Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူ့အသိ

countryboyJuly 16, 20111min81921

လူသည် သတ္တဝါအားလုံးထဲတွင် အသိညဏ်အရှိဆုံး ဖြစ်သည်။ အသိညဏ်ရှိသလောက်လည်း လုပ်ဆောင်ကြရာ ယနေ့ကမ္ဘာလောကကြီးအထိ တိုးတက်လာသည်။ အသိညဏ်ကို တလွဲ အသုံးချမည်ဆိုလျှင် ကမ္ဘာလောကကြီးလည်း ပျက်သုဉ်းသွားမည်သာ ဖြစ်ပေသည်။ ဒီနေရာတွင် လူ့အသိရှိသူတို့သည် ကမ္ဘာလောကကြီးကို စောင့်ရှောက်ကြသည်။ လူ့အသိ မရှိသော ပုဂ္ဂိုလ်တို့မှာ ကမ္ဘာလောကကြီးနှင့် လူသားများကို ပျက်စီးစေရန် အမျိုးမျိုး လုပ်ဆောင်နေကြသည်။ လူ့အသိရှိလာစေရန် ပညာရှင်အသီးသီးဆီမှာ နည်းနာခံယူသင်ကြားကြရသည်။ `တပည့်မကောင်း ဆရာ့ခေါင်း´ ဆိုသလို ဆရာ့ဆီကို ရောက်လာကြသည်။ နည်းလမ်း လွှဲချော်နေလျင်လည်း အသိတရားမရှိနိုင်ပေ။ မန္တလေးဂေဇက်တွင် ဖတ်လိုက်ရသော စတီဖင် ဟော့ကင်း၏ စကြာဝဠာနှင့် ဖန်ဆင်းရှင် အကြောင်းသည် ဘာသာရေးပြဿနာ များစွာဖြစ်ပွားနိုင်ပေသည်။ သူ့ကို တိုက်ခိုက်လာသူများပေါများလာမည်ဟု ခန့်မှန်းမိပါသည်။ သို့သော် ပညာ ရှင် အများစုသည် မိမိ၏ စကားကို တာဝန်ယူရဲသော စိတ် အမြဲရှိနေမည်ဟုလည်း ယုံကြည်မိပါသည်။ ထို့အတူ အသိတရားရှိသူ များကို အသိတရားမရှိသူများက တိုက်ခိုက်သည့်အခါ နည်းမျိုးစုံဖြင့် ရှောင်ရှားသွားနိုင်သည်ကို တွေ့ရပါသည်။

21 comments

  • ကြောင်ကြီး

    July 17, 2011 at 1:52 am

    အဲလိုတော့ လက်လွတ်စပယ် မပြောနဲ့ဗျ။ စတြာဝဠာထဲမှာ လူထက် အသိညဏ် အဆင့်မြင့်တဲ့ ဂြိုလ်သားတွေရှိနိုင်သေးတယ်။ ကြည့်ပါလား..သူတို့စီးတဲ့ ပန်းကန်ပြားပျံယာဉ်ကို ဘယ်သူမှ မှီအောင် လိုက်မတုနိုင်သေးဘူး…

  • windtalker

    July 17, 2011 at 1:13 pm

    အခု ဒီတစ်ပါတ် ဟောလီးဝုဒ် ဝင်ငွေ အကောင်းဆုံးဇါတ်ကား က Transformers တဲ့ ။ သူတို ့တွေ လည်း လူသားတွေ လို ခံစားတတ်လာတာ ကို ဇါတ်ကားထဲ မှာ ကြည့်ရတာပဲ

  • moethidasoe

    July 18, 2011 at 2:46 pm

    အခုချိန်အထိတော့ လူတွေက သူတို့သာ အသိညာဏ် အရှိဆုံးလို့ တွက်ဆထားတယ် ..
    ဘဒ္ဒကမာ္ဘမှာတော့ မှန်မယ် ထင်ပါတယ် .. ဒါကို ဘုရားက သက်သေပြသွားတယ် ..
    အနန္တစကြဝဠာမှာ ဘယ်လို သက်ရှိမျိုး ရှိနေမလဲ မသိသေးတဲ့အတွက် ယှဉ်ပြောဖို့ ခက်ပါတယ် ..
    အခုထိတော့ .. လူပဲပေါ့ ..
    ဇောတိကသူဌေးရဲ့ ကတော်ကတော့ တခြားကမ္ဘာက လူလို့ ပြောလို့ရတယ် .. (မြောက်ကျွန်းသူလို့ ဆိုတယ်) .. သူနဲ့ ပါလာတဲ့ သလေးဆန် တအိတ်က စားမကုန်အောင် ရှိတယ် .. ကျောက် သုံးလုံးနဲ့ ဖိုခနောင့် လုပ်ပြန်တော့လဲ မီးက မသေအောင် ရှိတယ် .. ထမင်းချက်တော့လဲ ယောင်းမရတောင် မထင်အောင် ပြန်ပြည့်တယ် ဆိုတော့ ဘဒ္ဒကမ္ဘာမှာ မရှိတာတွေ သူတို့မှာ ရှိနေတယ်လို့ ဆိုရမှာ

