အဘ……ကယ်လို့။။။။
အဘ……ကယ်လို့။။။။
အဘ……အဘဆိုတာဘယ်လိုလူများလဲ…….
အဘတွေ ….မြန်မာပြည်မှာတော်တော်ပေါတယ်ဗျ…..အကိုကြီးတွေလည်းအများသားလား
ကျုပ်တို့နောက်မှာ….အဘနဲ့ အစ်ကိုကြီး တွေသာရှိရင်…တော်ရုံကိစ္စ သိပ်ကြောက်ဘို့မလို့ဘူးဗျ
ဘယ်ဌာနသွားသွား..ဘယ်ရုံးကိစ္စလုပ်လုပ် ..”’အဘလွှတ်လိုက်တာပါ”’…….”’အစ်ကိုကြီးက ကြိုပြောမထားဘူးလား””
ဟင်းဟင်း…ဒီလိုလေးမေးလိုက်ရုံနဲ့ ပြူးပြူးပျာပျာ ဖြစ်သွားစေရမယ်။။။နောက်ဆက်တွဲလေးကတော့….အဆင်ပြေအောင်
လုပ်ပေးလိုက်ပါမယ်ခင်ဗျာ..ပေါ့ဗျာ။။။။။။။။။။။။။။။။။။။။။
အလုပ်ကိစ္စတော်တော်များများနဲ့ အလုပ်ကြီးအကိုင်ကြီးသမားတွေကတော့ အဘ နဲ့ကင်းတဲ့သူသိပ်မရှိကြဘူး
တစ်ချို့ဌာနတွေဆို ဒီလူတွေမျက်နှာမြင်တာနဲ့ အဘ လူဆိုတာတန်းသိနေပြီ အားလုံး အဆင်ကိုပြေလို့
ဒီအဘ ဆိုတဲ့လူတွေကလည်း နေရာတစ်ကာနီးပါးရှိတယ်ဗျ အဲဒီအဘ ဆိုတဲ့လူတွေကစိတ်ကောင်းတော့
တော်တော်ရှိကြတာပဲ သိပ်ခက်ခဲနေတဲ့ကိစ္စများရှိလို့ကတော့ သူတို့ကိုသာ အပူကပ်လိုက်၊ ကူညီလိုက်တာမှလွန်ရော
နာမည်လေးသာပြောလိုက် လုပ်မပေးနိုင်ဘူဆို့တဲ့ ဝန်ထမ်းမရှိစေရဘူး….အဘဘိုးဘိုးအောင် ထက်တောင်စွမ်းသေးတယ်ဗျို့။။။
။။။။။။။အဲဒီအဘတွေကတော့ ဘယ်လိုလူတွေလည်းတော့မသိဘူး ဗျို့ ကျနော့ အဘကတော့ ကွမ်းယာကိုမနားတမ်းဝါးပြီ
အမြင်မတော်တဲ့ကိစ္စတွေ့လို့ကတော့ တဗျစ်တောက်တောက်ပြောနေတတ်တဲ့ အဖေဘက်က ကျွန်တော့ အဖိုးပဲဗျ
တောမှာကလည်းနေ ကရင်လူမျိုးကလည်းဖြစ်ပြန်ဆိုတော့ ပြောစရာရှိရင် ဒုတ်ထိုးအိုးပေါက် ဒဲ့ကြီးပဲတွယ်တော့တာပဲဗျို့
ရန်ကုန်လာပြီဆို ကားလမ်းကူးခါနီးတိုင်း ခါးတောင်းကိုမြှောင်နေအောင် ကြိုက် ဖိနပ်ကိုခါးကြားထိုး ပြီးမှကူးတတ်တာဗျ
ကားလမ်းကူးတဲ့ ကိစ္စက သူ့အတွက်တော့ အသက်နဲ့ရင်းရတဲ့တိုက်ပွဲပဲလေ။။။။။။
အဲဒီလိုအခါဆို ကျွန်တော်ကရှက်လွန်းလို့ မလုပ်ပါနဲ့အဘရယ် ဒီတိုင်ရိုးရိုးလမ်းလျှောက်ကူးလဲ ရတာပဲလို့ပြောရင်
မင်းဆရာမလုပ်နဲ့ ကားရှင်းတာနဲ့တစ်ခါတည်း ဖြတ်ပြေးရင် ပြီးရောဟာကို မတော်တိုက်မိ ဘယ့်နှဲ့လုပ်မလဲ။။လို့ စောဒကတက်တော့တာပါပဲ
ကျွန်တော့အဖေတောင် ကြောက်ရတဲ့သူဆိုတော့ ကျွန်တော်လည်းကြောက်တာနဲ ပြန်မပြောရဲဘူးလေ။။။။
ကျွန်တော့ အဘ နေထိုင်ရာရွာနားကနေ ကားလမ်းမကြီးဖောက်ပြီး ရန်ကုန်နဲ့ ဧရာဝတီတိုင်းသွားတဲ့ အဝေးပြေကားတွေ
ဥဒဟိုသွားနေပေမယ့် ရှေးရိုးစွဲအတိုင်း ကားကိုကြောက်လို့ ရေးလမ်းခရီးနဲ့သာ လာတတ်တဲ့အဘ တစ်နေ့တော့ရန်ကုန် ကို
ဆိုက်ဆိုက်မြိုက်မြိုက် ပေါက်ချလာပါရောဗျို့……………………………………………..
