အောက်မှာ ချိတ်ထားတဲ့ ဟာက ဘာကြီးလဲ)
    ၃၀။ ဗုဒ္ဓမြတ်စွာဘုရား(ဦးပိန်တံတား ရဲ. ဟိုဘက်ထိပ်နဲ. ဒီဘက်ထိပ်မှာရှိတဲ့ ဘုရားအမည်)
    ၃၁။ သိကြားမင်း သွားကြားထိုးတံ (ဦးပိန်တံတား ဘေးမှာရှိတဲ့ ရေထဲက တိုင်ကြီးက ဘာကြီးလဲ)
    ၃၁။ ဘုံဆိုင် (ရတနာပုံ တကသိုလ် ကျောင်းသား တွေ အမြဲတမ်းသွားတဲ့ဆိုင် က ဘာဆိုင်လဲ)

  • bigcat

    June 22, 2011 at 1:49 am

    ၃၂။ ဧရာမ (ရတနာပုံ မှာ နာမည်ကြီးတဲ့ လက်ဘက်ရည်ဆိုင် အမည်)
    ၃၃။ တညက်တီကွေ့ (မုန်.အဖြူရောင် အချပ်ကလေးပေါ်မှာ ထန်းလျက်ရည် ဆန်းပြီး စားရတဲ့ မုန်.အမည်)
    ၃၄။ ၇၈၆၊ ဗလီကြီးအနီး (ကီးမား ပလာတာ အရမ်းစားကောင်းတဲ့ ဆိုင်အမည်၊လိပ်စာ)
    ၃၅။ ကြေးသွန်းရပ် (ကြေးဘုရား တွေထုလုပ်တဲ့ ရပ်ကွက်အမည်)
    ၃၆။ ကြောက်စရာရပ် (ကျောက်ဆစ်ဘုရားတွေ ထုလုပ်တဲ့ ရပ်ကွက်အမည်)
    ၃၇။ အာပူလျှာပူ (လမ်း ၈၀၊ ချက်စ် ကျောင်းရှေ.က နာမည်ကြီးတဲ့ အအေးဆိုင်အမည်)
    ၃၉။ ကတ္တရာလမ်းမပေါ်၊ ကုက္ကိုုပင်ရှေ့၊ တည်းခိုခန်းအနီး )အေးမေတ္တာ ထမင်းဆိုင်လိပ်စာ)
    ၄၀။ မြန်မာသစ်လမ်း (တရုပ်မလေးတွေ ကြည့်ချင်ရင် သွားရမယ့် လမ်း)

  • KoNyeinChan

    June 22, 2011 at 2:16 am

    ကို BigCat ရေ.. အမှတ်စဉ် ၂ဝ ဖြေဆိုပုံကို ကြိုက်တယ်ဗျာ…

Leave a Reply