    • kai

      July 18, 2011 at 3:06 pm

      ဒေါက်တာမကြီးက..Centaur, Venus တို့..စတဲ့..Greek mythology တွေရောယုံပါသလားခင်ဗျ…။ 🙂

      • etone

        July 18, 2011 at 4:13 pm

        သဂျီးကလည်း ဒေါက်တာဆိုရပါပြီ … မကြီးထည့်ရန်လုံးဝ လုံးဝ မလို… ။
        (ဒေါက်တာရေ ..နည်းနည်းဖွတာပါ အဟဲ … 😀 )

        • moethidasoe

          July 20, 2011 at 10:17 am

          ကိစ္စ မရှိပါ .. မိုးသီတာစိုး ဆိုတော့ လေဒီဒေါက်တာပဲဟာ မကြီး ထည့်လို့ ရပါတယ် .. အသက်ကိုလဲ ၅၃ လို့ ကြေညာထားတာပဲ .. မလေး ဆိုရင် ငယ်သွားလိမ့်မယ် .. မြှောက်ရေးသလို ဖြစ်နေမယ်

    • ကြောင်ကြီး

      July 19, 2011 at 10:47 am

      ဟုတ်ဖူးလေ ဒေါက်တာရဲ့… မြောက်ကျွန်းဆိုတာ ဘဒ္ဒကမာ္ဘထဲက ကျွန်းတခုပဲလေ။ အခြားကျွန်းကလို့ ပြောနိုင်မှာပေါ့ (ဟုတ်မဟုတ်ဆိုတာထက် ကျမ်းပါအချက်အလက်ကို ကိုးကားပြောတာနော်)။ ကျွန်းလေးကျွန်း မြင့်မိုရ်တောင် တို့ဘာတို့ကို မယုံသူများရှိပေမဲ့ ဒီဖက်ခေတ်မှာ သမထ၊ဝိပဿနာ စခန်းတွေမှာ သမာဓိအာရုံနဲ့ မြင်တွေ့ရ့သူများ ရှိကြောင်းကြားသိနေရလို့ သမာဓိတပဲသားမှ မရှိတဲ့သူများက မဟုတ်လို့ပြောတာထက်စာရင် သမာဓိရှိသူများ ပြောတာကို ပိုမိုယုံကြည်မိပါကြောင်း…..
      ကိုယ်ပိုင်ဆင်ခြင်ညဏ်နဲ့ မယုံသူများလို ကပ်သပ်ပြောရင်တော့ ဝေးလွန်းလို့ မမြင်နိုင်ကြောင်း ပြောချင်ပါတယ်။ ကမာ္ဘအမြင့်ဆုံးတောင် ဧဝရက်ကို အိမ်ကနေလှမ်းကြည့်လို့ မမြင်ရတိုင်း မရှိဘူးလို့ မပြောနိုင်သလို ဖြစ်ပါလိမ့်မယ်။ ပိဋကတ်တော်လာ ကမာ္ဘမြေအောက်မှာ နတ်နဂါးတွေနေထိုင်တဲ့ရေထု၊ နတ်ဂဠုန်များသွားလာနေတဲ့လေထု၊ အာကာသထု အလွှာလိုက် ရှိတယ်ဆိုတာကို မသိရပေမဲ့ ကိုယ်ယုံကြည်အားကိုးတဲ့ သဲအင်းဂူဆရာတော်ကြီးက သူ့သမာဓိနဲ့ ပြောပြသွားလို့ ယုံကြည်ခြင်းမျိုးဖြစ်ပါတယ်။

      • kai

        July 19, 2011 at 11:48 am

        ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-

        ကာလာမမင်းတို့ …
        သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
        မယူကုန်လင့်ဦး။
        ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
        (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
        နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
        (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