ရန်ကုန်ရောက်ခိုက် ကျွန်တော့ရဲ့ဇုန်ထုတ် လိုက်ထရပ်လေးနဲ့ ရန်ကုန်မြို့အနှံဘုးရားစုံဖူး စာချင်တာကျွေးလို့
သွားလေရာ ခရီးတစ်လျှောက် ကားကိုဖြည်းဖြည်းနဲ့မှန်မှန်မောင်းဘို့နဲ့ လမ်းစည်းကမ်းလိုက်နာဘို့ တဗျစ်တောက်တောက်ပြောနေတော့တာပါပဲ
သူပြန်မဲ့နေ့ကြမှဗျာ။။။။ကျွန်တော့ကို
””””မြေးအကြီးကောင် ငါသင်္ဘောဆိပ်နှစ်နာရီဆင်းမယ် မင်းလိုက်ပို့ .””””
။။။။။။။ဟုတ်ကဲ့အဘ…..ကျွန်တော်အလုပ်ကနေ အမှီပြန်လာခဲ့ပ့ါမယ် ဆယ့်နှစ်ခွဲလောက်အိမ်ရောက်ရင်ရပါပြီအဘရဲ့ ””””။။။။။။။။။။
ကျွန်တောလဲ မနက်ရုံးရောက်ထဲက ရုံးကိစ္စ မြန်မြန်လုပ် ဆယ့်နှစ်ခွဲမှီဘို့ ကြိုးစားရတော့တာပေါ့
ဆယ်နှစ်နာရီ ထမင်းစားဆင်းရင်းနဲ့တစ်ခါတည်းခွင့်တောင်းပြီး အိမ်ပြန်လာခဲ့လိုက်တယ် ကားကိုလည်းမြန်မြန်လေးမောင်းလာလိုက်မိတယ်
အိမ်ရောက်ခါနီးဖုန်းဝင်လာလို့ ကားလမ်းဘေးရပ်ပြီးဖုန်းကိုင်တော့ ညီအငယ်ဆက်တာ
””’ ကိုကြီးရေ…အဘက ရွာမှာသူဓါတ်ဗူးကကွဲသွားပြီတဲ့တစ်ခါတည်းဓါတ်ဘူးတစ်လုံးလောက်ဝင်ဝယ်လာခဲ့ပါတဲ့””’.
။။။။..အေးအေး ..ဝယ်ခဲ့မယ်။။။။’
”””မြန်မြန်လည်းပြန်ခဲ့အုံးတဲ့ ”””
ဒီလိုနဲ့ ..ဓါတ်ဗူး ဘယ်ဆိုင်မှာရမလဲ စဉ်းစားရင်း လမ်းနီ မီးပွိုင်ကကွေ့ အထွက်။။။
ရွှီး…ရွှီး…..ယာဉ်ထိမ်းရဲ ခရာသံကြားလို့ နောက်ကြည့်မှန်ကတစ်ဆင့် ကြည့်လိုက်တော့ ။။။။
ကျွန်တော့ကားကိုရပ်ခိုင်းနေတာပဲ….. ဘာများပါလိမ့်ဆိုပြီး ကားရပ်ပြီးစောင့်နေလိုက်တယ်ဆိုရင်ပဲ
ယာဉ်ထိမ်းရဲကိုယ်တော်ချော က…
။။။။ လိုင်စင်ပေးပါ ….
….ဘာဖြစ်လို့လဲဗျ…..
။။။။အကိုမီးနီကိုဖြတ်မောင်းသွားတယ်….
….ဟာမီးကဝါနေတာလေဗျာ..ကွေ့ကားလေဗျာ မီးဝါတော့ဖြတ်မှာပေါ့ဗျ…
။။။။အကိုဖြတ်တော့ နီနေပြီ….
….ဟာမဟုတ်တာ အဝါပါကွ….
။။။။လိုင်စင်လေးပဲပြပါ အကို….