        ကာလာမမင်းတို့ {{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

        ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

        ၅ – ကေသမုတ္တိသုတ်၊ မဟာဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်။

        • ကြောင်ကြီး

          July 19, 2011 at 11:51 am

          မှန်ဒါပေါ့ သဂျီးရယ်။ သဟာကြောင့် ဧဝရက်တောင်မြင့်တာ၊ ကမာ္ဘလုံးတယ်ဆိုတာ ယုံရခက်ကြီးဖြစ်နေတာပေါ့။

      • moethidasoe

        July 20, 2011 at 10:25 am

        ကိုကြောင်ကြီးရယ် .. ဆောဒီး .. ကိုယ်ထင်တာ ကိုယ်ရေးမိတာ ..
        လေးကျွန်းတမြင့်မိုရ် ဆိုတဲ့ ကိစ္စ မေ့သွားတယ် ..
        ဒါပေမယ့် မိရိုးဖလာ ကိုးကွယ်တာရယ် .. ကိုယ်ကိုယ်တိုင် ဟိုနည်းနည်း ဒီနည်းနည်း ဖတ်မိတာရယ်အပေါ် အခြေခံပြီး ရေးမိတာပါ ..
        အဲဒီလေးကျွန်းတမြင့်မိုရ် အကြောင်း အသေးစိတ် မသိလို့ ကိုကြောင်ကြီး တပုဒ်လောက် ရှင်းပြနိုင်မလား (ပညာစမ်းတာ မဟုတ် .. တကယ် မသိလို့ပါ)

        • ကြောင်ကြီး

          July 20, 2011 at 12:07 pm

          ခေါင်းထဲရှိသလောက်လေးပြောရရင် ဆရာရယ် ဒီလိုပါ….ဒန်တန်တန်….
          ယူဇနာပေါင်းရှစ်သောင်းလေးထောင်မြင့်တဲ့ မြင့်မိုရ်တောင်ကို ဗဟိုပြုပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုပြီး ကျွန်းလေးကျွန်းနဲ့ ဖွဲ့ထားပါသတဲ့။ အဲဒီမြင့်မိုရ်မိုတောင်ကိုပဲ အမှီပြုပြီး လူ့ပြည်နတ်ပြည်တို့ ဝန်းရံတည်ရှိနေပါတယ်။ လူ့ပြည်နဲ့ စတုရာဇ်နတ်ဘုံတို့ကတော့ တောင်အောက်ခြေမှာရှိပြီး ကျန်နတ်ပြည်ငါးထပ်က အလယ်ကနဲ့ထိပ်ဆုံးအထိ အလွှာလိုက်ဆိုလားပါပဲ။ ဝေဖန်ဖို့ထက် သိထားဖို့ဝေငှတာပါ။ ကျွန်းလေးကျွန်းမှာ ကျနော်တို့နေရာ ဇမ္ဗူဒီပါတောင်ကျွန်းမှာသာ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေစားသောက်နေထိုင်ရပါသတဲ့။ သက်တမ်းကလဲ ပုံသေမရှိ အင်္သချေကနေ ဆယ်နှစ်အထိ အပြောင်းအလဲရှိပါတယ်။ အခြားသုံးကျွန်းမှာကတော့ သက်တမ်းတွေက ရာဂဏန်းကနေ ထောင်ဂဏန်းအထိ တသမှတ်ထဲရှိပါသတဲ့။ (အတိအကျမမှတ်မိပါ)။ အကြောင်းပြချက်ကတော့ သီလစောင့်ထိန်းမှုကွာခြားခြင်းကြောင့်လို့ မှတ်သားဖူးပါတယ်။