…..မင်းကဖမ်းမလို့လား …မီးဝါနော်ကိုယ့်လူ…
ဒီလိုနဲ့ သူကနီတယ် ငါကဝါတယ်နဲ့ ငြင်းနေလိုက်တာ တော်တော်ကြာသွားတယ် ကိုယ်တော်ချောကလည်းဇွဲကောင်း
ကျွန်တော်ကလည်း လိုင်စင်ဖမ်းမှာထက် ဒဏ်ဆောင်ရမှာကြီးကြောက်တာနဲ့ ဇွတ်ခံငြင်းတာပေါ့
အဲဒီအချိန်မှာ ပဲ ..ဖုန်းကထပ်လာတယ်။။။။
။။။။ ကိုကြီး အဘကမလာသေးဘူလားတဲ့။။။
….အေး…အဘကိုပြောလိုက် ဒီမှာလိုင်စင်ကိုရဲဖမ်းခံနေရတယ်လို့….
ကျွန်တော့ညီရဲဖုန်းကို ယူပြီး အဘ က ဝင်ပြောပါတော့တယ်။။။
။။။။ဟေ့ကောင် မလာသေးဘူးလား အချိန်နီးနေပြီကွ။။။။။
…ဟုတ်ကဲ..အဘ …ဒီမှာဖမ်းနေလို့….
။။။မင်းတို့ဒါကြောင့်ငါပြောတာ စည်းကမ်းမှမရှိတာကို။။။မင်းတိုနဲ့ခက်တယ် ။။အခုအချိန်မမှီရင် @#%$&**#@$$%……………..
နောက်ဆက်တွဲ ပွစိပွစိတွေ မရပ်မနားပြောပါရောဗျို့။။။။။။
ကျွန်တော်လည်း စကားနည်းရန်စဲ သဘာနဲ့
….ဟုတ်ကဲ အဘ
….ဟုတ်ကဲ အဘ
….ဟုတ်ကဲ အဘ….
ဖုန်းပြောပြီးတဲ့အချိန်မှာ…ဘဲ ယာဉ်ထိမ်းရဲကိုယ်တော် ချော အတန်ငယ် ထိတ်လန့်မိဟန်ရှိပါတယ်။။။
။။။။။အကိုက။။။
….ဟာငါက …အဘဝယ်ခိုင်းတဲပစ္စည်းလာဝယ်တာ ကွ…မင်းဖမ်းနေလို့နောက်ကျလို့ပြောနေတာ…အချိန်မမှီရင်ပြသနာတော့တက်ပြီ….
။။။။။ခင်ဗျားကလဲ…စောစောကမပြောဘူး ..အဘခိုင်းလိုက်တယ်ဆိုရင်လည်းပြီးရော…သွားတော့ဗျာ….နောက်ဆို မီးနီတွေဘာတွေတော့
မဖြတ်မောင်းနဲဗျာ..ကျွန်တော်တို့က အများနဲလုပ်နေရတာ ….ကားနံပါတ်အကုန်တော့ တော်ရုံမမှတ်မိဘူးဗျ…သွားသွား။။။။။
အောင်မလေး ကိုယ်တော်ချောရယ် ကျေးဇူးကြီးလှပါတယ် နောက်မို့ ဒဏ်ဆောင်လိုက်ရရင် ငါးသောင်းဆိုလားမသိဘူး ဓါတ်ဘူးတစ်လုံးစာ
မကဘူးဖြစ်သွားမှာ …။။။။။။။
ကျွန်တော်လည်းကြိတ်ကျေးဇူးတင်ရင်း ခပ်သွက်သွက် ပြန်မောင်းလာလိုက်မိပါတော့တယ်။။။။။။။။
လမ်းမှာမောင်းနေရင်းနဲမှ စဉ်းစားမိတာက ..ဒီရဲက ငါ့ကိုဘာလို့များသဘောကောင်းပြီးလွှတ်လိုက်သလဲ လို့ပေါ့
အော်…ဟော်……အဘ…..အဘ…တောက်လျှောက် ကိုယ်ဘာသာ ကြောက်ကြောက်နဲ့ပြောလိုက်တာကို..ဒီရဲက..သူတို့လောကမှာခေါ်ဝေါ်သုံးစွဲလေ့ရှိတဲ့
အဘ လို့ ထင်ပြီး သူပါရောကြောက်..သွားတာကိုးဗျ။။။။
အမှန်တော့…..ပြန်လွတ်ပေးတဲ့ ရဲကို ကျေးဇူးတင်ရမှာမဟုတ်ဘူုးဗျို……ရွာကအဘ ကိုပဲကျေးဇူးတင်ရမှာ သူဖုန်းဆက်လို့
အဖမ်းခံမထိတာလေ…..
။။။။။တော်သေးတယ် အဘ….ကယ်လို့။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
8 comments
pan pan
July 11, 2011 at 9:04 am
“ဘ” တစ်လုံးဆောင်……
😀
ရွှေဘိုသား
July 11, 2011 at 9:16 am
ဒါဆို နောက်နောင် တစ်ခုခုလုပ်ဖို.ဆိုရင် ဘဘဘ နဲ.တစ် ဘတည်းဘတော.မယ်ဗျာ
etone
July 11, 2011 at 11:45 am
ဟီးဟီး … အဘကယ်လို့ ဘီလူးကြီး သက်သာရာ ရသွားတယ် … ။ 😀 😀 😀
တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတယောက်ရှိခဲ့ဖူးတယ် … ။ ဟန်ပြသာ ကျောင်းတက်တာ … သူ့အဖေက အဲ့ဒီတုန်းက တိုင်းမှူးတယောက်ပေါ့ … ကျောင်းကို ဝင်ချင်ဝင် ထွက်ချင်ထွက် … တစ်ခါတစ်လေ သူ့အဖေရဲ့ လက်အောက်ငယ်သားတွေ ဒီကောင်လေးကို လိုက်ပို့လျှင် ကျောင်းအုပ်ကြီးကပါထွက်ပြီး နှုတ်ဆက်တာ မြင်ဖူးတယ် … 😛
ကျောင်းပြီး ခါနီး သူငယ်ချင်းတွေ စု စားကြသောက်ကြတော့ … သူ့ကားနဲ့ ပတ်ခေါ်လို့ အတူသွားဖြစ်တယ်… ။ မီးနီမှန်သမျှ ဖြတ် … ဂငယ်ကွေ့မကွေ့ရတဲ့နေရာကွေ့ ….. မောင်းချင်သလို မောင်း ၊ မီးဖွင့်ပြီး မောင်းလျှင် ဘေးက ကား လမ်းဖယ်ပေးရတယ် … ပွိုင့်တိုင်း ကို ခပ်တည်တည်ပဲ မောင်းခဲ့တာ … ဘယ် မော်တော်ပီကယ်ကမှ ဖမ်းမတားဘူး … ။ တချို့ ပွိုင့်ဆို လက်ကလေးတောင် ယမ်းပြီး တာတာ့လုပ်ပြသေးတယ် … ။ အံ့ဩလွန်းလို့ မေးလိုက်တော့ …. လူကြီးသားသမီးတွေရဲ့ကားနံပါတ်တေ ွ … ပွိုင့်တိုင်းမှာ စာရင်း လုပ်ပေးထားတယ်တဲ့ (ဟုတ်မဟုတ်တော့ မသိဘူး )… လွတ်လပ်စွာ သွားလို့ ရတယ် ဆိုပဲ … တနေ့ တနေ့ သူဖြတ်မောင်းတာတွေ ဒဏ်ဆောင်ရမယ်ဆိုလျှင် သုံးလေးသောင်းဖိုးရှိတယ်ဆိုပဲ … ဒါတောင် လွန်ခဲ့တဲ့ ခုနှစ် ၊ ရှစ်နှစ်လောက်က အဖြစ်ပျက် 🙄
pan pan
July 11, 2011 at 2:27 pm
သတိထားမိကြလားတော့မသိဘူး
သူတို့ကားနံပါတ်တွေကလည်း ခပ်မိုက်မိုက်လေးတွေနော်
AKKO
July 11, 2011 at 3:36 pm
ကားနံပါတ် မိုက်ယုံတင်ဘယ်ကမလဲ …. ရေးထားတဲ့ အရောင် ၊ နံပါတ်ပြားလုပ်ထားတဲ့ အောက်ခံပြား အသား ၊ စာလုံးဖောင့်က အစ ရှယ်ချည်းပဲ … ဟိုဘက်ကားလမ်း ၊ ဒီဘက်ကားလမ်းတောင် မမြင်ရဘူးဖြစ်နေတာ ။
good
July 11, 2011 at 1:37 pm
ဒါမျိုး ခပ်ဆင်ဆင် တွေ တခါ မက ဖတ်ဖူးပေမဲ့ အဘ ကို နှိပ်ကွပ်တာလေး တော့ သဘော ကျတယ်။
nature
July 11, 2011 at 11:11 pm
(….ဟုတ်ကဲ အဘ
….ဟုတ်ကဲ အဘ
….ဟုတ်ကဲ အဘ….)
အဘကို ရိုသေတဲ့အကျိုး လက်တွေ့ခံစားရတာပဲ။ အဘကိုသာပြန်ခံပြောမိရင်တော့ အဘထက်ကြီးတာ ကြီးလို့ မှတ်သွားမလားမသိဘူး။ 🙂
unclegyi1974
July 12, 2011 at 10:13 pm
ဟင်းဟင်းဟင်းအဲဒါငါကွ