          အဲဒီကျွန်းတွေမှာ နေထိုင်သူတွေဟာ အိမ်ယာထူထောင်မှုလည်းမရှိကြပါဘူး။ ကျနော်တို့လူသားတွေလို ၁၂ရာသီလုံး ကာမစိတ်ထကြွသောင်းကျန်းခြင်းမရှိဘဲ တသက်မှာ ရံဖန်ရံခါသာ ကာမစိတ်ဖြစ်ပါသတဲ့။ အသဲကွဲတာ၊ ကြာကူလီရိုက်တာ မျိုးလဲမရှိလို့ဆိုပါတယ်။ ကံအလျောက် တွေ့မြင်ချစ်ကြိုက်ပြီး ပေါင်းဖက်နေထိုင်တယ်။ မွေးလာတဲ့ခလေးကိုလဲ မွေးမြူစောင့်ရှောက်ခြင်းမရှိပဲ သစ်ပင်မှာပစ်ထားလိုက်ပြီး ကံအလျောက် ရှင်သန်နေထိုင်၊ ဒါမှမဟုတ် ထိုက်သူက မွေးမြူစောင့်ရှောက်ပါသတဲ့။ လူတွေလို လောကီအပူအပင်နည်းခြင်းလို့ ဆင်ခြင်ကြည့်နိုင်ပါတယ်။ တလင်တမယားစနစ်လဲမဟုတ်၊ မိမိနဲ့အကြောင်းတိုက်ဆိုင်မှ အနောက်တိုင်းလို ချစ်ခင်ကြင်နာသူနဲ့ ပေါင်းဖက်ဆက်ဆံ လွတ်လပ်စွာ နေထိုင်သွားလာပါသတဲ့။ တက်မက်တဲ့စိတ် လွန်စွာနဲမှတော့ ဖိုမတဏှာအစွဲမကြီးတာ နားလည်ကြည့်နိုင်ပါတယ်။ အစားအစာရှာဖွေစရာမလို ပဒေသာပင်ရှိပြီး အလုပ်အကိုင်လုပ်စရာ မလိုပါဘူး။ ကျမ်းတွေမှာဆိုတဲ့ ကမာ္ဘဦးခေတ်က လူသားတွေရဲ့ လိုတရပဒေသာပင်ခေတ်ကြီးဖြစ်ပါတယ်။ အနာရောဂါကင်းကင်းနဲ့ သက်တမ်းပြည့်နေရပါတယ်။ ရုပ်အင်လက္ခဏာချို့တဲ့ အလျဉ်းမရှိဘဲ အားလုံးသည် ချောမောလှပကြပါသတဲ့။ တနည်းအားဖြင့် သုခချမ်းသာ လူ့ဘဝ တင်းပြည့်ကျပ်ပြည့် ဖြစ်ပါလိမ့်မယ်။ ပြည့်စုံကုံလုံလွန်းလို့ ဒုက္ခဆိုတာ နားမလည်နိုင်ပါ။ ကုသိုလ်အရှိန်အဟုန်အတိုင်း နေသွားကြတဲ့သဘောလို့ နားလည်ပါတယ်။ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောတော့ ဆွမ်းစားချိန်မှာ ကိုယ်ပွားနိမိ္မတ္တရုပ်ပွားတော်ကို အဓိဌာန်ပြုဆက်ဟောစေပြီး ကိုယ်တော်တိုင်ကတော့ မြောက်ကျွန်းဆိုလား (ကျွန်းအတိအကျ မမှတ်မိ) အဲဒီမှာ ဆွမ်းခံကြွပါတယ်။ ကျွန်းသူကျွန်းသားတွေက ဘုရားဆိုတာသိရကောင်းမှန်းမသိဘဲ ကိုယ်ရောင်ကိုယ်ဝါတောက်ပလှတဲ့ နတ်မင်းကြီးတပါးအနေနဲ့ အရိုအသေ အလုပ်အကျွေးပြုတယ်လို့ ဆိုပါတယ်။

          ကျွန်းလေးကျွန်းနဲ့ဆက်လို့ ကိုယ်လိုရာ ဆွဲတွေးရရင် အာကာသမှာ ဆွဲအားကင်းလို့ အရာဝတ္ထုအားလုံးဟာ ရေထဲမှာလို ပေါလောမျောနေပါတယ်။ အာကာသယာဉ်မှူးများ လေ့ကျင့်ပြင်ဆင်တဲ့အခါ မီတာအတော်နက်တဲ့ လူလုပ် ရေကန်ကြီးထဲမှာ ဝတ်စုံပြည့်လေ့ကျင်ရပါတယ်။ စတြာဝဠာထဲမှာလဲ ဂြိုလ်များသည် ရေထဲမှာလို လွင့်မျောနေပါတယ်။ အဲဒီကုဋေကဋာချီတဲ့ ဂြိုလ်များထဲမှာ သက်ရှိသတ္တဝါနေနိုင်သောကျွန်း လေးကျွန်းသာရှိခြင်းကိုပြောသည်ဟု ကောက်ချက်ချပါသည်။
          ဒါတွေက ကျနော့်ခေါင်းထဲပေါ်သလောက် ရေးချလိုက်တာပါ။ ချို့ယွင်းလှစ်ဟာချက်များရှိပါမယ်။ စာပါအတိုင်းကိုတော့ သဂျီးဖြစ်ဖြစ်၊ ဘဒ္ဒန္တအောင်ပုဖြစ်ဖြစ် ရှာဖွေပေးကောင်းပေးနိုင်ပါလိမ့်မည် ခင်ဗျား။

  • MOEPWINTPHYU

    July 18, 2011 at 4:12 pm

    လောကမှာ ပညာရှိတွေအများကြီး ဘယ်ပညာရှိထံ ဆည်းကပ်ပြီး ဘယ်သူရဲ စကားပဲ နားတောင်ရမလဲ ၊

    • etone

      July 18, 2011 at 4:14 pm

      ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ အကောင်းဆုံးပဲလို့ ထင်တယ် ။

  • forever

    July 19, 2011 at 12:43 pm

    လူ.အသိဆိုတာ
    သူ.အဆင်.နဲ.သူပါဘဲ
    ကျင်လည်ကြီးပြင်းခဲ.တဲ.ပတ်ဝန်းကျင်
    သင်ယူနားလည်ခဲ.တဲ.ပညာ အရ ဘဲသိမှာ ရှိမှာပါ

  • cobra

    July 19, 2011 at 4:24 pm

    ဗိုလ်ကျားသေနတ်ကိုယ်ကြိုက်တာကိုယ်လုပ်။

  • nature

    July 19, 2011 at 8:24 pm

    ကိုယ်ကြိုက်တာကိုလုပ်။ကိုယ်ဖြစ်ကိုခံ။

  • စိတ်ထဲရှိတာသာပြောလို့ကတော့ ဖိနပ်စာမိဦးမှာဗျ။ လျှာယားလို့ပြောတယ်လို့သာ မှတ်ကြပါတော့။
    ကမာ္ဘကြီးငြိမ်းချမ်းသာယာအောင်လုပ်တာ ဘာသာရေးမှ ဟုတ်ရဲ့လားမသိပါဘူး။ ကမာ္ဘပေါ်မှာ ဘာသာရေးသမားတွေဟာ အကောင်းဆုံးလူသတ်ကောင်တွေလို့ ကျွန်တော်ထင်တယ်။ အသေခံဗုံးခွဲတာတို့ ဆိုတာ ဘိန်းကျွေးရင်တောင် ခိုင်းလို့ရချင်မှရမှာ။ ဘာသာရေးမှိုင်းကလေးတိုက်လိုက်ရင် ရရော။ ကမာ္ဘ့စစ်ပွဲ ကြီးတွေ အတော်များများဟာလည်း ဘာသာရေးစစ်တွေများတယ်။ ဘာသာရေးဟာသိပ်ပံ ပညာရှင်တွေ ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးစွန့်လွှတ်စွန့်စားသူတွေလောက်တောင် ကမာ္ဘကြီးကို အကျိုးမပြုပါဘူးဗျာ။ ဥပမာ ပနယ်ဆလင်ဆေးကိုရှာဖွေတွေ့ရှိခဲ့တဲ့လူ ဟာ ကမာ္ဘ့လူဦးရေ ဘယ်လောက်တောင်ကို ကယ်တင်ခဲ့နိုင်သလဲ။ လူနေမှုအဆင့်အတန်းမြင့်အောင် ဘုန်းကြီးတွေ တကယ်လုပ်နိုင်ခဲ့လို့လား။
    အပေါ်ကပို့စ်ကို ကျွန်တော်နားမလည်ဘူးဗျ။ လူ့အသိဆိုတာကို နားမလည်တာ။ ကျွန်တော်က တိရစာ္ဆန်တွေကို သနားတတ်တယ်။ သတ်သတ်လွတ်စားတယ်။ ဦးနှောက်ထဲက ခံယူချက်ကလည်း တစ်မျိုးဖြစ်နေတော့ လူ့လောကကြီးမှာ ခွကျပါရော။

    • ကြောင်ကြီး

      July 20, 2011 at 7:17 am

      ဟိတ်ကောင် မောင်ရှုံး၊ ရင့်လှချည်လားကွ။ မေတ္တာနဲ့နေတဲ့ ငါတို့လို ဘာသာရေးသမားတွေကို ဝေဖန်ရအောင် မင်းကဘာကောင်မို့လဲ။ သတ္တိရှိရင် တိုင်ကိုခေါင်းနဲ့ ပြိုင်ဆောင့်မလား။ စောက်ရမ်းတင်းတယ်၊ ငါတို့တတွေ မေတ္တာပို့နေလို့ မင်းတို့ နေထိုင်ကောင်းနေတယ်မှတ်။ သတ္တဝါအားလုံး ကျန်းမာချမ်းသာ ကြပါစေ။ မှတ်ချက်။ မောင်ရှုံးနဲ့သဂျီးမပါ (ဖြစ်နိုင်ရင် ဒင်းတို့ကို ဗဲရီးဂွတ်လုပ်ချင်တယ်) 😡

  • chitpyae

    July 20, 2011 at 10:29 am

    တစ်ခွန်းပဲပြောတော့မယ် .. ဘာ ဘာ ဘာမှ မသိတော့ ပါ ….. 😉

  • True Answer

    July 20, 2011 at 11:04 am

    ကျွန်တော်နားလည်သလောက်တော့ dualistic nature ဆိုတာ တကယ့်အမှန်တရားဖြစ်တယ် ဆိုတဲ့ အယူကို စွန့်နိုင်ရင် မှန်ကန်တဲ့ လူ့အသိဆိုတာ ပေါ်လာပါမယ်။ တနည်းအားဖြင့် ဆန့်ကျင်ဘက်တရားတွေဟာ လောကသတ်မှတ်ချက်ငှာ ကိုယ်ကျင့်တရားအကျိုးငှာ အသုံးချရုံအသုံးချရမယ့်အစား တကယ်မှန်တယ်၊ တကယ့်ဟုတ်တယ် ဆိုပြီး စွဲလန်းနေတဲ့ ခွဲခြားနေတဲ့ အယူအဆ။ တနည်းအားဖြင့် ခွဲခြားမှုပေါ့ ။ စွန့် မှ နားလည်ပါလိမ့်မယ်။
    လူပဲ – တိရစ္ဆာန်ပဲ ခွဲခြားမှု ။
    ဘာလူမျိုး- ညာလူမျိုးခွဲခြားမှု။
    ယုတ်တယ် – မြတ်တယ်ခွဲခြားမှု။
    ကောင်းတယ် – ဆိုးတယ် ခွဲခြားမှု။
    ဘာဘာသာ – ညာဘာသာ ခွဲခြားမှု။
    တော်တယ် – ညံ့တယ် ခွဲခြားမှု။
    အဖြူ – အမဲ ခွဲခြားမှု။
    ဆင်းရဲ – ချမ်းသာ ခွဲခြားမှု။
    ပညာရှိ – မရှိ ခွဲခြားမှု။
    ပူတယ် – အေးတယ် ခွဲခြားမှု။
    အနိုင် – အရှုံး ခွဲခြားမှု။
    သူကြီးပဲ – ရွာသားပဲ ခွဲခြားမှု။
    တစ်ဦးစီပဲ – တစ်ယောက်စီပဲ ခွဲခြားမှု။ စသည်ဖြင့်ပေါ့ ……

    အဲဒီအယူ အဲဒီခွဲခြားမှုတွေကို စိတ်ထဲက စွန့်ကြည့်ရပါမယ်။
    ကာယကံ ၊ ဝစီကံကတော့ လောကထုံးစံအတိုင်း သူကြီးပဲ – ရွာသားပဲ ၊ အဖြူပဲ အမဲပဲ စသည့်ဖြင့် အများပြောဆိုမှုအတို်င်း လိုက်နာဆောင်ရွက်ရပါမယ်။

  • koyo

    July 21, 2011 at 6:23 pm

    ကမာ္ဘပေါ်က ဒဿနပညာရှင်ဆိုသူတွေကို တွေ့ဆုံပွဲလေးလုပ်ပေးလိုက်ပါ။ သူတို့အားလုံးလက်ခံတဲ့ လူ့အကျိုးပြု ဒဿနကို လူတွေဆီဖြန့်ဝေလိုက်ပါ။ ဒါဆိုရင် လူတွေ ငြင်းခုံရတာ ငြိမ်းသွားပါလိမ့်မယ်။ ပုံပြင်ထဲက စာပေတွေနောက်လိုက်နေရင်တော့ သူမမောဘဲ ကိုယ်မောသွားမှာပေါ့။

Leave a Reply